← Chapters

နတ်သမီးဝတ်ရုံ ။

Vol. 10 Ch. 140

နတ်သမီးဝတ်ရုံ ။

Vol. 10 Ch. 140

--------

အောင်းယွီရန်လည်း လုံထန်၏ စကားကို နားထောင်လိုက်ပြီးနောက် သူမနှင့် ကိုက်ညီသော နည်းစနစ်များကို ရွှေးချယ်ရန် သူမ၏ အရှေ့ရှိ နည်းစနစ်များကို လိုက်၍ ကြည့်ရူလိုက်တော့သည်။

နည်းစနစ်များက အလွန်များပြားလွန်း၍ သူမ အချိန်ယူကာ ကြည့်ရူရမည်ဖြစ်သည်။

လုံထန်လည်း သူမနှင့် လိုက်ဖက်ညီသော နည်းစနစ်များ ရွှေးချယ်နေသည့်ကို ဘေးမှနေ၍ ကြည့်ရူနေခဲ့သည်။

သူတို့ ရွှေးချယ်နေချိန်၌ အကြီးကဲနှစ်ယောက် ဖြစ်သည့် အောင်းကျန်းဟန် နှင့် အောင်းထန်းရန်တို့မှာ သူတို့နှင့် ကိုက်ညီသော နည်းစနစ်များကို ရွှေးချယ်ပြီးသွားပြီဖြစ်ကာ လုံထန်နှင့် အောင်းယွီရန်တို့ကို နှတ်ဆက်ကာ “ကျမ်းစာဆောင် “မှ နေ၍ ထွက်ခွာသွားခဲ့ကာ” ရတနာဆောင် “သို့ ထွက်သွားခဲ့ကြသည်။

∆∆∆

အောင်းကျန်းဟန်တို့ ထွက်ခွာသွားပြီးနောက် အချိန်တစ်နာရီ နီးပါး လုံထန် စောင့်နေပြီးတဲ့ နောက်မှာတော့ အောင်းယွီရန်က လုံထန်၏ အနီးသို့ ပြန်ရောက်လာခဲ့သည်။

ရွှေးပြီးသွားပြီလား ~ လုံထန်က သူ၏ အနားသို့ရောက်လာသော အောင်းယွီရန်ကိုမေးလိုက်သည်။

ဟုတ်တယ် ~ ဒီမှာလေ နှစ်ခုရွှေးထားတယ်။ အောင်းယွီရန်က သူ၏လက်ထဲမှ ရွှေးချယ်ထားသော နည်းစနစ်နှစ်ခုကိုပြလိုက်သည်။

လုံထန်လည်း အောင်းယွီရန်၏လက်ထဲမှ နည်းစနစ်နှစ်ခုကို ကြည့်လိုက်သည်။ ၎င်းတို့က ...။

“ ရေလိူင်းကိုးခုနည်းစနစ် နှင့် ထက်ရှသော ရွှေရောင်လက်သည်း နည်းစနစ် ဆိုသော နည်းစနစ်နှစ်မျိုး ဖြစ်သည်။

ရေလိူင်းကိုးခုနည်းစနစ်က အဝေးကနေတိုက်ခိုက်နိုင်တဲ့ နည်းစနစ်ဖြစ်ပြီးတော့ ထက်ရှသော ရွှေရောင်လက်သည်းနည်းစနစ်က အနည်းကပ်တိုက်ခိုက်ရေး နည်းစနစ်ဆိုတော့ ၊ ကျွန်မနဲ့သင့်တော်တယ် ။ အောင်းယွီရန်က ပြုံးကာ ပြောလိုက်သည်။

ကောင်းပါပြီ ~ ဒါဆိုရင် ရတနာဆောင်ကိုသွားကြရအောင် ။ အဲဒီမှာ ဆေးဝါးအချို့နှင့် သင့်တော်တဲ့ လက်နက်တစ်ခုသွားပြီး တော့ရွှေးချယ်ရအောင်။

အွန်း ~ သွားကြရအောင် အောင်းယွီရန်က သူမရွှေးချယ်ထားသော နည်းစနစ်နှစ်ခုကို သူမ၏ သို့လှောင်လက်စွပ်၏ အတွင်း၌ သိမ်းစည်းလိုက်ရင်းဖြင့် ပြန်ပြောလိုက်သည်။

သူတို့နှစ်ယောက် ကျမ်းစာဆောင်မှ ပြန်၍ ဆင်းလာခဲ့ကာ “ရတနာဆောင် “ ရှိရာဆီ သို့ သွားခဲ့ကြသည်။

∆∆∆

သူတို့ ကျမ်းစာဆောင်မှ ထွက်ခွာလာခဲ့ချိန်၌ အကြီးကဲသုံးယောက်တို့မှာ သူတို့ လိုအပ်သည့် ဆေးဝါးများနှင့် လက်နက်တို့ကို ရွှေးချယ်ပြီးသွား၍ “ရတနာ”ဆောင်၏ အတွင်းမှ ပြန်လည်ကာ ထွက်ခွာလာသည့်ကို တွေ့လိုက်ရသည်။

