ကောင်းကင်သစ်ပင် အဆီနှစ် ။
Vol. 11 Ch. 141
-------
လုံထန်က အောင်းယွီရန်၏ လက်နက်ကို ရွှေးထားသည့်ကို ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ " နတ်သမီးဝတ်ရုံ " ကို ရွှေကျောက်ပိုးကောင်ဟုခေါ်သော ပိုးကောင် တစ်မျိုး၏ ချည်မျှင်ဖြင့် ရက်လုပ်ထားခဲ့သည်။
ရွှေကျောက် ပိုးကောင်များက အလွန်ရှားပါးသော ရှားပါးရတနာသားရဲ ငယ် အမျိုးစားဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်မှထွက်သော ချည်မျှင်များက အလွန်မာကြောကာ ထက်ရှဟန်ရှိသည် ။ ဤအတွက်ကြောင့် အဝတ်စားပုံသဏ္ဍန်လက်နက် မျိုးသုံးသည့်ဖြစ်စေ ၊ ချည်မျှင် များကို တိုက်ရိုက်လက်နက်အဖြစ်သုံးသည့်ဖြစ်စေ အလွန်အသုံးဝင်သည်။
∆∆∆
ယွီရန် ဒီနေ့ကိုယ်မင်းကို ဆေးစိုက်ခင်းကိုခေါ်သွားမယ် ။ လုံထန်က အောင်းယွီရန်ကိုပြောလိုက်သည်။
ကောင်းပြီလေ ~ သွားကြတာပေါ့ ။ အောင်းယွီရန်ကလည်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက် " ရတနာဆောင် "မှ ထွက်ခွာသွားခဲ့ကာ ပင်မကျွန်းပျံ၏ အနီး၌ ရှိသော ဆေးစိုက်ခင်းကျွန်းပျံစီသို့ တိုက်ရိုက်ပျံသန်းသွားခဲ့ကြသည်။
သူတို့ပျံသန်းနူန်းက အလွန်လျှင်မြန်သည့်အတွက်ကြောင့် အချိန်အနည်းငယ်လေးနှင့် ရောက်ရှိသွားခဲ့သည်။
လုံထန်က ကျွန်းပျံ၏ အကာရံအတားစီးကို ဖွင့်ထားသည့်အတွက်ကြောင့် ချက်ချင်းပင် ကျွန်းပျံအထက်သို့ တိုက်ရိုက်ပျံသန်းသွားကြသည်။
လုံထန်နှင့် အောင်းယွီရန် ဆေးစိုက်ခင်းကျွန်းပေါ်သို့ ခြေချလိုက်သည့်နှင့် ပွင့်ဖက်ကိုးခုမီးပန်းဘုရင်က သိသွားခဲ့ကာ လုံထန်စီသို့ ရောက်ရှိလာခဲ့သည်။
မင်းဘာလုပ်အောင်ရောက်လာတာလည်း ၊ မီးပန်းဘုရင်က လုံထန်ကိုကြည့်ကာမေးလိုက်သည်။ လုံထန်ကို မေးပြီးနောက် အောင်းယွီရန်ကိုလည်း မြင်သွားခဲ့သည်။
ဟမ့် ~ တစိမ်းတစ်ယောက်ကိုလည်း ခေါ်လာတာလား ။ မီးပန်းဘုရင့်ကာ အောင်းယွီရန်ကိုကြည်ရင်းဖြင့် မေးခွန်းထုတ်လိုက်သည်။
ဟားဟား ~ သူက တစိမ်းတစ်ယောက်မဟုတ်ပါဘူး ။သူက ငါရဲ့မိန်းမလေ ၊ နောက်ရက်တွေကြရင် သူမ တစ်ယောက်ထဲလည်း ဒီကိုလာမှာမှို့ လိုက်ပြတာ လုံထန် ရီမောရင်းဖြင့် ပြောလိုက်သည်။
သက်ရှိဆေးပင် ၊ အောင်းယွီရန်က မီးပန်းဘုရင်ကိုကြည့်ကာ ထပ်မံ၍ အံဩသွားခဲ့ရပြန်သည်။
ဘယ်လို့လည်း ~ ကိုယ်မပြောခဲ့ဘူးလား ၊ နောက်ထပ်အံဩစရာတွေ အများကြီးရှိပါသေးတယ်လို့ လုံထန်က အောင်းယွီရန်၏ အံဩနေသည့်မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။
အောင်းယွီရန်လည်း " ရတနာဆောင်" ၏အတွင်း၌ ပြောခဲ့သောစကားကို ပြန်ကာသတိရသွားခဲ့ကာ သူမက ရီမောလိုက်သည်။ သူမ၏ ဤတစ်နေလုံးက အံဩစရာများသာ ပြည်နက်နေခဲ့သည်။
