← Chapters

ကျင့်ကြံရန်ပြင်ဆင်ခြင်း ။

Vol. 11 Ch. 142

ကျင့်ကြံရန်ပြင်ဆင်ခြင်း ။

Vol. 11 Ch. 142

-----------

လုံထန်က ကောင်းကင်သစ်ပင်ကို ခနစောင့်ခိုင်းကာ သူတစ်ယောက်ထဲ ဆေးစိုက်ခင်း အလယ်ဗဟိုသို့ သွားကာ " ဝိညာဉ်ရေစင်တော် "ကို သွားယူလိုက်သည်။

ယခင်သူယူထားခဲ့သည် "ဝိညာဉ်ရေစင် "တော်က အကြီးကဲအောင်းလန်ကို အဖိုးကြီးဖေးအတွက် ပေးလိုက်ပြီဖြစ်၍ သူအတွက် " ဝိညာဉ်ရေစင်တော် " ကမရှိတော့ချေ။

လုံထန်က ကျောက်စိမ်းပုလင်းငယ်လေးနှစ်လုံးဖြင့် သူအတွက်ရော ၊ ကောင်းကင်သစ်ပင်၏ အတွက်ပါ " ဝိညာဉ်ရေစင်တော်ကို ယူလိုက်ကာ ပြန်ရောက်လာခဲ့သည်။

သူပြန်ရောက်လာချိန်၌ အောင်းယွီရန်နှင့် ကောင်းကင်သစ်ပင်ဘုရင်က အဆင်ပြေနေပြီးတော့ ၊ ပြုံးရွှင်စွာစကားပြောနေခဲ့သည့်ကို တွေလိုက်ရသည်။

ဘာတုန်းဟ ~ ငါနဲ့တုန်းရ သူတို့နှင့် ရင်းနှီးဖို့ ပချိန်အကြာကြီးယူခဲ့ရတာ ၊ ယွီရန်နဲ့ကြတော့ အချိန်ခနလေးနှင့် အဆင်ပြေနေသဖြင့် လုံထန်တစ်ယောက်ကောင်းကင်သစ်ပင်ကိုကြည့်ကာ အနည်းငယ် အောင့်သက်သက်ဖြစ်သွားခဲ့သည်။

ရော့~ ဒီမှာမင်းအတွက် " ဝိညာဉ်ရေစင်တော် " လုံထန်က ကောင်းကင်သစ်ပင်ထံသို့ ကျောက်စိမ်းပုလင်းငယ်လေးကို ပေးလိုက်ရင်းဖြင့်ပြောလိုက်သည်။

" ဝိညာဉ်ရေစင်တော် " ကောင်းကင်သစ်ပင်က ပျော်ရွှင်သွားဟန်ဖြင့် လုံထန်၏ လက်ထဲမှ ယူ၍ ချက်ချင်းသိမ်းစည်းလိုက်သည်။

မင်းမှာ ~ ထည့်စရာတစ်ခုခုပါလား ။ ကောင်းကင်သစ်ပင်ဘုရင်က လုံထန်ကို ပြောလိုက်သည်။

ထည့်စရာလား ~ လုံထန်က သူ၏ သို့လှောင်လက်စွပ်၏ အတွင်း၌ သူအသင့်ဆောင်ထားသော ကျောက်စိမ်းပုလင်းငယ်တစ်လုံးကို ထုတ်ပေးလိုက်သည်။

ကောင်းကင်သစ်ပင် ဘုရင်က သူ၏ သစ်ကိုင်းလက်များဖြင့် လုံထန်၏ လက်အတွင်းမှ ကျောက်စိမ်းပုလင်းကိုယူလိုက်သည်။ ရုတ်တရက်ဆို သလို့ ကောင်းကင်သစ်ပင်၏ ခန္ဓာကိုယ်တစ်ခုလုံးကအလင်းတန်းများဖြင့် တောက်ပလာခဲ့သည်။ သူ၏ သစ်ပင် ခန္ဓာကိုယ်ကြီးထံမှာ ရွှေရောင်အလင်းတန်းများနှင့် မွေးပျံသော ရနံများထုတ်လွတ်နေသော အရည်အစက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်သစ်ပင်ဘုရင်က ကျောက်စိမ်းပုလင်း၏ အတွင်းသို့ထိုအဆီနှစ်ကို ထည့်ကာ အဖုံးပြန်ပိတ်လိုက်ရင်းဖြင့် လုံထန်ရှိရာသို့ပြန်ပေးလိုက်သည်။

ဒါနောက်ဆုံးအကြိမ်ပဲ ~ နောက်တစ်ကြိမ်မရတော့ဘူး ။ ဒါမျိုးအမြဲတန်းလုပ်ရင် ငါရဲ့ အခြေခံကို ထိခိုက်သွားလေ့မယ် ။ အဆီနှစ်တွေအမြဲတန်းဆုံးရူံးရရင် ဘယ်တော့မှ ပြန်လည်ဖြည့်တင်းဖို့ မတက်နိုင်ဘူး ။ ကောင်းကင်သစ်ပင်ဘုရင်က လုံထန်ကို ကြည့်ကာ အလေးနက်ပြောလိုက်သည်။