အကြီးကဲများကလည်း လုံထန်နှင့် အောင်းယွီရန်တို့နှင့် တိုး၍ နှတ်ဆက်လိုက်ကြသည်။

အရှင်မင်းကြီး ~ မင်းသမီး ။

အင်း ~ ရွှေးချယ်ပြီးသွားပြီလား ၊ လုံထန်က အကြီးကဲ သုံးယောက်၏ ပြုံးရွှင်နေသော မျက်နှာများကိုကြည့်ကာမေးလိုက်သည်။

ရွှေးချယ်ပြီးသွားပါပြီ ~ အရှင်မင်းကြီး ။အကြီးကဲ သုံးယောက်က ချက်ချင်းပင်ပြန်ကာပြောလိုက်သည်။

ကောင်းပြီ ~ ဒါဆိုရင် ~ ကျင့်ကြံရေးကျွန်းစီသွားပြီးတော့ တစ်ချက်ကြည့်ကြည့်ပေါ့ အဲဒီမှာ ခင်ဗျားတို့အတွက် အဆင်ပြေတာတွေရှိတယ် ။ လုံထန်က အကြီးကဲများကို ညွှန်ကြားလိုက်သည်။

နားလည်ပါပြီ ~ အရှင်မင်းကြီး ။ အောင်းကျန်းဟန်တို့က လုံထန်တို့ကို နှတ်ဆက်ပြီး နောက် ကျင့်ကြံရေးကျွန်းပျံစီသို့ပျံသန်းသွားခဲ့ကြသည်။

∆∆∆

လုံထန်နှင့် အောင်းယွီရန်တို့က ပျံသန်းသွားသော အကြီးကဲများကို ကြည့်ပြီးနောက်သူတို့လည်း ရတနာဆောင်၏ အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။

သူတို့နှစ်ဦးက အောက်ထပ်၌ မနေပဲ ၊ ချက်ချင်းပင် ဒုတိယအထက်သို့ ကူးပြောင်းသွားခဲ့သည်။ ဒုတိယထက်က ဆေးလုံးများထားရှိရာနေရာဖြစ်သည်။ ဆေးဝါးများကို သူအကန့်နှင့်သူ စီစစ်ပြီး သေသပ်စွာထားထား၍ သူတို့လိုချင်သည့်အကန့်ကို တိုက်ရိုက်သွား၍ ရွှေးချယ်နိုင်ပေသည်။

လုံထန်လည်း အောင်းယွီရန်ကို သူမအတွက်ဆေးကို ယူဆောင်စေရန် ရွှေးချယ်ခိုင်းလိုက်သည်။ သူလည်းပဲ သူအတွက် ဆေးအချို့ကို ရွှေးချယ်ရန် လိုက်ကြည့်လိုက်သည်။

ဒုတိယအထပ်တစ်ခုလုံးက ဆေးပုလင်းများဖြင့် ပြည့်နက်နေသော စင့်များဖြင့်ပြည်နက်နေသည့်မှို့ လိုချင်သည့်အရာကို အချိန်ခနနှင့် ရွှေးချယ်၍ ရမည်မဟုတ်ချေ။

လုံထန်လည်း စင်များ၌ စီတန်းထားသော ဆေးပုလင်းများ တင်ထားသော စင်များ ကိုလိုက်ကြည့်နေလိုက်သည်။ ဆေးများကလွန်း၍ ရွှေးချယ်ရအလွန်ခက်လှသည်။

လုံထန်လည်း ကုသခြင်းဟု ရေးထားသော စင့်များရှိရာဘက်သို့ ရောက်ရှိသွားချိန်၌ ကုသခြင်းဆေးလုံးအချို့ကို သူတွက်အနည်းငယ်ယူရန်တွေးလိုက်သည်။

“ ကောင်းကင်ဝိညာဉ်ဆေး ကြယ်ကိုးပွင့် “ ဝိညာဉ်ထိခိုက်ဒဏ်ရာရခြင်း ၊ များကိုပြန်လှည်ကုသပေးသည်။

“ ချီပြန်လှည့်ဖြည်တင်းခြင်းဆေး “ ကြယ်ကိုးပွင့် “ ကုန်ဆုံးသွားသော ချီစွမ်းအင်များကို အချိန်တိုအတွင်း မှုလအတိုင်းပြန်လည်ဖြစ် ပြည်ဝစေသည်။

“ ချီကျဲ ကုသရေး ဆေး “ ကြယ်ကိုးပွင့် “ ပြင်ပထိခိုက် ရာများကို မသေဆုံးသရွှေ့ပြန်လည်ကောင်းမွန်စေသည်။

လုံထန်က ထိုဆေးလုံးများကိုကြည့်ကာ ရှင်းပြချက်များကို ဖတ်ကြည့်ရင်းဖြင့် မည့်သည်အရာများကို ရွှေးချယ်ရမည်ကို ရွှေးရခက်နေခဲ့သည်။

