← Chapters

သားရဲအင်ပါယာဘုံ (၁)

Vol. 11 Ch. 145

သားရဲအင်ပါယာဘုံ (၁)

Vol. 11 Ch. 145

---------

ကောင်းကင်ယံမှ တိမ်မဲများကြားမှာ မိုးခြိမ်းသံများနှင့် လျှပ်စီးများက လုံထန်၏ စကားကို ပြန်လှည့်တုန်ပြန်လိုက်သည့်အလား ပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

ဂျိမ်း ~ ဂျိမ်း ~ဂျိမ်း ။

ကျယ်လှောင်သော မိုးခြိမ်းသံကြီးနှင့် ယခင်မုိးကြိုးနှစ်ခုထက် နှစ်ဆခန့်ကြီးမားသော ဧရာမ မိုးကြိုးတစ်ဆင်းက ကြဆင်းလာခဲ့သည်။ ထိုမိုးကြိုးက အရာရာကို ဖျက်တောက်ပစ်မည့်ဟန်ရှိသည် ဓားတစ်ချောင်းနှင့် အလားသဏ္ဍန်တူညီနေခဲ့သည်။

လုံထန်လည်း သူထံသို့ကျဆင်းလာသော မိုးကြိုးကိုကြည်ကာ မိုးကြိုးလက်သီးနည်းစနစ်ကိုသာ အသုံးပြုလိုက်ကာ ဖြိုခွင်းပစ်လိုက်သည်။

စတုတ္ထမိုးကြိုး ၊ ပဉ္စမမိုးကြိုး ၊ ဆဠမမိုးကြိုး၊ သတ္တမမိုးကြိုး တို့ကို လုံထန်က မိုးကြိုးလက်သီးနည်းစနစ်တစ်မျိုးထဲကိုသာအသုံးပြုကာ ဖြိုခွင်းပစ်ခဲ့သည်။

အဠမမြောက်မိုးကြိုးက ၊ ခါတိုင်းကယ်လို့တန်းမကျဆင်းလာခဲ့ချေ။ ကောင်းကင်ယံက လုံထန်ကို အပစ်မပေးနိုင်၍ ဒေါသထွက်နေဟန်ရသည်။ မိုးခြိမ်းသံများက ပို၍ ကျယ်လှောင်လာခဲ့ကာ ၊ နဂိုက မှောင်မဲနေသော တိမ်စိုင်များက အနီရောင်အဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ တိမ်နီများဖြင့် မိုင်တစ်ရာလုံးကို ဖုံးအုပ်နေသော မြင်ကွင်းက ထူးရှားလွန်းလှကာ အလွန်ကို ကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းကို ဖြစ်ပေါ်စေသည်။

ရုတ်တရက်သာကြည့်လိုက်ပါက ကောင်းကင်ယံက သွေးမိုးများရွာသွန်းတော့မည့်အလားပင် ။

မိုးကြိုးကပ်ဘေးက ပုံစံပြောင်းသွားပြီ ၊ ကျွန်းပျံ၏ အကာကွယ်အတွင်းမှ ရှိနေသောအောင်းယွီရန်နှင့် အကြီးကဲသုံးယောက်တို့က ကောင်းယံကိုကြည့်ကာ တံထွေးတစ်ချက်မြို့ချ လိုက်သည်။

∆∆∆

ကောင်းကင်ယံ၌ ရပ်တန့်နေသော လုံထန်လည်း ပြောင်းလဲသွားသော ကောင်းကင်ကိုကြည့်ကာ သူ၏ သတိကို ပို၍တိုးမြင့်ကာ အာရုံစိုက်လိုက်သည်။ နောက်လာမည်မိုးကြိုးနှစ်ဆင်းက လွယ်ကူမည်ဟန်မရှိချေ။

ဂျိမ်း ~ ဂျိမ်း ။

အုန်း ။

ကောင်းကင်ယံ၌ ပေါက်ကွဲသံကြီးထွက်ကာခဲ့သကဲ့သို့ အသံကျယ်ကြီးထွက်လာခဲ့ကာ အနီရောင်မိုးကြိုးများက သေးငယ်သော မြွေလေးများအလာ ပြောင်းလဲသွားခဲ့ကာ လုံထန်ထံသို့ မြွေမိုးများရွာချလာသကဲ့သို့ ကျဆင်းလာခဲ့သည်။

