အင်္သချေတိုက်ကြီး၏ လျို့ဝှက်ချက် ၊ ရှေးဦးနဂါးအင်ပါယာ ။
Vol. 10 Ch. 138
-------
အောင်းလန်ဦးဆောင်လာသော အဖွဲ့က ရှေးဟောင်းမှတ်တမ်းဆောင်၏ အနီးသို့ရောက်ချိန်၌ ရှေးဟောင်းမှတ်တမ်းဆောင်ကယခုချိန် ပိတ်ထားသည့်ကို တွေလိုက်ရသည်။
ဟမ့် ~ အရှင်မင်းကြီးက အခုထိအထဲမှာပဲထင်တယ် ။ အခုဒီတံခါးက ပိတ်ထားတယ် အဲတာကြောင့်ဝင်လိုရမှာမဟုတ်ဘူး ။ ဒီအဆောင်တွေရဲ့ တံခါးတွေကို အရှင်မင်းကြီးပဲ ဖွင့်နိုင်တာ အောင်းလန်က ပြောလိုက်သည်။
ဒါဆိုလည်း သူကို ဒီအတိုင်းခနထားလိုက်ပါ ၊ ကျွန်မတို့အရင်ဆုံး ဒီကမ္ဘာငယ်ရဲ့ နေရာအနှံကို လိုက်ကြည့်ကြတာပေါ့ ။ အောင်းယွီရန်က စဉ်းစားကြည့်ကာပြောလိုက်သည်။
အရှင်မင်းသမီးရဲ့ စကားတိုင်းလုပ်ကြတာပေါ့ ။ အရှင်မင်းကြီးကို ခနထားလိုက်တာပေါ့ ။ အောင်းကျန်းဟန်က လည်း အောင်းယွီရန်၏ စကားကို ထောက်ခံကာပြောလိုက်သည်။
အခြားသူများကလည်း အောင်းထန်းရန်နှင့် အောင်းလန်လည်း အောင်းယွီရန်၏ စကားကြောင့် သူတို့အားလုံးက လည်း ကမ္ဘာလေးကို သေချာကြည့်ရူရန် ထွက်ခွာသွားခဲ့ကြသည်။
∆∆∆
အောင်းယွီရန်တို့ ရောက်လာခဲ့သည်ကိုပင် သတိမထားမိပဲ လုံထန်တစ်ယောက် ရှေးဟောင်းမှတ်တမ်းများကို လေ့လာရာ၌ အာရုံရောက်နေခဲ့သည်။
လုံထန်က သူ၏လက်ထဲရှိ ရှေးဟောင်းစာအုပ်တစ်အုပ်ကို အဆုံးသတ်လိုက်ကာ အဖုံးပိတ်လိုက်သည်။
ဘယ်လောက်တောင်ကြာသွားပြီလည်း ~ အခုအပြင်ထွက်အုန်းမှပဲ ၊ ငါအချို့အရာတွေတော်တော်များများကိုတော့ သိရှိခဲ့ရပြီ။ လေ့လာစရာတွေက အရမ်းများလွန်းတယ် လွယ်လွယ်နဲ့ မကုန်ဆုံးနိုင်ဘူး ။ လုံထန်က သူ၏ ခေါင်းကိုခါရမ်းလိုက်ရင်းဖြင့် ကူရာမဲ့သလို့ တီးတိုးရေရွတ်လိုက်သည်။
ဟမ့် ~ ယွီရန်ဒီကို ရောက်နေပြီလား ။ လုံထန်က ထာဝရနှောင်ကြိုးကျင့်စဉ်မှ တစ်ဆင့် အောင်းယွီရန်၏ အငွေ့သက်က သူနှင့် မဝေးသောနေရာ၌ ရှိနေသည့်ကို သတိထားမိလိုက်၏ ။ သူ၏ လက်ထဲမှ ပြီးဆုံးသွားသော ရှေးဟောင်းမှတ်တမ်းစာအုပ်ကို သူ၏ နေရာ၌ ပြန်ထားလိုက်သည်။
