← Chapters

သားရဲအင်ပါယာဘုံ ဆဠမအဆင့် ။

Vol. 11 Ch. 146

သားရဲအင်ပါယာဘုံ ဆဠမအဆင့် ။

Vol. 11 Ch. 146

---------

ကောင်းကင်ဘုံ၏ ကောင်းချီးကြောင့် လုံထန်၏ ဒဏ်ရာများကလည်း လျှင်မြန်စွာပျောက်ကင်းလာခဲ့သည်။ ထိုအတူတူ သူ၏ အော်ရာကလည်း သားရဲအင်ပါယာဘုံ ပထမအဆင့်၌ တည်ငြိမ့်နေပြီဖြစ်သည်။

ထိုအချိန်၌ လုံထန်က သူ၏ ခန္ဓာကိုယ်အတွင်း၌ ယခင်က မိုးကြိုးကပ်ဘေးကြောင့် သူ၏ ခန္ဓာကိုယ်အတွင်း၏ အထိန်းကွက်မဲ့နေသော စွမ်းအားများကို ထိန်းချုပ်ထားခဲ့သည်။ ယခုထိုစွမ်းအားများကို လွတ်လိုက်ကာ သူ၏ ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ ပြောင်းလဲရန်ကြိုးစားလိုက်တော့သည်။

လုံထန်က ကောင်းကင်ဘုံ၏ ကောင်းချီးကို ခံယူနေရင်းဖြင့် သူ၏ ကျင့်ကြံမှုကလည်း နောက်တစ်ကြိမ်ထပ်မံ၍ မြင့်တက်လာခဲ့သည်။ သားရဲအင်ပါယာ ပထမအဆင့် ၊ ဒုတိယအဆင့် ၊ တတိယ ၊ ပဉ္စမအဆင့် ၊ ၏ အလယ်လတ်သို့ရောက်ချိန်၌ လုံထန် အဆင့်ထပ်မတက်စေရန်အတွက် သူအတင်းကြပ်ဖိနှိပ့်လို့ အဆင်ပြေနိုင်သည့် အနေထားကြောင့် အဆင့်ထပ်မံ၍ မတက်စေရန် ထိန်းချုပ်လိုက်တော့သည်။ ထိုစွမ်းအားများကို သူ၏ အခြေခံကို ခိုင်မာစေ၍ အသုံးပြုပစ်လိုက်သည်။

ကောင်းကင်ဘုံ၏ ကောင်းချီးလည်း ထိုအချိန်၌ ပြီးဆုံးသွားခဲ့သည်။ လုံထန်လည်းပဲ ၊ သားရဲအင်ပါယာ ပဉ္စမအဆင့်၏ အလယ်လတ်၌ သူ၏ အရှိန်ဝါက တည်ငြိမ့်သွားခဲ့သည်။

သူကပျော်ရွှင်စွာဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ခံစားကြည့်လိုက်သည်။ ယခုအချိန်၌ သူ၏စိတ်ဝိညာဉ်ပင်လယ်၏ ထက်၌ ရှိသော ဒြပ်စင်အလင်းလုံးခြောက်လုံးမှ ယခင်ထက် ငါးဆလောက် ကြီးမားလာခဲ့သည်ကိုတွေလိုက်ရသည်။ ၎င်းတို့က မီတာခြောက်ဆယ်အချင်းဝတ်အရွယ်စားလောက်အထိကို ကြီးထွားလာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ အတွင်း၌ အလွန်များပြားသန့်စင်သော ဒြပ်စင်စွမ်းအားများ ကိန်းဝပ်နေကြောင်းကို လုံထန်ခံစားမိသည်။

အံဩစရာပဲ ~ ကောင်းကင်သစ်ပင်ရဲ့အဆီနှစ်က ငါကို အဆင့်ကြီးနှစ်ဆင့်ကို ဖြတ်ကျော်သွားစေတာပဲ ။ လုံထန်ကပျော်ရွှင်စွာဖြင့်ရေရွတ်လိုက်သည်။ ဤသည့်က ကောင်းကင်သစ်သီး၏ လေးဆယ်ရာခိုင်နှုန်းသာ ပါဝင်သော အရာဖြစ်သည်။ ကောင်းကင်သစ်သီး၏ စွမ်းအင်အပြည့်ဝမဟုတတ်ချေ။

