အဆင့်တက်ကြခြင်း ၊ မိုးမြေစွမ်းအင်ပုံဆောင်ခဲ။
Vol. 11 Ch. 143
----------
လုံထန်က အောင်းယွီရန်နှင့်စကားပြောပြီး ကျင့်ကြံခြင်းအခန်းသို့သွားနေချိန်၌ ရုတ်တရက်ဆိုသလို့ ကျင့်ကြံခြင်းကျွန်းပျံထံမှ ပြင်းထန်သော စွမ်းအင်အတက်ကျများထွက်ပေါ်လာသည့်ကို ခံစားလိုက်ရသည်။ ထိုအခြင်းအရာကြောင့် လုံထန်လည်း အောင်းယွီရန် ရှိရာစီသို့ ပြန်လျှောက်သွားလိုက်၏။
ဟမ့် ~ တစ်ယောက် အဆင့်တက်လား ။ လုံထန်နှင့်အောင်းယွီရန်တို့ ပြိုင်တူ ကျင့်ကြံခြင်းကျွန်းပျံသို့ကြည့်လိုက်ကြသည်။
သူတို့၏ အကြည့်အောက်၌ ကျင့်ကြံခြင်းကျွန်းပျံ၏ ကောင်းကင်ယံအထက်၌ စွမ်းအင်များက လေပွေ့များအလား ကျွန်းပေါ်သို့ကျဆင်းနေခဲ့သည်ကို တွေ့လိုက်ရသည်။
ကောင်းတယ် ~ တစ်ယောက်တော့ အဆင့်တက်နေပြီ ၊ လုံထန်က ပျော်ရွှင်စွာရေရွတ်လိုက်သည်။
ဒီလောက်~ စွမ်းအင်တွေပြင်းထန်စွာထွက်ပေါ်နေတာဆို တော့ အကြီးကဲအောင်းကျန်းဟန်ဖြစ်နိုင်တယ် ။ အောင်းယွီရန်က ကျွန်းပျံသို့ ကြည့်ရင်းဖြင့်ပြောလိုက်သည်။
ကောင်းတယ် ~ အကြီးကဲအောင်းကျန်းဟန်သာ အဆင့်တက်သွားရင် ကိုယ်တို့စီမှာ နဝမအဆင့် နတ်ဘုရားသားရဲဘုံအဆင့်တစ်ယောက် ရှိလာလေ့မယ်။ လုံထန်က ပျော်ရွှင်ဟန်ဖြင့်ပြောလိုက်သည်။
သူတို့ကြည့်နေသော အောက်၌ ကောင်းကင်ယံ၌ရှိသော စွမ်းအင်ဝဲဂယက်က ပို၍ ကြီးထွားလာခဲ့ကာ မီတာတစ်ထောင်လောက်အထိကြီးထွားလာခဲ့သည်။ ၎င်းက ဆက်လက်ကျယ်ပြန်နေခဲ့ကာ ပတ်ဝန်းကျင့်က စွမ်းအင်များကို စုပ်ယူနေခဲ့သည်။
ကျင့်ကြံခြင်းကျွန်းပျံ၏ အကာကွယ်အတားစီးကြောင့် ကြမ်းတမ်းသော စွမ်းအင်များက ကျင့်ကြံခြင်းကျွန်း၏ အပြင်သို့မထွက်လာခဲ့ချေ။
လုံထန်နှင့် အောင်းယွီရန်လည်း ကျွန်းပျံသို့ စောင့်ကြည့်နေခဲ့သည်။ သူတို့နှစ်ဦးစောင့်ကြည့်နေသော အကြည့်အောက်၌ စွမ်းအင်ဝဲဂယက် မိနှစ်သုံးဆယ်လောက် အကြာထိ တည်ရှိနေပြီးနောက်ပြန်လည့်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။
ပြီးဆုံးသွားပြီ~ ထင်တယ် ။ လုံထန်က ကျွန်းပျံကို ကြည့်ကာ ရေရွတ်လိုက်သည်။ သူ၏ စကားဆုံးချိန်၌ စွမ်းအင်အတက်ကျများ ထပ်မံ၍ ထွက်ပေါ်လာခဲ့ကာမီတာရာချီအထိကျယ်ဝန်းသော စွမ်းအင်ဝဲဂယက်တစ်ခုက ကောင်းကင်ယံ၌ ထွက်ပေါ်လာခဲ့ပြန်သည်။ ထိုအရာတင်မက ပဲ နောက်ထက်စွမ်းအင်ဝဲဂယက်တစ်ခုက ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်သည်။