ဤရှေးဟောင်းစာအုပ်မှာ “ အင်္သချေတိုက်ကြီး”၏ အကြောင်းမှတ်တမ်းများဖြစ်သည်။ ဤ ရှေးဟောင်းမှတ်တမ်းကို ဖတ်ရူချိန်၌ လုံထန် အမှန်ပင် အံဩမင်သက်ခဲ့ရသည် ။
ရှေးဟောင်းမှတ်တမ်းထဲ၌ ဖော်ပြထားသော အရာမှာအင်္သချေတိုက်ကြီးမှာ သူသည့်ထားခဲ့သည့်အတိုင်းမဟုတ်ချေ။ သူသိထားခဲ့သည်မှာ အင်္သချေတိုက်ကြီး၌ အရှေ့ပိုင်း ၊ အနောက်ပိုင်းဟုသာ သိရှိခဲ့သည်။ သို့သော်လည်း ဤရှေးဟောင်းမှတ်တမ်း၌ အတိတ်နှစ်များစွာက တောင်ပိုင်းနှင့် မြောက်ပိုင်းဟု၍လည်း ရှိကြသည်။
တောင်ပိုင်း၌ မြောက်ပိုင်း၌မှု ထူးခြားသော မျိုးနွယ်စုများကို ကြီးစိုးကြသည့်ဟုသာ ဖော်ပြထားပြီး အသေးစိတ်အချက်လက်တော့ မဖော်ပြထားပေ ။ ဤတွေ့ရှိမှုကြောင့် လုံထန်ကို အံဩစေခဲ့သည်။ အချိန်ရပါလျှင် သူတောင်ပိုင်းနှင့် မြောက်ပိုင်းအကြောင်းကို လေ့လာကြည်ရန် တွေးထားခဲ့သည်။
ဟူး ~ အခုတော့ ဒီလောက်ပေါ့ ၊ ယွီရန်စီကို သွားတွေကြစို့ ။ လုံထန်က သူ၏ မက်တပ်ရပ်လိုက်ကာ သူ၏ ခန္ဓာကိုယ်အညှောင်းဆန့်လိုက်ရင်းဖြင့် ပြောလိုက်သည်။
ဤဆယ်တစ်ရက်တာ အတောတွင်း၌ သူမခဲ့ရသိသော အရာတော်တော်များများကို သိခဲ့ရသည်။ ဆေးစိုက်ခင်း၏ သက်ရှိဆေးပင် ငါးပင်အကြောင်းကိုလည်း သိခဲ့ရသည်။
သူကို ထိတ်လန့်စေသည့်က ကောင်းကင်သစ်ပင်ဖြစ်သည်။ ကောင်းကင်သစ်ပင်များက နှစ်တစ်သန်းအကြာ၌ အပွင့်ပွင့်ကာ နှစ်တစ်သန်းအကြာ၌ အသီးသီး၍ နှစ်တစ်သန်းအကြာမှ အသီးက ရင့်မြည့်သည်။
ကောင်းကင်သစ်ပင်ကတစ်ကြိမ်၌ အများဆုံး ဆယ်လုံးသာသီး၏ ။ တစ်ကြိမ်စွတ်ခူးနိုင်ရန် နှစ်သုံးသန်းလိုအပ်သည်။ ကောင်းပင်သစ်သီးကို စားလိုက်ပါက သာမာန်လူပင်လျှင် သစ်သီးထဲ၌ ပါဝင်သော စွမ်းအင်များကို တောင့်ခံနိုင်ပါက ၊ နတ်ဘုရားဘုံအဆင့်ကို ရောက်နိုင်သည်။ ကျင့်ကြံသူများသာ စားသုံးခဲ့ပါက မသေမျိုးအဆင့်ကို မသည့်ဘေးထွက်ဆိုးကျိုးမှ မရှိပဲ ရောက်နိုင်သောအစွမ်းရှိသည့်ဟု အဆိုပြုဖော်ပြထားခဲ့သည်။