မီးပန်ဘုရင်ကလည်း လုံထန်ပြောသော စကားကို သူက သေချာနားမလည်သော်လည်း လုံထန်က သူတို့ကို အန္တာရာယ်မပြုသိကိုသိ၍ အောင်းယွီရန်၏ အနီးသို့ တိုးကပ်လာခဲ့ကာ အောင်းယွီရန်ကို သေချာ စူးစမ်းနေခဲ့သည်။
ကောင်းပြီ ~ နောက်မှ မင်းတို့စီကိုလာခဲ့မယ် ။ ဒီနေ့တော့ ငါ ကောင်းကင်သစ်ပင်ဘုရင်စီကို သွားမလို့ လုံထန်က မီးပန်းဘုရင့်ကို ပြောလိုက်ကာ အောင်းယွီရန်၏ လက်ကို ဆွဲကာ ကောင်းကင်သစ်ပင်ဘုရင်၏ ပိုက်နက်ကို တိုက်ရိုက်ပျံသန်းသွားခဲ့တော့သည်။
မီးပန်းဘုရင့် ကတော့ လုံထန်ပြောသော " မိန်းမ" ဟုဆိုသော စကားကို လုံထန်တို့၏ နောက်ကျောကို ကြည့်ကာ သူ၏ သေးငယ်သော ဦးနှောက်လေးကို အလုပ်ပေးကာ စဉ်းစားနေခဲ့တော့သည်။
∆∆∆
လုံထန်နှင့် အောင်းယွီရန်က အခြားသော သက်ရှိဆေးပင်ဘုရင်များ၏ ပိုက်နက်ကို ဖြတ်သန်းကာ ပျံသန်းသွားရင်းဖြင့် လုံထန်က ထိုနေရာများ၌ နေသော သက်ရှိဆေးပင်ဘုရင်များ၏ အကြောင်းကို ရှင်းပြပေးနေခဲ့သည်။
နောက်ဆုံး၌ ဤဆေးစိုက်ခင်း၌ ရှားပါးကာ တန်ဖိုးကြီးသော ရတနာ များဖြစ်သည့် သက်ရှိဆေးပင်များရှိကြောင်းကို အောင်းယွီရန်တစ်ယောက် နားလည်သွားခဲ့တော့သည်။
မိုင်ခြောက်ဆယ်လောက်ပျံသန်းပြီးနောက် တွင် ကောင်းကင်သစ်ပင် ဘုရင်၏ ပိုက်နက်ကို ရောက်ရှိသွားခဲ့သည်။
လုံထန်က ချက်ချင်းပင် ကောင်းကင်သစ်ပင် ဘုရင်ရှိရာသို့ တိုက်ရိုက်ပျံသန်းသွားလိုက်သည်။
ကောင်းကင်သစ်ပင် ဘုရင်က သုံးမီတာအမြင့်ရှိသော သစ်ပင်၏ကိုယ်ထည်က လူသားတစ်ယောက်၏ ခန္ဓာကိုယ်ပုံသဏ္ဍန်ရှိကာ သစ်ကိုင်းများနှင့် သစ်ရွက်များကလည်း ကျောက်စိမ်းများသဏ္ဍန်ဖြစ်နေခဲ့သည်။ ထိုပုံသဏ္ဍန်က ကျောက်စိမ်းရောင် ဆံနွယ်ပိုင်ရှင်သက်ရှိနှင်တူနေပေသည်။
လုံထန်နှင့် အောင်းယွီရန်တို့ ရောက်လာသည့်ကို ကောင်းကင်သစ်ပင်ဘုရင်က ကြည့်နေခဲ့သည်။
မင်းဘာလိုချင်လို့ရောက်လာတာလည်း ~ ကောင်းကင်သစ်ပင်ဘုရင့်က လုံထန်ကို ရောက်လာသည့်နှင့်တန်းမေးလိုက်သည်။
ငါမေးစရာရှိလို့လာခဲ့တာ~ လုံထန်က ကောင်းကင်သစ်ပင် ဘုရင့်ကို ကြည့်ကာမေးလိုက်သည်။
ဘာမေးမလို့လည်း ~ ကောင်းကင်သစ်ပင်ဘုရင်က ပြန်မေးလိုက်သည်။ သူ၏ အသိဉာဏ်က ဆယ်နှစ်သားအရွယ် သက်ရှိ၏ အသိဉာဏ်ရှိသိအတွက်ကြောင့် အတော်အသင့် ဉာဏ်ရည်မြင့်မားသည်။
ငါရှေးဟောင်းမှတ်တမ်းထဲမှာဖတ်ခဲ့တာ ၊ မင်းတို့ကောင်းကင်သစ်ပင်တွေက ၊ နှစ်သုံးသန်းကြာတိုင်း အသီးတွေရင့်မြည့်ကြတယ်ဆို ၊ အခုတော့မင်းက နှစ်ဆယ်သန်းကျော်နေပြီ အဲတာကြောင့်မင်းရဲ့ အသီးတွေဘယ်ရောက်သွားလည်းသိချင်လို လုံထန်က သူသိချင်တာကို တန်း၍ မေးလိုက်သည်။