ဘာလဲ ~ အကြီးကဲသုံးယောက်စလုံး အဆင့်တက်သွားတာလား ။ လုံထန်က နှင့် အောင်းယွီရန်က သူတို့အရှေ့မှ မြင်ကွင်းကို ကြည့်ကာ အနည်းငယ်မင်သက်ကာ ရေရွတ်လိုက်သည်။ သူတို့က အချင်းချင်း အဆင့်တက်တာ ပြိုင်နေသလိုပင် ။
သို့သော် အခြားတစ်ဖက်မှ တွေးကြည့်ပြန်ရင်လည်း ဤသည့်အလွန်ကြီးမဟုတ်နေချေ။ ပေါကြွယ်ဝသောသော စွမ်းအင်များ ၊ ရှားပါးလှသော ရတနာ ဆေးလုံးများက ယခုလို အကြီးကဲများကို အဆင့်တက်စေတာ အထူးဆန်းတော့မဟုတ်ချေ။
သူတို့နှစ်ယောက်စောင့်ကြည့်နေချိန်အောက်၌ အချိန်တစ်နာရီက လျှင်မြန်စွာကုန်ဆုံးသွားခဲ့သည်။ ကျွန်းပျံ၏ ကောင်းကင်ယံမှ စွမ်းအင်ဝဲဂယက်များလည်း ငြိမ်သက်ပျောက်ကွယ်သွားခဲ့သည်။
ဒါဆို့ကိုယ်လည်း သွားလေ့ကျင့်တော့မယ် ။ လုံထန်က ဘာမှ ထပ်မထူးခြားသည့်မှို့ ဆက်ကာ စောင့်မကြည့်တော့ရန် ဆုံးဖြတ်လိုက်သည်။
ကောင်းပါပြီ ~ သွားပါ ။ အောင်းယွီရန်က ပြုံးကာ ပြောလိုက်သည်။
လုံထန်လည်း ခေါင်းညိတ်လိုက်ပြီးနောက် ကျင့်ကြံခန်းအခန်းရှိရာသို့ တိုက်ရိုက်သွားလိုက်သည်။
ကျင့်ကြံမှုနေရာက အဖြူရောင်ပုလ္လင်၏ နောက်ကျောက်၌ရှိသော လျို့ဝှက်ခန်းတစ်ခုဖြစ်သည်။ လုံထန်က ၎င်းကို အသက်သွင်းလိုက်ချိန်၌ မြေအောက်သို့ သွားသော လျို့ဝှက်လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။
လုံထန်လည်း ထိုလမ်းကြောင်းအတိုင်း လျှောက်သွားလိုက်သည်။ လမ်းကြောင်းက ငါးမီတာ အကျယ်ခန့်သာ ရှိကာ အလင်းရောင်က မှိန်ဖျော့ဖျော့ လေးသာရှိသည်။ ထိုလမ်းကြောင်းအတိုင်း မီတာ တစ်ရာခန့် လျှောက်ပြီးချိန်၌ မီတာတစ်ထောင် အကျယ်ရှိသော အခန်းတစ်ခုရှိသည်။ ထိုအခန်းထဲ၌ မည်သည့်မီးများမှမထွန်းထားချေ။
သို့သော်လည်း လင်းရှင်းနေခဲ့သည်။ အလွန်သိပ်သည်းကာသန့်စင်သော စွမ်းအင်များပါဝင်သော စွမ်းအင်သလင်းများက အခန်း၏ နရံများ၌ ရှိနေခဲ့သည်။ ထိုစွမ်းအင်များက အလင်းများထွက်ပေါ်လာခဲ့ကာ အလင်းများက တစ်ခုနှင့်တစ်ခုရောင်ပြန်ဟက်နေခဲ့ပြီး အလင်းရောင်ရနေခြင်းဖြစ်သည်။
အခန်းထဲ၌ အလင်းပြန်နေသော စွမ်းအင်သလင်းကျောက်များမှ လွဲ၍မည်သည့်အရာမှမရှိချေ။ ခန်းမ၏ အလယ်တည့်တည့်၌ မြေပြင်မှငါးမီတာအမြင့်သို့ မြင့်တက်နေသော ဆယ်မီတာ အကျယ်ရှိသော ယစ်ပုလ္လင်ကဲ့သို့နေရာတစ်ခုရှိသည်။ ထိုအရာက ဆန်းကျယ်သော အငွေ့သတ်တို့ထွက်ပေါ်နေခဲ့ကာ လွန်တရာမှခမ်းနားလှသည်။
ဤအရာက ကျင့်ကြံမှုကို အထောက်ကူပေးသော ၊ ကောင်းကင်နှင့်မြေပြင်ကြားမှ မွေးဖွားလာခဲ့သော မိုးမြေစွမ်းအင်ပုံဆောင်ခဲ ဟု ခေါ်သောအရာဖြစ်သည်။ ထိုအရာရ မဟာရတနာများထက်သာ နိမ့်ကျသော လောကရှိရှားပါးသော အထူးရတနာတစ်မျိုးဖြစ်သည်။