ထိုကဲ့သို့ ရှားပါးတန်ဖိုးကြီးရတနာတစ်ခုဖြစ်သည်။ ရှေးဟောင်းမှတ်တမ်းထဲ၌ ထိုကဲ့သို့ဖော်ပြထားပါသော်ငြားလည်း လုံထန်သူတွေခဲ့သော ကောင်းကင်သစ်ပင်ဘုရင်က နှစ်ပေါင်းဆယ်သန်းကျော်နေသော်လည်း မည်သည့်အသီးမှ မတွေခဲ့ချေ။
ဤအခြေနေကြောင့် သူက ဖြစ်နိုင်ချေများကို သူသေချာလိုက်စဉ်းစားကြည့်ပြီးနောက် အဖြေမထွက်နိုင်ဖြစ်သဖြင့် နောက်တစ်ခါမှာ ကောင်းကင်သစ်ပင်ဘုရင့်ကို မေးကြည့်ရန် တွေးထားခဲ့သည်။
ငါဒီနေ့ ကောင်းကင် သစ်ပင်ဘုရင့်စီကို သွားတွေမှပဲ လုံထန်က ပျော်ရွှင်နေဟန်ဖြင့် ရေရွတ်လိုက်ကာ ရှေးဟောင်းမှတ်တမ်းဆောင်၏ အတွင်းမှ ထွက်ခွာလာခဲ့တော့သည်။
∆∆∆
အပြင်ဘက်၌ အောင်းယွီရန်တို့ အုပ်စုမှာ ကမ္ဘာငယ်လေးကိုပတ်ကြည့်နေချိန်၌ သူတို့ ကြည့်လေ ကြည့်လေ ပို၍ အံဩမင်သက်ရလေဖြစ်နေခဲ့သည်။
သူတို့မြင်တွေ့နေရသည့် မြင်ကွင်းများက လှပလွန်း၍ ထူးဆန်းမှုများအပြည်နဲ့ပင် ကျွန်းပျံတိုင်းကလည်း ကြီးမားလွန်းသည်။ ဤသို့သော် ကမ္ဘာငယ်ကို သူတို့ရရှိလိုက်ခြင်းကကို ပြောမပြတက်သောကံကောင်းမှုကြီးတစ်ခု ဖြစ်သည်။
ဒီကမ္ဘာငယ်တစ်ခုလုံးက အံဩစရာတွေနဲ့ပြည့်နက်နေတာပဲ သူတို့အထဲ၌ အသက်အကြီးဆုံးဖြစ်သော် အောင်းကျန်းဟန်မှ နေ၍ ပြောလိုက်သည်။ သူ၏ ဘဝသက်တမ်းက အတော်ပင်ကြာမြင့်နေခဲ့ပြီဖြစ်သည်။ သို့သော်လည်းယခုမြင်တွေနေရသော ကမ္ဘာငယ်က သူ၏ တစ်ဘဝလုံးမြင်တွေခဲ့ရသော အရာများကိုပင် အဓိပ္ပာယ်မဲ့သလို့ ခံစားရစေသည်။
∆∆∆
တစ်ဖက်၌ ။
လုံထန်က ရှေးဟောင်းမှတ်တမ်းဆောင်၏ အပြင်သို့ ရောက်ချိန်၌ အောင်းယွီရန်ကို သူစီသို့လာစေရန် ဆက်သွယ်လိုက်သည်။ သူတို့ နှစ်ဦးက ထာဝရနှောင်ကြိုးကျင့်စဉ်ကြောင့် အချင်းချင်းဆက်သွယ်နိုင်စွမ်းရှိသည်။
ကမ္ဘာလေးကို လေ့လာကြည့်နေသော အောင်းယွီရန်လည်း လုံထန်၏ ဆက်သွယ်မှုကိုရလိုက်သည့်နှင့်ချက်ချင်းရပ်တန့်လိုက်ကာ သူ၏ဘေးရှိ အကြီးကဲသုံးဦးကိုပြောလိုက်သည်။