ကောင်းကင်သစ်သီးလား ၊ အဲတာတွေကမရှိတော့ဘူး ၊ ငါဆင့်ကဲ့ပြောင်းလဲဖို့အတွက်အားလုံးသုံးလိုက်ပြီ၊ ကောင်းကင်သစ်ပင်ဘုရင်ကလည်း ပြန်ပြောလိုက်သည်။
ဘာ~ နည်းနည်းလေးတောင်မှ မကျန်တော့ဘူးလား ။ လုံထန်က ရင်တွေကွဲကြေသွားသလို့ ခံစားလိုက်ရ၍ ထပ်မေးလိုက်သည်။
ဟုတ်တယ် ~ တစ်လုံးမှ မကျန်ဘူး ။ ကောင်းကင်သစ်ပင်ဘုရင်က သူ၏ သစ်ပင်ခေါင်းကို ညိတ်ကာပြန်ပြောလိုက်သည်။
မင်းက ~ ကောင်းကင်သစ်သီးကို အသုံးပြုပြီးတော့အဆင့်တက်မလို့လား ၊ ကောင်းကင်သစ်ပင်ဘုရင့်က လုံထန်၏ အတွေးကို အနည်းငယ်သိလို့၍ မေးလိုက်သည်။
ဟုတ်တယ် ~ လုံထန်ကလည်း ခေါင်းညိတ်လိုက်သည်။
ကောင်းကင်သစ်သီးတော့ရဖို့မဖြစ်နိုင်ဘူး ၊ လိုချင်ရင်နောက်ထပ်အနည်းဆုံး နှစ်သုံးသိန်းလောက် စောင့်မှရမယ်။
ကောင်းကင်သစ်ပင်စကားက လုံထန်၏ မျော်လင်ချက်ကို ရိုက်ချိုးလိုက်သကဲ့ခံစားလိုက်ရသည်။
နှစ်သုံးသိန်းဆိုပါက သူလို့အပ်ပါအုန်းမည်လား ၊ ထိုအချိန်မှတော့ သူမလိုအပ်တော့ချေ။ ထိုအချိန်များ၌ သူ၏ အရည်ချင်းကြောင့် မသေမျိုးအဆင့်ကို ကျော်လွန်မည်ဟု သူကိုယ်သူ ယုံကြည့်ချက်ရှိသည်။
ဒါဆိုလည်း ~ ဘယ်တက်နိုင်မလည်း ပြန်ကြစို့ ~ ယီရန် လုံထန်က အနည်းငယ်စိတ်ပျက်စွာဖြင့်ပြောလိုက်သည်။
ထိုအစဉ်၌ ။
ကောင်းကင်သစ်သီးလောက်တော့အာနိသင်မရှိပေမဲ့ သူရဲ့သုံးဆယ် ၊ လေးဆယ်ရာခိုင်နူန်းလောက်ရှိတဲ့ အရာတစ်ခုတော့ရှိတယ်။ ကောင်းကင်သစ်ပင်က ပြောလိုက်သည်။
တစ်ကယ်လား ~ ကောင်းကင်သစ်ပင်၏ စကားက လုံထန်ကို ပြန်လည်က မျော်လင့်ချက်များဖြင့်ပြည်နက်ခဲ့သည်။
ဟုတ်တယ် ~ အဲဒါက အဲတာကငါရဲ့ အဆီနှစ်ပဲ၊ ကောင်းကင်သစ်ပင်က လေးနက်စွာပြောလိုက်သည်။
မင်းရဲ့အဆီနှစ်လား ~ အဲတာကမင်းကို ထိခိုက်နိုင်ရင်ထားလိုက်ပါတော့ ။ သူအတွက်နှင့် ရွှေဉ ၊ ဉပေးနေသော ကြက်မကို သတ်ရန်လောက်လို့တော့ လုံထန်တစ်ယောက် မတုန်းသေးပေ ။
အနည်းငယ်လောက်ပါပဲ ~ မင်းကိုငါရဲ့ အဆီနှစ်ကို ပေးလိုက်ရင် ~ ကောင်းကင်သစ်သီးရဖို့ နှစ်ပေါင်း လေးသိန်းစောင့်မှရမယ် ။ ငါရဲ့ အဆီနှစ်နဲ့ မိုးနဲ့မြေကြားက စည်းမျဉ်းစွမ်းအား ၊ ငါရဲ့ အသက်ဓာက်တွေပါ လိုအပ်တယ် ။ ကောင်းကင်သစ်ပင်ဘုရင်က ပြန်ပြောလိုက်သည်။
ကောင်းပြီလေ ~ ငါကိုအဆီနှစ်ပေးပါ ။ မင်းပြန်ကောင်းဖို့ ငါမင်းကို ဘာတွေ ထောက်ပံပေးရမလည်း လုံထန်က မေးလိုက်သည်။
ငါကို ~ ဝိညာဉ်ရေစင်တော် အနည်းငယ်ပေးပါ ။ ကောင်းကင်သစ်ပင်ဘုရင့်က ပြောလိုက်သည်။
ကောင်းပြီလေ ~ ငါမင်းကို " ဝိညာဉ်ရေစင်တော် " ပေးမယ် ။ လုံထန်လည်း လက်ခံလိုက်သည်။