မိုးမြေစွမ်းအင်ပုံဆောင်ခဲ ကို ယခင်ကံကြမ္မာဧကရာဇ် ဟောင်းဖြစ်သူက ကံကောင်း၍ ဘောလုံးတစ်လုံး၏ အရွယ်စားလောက် ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းနှင့် အခြားကျင့်ကြံခြင်းကိုအထောက်ကူပြုစေသော ရတနာများကို အသုံးပြုကာ ဤယစ်ပုလ္လင်သဏ္ဍန်ကျင့်ကြံရန်နေရာကို တည်ဆောက်ထားခြင်းပင်ဖြစ်သည်။
မိုးမြေစွမ်းအင်ပုံဆောင်ခဲ က ကောင်းကင်နှင့် မြေပြင်ကြားက မွှေးဖွားလာတဲ့ အရာမှို့ စည်းမျဉ်းတွေကို ဆုပ်ကိုင်ဖို့ရာနှင့် ကျင့်ကြံမှုမြန်မှုကိုလည်း အမြန်တိုးတက်အောင် အထူးအထောက်ကူပြုတယ် ။ အချို့ရဲ့စကားအဆိုအရ မိုးမြေစွမ်းအင်ပုံဆောင်ခဲ၏ အပေါ်၌ အိပ်နေလျှင်ပင် အချိန်အချို့ကြာပါက အဆင့်တက်နိုင်သည့်ဟု ဆိုကြသည်။ အခုတော့ ဒီလိုအရာမျိုးက ငါအပိုင်ဖြစ်လာတာပဲ ဘယ်လောက်ကောင်းလိုက်သလဲ ။ လုံထန်က ပျော်ရွှင်နေဟန်ဖြင့်ရေရွတ်လိုက်သည်။
သူ၏ အပျော် များကို ဖိနှိပ့်လာကာ ပုလ္လင်၏ အပေါ်သို့ တက်လိုက်သည်။ ထိုမပေါ်၌ ထိုင်ချလိုက်ရုံဖြင့် သူ၏ ကိုယ်အတွင်းက ချီစွမ်းအင်များအားလုံးက လှုပ်ရှားလာခဲ့သည်ကို ခံစားလိုက်ရသည်။ သူ၏ ပတ်ဝန်းကျင်၌ သူမကိုင်တွယ်နိုင်သော အရာများက လေထဲ၌ ပျံလွင့်နေသည်ကို ဝေဝါးဝါးခံစားနေရသည်။
ထူးရှားတဲ့ ရတနာဆိုတဲ့ အတိုင်း အံဩစရာပဲ ၊ လုံထန်က သူ၏ ကိုယ်အတွင်းသို့ အလို့အလျောက် ဝင်လာသော စွမ်းအင်များကို ခံစားကြည့်ကာ ရေရွတ်လိုက်သည်။
ကဲ့~ အခုတော့ လေ့ကျင့်တာပေါ့ ။ လုံထန်က သူ၏ သို့လှောင်လက်စွပ်အတွင်းမှ ကောင်းကင်သစ်ပင်ပေးထားသော အဆီနှစ်ပါဝင်သော ကျောက်စိမ်းပုလင်းငယ်တစ်ခုကို ထုတ်လိုက်သည်။
အဖုံးကို ဖွင့်လိုက်ချိန်၌ အလွန်မွေးပျံသော မွေးရနံက ကျင့်ကြံခြင်းခန်းမတစ်ခုလုံးဖုံးလွမ်းသွားခဲ့သည်။ လုံထန်က ချက်ချင်းပင် ကျောက်စိမ်းပုလင်းလေး၏ အတွင်းမှ ကောင်းကင်သစ်ပင်၏ အဆီနှစ်များကို သောက်ပစ်လိုက်သည်။
မွေးပျံသောရနံနှင့်အတူတူ သူ၏ လည်ချောင်းတစ်လျောက် ချိုမြိန်သော အရသာကို ပင်ဆွဲထင်သွားခဲ့ကာ ဝမ်းဗိုက်ထံသို့ကျဆင်းသွားခဲ့သည်။ ထိုအချိန်၌ နွေးထွေးသော အနွေးစီးကြောင်းတစ်ခုက ခန္ဓာကိုယ်တစ်လျောက် ဖြတ်သန်းသွားခဲ့သည်။ ထိုအချိန်၌ အလွန်သက်သောင့်သက်သာ ရှိနေသဖြင့် ငြီးသံများပင် ထွက်မတက်ဖြစ်နေခဲ့သည်။
သက်သောင့်သက်သာ ရှိနေသော အနေထားမှ ပြောင်းလဲသွားခဲ့ကာ ရုတ်တရက်ဆိုသလို မီးတောင်များပေါက်ကွဲထွက်လာသကဲ့သို့ အထိန်းကွက်မဲ့နေသော စွမ်းအားများက သူ၏ ခန္ဓာကိုယ်အတွင်း၌ ထွက်ပေါ်လာခဲ့သည်။