အရှင်မင်းကြီးအပြင်ထွက်လာပြီ~ ပင်မနန်းဆောင်ခန်းမကို လာခဲ့ပါတဲ့ ။ အောင်းယွီရန်က ပြောပြီးသည်နှင့် လုံထန်ရှိရာသို့ ချက်ချင်းပင်လျှင်မြန်စွာပျံသန်းသွားလိုက်သည်။
သူတို့ကအလွန်လျှင်မြန်လှသဖြင့် အချိန်ခနတာလေးဖြင့် ပင်မကျွန်းပျံကြီးသို့ ပြန်၍ ရောက်လာခဲ့သည်။ သူတို့ ကျွန်းပျံသို့ ရောက်သည့်နှင့် ချက်ချင်းပင်လျှင် အဖြူရောင်နန်းတော်ကြီးစီသို့ ဦးတည်သွားလိုက်ကြသည်။
အဖြူရောင်နန်းတောင်ခန်းမကြီးအတွင်းသို့ ဝင်လိုက်သည့်နှင့် သူတို့ကို ထပ်မံ၍ ရင်သပ်ရူမောဖွယ်ရာ ခမ်းနားမှုက စီးကြို့နေခဲ့ပြန်သည်။
လုံထန်က အောင်းယွီရန်တို့ကို မြင်သည့်နှင့် ခန်းမ၏ ထိပ်ဆုံးရှိ အဖြူရောင်ပုလ္လင်အထက်မှ ထရပ်လိုက်ကာ အောင်းယွီရန် စီသို့သွားလိုက်သည်။
အရှင်မင်းကြီးကို နှတ်ဆက်ပါတယ် ။ အကြီးကဲများနှင့် အောင်းယွီရန်က လုံထန်ကို အရိုသေပေးနှတ်ဆက်လိုက်ကြသည်။
အဲလောက်ထိမလို့ပါဘူး ~ ပေါ့ပေါ့ပါးပါးနေပါ ။ လုံထန်က ရီမောရင်းဖြင့် ပြောလိုက်သည်။
ယွီရန် လုပ်ထားတာကောင်းတယ် ၊ လုံထန်က အောင်းယွီရန်ကို ကြည့်ကာ ပြောလိုက်သည်။
အဲလောက်လည်းမဟုတ်ပါဘူး ၊ ကျွန်မ ဒီအတိုင်းလေးပဲ လုပ်လိုက်တာပါ ။ အောင်းယွီရန်ကလည်းပြုံးကာ သူ၏ သို့လှောင်လက်စွပ်၏ အတွင်းမှာနေ၍ “ နဂါးထိန်းချုပ်ရေးစာအုပ် “ ကိုထုတ်ကာ လုံထန်ကို ပေးလိုက်သည်။။
ရွှေနဂါးမျိုးနွယ် ၊ မိုးပြာနဂါးမျိုးနွယ် ၊ရေခဲနဂါးမျိုးနွယ်စုဝင်တွေအားလုံးကို ဒီမှာ လက်မှတ်ထိုးခိုင်းပြီးပါပြီ ။ အောင်းယွီရန်က ပြုံးကာပြောလိုက်သည်။
ဟားဟား ~ ကောင်းပါပြီ ။ လုံထန်ကသဘောကျစွာဖြင့် ရီမောလိုက်ရင်းဖြင့် “ နဂါးထိန်းချုပ်ရေးစာအုပ် “ကို ယူလိုက်သည်။
အခုအရေးကြီးတာ ဆွေးနွေးရအောင် ထိုင်ကြအုန်း ။လုံထန်က လေးနက်စွာပြောလိုက်ရင်းဖြင့် ခန်းမ၏ ထိပ်ဆုံးရှိ အဖြူရောင် ပုလ္လင်အထက်သို့ပြန်သွားလိုက်သည်။ အောင်းယွီရန်လည်း လုံထန်၏ နောက်မှ လိုက်ပါသွားခဲ့သည်။
လုံထန် အဖြူရောင်ပုလ္လင်အထက်မှ ထိုင်ချပြီးနောက် အကြီးကဲများကို ထိုင်ရန် ပြောလိုက်သည်။