ကောင်းပြီ ~ ကျေးဇူးပါပဲ ။ လုံထန်က ကျောက်စိမ်းပုလင်းငယ်လေးကို သိမ်းစည်းလိုက်ရင်းဖြင့် ပြောလိုက်သည်။

သွားကြစို့ ~ ယွီရန် လုံထန်ကပြန်ရန်ပြောလိုက်သည်။

အင်း ~သွားကြစို့ ။

နောက်တစ်ခါလည်း စကားပြောအောင် ထပ်လာခဲ့အုန်းနော် ၊ အမြဲတန်းမကြာမကြာလာနော် ။ ကောင်းကင်သစ်ပင်က အောင်းယွီရန်ကို ကြည့်ကာ မခွဲချင်ဟန်ဖြင့်ပြောလိုက်သည်။

ကောင်းပါပြီ ~ ထပ်လာခဲ့မယ် ။ အောင်းယွီရန်က ပြုံးကာ ပြန်ပြောလိုက်သည်။

ဒါက~ ဘာအခြေနေလည်း ~ သူတို့က ဒီလောက်တောင်ရင်းနှီးကြတာလား ။ လုံထန်တစ်ယောက်ကူရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။ သူတုန်းက သူတိုလိုအပ်သမျှကို ထောက်ပံပေးပေါ့မယ်ဟုဆိုသည်ပင် ၎င်းတို့က ယခုအောင်းယွီရန်လောက် မရင်းနှီးခဲ့ကြချေ။

သွားကြစို့ ~ လုံထန်က အောင်းယွီရန်၏ လက်ကို ဆွဲက ကောင်းကင်သစ်ပင်ကို မကြည့်ပဲ ပျံသန်းသွားတော့သည်။

∆∆∆

လုံထန်နှင့် အောင်းယွီရန်တို့ ပင်မကျွန်းရှိ အဖြူရောင် နန်းတော်ခန်းမထံသို့ပျံရောက်လာကြသည်။

ယွီရန် ဒါကမင်းအတွက် လုံထန်က သူယူလာသော " ဝိညာဉ်ရေစင်တော် "၏ ကျောက်စိမ်းပုလင်းအတွင်းမှ တစ်ဝက်ကို ခွဲပေးလိုက်သည်။

ကိုယ်အချိန်ခနလောက် တံခါးပိတ်ကျင့်ကြံလိုက်အုန်းမယ် ယွီရန် ၊ အချိန်ခနလောက် အပြင်က ကိစ္စတွေ ကိုင်တွယ်ထားပေးပါအုန်း ။ လုံထန်က အောင်းယွီရန်ကို ဝိညာဉ်ရေစင်ပေးလိုက်ရင်းဖြင့် ပြောလိုက်သည်။

ကောင်းပါပြီ ~ စိတ်မပူပါနဲ့ စိတ်ချထားလိုက်ပါ။ အပြင်က ကိစ္စာတွေကို ကျွန်မကိုင်တွယ်ထားလိုက်ပေါ့မယ် ၊ အောင်းယွီရန်က လုံထန်၏ လက်ကို ဆုပ်ကိုင်လိုက်ရင်းပြုံးကာ ပြောလိုက်သည်။

မင်းကို ပင်ပန်းစေမိပြီ ၊ လုံထန်က အောင်းယွိီရန်ကို သူ၏ ရင်ခွင်ထဲသို့ ထဲလိုက်ရင်းဖြင့် ပြောလိုက်သည်။

မဟုတ်တာပဲ ~ ကျွန်မက မပင်ပန်းပါဘူး ။ ဒီအချိန်မှာ ရှင်ကလေ့ကျင့်ထားသင့်တယ် ။ အင်ယာရဲ့ ဧကရာဇ်က အခြားသူတွေထက် ကျင့်ကြံမှုကနှိမ့်ကျနေရင် ဘယ်သင့်တော်ပေါ့မလဲ ၊ အောင်းယွီရန်က ရီမောကာ ပြောလိုက်သည်။

ဟုတယ် ~ အဲဒီပြသာနာကို ဖြေရှင်းဖိုကိုယ်ကြိုးစားရမယ် ။

ဟုတ်ပါပြီ ~ သွားတော့ အပြင်ကကိစ္စတွေကို စိတ်မပူနဲ့ ကျွန်မကိုင်တွယ်ထားလိုက်ပေါ့မယ်။

( ဂေါင်းကြီးတို့ ဒီလို နားလည်မှုရှိတဲ့ မိန်းမမျိုးလိုချင်သွားပြီမလား 😁 )

