သားရဲအင်ပါယာဘုံ ( ၁)
Vol. 11 Ch. 144
---------
လုံထန်၏ အရှိန်ဝါများကပို၍ မြင့်လာသထက်လာသလို့သူ၏ ခန္ဓာကိုယ်များကလည်း ပို၍ အက်ကွဲလာခဲ ကာ သွေးများဖြင့် စိုရွှဲလာခဲ့သည်။
သူ၏ ကျင့်ကြံမှုကလည်း ကောင်းကင်သားရဲ ဘုံနဝမအဆင့်မှ ဒဿမအဆင့်သို့ ရောက်ရှိသွားပြန်သည်။ ရပ်တန့်ခြင်းမရှိပဲ ဆက်လက်မြင့်တက်နေစဲပင် ။
မကြာခင်မှာပင် ကောင်းကင်သားရဲဘုံ၏ ဒဿမအဆင့်၏ အထွတ်ထိပ်သို့ရောက်ရှိသွားခဲ့သည်။ နောက်အဆင့်သို့ အချိန်မရွှေးကျော်ဖြတ်တော့မလိုဖြစ်နေခဲ့သည်။
ပင်မကျွန်းပျံ၏ ကောင်းကင်ယံထက်၌ တိမ်မဲများက စုဝေးလာခဲ့သည်။ လျှင်မြန်စွာဖြင့် တိမ်မဲများစုဝေးလာသောကြောင့် ကောင်းကင်အောက်ရှိ ဆယ်မိုင်ခန့်ကလည်း ရုတ်တရက်အမှောင်ကြသွားခဲ့သည်။
အပြင်ဘက်၌ ရှိနေသော ၊ အောင်းယွီရန် နှင့် အဆင့်တက်ပြီး၍ ပြန်လည်ရောက်ရှိနေသော အောင်းကျန်းဟန်၊ အောင်းထန်းရန် ၊ အောင်းလန်တို့ကလည်း ပြန်ရောက်နေကြသည်။
အရှင်မင်းကြီးအဆင့်တက်သွားပြီပဲ ~ အရင်က ကောင်းကင်သားရဲဘုံသတ္တမအဆင့်ကနေ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး မိုးကြိုးကပ်ဘေးက ဖြစ်ပေါ်လာရတာလဲ ၊ အကြီးကဲ သုံးယောက်က နားမလည်နိုင်ဟန်ဖြင့်တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ကာမေးလိုက်သည်။
အရှင်မင်းကြီးက ကောင်းကင်သစ်ပင်ရဲ့ အဆီနှစ်ကိုသုံးလိုက်တာ လေ ။ ဘေးနားမှအောင်းယွီရန်မှ အကြီးကဲများကို ရှင်းပြလိုက်သည်။
ဘယ်လို့ ရတနာမှို့လို့ ဒီလောက်တောင်အဆင့်တက်ရတာလည်း ~ အကြီးကဲများရလည်း ကောင်းကင် သစ်ပင်၏ အကြောင်းကို တစ်စွန်းတစ်စမှ မသိချေ။
ကောင်းကင်သစ်ပင်က မသေမျိုးဘုံမှပဲ တစ်ရံတစ်ခါတွေရတက်တဲ့ အထူးရတနာအမျိုးစားပဲ၊ သူရဲ့ သစ်သီးကို စားရင် သာမန်သူတောင်မှ သစ်သီးရဲ့ စွမ်းအားတွေကို စုပ်ယူနိုင်ရင် နတ်ဘုရားသားရဲဘုံကို ချက်ချင်းရောက်နိုင် တယ် ။ ကျင့်ကြံသူတစ်ယောက်သာ စားသုံးလုပ်ရင် သန်မာတဲ့ ရုပ်ခန္ဓာကိုယ်ရှိတဲ့ သူဆိုရင်ကောင်းကင်နဲ့ မြေပြင်ကြားက စည်းမျဉ်းတွေကို နားလည်ရလွယ်စေပြီး မသေမျိုးအဆင့်ကို ရောက်နိုင်တယ် ။
ကောင်းကင်သစ်သီးက ရှားပါးသလို့ အရမ်းလည်း စွမ်းအားကြီးတဲ့၊ သန်မာတဲ့ရုပ်ခန္ဓာကိုယ်ရှိတဲ့သူတောင်မှ အသီးရဲ့ စွမ်းအားကို အောင်အောင်မြင်မြင် စုပ်ယူနိုင်ဖို့က သုံးဆယ်ရာခိုင်နူန်းလောက်ပဲရှိတယ် ။ အောင်းယွီရန်က လုံထန်ပြောထားသည့်အတိုင်း အကြီးကဲများကိုရှင်းပြလိုက်သည်။