အကြီးကဲများထိုင်ပြီးနောက် လုံထန်က စကားစလိုက်သည်။
မိဖုရှားကျီရှားကို ရှာတွေ့လား ၊ လုံထန်က သူသိချင်သော အရာကို တန်းမေးလိုက်သည်။
အရှင်မင်းကြီး ~ မိဖုရှားကျီရှားကို ဘယ်နေရာမှ ရှာမတွေပါဘူး ။ နေရာအနှံလိုက်ရှာပေမဲ့ ရှာမတွေ့ခဲ့ပါဘူး ။ အောင်းယွီရန်က ပြောလိုက်သည်။
ဒါဆိုလည်း ခနထားလိုက်တာပေါ့ ၊ လုံထန်က ခေါင်းညိတ်လိုက်သည်။ အခုက မိဖုရှားကျီရှားထက် ကို ဆိုးဝါးသောကိစ္စကြီးရှိနေသေးသည်။
အရင်ဆုံးအားလုံးကို သတိပေးချင်တာရှိသေးတယ် ။ လုံထန်က သူ၏ အောက်ဘက်ရှိအကြီးကဲများကို ကြည့်၍ လေးနက်စွာဖြင့်ပြောလိုက်သည်။
သူကယခင် ကံကြမ္မာဧကရာဇ်ပြောခဲ့သောအရာများနှင့်သူ ရှေးဟောင်းမှတ်တမ်းများထဲမှာ လေ့လာခဲ့သောအရာ ပျက်သုဉ်းခြင်း ခောတ်အ ကြောင်း တော်တော်များကို အကျဉ်းချုပ်ပြောပြလိုက်သည်။
လုံထန်က သူ၏ စကားကို အဆုံးသတ်ကာ အကြီးကြများ၏ မျက်နှာများကိုကြည့်လိုက်သည်။ ၎င်းတို့၏ မျက်နှာများက ပျက်ယွင်းနေလျက် ထိတ်လန့်မှုများမှာ အတိုင်းသားပင် ၊ သူပင်လျှင်ဤ အဖြစ်ပျက်ကြီးကို သိချိန်၌ ထိတ်လန့်သွားခဲ့ရသေးသည့်မဟုတ်ပါလား ။
ဒါဆိုရင်ကျုပ်တို့မှာပြင်ဆင်ချိန် နှစ်ပေါင်းတစ်သန်းပဲ ရှိတော့တာပေါ့ ။ အဲတာအပြင် အမှောင်ထဲက သစ္စာဖောက်တွေကလည်း ရှိနေသေးတယ်ပေါ့ ။ အောင်းကျန်းဟန်က တီးတိုးရေရွတ်လိုက်သည်။
သူကအားလုံးထဲ၌ အသက်ကြီးဆုံးသူဖြစ်သူပီပီထိတ်လန့်နေမှုများကို အချိန်ခနလေးနှင့် ထိန်းသိမ်းနိုင်ခဲ့ကာ လုံထန်ကို ပြန်မေးလိုက်သည်။
ဟုတ်တယ် ~ အကြီးကဲပြောတဲ့ အတိုင်းပါပဲ ။ လုံထန်က ခေါင်းညိတ်ကာပြောလိုက်သည်။
ဒါဖြင့်ရင် အရှင်မင်းကြီးဘာလုပ်ဖို့ စဉ်းစားထားပါလဲ ၊ ကျုပ်တို့အားလုံးက အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်မှာပါ ။ အောင်းလန်က ချက်ချင်းပင်ပြန်ပြောလိုက်သည်။
ပြန်လည့်၍ တည်ငြိမ်လာသော အခြားအကြီးကဲ အောင်းထန်းရန် နှင့် အောင်းလန်တို့ကလည်း ချက်ချင်းပင် အောင်းကျန်းဟန်ကဲ့သို့ ပြောလိုက်သည်။