မြွေလေးများသဏ္ဍန် အနီရောင်မိုးကြိုးများက ပိုက်ကွန်ကြီးသဖွယ် လုံထန်၏ အပေါ်သို့ အုပ်မိုးကြလာခဲ့သည်။

လုံထန်လည်း ထိုမြင်ကွင်းကြောင့် ကျောချမ်းသွားခဲ့သည်။ သူက ချက်ချင်းပင် " ဒြပ်စင်ငါးခု နဂါးလက်ဝါး " လျို့ဝှက်ကျင့်စဉ်ကို အသုံးပြုလိုက်သည်။

" မီးတောက်လောင် နဂါးလက်ဝါး "

ဝေါင်း ~ ဝေါင်း ။

နဂါးဟိန်းသံခပ်တိုးတိုးနှင့်အတူတူ မီးတောက်များဖြင့် ပြည့်နက်နေသော အနီရင့်ရောက်လက်ဝါးကြီးက ကောင်းယံသို့ ထိုးတက်သွားခဲ့သည်။ လက်ဝါး၏ ထံမှာထွက်ပေါ်နေသော အပူရှိန်က လေဟာနယ်ကိုပင် အက်ကွဲစေသည်။

ကောင်းကင်ယံမှကျဆင်းလာသော မြွေလေးများနှင့်အလားသဏ္ဍန်တူညီသော ၊ အနီရင့်ရောင်မိုးကြိုးပိုက်ကွန်ကြီးကို အနီရင့်ရောင်မီးတောက်များဖြင့် တောက်လောင်နေသော နဂါးလက်ဝါးကြီးက အလွယ်တကူပင် ဖြိုခွင်းပလိုက်သည်။ ထိုမျှသာမကပဲ ကောင်းကင်ယံ၏ တိမ်စိုင်များကိုပင် ထိုးဖောက်ပစ်လိုက်သည်။ နီရဲနေသော တိမ်စိုင်များအလယ်၌ နဂါးလက်သည်းပုံသဏ္ဍန် အရာကြီးဖြစ်နေခဲ့သည်။

ဤမြင်ကွင်းက ကောင်းကင်ကို ထိုးဖောက်ဖျတ်ဆီးပစ်လိုက်သည့် မြင်ကွင်းနှင့် တူညီလှသည်။

∆∆∆

အတားစီး၏ အထဲ၌ ကြည့်နေသော အောင်းယွီရန်နှင့် အကြီးကဲသုံးယောက်လည်း ထိုမြင်ကွင်းကြောင့် မေးရိုးများပြုတ်ကျမတက်ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။

ဤမြင်ကွင်းက အလွန်အံဩစရာပင်ဖြစ်သည်။ သူတို့တစ်သက်တာ ဤမြင်ကွင်းကိုတော့ မေ့နိုင်တော့မည်မဟုတ်ချေ။

∆∆∆

ကောင်းယံထက်၌ ။

လုံထန်လည်း ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။ သူ၏ " မီးတောက်လောင်နဂါးလက်ဝါး " က နဂိုထက်ပို့၍ အစွမ်းထက်လာခဲ့သည်။

အတိကျပြောရပါက ~သူ၏စွမ်းအားနှင့်အတူတူ အလွန်ပိုမှို့အစွမ်းထက်လာခြင်းဖြစ်သည်။

∆∆∆

ကောင်ကင်ယံ၌ ထိုးဖောက်ခံရသော တိမ်နီများနေရာ၌ လျှင်မြန်စွာဖြင့် ပြန်လှည့်ကာစုဝေးသွားခဲ့သည်။

