နည်းစနစ်များရွှေးချယ်ခြင်း ။
Vol. 10 Ch. 139
-------
အခုအကြီးကဲအောင်းလန်ကပဲ မိုးပြာနဂါးမျိုးနွယ်စု နှင့် ရေခဲနဂါးမျိုးနွယ်စုရဲ့ ထိပ်တန်းအဆင့်တွေကို ဒီကို ချက်ချင်းလာဖို့သတင်းပို့ပေးပါ ။ သူတို့ရောက်တာ ကျုပ်တို့ ” ရှေးဉီးနဂါးအင်ပါယာမင်းဆက် “ အကြောင်းကိုကြေညာမယ် ။ လုံထန်က ပြောလိုက်သည်။
အဲဒီနေ့မှာပဲ ကျုပ်က ယွီရန်ကို ရှေးဦးနဂါးအင်ပါယာရဲ့ တရားဝင် “ဧကရီ “ အဖြစ်တင်မြောက်မယ် ။ လုံထန်က အောင်းယွီရန်ကို ပြုံးကာကြည့်၍ ပြောလိုက်သည်။
နောက်ထပ်က “ မိုးထိတောင်ကို အလယ်ဗဟိုထားပြီးတော့ ရှေးဦးအင်ပါယာမြို့တော်တည်ဖို့အတွက် အကြီးကဲ အောင်းထန်းရန်က တာဝန်ယူပါ ။ လုံထန်က သူ၏ ညွှန်ကြားချက်များကို တစ်ခုခြင်းပြောလိုက်သည်။
နားလည်ပါပြီ ~ အရှင်မင်းကြီး ။ အောင်းကျန်းဟန် ၊ အောင်းထန်းရန် ၊ အောင်းလန်တို့က ထရပ်ကာ လုံထန်ကို ရိုသေစွာဖြင့် ပြောလိုက်သည်။
ယွီရန်မင်းလည်း ပြင်ဆင်ထားသင့်တယ် ၊ မင်းက ဒီအင်ပါယာကြီးရဲ့ ဧကရီ ဖြစ်လာတော့မှာဆိုတော့ လုံထန်က စနှောက်လိုက်သည်။
အောင်းယွီရန်က ပြုံးနေကာ မည်သည်စကားမဆိုချေ။ သူမပြောစရာစကားမရှိချေ။ သူမက လုံထန်၏ ဆုံးဖြတ်ချက်အတိုင်းသာဖြစ်သည်။
ကဲ့ဒါဆို ~ အစီစဉ်ကတော့ အတိုင်းပဲ ၊ အခြားတစ်ခုပြောရအောင် ၊ လုံထန်က အနည်းငယ်လေးနက်သွားကာပြောလိုက်သည်။
အကြီးကဲတွေနှင့် အောင်းယွီရန်လည်းသူတို့ခုံ၌ပြန်ထိုင်လိုက်ကာ လုံထန်၏ ပြောလာမည့်စကားကို နားထောင်နေလိုက်သည်။
အကြီးကဲအောင်းလန် ခင်ဗျားက ၊ ဒီမှာ ကျင့်ကြံမှုအမြင့်ဆုံးပဲ ခင်ဗျားနတ်ဘုရားသားရဲဘုံရဲ့ အဆင့်ဘယ်လောက်မှာလည်း လုံထန်က သိချင်စွာဖြင့်မေးလိုက်သည်။
အရှင်မင်းကြီး ~ ဒီအကြီးကဲရဲ့ ကျင့်ကြံမှုက နတ်ဘုရားသားရဲဘုံ အဠမအဆင့် အထွတ်ထိပ်မှာပါ။ အောင်းကျန်းဟန်က ထရပ်ကာ လုံထန်ကို ပြောလိုက်သည်။
အကြီးကဲ အောင်းထန်းရန်ကရော လုံထန် အောင်းထန်းရန်ကို ကြည့်ကာ မေးလိုက်သည်။
ဒီအကြီးကဲက ~ သတ္တမအဆင့်အရဲ့ အလယ်လတ်အဆင့်မှာပါ အရှင့်မင်းကြီး အောင်းထန်းရန်က လည်း ထိုင်နေရာမှ ထရပ်ကာ လုံထန်၏ အမေးကိုပြောလိုက်သည်။
ကောင်းပြီ ~ ဒါဆိုရင် “ ကျမ်းစာဆောင် “ မှာ အကြီးကဲတို့အတွက် သင့်တော်မည့်နည်းစနစ် တစ်ယောက်ကို နှစ်ခုစီ ရွှေးယူပါ ။