ဒါပေမဲ့ ~ အရှင်မင်းကြီးက ကောင်းကင်သစ်သီးကို အသုံးပြုတာတော့မဟုတ်ဘူး ၊ ကောင်းကင်သစ်ပင်ရဲ့ အဆီနှစ်ကို အသုံးပြုတာ ၊ အတာက ကောင်းကင်သစ်သီးရဲ့ စွမ်းအားလေးဆယ် ရာခိုင်နူန်းလောက်နဲ့ပဲ ကိုက်ညီတယ် ။ အောင်းယွီရန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အကြီးကဲသုံးယောက်မှာ အံဩမင်သက်နေခဲ့သည်။
သူတို့ဘဝတစ်လျှောက်လုံး ယခုလိုမျိုး အထူးရတနာများ အကြောင်းတစ်ကြိမ်ပင်လျှင်မကြားဖူးချေ။
∆∆∆
တစ်ဖက်၌ ။
ကျင့်ကြံခြင်း ခန်းမထဲ၌ လုံထန်က အဆင့်ကျော်ဖြတ်သွားခဲ့ကာ သားရဲဘုံရင်ဘုံသို့ရောက်ချိန်သွားခဲ့သည် ။ ထိုအချိန်၌ လုံထန်၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့သည်။
သေစမ်း ~ ဒီလိုအခြေနေနဲ့ မိုးကြိးကပ်ဘေးကို ရင်ဆိုင်ရလွယ်မှမဟုတ်ဘူး ။ မိုးကြိုးကပ်ဘေးမကျဆင်းလာခင်မှာ ငါခန္ဓာကိုယ်ထဲက စွမ်းအားတွေကို ထိန်းချုပ်နိုင်မှ ဖြစ်မယ်။
လုံထန်က အံကိုယ်တင်းတင်းကျိတ်လိုက်ကာ စွမ်းအင် စုပ်ယူမှုကို ပို၍မြင့်တင်လိုက်သည်။ ထိုအချိန်၌ သူ၏ အဆင့်တက်မှုကလည်း ပို၍ လျှင်မြန်လာခဲ့သည်။
သားရဲဘုရင်ပထမဆင့်မှ သားရဲဘုရင် ဒုတိယအဆင့် ထိုမှ တစ်ဆင့် သားရဲဘုရင် တတိယအဆင့် ။
မရပ်တန့်ပဲ ဆက်လက်မြင့်တက်နေစဲပင် ၊ ကောင်းကင်ယံ၌ တိမ်မဲများကြားထဲမှ ကျယ်လှောင်သော မိုးခြိမ်းသံများလည်း ခက်စိတ်စိတ်ဖြင့် ထွက်ပေါ်လာခဲ့ကာ အချိန်မရွှေးကျဆင်းလာတော့မည်ဟန်ရှိသည်။
လုံထန်က အပြင်၏ အဖြစ်ပျက်ကို မသိပဲ သူ၏ ခန္ဓာကိုယ်အတွင်း အထိန်းချုပ်မဲ့နေသော စွမ်းအားများကို အာရုံအပြည်စိုက်နေခဲ့သည်။
အသက်ရူချိန်အနည်းငယ်လေးအတွင်းမှာပင် လုံထန်၏ ကျင့်ကြံမှုက သားရဲဘုရင် ပဉ္စမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ပဉ္စမအဆင့်မှ အဆင့်ငယ်များကို လျှင်မြန်စွာချိုးဖြတ်ကာ အဠမအဆင့်သို့ ရောက်သွားပြန်သည်။
ဂျိမ်း ~ ဂျိမ်း ။
ကောင်းကင်ယံက တိမ်မဲများ၏ ကြားက မိုးခြိမ်းသံများကလည်း ပို၍ ကျယ်လှောင်စွာထွက်ပေါ်လာခဲ့ကာ မိုးခြိမ်းသံများကလည်း အသံစိတ်လာခဲ့သည်။ နောက်ထပ်အချိန်တစ်မိနှစ်လောက်သာ ကြာမြင့်နိုင်တော့သည်။
လုံထန်က သူ၏ ခန္ဓာကိုယ်အတွင်းမှအထိန်းချုပ်မဲ့နေသောစွမ်းအားများကို ပို၍ အာရုံနေခဲ့သည်။
သားရဲဘုရင် ဆဠမအဆင့်မှ ၊ သတ္တမအဆင့် ၊ အဠမအဆင့် ၊ နဝမအဆင့် ၊ နောက်ဆုံး၌ ဒဿမ အဆင့်သို့ရောက် သွားခဲ့သည်။