ဂျိမ်း ~ ဂျိမ်း ~ ဂျိမ်း ။

ကောင်းကင်ဘုံက အလွန်ဒေါသထွက်လာဟန်ရသည်။ မိုးခြိမ်းသံများက ပို၍ ကြောက်စရာကောင်းလာခဲ့သည်။ ယခုက လုံထန်၏ ထိုးဖောက်မှုကြောင့် ပြန်စုစည်းသွားသော နေရာမှ တိမ်နီများက ချက်ချင်းပင် ဘေးနေရာသို့ လျှင်မြန်စွာပြန့်ကျယ်သွားခဲ့ပြန်သည်။ ထိုအပေါက်ကြီးအတွင်း၌ အနီရောင်လျပ်စီးများ ဖြင့် ပြည့်နက်နေခဲ့သည်။

ဂျိမ်း ~ ဘုန်း ။

တာကျိုးသွားသော ဆည်များမှ ရေများထွက်လာသကဲ့သို့ အနီရောင်မိုးကြိးများက ကျဆင်းလာခဲ့သည်။

တိမ်နီများများအောက်သို့ရောက်ချိန်၌ နီရောင်မိုးကြိုးများက စုစည်းသွားခဲ့ကာ မီတာတစ်ထောင်ခန့်ကြီးမားသော ဧရာမ မိုးကြိုးလူသားကြီးတစ်ဦးကဲ့သို့ဖြစ်သွားခဲ့သည်။ ထိုမိုးကြိုးလူသားကြီးက သူ၏ လက်ကို မြှောက်လိုက်ချိန်၌ အနီရောင့်မိုးကြိုးများဖြင့် စုစည်းထားကာ မိုးကြိုးလှံတစ်ချောင်းဖြစ်သိပ်သည်း သွားခဲ့သည်။

ဂျိန်း ~ ကောင်းကင်ယံထက်က မိုးခြိမ်းသံနှင့်အတူတူ မီတာ ရာချီသော ဧရာမ မိုးကြိုးလှံတံကြီးကို လုံထန်စီသို့ ပစ်လွတ်လိုက်သည်။

လှံတံ၏ ထံမှ လွန်ပြင်းထန်သော စွမ်းအင်များဖြာထွက်နေခဲ့သည်။ သူဖြတ်သန်းသွားရာ လမ်းတလျှောက်၌ လေဟာနယ်ပင် ဗလာအတ္တိဖြစ်သွားခဲ့ရသည်။

ချီး ~ ဒါကြီးကတော့လွန်သွားပြီ ။လုံထန်က သူထန်သို့ ပစ်ဝင်လာသော လှံတံကြီးကို ကြည့်ကာ ရေရွတ်လိုက်သည်။

လုံထန်ကလည်း လှံတံမှထွက်ပေါ်နေသော စွမ်းအားကြောင့် လျော့မတွက်ရဲချေ။ သူ၏ မှုလ သားရဲ အသွင်ပြင်ကို ပြန်လည်ကာ ပြောင်းလဲလိုက်သည်။

ဝေါင်း ~ ဝေါင်း~ ဝေါင်း ။

ကျယ်လှောင်သော နဂါးဟိန်းသံနှင့်တူတူ ဧရာမ ဒြပ်စင်နဂါးကြီးတစ်ကောင်ဖြစ်သွားခဲ့သည်။ ၎င်းက မီတာ နှစ်ရာအရှည်ရှိသည်။ ဒြပ်နဂါးကြီးထံမှလည်း အလွန်ပြင်းထန်သော သွေးမျိုးဆက်ဖိနှိပ့်မှုများကလည်း ကောင်းကင်ယံတခွင် လွင့်ပျံနေခဲ့သည်။

နဂါးကြီးကလည်း ဟိန်းဟောက်လိုက်ရင်းဖြင့် အနီရောင်မိုးကြိုးလှံကြီးထံသို့ပြေးဝင်သွားခဲ့သည်။ မိုးကြိုးလှံကြီးကလည်း နဂါးကြီးထံသို့ ပြေးဝင်လာနေခဲ့သည်။ သူတို့နှစ်ဦးအကြားအကွာဝေးက တဖြေးဖြေးနီးကပ်လာခဲ့သည်။