အကြီးကဲအောင်းလန်က ရွှေးချယ်ပြီးသားဆိုတော့ မလို့အပ်တော့ဘူး ။ ကျမ်းစာဆောင်မှာ ရွှေးချယ်ပြီးရင် “ ရတနာတိုက် “ မှာလည်း ကိုယ်အတွက် သင့်တော်မည် ဆေးတစ်မျိုးနှင့် ကောင်းကင်အဆင့်လက်နက်တစ်ခုကို ရွှေးချယ်ပါ ။ အခုအချိန်က စပြီးတော့ ကျင့်ကြံမှုကို အာရုံစိုက်ကြပါ ။ အချိန်တိုင်းက တန်ဖိုးရှိတယ် ။
သွားပြီးတော့ ရွှေးချယ်ကြတော့ ~ လုံထန်က သူ၏ လက်ကို ဝှေ့ရမ်းကာပြောလိုက်သည်။
ကျေးဇူးတင်ပါတယ် ~ အရှင်မင်းကြီး ၊ အကြီးကဲသုံးယောက်က လုံထန်၏ ပြောစကားကို ကြောင့်အလွန်ပျော်ရွှင်နေခဲ့သည်။ သူတို့ဘဝတစ်ခုလုံး ကောင်းကင်လက်နက်ကို ကိုင်ဆောင်ခွင့်ရ ရန်မမျော်လင့်ထားကြချေ။
ကောင်းကင်လက်နက်များက မျိုးနွယ်စု၏ အထွဍ်မြတ်လက်နက်များဖြစ်ကြသည်။ ယခုတော့ သူတို့က ထိုနက်များကို သူတို့၏ ကိုယ်ပိုင်လက်နက်အဖြစ်ရရှိမှုဖြစ်သည့်အတွက် အဘယ်ကြောင့် မပျော်ရမည်နည်း ။
အကြီးကဲများက ~ ပျော်ရွှင်စွာဖြင့် လုံထန်ကို အရိုသေပေးကာ နန်းတော်ခန်းမအတွင်းမှထွက်ခွာသွားတော့သည်။ ခန်းမ၏ အတွင်း၌ လုံထန်နှင့် အောင်းယွီရန်သာ လျှင်ကျန်တော့သည်။
ယွီရန် မင်း ဒီနေရာကို ကြိုက်ရဲ့လား ၊ လုံထန်က သူ၏ ပုလ္လင်ထက်မှ ဆင်းလာခဲ့ကာ အောင်းယွီရန်၏ ထိုင်ခုံရှိရာသို့ လျှောက်လှမ်းလာရင်းဖြင့် မေးလိုက်သည်။ သူက အောင်းယွီရန် ယခင်က ပြောခဲ့သော် ပျက်သုဉ်းခြင်း ခောတ်အကြောင်းတွေးက စိုးရိမ်နေမှာကို စိတ်ပူနေခဲ့သည်။
ဒီနေရာက တစ်ကယ်လှပတဲ့ နေရာပဲ ၊ ချီစွမ်းအင်တွေကလည်း အရမ်းပေါကြွယ်ဝတယ် ၊ ရွှေနဂါးမျိုးနွယ်စုရဲ့ ကမ္ဘာငယ်ထက် အဆပေါင်းများစွာသာတယ် ။ အဲတာကြောင့် ဒီနေရာကို သဘောကြပါတယ် ။ အောင်းယွီရန်ကယခင်က ကိစ္စများကို စိတ်မပူဟန်ဖြင့် ပြုံးကာပြောလိုက်သည်။ သူမလည်း လုံထန်၏ အတွေးများကို ခံစားမိသည့်ဖြစ်သည်။
ဒီနေရာက တစ်ကယ်ကို အံဖွယ်နေရာတစ်ခုပဲ ၊ လုံထန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
ရေခဲနဂါးမျိုးနွယ်စုကကော အညံမခံတဲ့သူတွေ အရမ်းများလား ၊ လုံထန်က သူ၏ စကားကို ဖြတ်ကာ လမ်းကြောင်းလွဲ၍ မေးလိုက်သည်။
အစပိုင်းမှာတော့ သူတို့က ခေါင်းမာကြတယ် ၊ နောက်တော့လည်း သူတို့ခေါင်းဆောင် အညံခံတော့ အကုန်လုံး အညံခံသွားကြတယ် ။ အောင်းယွီရန်က ပြုံးကာပြောလိုက်သည်။
သူတို့မျိုးနွယ်စုအားလုံးပေါင်းက အရေတွက် တစ်သိန်းခွဲ လောက်ရှိတယ် ။ မိုးပြာနဂါးမျိုးနွယ်စုကလည်း နှစ်သိန်းလောက်ရှိတယ် ။ သူတို့အရေတွက်က အရမ်းများတယ် ။ အောင်းယွီရန်က ပြောလိုက်သည်။