လုံထန်လည်း အောင်းယွီရန်၏ နှဖူးလေးအားညှင်သာစွာဖြင့်အနမ်းပေးလိုက်ပြီးနောက် အဖြူရောင်နန်းတော်၏ အတွင်းဘက်၌ အထူးလေ့ကျင့်ရေးနေရာစီသို့သွားလိုက်သည်။ ထိုနေရာက ယခင်က ကံကြမ္မာဧကရာဇ် တစ်ဦးထဲသာ အသုံးပြုခဲ့သောနေရာဖြစ်သည်။

∆∆∆

အပြင်ဘက်၌ ။

မိုးထိတောင်၏ အောက်ခြေ၌ စုဝေးနေသော လူအများရှိနေကြသေးသည်။ သူတို့ကအလွန်ဇွဲကောင်းကြသည်။ ယခင်က အောင်းယွီရန်တို့ အုပ်စု ရောက်ရှိလာမှုကြောင့် သူတို့ကို ထိတ်လန့်စေခဲ့သော်လည်း ထွက်သွားသည့်လူထက် တိုးပွားလာသည့် သူကပိုများသည်။

ထိုအုပ်စုဖွဲ့နေသော လူများ၏ ကြားထဲသို့ တစ်ကိုယ်လုံးကိုယ် အနက်ရောင် ဝတ်ရုံရှည်ဖြင့် ဖုံးအုပ်ထားသောအနက်ရောင် ပုံရိပ်သုံးခုက တဖြေးဖြေး ချည်းကပ်လာခဲ့သည်။

သူတို့သုံးဦးက တောင်ခြေရောက်သည့်နှင့် တောင်၏ ထက်ဝတ်ခန့်၌ နေရာယူထားသော ရွှေရောင်နှင့် အနီရောင်ချပ်ဝတ်များ ဝတ်ဆင်ထားသော ငရဲမီးစစ်တပ်၏ စစ်သည်များကို ကြည့်လိုက်သည်။

တောင်ပေါ်ကို တက်ကြည့်ရင် လမ်းအလယ်မှာတားထားတဲ့သူတို့ကို တိုက်မှပဲရမယ်။ ငါတို့စောင့်ကြည့်နေခဲ့တာ နှစ်ရက်ရှိပြီ ၊ ဘာထူးထူး ရှားရှား လုပ်ရှားမှုမှမရှိဘူး ။ ငါတို့ လှုပ်ရှားကြမလား ။အနက်ရောင်ဝတ်ရုံသုံးခုအနက် အသံကကြမ်းရှခက်ထန်နေသော အသံတစ်ခုမေးလိုက်သည်။

အရင်ကအခြားသူတွေပြောတဲ့ ကြောက်စရာပုဂ္ဂိုလ်တွေရောက်လာတယ် ပြောတယ် ။ အဲတာကြောင့် ငါတို့ ဒီတစ်ရက်တော့ ထပ်စောင့်ကြည့်ရအောင် ။ ဒီနေ့ဘာထူးရှားမှုမှ မရှိရင် မနက်ဖြန်မှ ငါတို့ လှုပ်ရှားကြမယ် ။

ဟမ့် ~ ဒီမှာရှိတဲ့သူတွေရဲ့ ကျင့်ကြံမှု အဆင့်က အမှိုက်လောက်ပဲရှိတယ် ။ မင်းကအဲဒီ အမှိုက်တွေရဲ့ စကားကို ယုံကြည်နေတာလား ။ ကြမ်းရှ နေသော အသံပိုင်ရှင်က ဒေါသတစ်ကြီးဖြင့်ပြောလိုက်သည်။

ဒီကိစ္စက အရေးကြီး ~ တစ်ခုခု မှားယွင်းသွားခဲ့ရင်မင်းကိုတိုင် အရှင်မင်းကြီးကို ပြန်တင်ပြမှာလား ။ အခြားအနက်ရောင်ပုံရိပ်ထံမှ တည်ကြည့်လေးနက်သော အသံတစ်ခုထွက်လာခဲ့သည်။

အရှင်မင်းကြီးဆိုသော စကားကြောင့် - ကြမ်းရှနေသော အသံပိုင်ရှင်လည်း မည်သည်စကားကိုမှ ဆက်မဆိုပဲ တိတ်ဆိတ်သွားခဲ့တော့သည်။

ပြန်ကြစို့ ~ ဒီနေတော့ စောင့်ကြည့်ပြီး မနက်ဖြန်အတွက် ပြင်ဆင်ကြတာပေါ့ ။

အနက်ရောင်ဝတ်ရုံထားသော ပုံရိပ်သုံးခုကာ အခြားသူများကြားထဲ ဝင်ရောက်ရောနှောကာ ပျောက်ကွယ်သွားတော့သည်။

သူတို့ရောက်လာခဲ့ကြသည့်ကို့ မည်သူမှ သတိမထားမိခဲ့လိုက် ကြချေ။

All Chapters