နောက်ဆုံး၌ သူက ချီပြန်လည်အားဖြည့်ခြင်းဆေးတစ်ပုလင်းနှင့် ချီကျဲကုသလေးရေး တစ်ပုလင်း၊ ကောင်းကင်ဝိညာဉ်ဆေးတစ်ပုလင်းကို ယူလိုက်ကာ ကုသဆေးများထားသော နေရာမှ ထွက်လာခဲ့သည်။

ထိုနောက်သူက စွမ်းအင်းတိုးဆေးများ ထားသောနေရာသို့သွားကာ သူအတွက်ဆေးအချို့ကို ရွှေးလိုက်သည်။

ချီစွမ်းအင်တိုးပွားဆေး ၊ ရွှေရောင်ပျံလွှားဆေးလုံး နှင့် ဟွားဖူဆေးလုံးများကို သာရွှေးလိုက်သည်။ ၎င်းတို့သုံးမျိုးက အခြားအာနိသင်များမရှိပဲ သူတို့က ချီစွမ်းအင်များတိုးပွားလာနိုင်သော ဆေးများပင်ဖြစ်သည်။

လုံထန်က သူလိုချင်သည့်များကို ရွှေးချယ်ပြီးနောက် အောင်းယွီရန်ရွှေးချယ်ပြီးသည့်ကို စောင့်နေခဲ့သည်။ သူမရွှေးချယ်ပြီးမှ တတိယထက်ရှိ လက်နက်များထားရှိသို့သွားရမည်ဖြစ်သည်။

အချိန်နာရီဝတ်ခန့်အကြာ၌ အောင်းယွီရန်လည်း သူမအတွက်လိုအပ်သည်များကို ရွှေးချယ်ပြီးသည့်နောက် သူတို့နှစ်ယောက် တတိယအထက်၏ လက်နက်များထားရှိရာနေရာသို့ တက်သွားကြသည်။

လက်နက်များထားရာသို့ ရောက်ချိန်၌တော့ လုံထန်က အောင်းယွီရန်ကိုသာ ရွှေးချယ်ခိုင်းလိုက်ပြီးသူတော့ မရွှေးချယ်တော့ချေ။

သူမှာ လက်နက်များရှိနေသည့်အတွက် ဤလက်နက်များကို ရွှေးချယ်ရန် မလိုတော့ဟု တွေးထားသော ကြောင့်ဖြစ်သည်။

အောင်းယွီရန်လည်း လက်နက်များကိုမြင်ရချိန်၌ အလွန်အံအားသင့်သွားရပြန်သည်။ သူမ မသိသော သတ္တုများနှင့် ကောင်းကင်လက်နက်များက ၊ သူမ၏ မျက်စိတစ်ဆုံးပင်ရှိနေခဲ့သည်။

သူမ၏ မျိုးနွယ်စုက ယခုတုန်း ကမ္ဘာမှာအချမ်းသာဆုံးမျိုးနွယ်စုမဟုတ်လျှင်ပင် ထိပ်တန်းတော့ ရှိမမည်ဟု သူမယုံကြည်ထားခဲ့သည်။ ယခုတော့ သူမ၏ အရှေ့ရှိမြင်ကွင်းများကြောင့် သူမ၏ အတွေးများက ဘယ်လောက်တောင် လွဲမှားနေကြောင်းကို သိခဲ့ရသည်။

ဤအတွေးဖြင့် သူမကခါးသီးစွာဖြင့် ခေါင်းကိုခါရမ်းလိုက်ပြီးနောက်သူမ၏ ကိုယ်ပိုင်လက်နက်ကို လိုက်၍ ရွှေးချယ်လိုက်သည်။ ယခု ဤလက်နက်များအားလုံးက သူမတို့အပိုင်များဖြစ်နေချေပြီဖြစ်သည်။

သူမက ကောင်းကင်အဆင့်လက်နက်များတော်တော်များကို လက်၍ ကြည့်၍ပြီးနောက် နောက်ဆုံး၍ ဝတ်ရုံသဏ္ဍန် ကောင်းကင်လက်နက်ကို ရွှေးချယ်လိုက်သည်။

“ နတ်သမီးဝတ်ရုံ “

ထိုအရာက တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းပါ အသုံးပြုနိုင်သဖြင့် အောင်းယွီရန်လည်း ထိုဝတ်ရုံကိုသာရွှေးချယ်လိုက်သည်။ သူမက နတ်သမီးဝတ်ရုံကို သူ၏ အမှတ်သားပြုလုပ်ပြီးနောက် သူမ၏ ခန္ဓာကိုယ်၏ အထက်၌ “ နတ်သမီး ဝတ်ရုံ “က ဝတ်ဆင်ပြီးသားဖြစ်သွားခဲ့သည်။ ထိုအပြင်အပေါ်ဝတ်ရုံက ရွှေရောင် အသွင်သို့ပင် ပြောင်းလဲသွားခဲ့သည်။

အောင်းယီရန်က ထိုအခြင်းအရာကို ကြည့်ကာ သဘောကြစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဤကောင်းကင်ဆင့်လက်နက်က လက်နက်မှန်းပင် အသိနိုင်ချေ။ အံဖွယ်လက်နက်တစ်ခုပင်ဖြစ်သည်။

All Chapters