အင်း ~ အခုအင်ပါယာမှာ အရေတွက်များလာပြီဆိုတော့ ရေရှည်အတွက် အဆင်ပြေမဲ့ အစီစဉ်တစ်ခုဆွဲပြီးတော့ အားလုံးရဲ့ အင်အားကို မြင့်တင်ဖို့လုပ်ရမယ်။ လုံထန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
အခုတော့ ~ အဲတာကို ခနထားလိုက်ရအောင်၊ ယွီရန်မင်းနဲ့ သင့်တော်မဲ့ကျင့်စဉ်ကို ရွှေးချယ်သင့်တယ် ။ မင်းရဲ့ ခွန့်အားကိုလည်း တက်နိုင်သလောက်အမြန် မြင့်တင့်ရမယ် ။ ရတနာတိုက်ထဲက ဆေးတွေကို မင်းအလိုရှိသလို့ ယူသုံးလို့ရတယ် ။
ပြသာနာတစ်ခုက ကိုယ်တို့စီမှာ အဆင့်မြင့်တဲ့မှော်ဆေးပညာရှင်မရှိတာ ဒီပြသာနာကို အနာဂတ်မှာဖြေရှင်းဖို့ ကြိုးစားရမယ် ။ လုံထန်က ပြသာနာကို သတိရသွားကာပြောလိုက်သည်။
ဆေးစိုက်ခင်းရှိပေမဲ့ အဆင်မြင့်မှော်ဆေးပညာရှင်များမရှိလျှင် ဆေးပင်တွေရဲ့ အာနိသင်ကို ပိုပြီး ထိရောက်အောင်သုံးစွဲနိုင်မည်မဟုတ်ချေ။ ဤသည့်က ကြီးမားသော ပြသာနာကြီးတစ်ခုဖြစ်သည်။
အရမ်းကြီးမတွေးပါနဲ့ အဆင်ပြေသွားပါလေ့မယ် ။ အောင်းယွီရန်က လုံထန်၏ လက်ကို ဆွဲလိုက်ကာပြောလိုက်သည်။
ဟုတ်တယ် ~ အဆင်ပြေသွားမှာပါ။
သွားကြစို့ ~ မင်းအတွက် လက်နက်နဲ့ နည်းစနစ်တွေ သွားရွှေးရအောင် ၊ လုံထန်က အောင်းယွိီရန်၏ လက်ကို ဆွဲကာ အပြင်သို့ ခေါ်သွားရင်းပြောလိုက်သည်။
အောင်းယွီရန်က လုံထန်ဆွဲခေါ်သွားရာသို့ ပြုံးကာလိုက်ပါသွားခဲ့သည်။
အချိန်အနည်းငယ်အကြာပြီးနောက်တွင် သူတို့ နှစ်ဦးက ကျမ်းစာဆောင်သို့ ရောက်လာခဲ့သည်။
သူတို့က ကျမ်းစာဆောင်၏ ကိုးထပ်မြှောက်သို့ တိုက်ရိုက်တက်သွားခဲ့သည်။ ကိုးထက်မြှောက်၌မှုက ကြယ်ကိုးပွင့်နည်းစနစ်များ ထားရှိရာနေရာဖြစ်သည်။
သူတို့ရောက်သွားချိန်၌ အကြီးကဲသုံးယောက်မှာလည်း သူတို့နှင့် သင့်တော့မည်နည်းစနစ်များကို ရွှေးချယ်နေခဲ့ကြသည်။
ယွီရန်မင်းနဲ့ သင့်တော်တဲ့ နည်းစနစ်အချို့ကို ရွှေးလိုက်လေ ။ လုံထန်က အံဩမင်သက်နေသော အောင်းယွီရန်ကို သတိပေးလိုက်သည်။
အောင်းယွီရန်လည်း လုံထန်၏ စကားကြောင့် အသိပြင်ဝင်လာခဲ့သည်။ များပြားလိုက်တဲ့ နည်းစနစ်တွေ ၊ အောင်းယွီရန်၏ အံသြမင်သက်နေသော အသံလေးက ထွက်လာခဲ့သည်။
ဟားဟား ~ဒါက အစပဲ ရှိသေးတယ် ၊ နောက်ထက် အံဩစရာတွေ အများကြီးရှိသေးတယ်။ လုံထန်က အောင်းယွီရန်၏ ဖြစ်နေသောပုံစံလေးကို သဘောကျစွာရီမောလိုက်သည်။
ကောင်းပါပြီ ~ အံဩနေတာ ရပ်ပြီးတော့ မင်းအတွက် လိုအပ်တာကို ရွှေးချယ်လိုက်ပါအုန်း ။ လုံထန်က ရီမောကာပြောလိုက်သည်။