သားရဲဘုံရင်ဘုံ ဒဿမအဆင့်သို့ ရောက်ချိန်၌ လုံထန်က သူ၏ ခန္ဓာကိုယ်အတွင်းမှ အထိန်းချုပ်ကင်းမဲ့နေသော စွမ်းအားများကို အနည်းငယ်ထိန်းချုပ်နိုင်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်အထက်မှ သွေးများကလည်း ထွက်နေခြင်းမှရပ်တန့်သွားခဲ့ကာ ၊ အက်ကြောင်းများကလည်း ပြန်လည်၍ ကောင်းမွန်လာခဲ့သည်။
လုံထန်လည်း ချက်ချင်းပင် ကျင့်ကြံခြင်းခန်းမအတွင်းမှ ပြေးထွက်လိုက်ကာ ကျွန်းပျံ၏ ကောင်းကင်သို့ ပျံသန်းသွားလိုက်သည်။
သွေးများစိုရွဲနေသော ဝတ်ရုံဖြင့် ပြေးထွက်လာသော လုံထန်ကို မြင်ချိန်၌ အောင်းယွီရန်နှင့် အကြီးကဲတို့ အုပ်စုမှာ စိတ်ပူသွားခဲ့ကြသည်။
အရှင်မင်းကြီး ။
လုံထန်က ၎င်းတို့ကို ဂရုစိုက်မအားချေ။ သူကကောင်းကငံထက်က တိမ်မဲများကို မော့ကြည်လိုက်သည်။
ဂျိမ်း ~ တိမ်မဲများက ဆက်လက်၍ ကျယ်ပြန့်သွားခဲ့ကာ မိုင်တစ်ရာဝန်းကျင်ကိုအားလုံးကို ဖုံးအုပ်သွားခဲ့သည်။ မိုင်တစ်ရာဝန်းကျင်ကရုတ်တရက် နေအချိန်မှနေ၍ အမှောင်ထုသာကြီးဆိုးသွားခဲ့သည်။
လုံထန်၏ ကျင့်ကြံမှုအဆင့်က ကောင်းကင်အောက်၌ ရပ်နေရင်း သားရဲဘုရင်ဘုံအဆင့်ကို ဖြတ်ကျော်သွားခဲ့ကာ သားရဲ အင်ပါယာအဆင့်သို့ ရောက်သွားခဲ့တော့သည်။
ဂျိမ်း ~ ။
ကျယ်လှောင်သော မိုးခြိမ်းသံအကျယ်ကြီးနှင့်အတူတူ ကောင်းကင်ယံထက်မှ ပထမဆုံးမိုးကြိုးတစ်စင်းကကျဆင်းလာခဲ့သည်။
၎င်းက လူတစ်ကိုယ်စာအရွယ်အစားရှိကာ မြားတစ်စင်းအလား အလွန်လျှင်မြန်စွာဖြင့် လုံထန်ထံသို့ရောက်လာခဲ့သည်။
လုံထန်လည်း သူ၏ လက်သီးကိုသုံးကာ ကျဆင်းလာသော မိုးကြိုးကို ထိုးနက်လိုက်သည်။
ဘုန်း ~ ။
ကောင်းကင်နှင့်မြေပြင်ကြား ကျယ်လှောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာခဲ့သည်။ မိုးကြိုးကို လုံထန်၏ လက်သီးက ချေဖြတ်လိုက်သည်။
ထိုမိုးကြိုး ကို ချေဖြတ်ပြီးချိန်၌ လုံထန်၏ မျက်နှာမှာလည်း ဖြူလျော့သွားခဲ့သည်။
သေစမ်း ~ ငါခန္ဓာကိုယ်က ခုနက အထိန်းချုပ်မဲ့တဲ့ စွမ်းအားတွေကို အတင်းဖိနှိပ့်နေရတော့ ခန္ဓာကိုယ်က အကန့်သတ်ရောက်တော့မယ် ။ လုံထန်က သူ၏ သို့လှောက်လက်စွပ်၏ အတွင်းမှာ ချီကျဲကုသရေး ဆေးပုလင်းကို ထုတ်ယူလိုက်ကာ ဆေးတစ်လုံးကို ချက်ချင်းထုတ်ယူသောက်လိုက်ကာ သူ၏ ခန္ဓာကိုယ်က ဒဏ်ရာများနှင့် ပင်းပန်းနွမ်းနယ်မှု ပျောက်ကင်းစေရန် ကုသလိုက်သည်။
ချီကျဲကုသရေးရေးဆေးကို သောက်ပြီးနောက် လုံထန်၏ မျက်နှာက အနည်းငယ်ပြန်ပြီးတော့ သွေးရောင်လွမ်းလာခဲ့သည်။
လာစမ်း ~ လုံထန်က ကောင်းကင်ယံကိုကြည့်ကာပြောလိုက်သည်။
သူ၏ စကားကိုကြားသည့်အလား ကောင်းကင်ယံရှိတိမ်မဲများကြားမှ မိုးခြိမ်းသံများနှင့် လျှပ်စီးများပို၍ များပြားလာခဲ့ကာ ဒုတိယမြောက်မိုးကြီးက ကျဆင်းလာပြန်သည်။