နဂါးကြီးနှင့် မိုးကြိုးလှံတံတို့ ထိတွေခါနီး၌ အချိန်များပင်ရပ်တန့်သွားသည့်အလား အရာအားလုံးကာ နှေးကွေးသွားခဲ့သည်။

ဘုန်း ~ ။

မီတာနှစ်ရာအရှည်ရှိသော နဂါးကြီးက၊ မီတာတစ်ထောင်နည်းပါးရှိသော မိုးကြိုးလှံကြီး အရှေ့၌ အလွန်သေးငယ်လှသည်။ သို့သော်လည်း သူတို့နှစ်ဦး၏ ကောင်းကင်ယံအလယ်၌ ထိပ်တိုက်ထိတွေ့သွားခဲ့သည်။

အချိန်များခနတာရပ်ဆိုင်းသွားခဲ့သလိုပင် ၊ ခနအကြာ၌ အလွန်ကျယ်လှောင်သော ပေါက်ကွဲသံကြီးက ကောင်းကင်တခွင်တုန်ဟီးသွားခဲ့သည်။

လေဟာနယ်က သူတို့နှစ်ခုဆုံတွေရာနေရာ၌ လုံးဝ ပြို့ကျသွားခဲ့ကာ မဲမှောင်နေသော အမှောင်ထုနှင့် လေကြမ်း အေးများပင် ၎င်းတို့အတွင်းမှ ထွက်လာခဲ့ကြသည်။

ချီစွမ်းအင်လိုင်းလုံးကြီးများကလည်း ကောင်းယံတခွင် ပျံနှံသွားခဲ့သည်။

ဝေါင်း ~ ဝေါင်း ။

နဂါးဟိန်းသံထွက်လာပြီးနောက် ဒြပ်စင်နဂါးကြီးရ မိုးကြိုးလှံတံကြီးကိုပါ ဖြတ်စီးပြစ်လိုက်ကာ တိမ်များကိုပင်ဖျတ်စီးပစ်လိုက်သည်။

တိမ်နီများကလည်း ဒြပ်စင်နဂါးကြီး၏ ထိုးဖောက်ခံရမှုကြောင့် လျှင်မြန်စွာပျံကျဲသွားခဲ့ကာ နေရောင်ခြည်က ပြန်လည်ထွက်ပေါ်လာခဲ့တော့သည်။

လုံထန်လည်း နဂါးတစ်ကောင်၏ ပုံစံဖြင့် ပြန်လည်ကြည်လင်သွားသော ကောင်းကင်ယံကို ကြည့်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထက်က အကြေးခွံများမှာလည်း အက်ကွဲကာ သွေးများထွက်နေတော့သည်။

အနီရောင်လှံတံကြီးကို ဖျတ်စီးရာ၌ သူလည်း အစွမ်းကို တစ်စွန်းတစ်စပင်မကျန် အသုံးပြုခဲ့ရသည်။ ဤအတွက်ကြောင့်သူလည်း ပြင်းထန်စွာထိ ခိုက်ခဲ့ရသည်။

မိုးကြိုးကပ်ဘေးပြီးဆုံးချိန်၌ ကောင်းယံရှိ လုံထန်၏ ခန္ဓာကိုယ်ထက်သို့ ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်းတစ်ခုကြာဆင်းလာခဲ့ကာ ၎င်းအရာက လုံထန်၏ ဒဏ်ရာများကိုပြန်လည်သက်သာလာစေခဲ့တော့သည်။

ဤသည့်က မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် ကောင်းကင်ယံမှ ချီးမြှောက်သော ကောင်းကင်ဘုံ ကောင်းချီးဖြစ်သည်။

လုံထန်က သူကောင်းကင်ယံက ချီးမြင့်သော စွမ်းအင်များကို စုပ်ယူလိုက်ရင်းဖြင့် သူ၏ ခန္ဓာကိုယ်အတွင်း၌ ထိန်းချုပ်ထားသော ကောင်းကင်သစ်ပင် အဆီနှစ်ကိုလည်း ထိန်းချုပ်ရာမှလွတ်လိုက်သည်။

All Chapters