အား ~ လုံထန်က နာကျင်စွာအော်ဟစ်လိုက်သည်။ အလွန်များပြားသော စွမ်းအင်များကြောင့် သူ၏ သန်မာသော ရုပ်ခန္ဓာပင် အက်ကြောင်းများဖြစ်ပေါ်လာခဲ့ကာ ဒြပ်စင်အလင်းများ၏ မှိန့်ဖျော့ဖျော့ အလင်းရှိသော သွေးများက စီးကျလာခဲ့သည်။
အား ~ အား ~ နာကျင့်မှုကြောင့် လုံထန်၏ မျက်နှာက ရူံမဲ့နေခဲ့သည်။ သောက်ခွေးပဲ ~ လေးဆယ်ရာခိုင်နူန်းကတောင် ဒီလောက်ဆိုးတယ်ပေါ့ ၊ တစ်ရာသာဆို ဘယ်လောက်တောင်ဆိုးဝါးမှာလည်း ၊ လုံထန်က မျက်နှာက ရူံမဲ့ကာဆိုလိုက်သည်။
ငါရဲ့ ခန္ဓာကိုယ်ထဲက စွမ်းထိန်းချုပ်လွတ်နေတဲ့ အရိုင်းဆန်တဲ့ စွမ်းအားကို အမြန်ကိုယ်ပိုင်စွမ်းအားအဖြင့်ပြောင်းလဲရမယ် ၊ မဟုတ်ရင် ငါရဲ့ ခန္ဓာကိုယ် အခြေနေပိုဆိုးလာတော့မယ် ။
ထိုအခြေနေကြောင့် လုံထန်က နာကျင့်မှုကိုအံကျိတ်ကာ တောင်ခံထားပြီး ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့် အသက်သွင်းလိုက်ကာ သူ၏ ခန္ဓာကိုယ်ထဲမှာ အထိန်းကွက်မဲ့နေသော စွမ်းအားများကို သူ၏ ကိုယ်ပိုင်စွမ်းအားများအဖြစ်သို့ ပြောင်းလဲ နိုင်ရန် ကြိုးစားတော့သည်။
အထိန်းကွတ်မဲ့နေသော စွမ်းအင်များက ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်ကို အသက်သွင်းလိုက်သည့်နှင့် လုံထန်၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏ စိတ်ဝိညာဉ်ပင်လယ်၏ အထက်ရှိ ဒြပ်စင်အလင်းခြောက်ခုကလည်း လျှင်မြန်စွာလည်ပတ်လာခဲ့ကာ ဝင်ရောက်လာသော စွမ်းအင်များကို သူတို့၏အတွင်းသို့ အရူးမူးဖြင့် စုပ်ယူလိုက်ကြသည်။ သူတို့၏ အရွယ်စားများကလည်း လျှင်မြန်သော အဟုန်ဖြင့်ကြီးထွားလာခဲ့သည်။
လုံထန်၏ ကျင့်ကြံမှုကလည်းထိုအခြေ နေနှင့်အတူတူ မြင့်တက်လာခဲ့သည်။ ကောင်းကင်သားရဲဘုံ သတ္တမအဆင့်မှ အဠမအဆင့်သို့ ရောက်သွားခဲ့သည်။
ထိုမျှနှင့်မရပ်တန်ပဲ အလွန်လျှင်မြန်သော နူန်းဖြင့် မြင့်တက်နေတုန်းဖြစ်သည်။
အဠမအဆင့်၏ အဆင့်နိမ့်၊ အလယ်လတ် ၊အဆင့်မြင့် ၊ အထွတ်ထိပ် ၊ ထိုမှတစ်ဆင့် နဝမ အဆင့်သို့ဝင်ရောက်သွားခဲ့ပြန်တော့သည်။
လုံထန်၏ ကျင့်ကြံမှုက ကောင်းကင်သားရဲဘုံ နဝမအဆင့်သို့ ရောက်သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များကို အထိန်းချုပ်လွတ်ကင်းနေစဲဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လည်း အက်ကြောင်းများဖြစ်နေခဲ့ကာ သွေးများဖြင့်လည်း စိုရွဲ့နေခဲ့သည်။