ကောင်းပါပြီ ~ ဒါဖြင့်ရင် ကျုပ်စဉ်းစားထားတဲ့ အရာတစ်ခုကိုပြောပြပေါ့မယ် ။ လုံထန်က အကြီးကဲများ၏ သဘောထားကို သည့်ပြီးနောက် စကားပြန်ဆက်လိုက်သည်။ ဤသို့ဖြစ်လာမည်ကို သူအစောထဲက သိထားခဲ့သည်။
အခုကျုပ်က ဒီကမ္ဘာငယ်ကို ကျုပ်ရဲ့ နန်းတော်အဖြင့် အသုံးပြုဖို့ စိတ်ကူးထားတယ် ။ နောက်ပြီးတော့ ကျုပ်တို့ရဲ့ ခွန့်အားတွေကြီးထွားလာစေဖို့ အခြားနဂါးမျိုးနွယ်စုတွေကို စုစည်းရမယ် ။
အဲဒါအပြင်အခု ကျုပ်တို့စုစည်းထားတာ မိုးပြာနဂါးမျိုးနွယ်စုနှင့် ရေခဲနဂါးမျိုးနွယ်စုရှိနေပြီ ။ အဲဒီအတွက်ကြောင့် ကျုပ်တို့က ရွှေနဂါးအင်ပါယာလို့ ဆက်ပြီးခေါ်ဖို့ မသင့်တော့ဘူး ။
အဒီအတွက်ကြောင့် ကျုပ်က နဂါးမျိုးနွယ်စုတွေအားလုံးကို စုစည်းဖို့အတွက် အခု ရွေနဂါးမျိုးနွယ်၊ မိုးပြာနဂါးမျိုးနွယ် ၊ ရေခဲနဂါးမျိုးနွယ်စုတွေနဲ့ကို အရင်ဆုံး “ ရှေးဦးနဂါးအင်ပါယာမင်းဆက်ကို “ တည်ထောင်ဖို့စိတ်ကူးထားတယ် ။ ကျုပ်တို့က ဒီနဂါးအင်ပါယာကြီးရဲ့ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ အတွက် အဲဒီအတွက်ကြောင့် ဒီအင်ပါယာမင်းဆက်ကြီးကို “ ရှေးဦးနဂါးအင်ပါယာ “ လိုခေါ်တွင်စေဖို့ဆုံးဖြတ်ထားတယ် ။
လုံထန်၏ စကားကြောင့် အကြီးကဲများ၏ မျက်ဝန်းများက တောက်ပလာခဲ့သည်။ ဘယ်တုန်းကမှ မဖြစ်ပေါ်လာခဲ့ဖူးသော “ နဂါးမျိုးနွယ်စုအစုံဖြင့်” တည်ထောင်သော အင်ပါယာကြီးကို သူတို့တည်ထောင်ပြီးပါက သူတို့က အင်ပါယာကြီး၌ ပထမဆုံးမျိုးဆက်များဖြစ်ကြပြီးတော့ ရှေးဦးနဂါးများဖြစ်လာကြပေမည် ။ တစ်ချိန်မှာ သူတို့၏ အမည်များက အင်ပါယာ၏ သမိုင်းမှတ်တမ်း၌ ပါဝင်လာနိုင်ပေသည်။
အရှင်မင်းကြီးရဲ့ အကြံဉာဏ်က ကောင်းပါတယ် ။ အရှင်မင်းကြီး အကြံအတိုင်းပါပဲ ။ အကြီးကဲများက ချက်ချင်းပင် လျှင်မြန်စွာဖြင့် ပြန်ပြောလိုက်ကြသည်။
ကောင်းပြီ ~ ဒါဆိုဒီအတိုင်းလုပ်ကြမယ် ။ လုံထန်က ခေါင်းညိတ်လိုက်သည်။