ဤမိုးကြိုးက ပထမမိုးကြီး၏ နှစ်ဆအရွယ်စားကြီးက အလွန်ပြင်းထန်သော အရှိန်ဝါများကလည်းထွက်ပေါ်နေခဲ့ကာ လုံထန်ထံသို့ ပစ်ခွင်းချလိုက်သည်။
ဘေးမှ ကြည့်နေကျသော အောင်းယွီရန်နှင့် အကြိးကဲ့တို့ပင် လုံထန်ကို ကြည့်ရင်းဖြင့် ကျောချမ်းသွားခဲ့သည်။
ယခုလုံထန်ဖြတ်ကျော်နေရသောမိုးကြိုးကပ်ဘေးက အဆင့်နှစ်ခု၏ မိုးကြိုးကပ်ဘေးကို ပေါင်းစည်းထားခြင်းပင်ဖြစ်သည်။ သားရဲဘုရင်အဆင့်သို့ ဖြတ်ကျော်ချိန်၌ ဖြစ်ပေါ်သော မိုးကြိုးကပ်ဘေးနှင့် သားရဲအင်ပါယာ ဘုံသို့ ဖြတ်ကျော်ချိန်ဖြစ်လာသော မိုးကြိုးကပ်ဘေးနှစ်ခုပေါင်းထားခြင်းပင်ဖြစ်သည်။
ဤမိုးကြိုးကပ်ဘေးက သာမန် မိုးကြိုးကပ်ဘေးထက် အဆများစွာပို၍ အစွမ်းထက်သည်။ ဤအတွက်ကြောင့် သူတို့လို နတ်ဘုရားသားရဲဘုံအဆင့်ကြံကျင့်သူများပင် ကျောချမ်းသွားရခြင်းပင် ။
ရှင်အဆင်ပြေမှာပါ ~ အောင်းယွီရန်က ကောင်းယံ၌ သွေးများစိုရွဲနေသော ဝတ်ရုံ၌နှင့် ကောင်းကင်ယံမှ ကျဆင်းလာသော မိုးကြိုးကို မကြောက်မရွံရင်ဆိုင်နေသော သူမ၏ အမျိုးသားကိုကြည့်ကာ ရေရွတ်လိုက်သည်။
လုံထန်က ဒုတိယမိုးကြိုးကို ကြည့်ကာ သူလည်း " မိုးကြိုးလက်သီး " နည်းစနစ်ကို အသုံးပြုကာ ပြန်လည်၍ တိုက်ခိုက်လိုက်သည်။
ကောင်းယံထက်မှ မိုးကြိုးအလင်းတန်းနှင့် လုံထန်၏ မိုးကြိုးအလင်းများဖြာထွက်နေသော လက်သီးပုံရိပ်ကြီးက ထိတွေ့သွားခဲ့တော့သည်။
ဘုန်း ~။
အချိန်များပင် ရပ်တန့်သွားသည်အလား ၊ ခနတာမျှတိတ်ဆိတ်သွားခဲ့သည်။ ထိုနောက်မှာတော့ အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာခဲ့တော့သည်။ ဤပေါက်ကွဲမှုနှင့် အတူတူလေဟာနယ်ကို ဖန်တစ်စအလား အက်ကြောင်းများဖြင့် ပြည့်နက်သွားခဲ့ကာ ၊ ပြင်းထန်ကာ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်လှိုင်းက လုံထန်ကို ဗဟုပြုကို ဆယ်မိုင်အကွာဝေးသို့ပျံလွှင့်သွားခဲ့တော့သည်။
စွမ်းအင်လှိုင်းများပျောက်ကွယ်သွားချိန်၌ လုံထန်က ကောင်းကင်ယံ၌ မတုန်လှုပ်နိုင်သော သံမဏိတောင်ကြီးအလား ရပ်နေခဲ့ကာ ကောင်းကင်ယံသို့ ကြည့်နေဟန်က ၊ သူ၏ သွေးများစိုရွဲနေသော ဝတ်စုံနှင့်အတူတူ သူ၏ ဟန်ပန်က ပြိုင်ဘက်ကင်းစစ်နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရစေသည်။
နောက်ထပ် ခုနှစ်ခုပဲကျန်တော့တယ် ။ အမြန်လာလိုက်စမ်း ။ လုံထန်ရ ကောင်းယံသို့ကြည့်ကာစိတ်မရှည်ဟန်ဖြင့် အော်ဟစ်လိုက်သည်။