ဤအတွက်ကြောင့် လုံထန်က သူကို သားရဲဘုရင့်အဆင့်၏ သတ္တမအဆင့်လောက်သာ ရောက်နိုင်မည့်ဟု ကြိုတွေးထားတာပဲဖြစ်သည်။ ဒါပေမဲ့ ယခုတော့ သူမျော်လင့်ထားသည်ထက်ကိုပို၍ ရောက်ရှိသွားခဲ့သည်။ ဤအရာ ကောင်းသော အရာဖြစ်သည်။

လုံထန်လည်း ပျော်ရွှင်နေဟန်ဖြင့် အတားစီး၏ အတွင်းမှ အောင်းယွီရန်တို့ထံသို့ ပျံသန်းသွားလိုက်သည်။

သားရဲအင်ပါယာဘုံကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ် အရှင်မင်းကြီ ။ အကြီးကဲသုံးယောက်ကို လုံထန်ကို ရိုသေစွာဖြင့်ပြောလိုက်သည်။

ရှင်~ အဆင်ပြေရဲ့လား ၊ အောင်းယွီရန်ကလည်း စိတ်ပူစွာဖြင့် လုံထန်ကိုကြည့်ကာမေးလိုက်သည်။

မစိုးရိမ်ပါနဲ့ အဆင်ပြေပါတယ် ~ အနည်းငယ်ခက်ခဲသွားရုံပါပဲ ၊ လုံထန်က အောင်းယွီရန်၏ စိုးရိမ်နေသော မျက်နှာလေးကိုကိုင်ကာ ညှင်သာစွာဖြင့်ပြောလိုက်သည်။

ဒီမှာ~ ရှင့်ရဲ့ အဝတ်စားတွေ ၊ အောင်းယွီရန်က သူ၏ သို့လှောင်လက်စွပ်၏ အတွင်း၌ အသင့်ဆောင်ထားသော ရွှေရောင်ဝတ်ရုံတစ်ခုကို လုံထန်ကို ထုတ်ပေးလိုက်သည်။

လုံထန်လည်း အောင်းယွီရန်ပေးသော ဝတ်ရုံကို ယူကာ သူ၏ သွေးများဖြင့် ပေကြံနေသော ဝတ်ရုံကို ချက်ချင်းချွတ်ကာလှဲ့ပစ်လိုက်သည်။

အကြီးကဲတို့လည်း အဆင့်တက်သွားကြတယ်မလား ၊ လုံထန်က အဝတ်စားကိုလှဲ့ပြီးနောက် ပြုံးကာမေးလိုက်သည်။

ဟုတ်တယ်ပါတယ် ~ အရှင်မင်းကြီး။ အရှင်မင်းကြီးပေးတဲ့ အခွင့်ရေးကြောင့် ကျုပ်တို့ အဆင့်တက်သွားခဲ့တာပါ ။ အောင်းကျန်ဟန်မှာ ပြန်ပြောလိုက်သည်။

ကောင်းတယ် ~ ဒါကသတင်းကောင်းပဲ ၊ လုံထန်က ခေါင်းညိတ်လိုက်သည်။

ကောင်းပြီ ~ ဒီနေတော့ အခြားကိစ္စမရှိတော့ရင် အကြီးကဲတို့လည်း အနားယူလိုက်ပါ။ အခြားကျွန်းပျံမှာရှိတဲ့ အိမ်တော်တစ်ဆောင်ကို ကိုင်ပိုင်အိမ်တော်တစ်ခုအဖြစ်ရွှေးချယ်လိုက်ပါ ။ လုံထန်က အကြီးကဲများကို ကြည့်ကာပြောလိုက်သည်။

နားလည်ပါပြီ ~ အရှင်မင်းကြီး ။

အကြီးကဲသုံးဦးက လုံထန်ကို အရိုသေပေးပြီးနောက် ထွက်ခွာသွားတော့သည်။

∆∆∆

ကိုယ်တို့လည်း ဒီနေ့တော့ အနားယူတာပေါ့ ၊ ညအချိန်ရောက်ဖို့သိပ်မလို့တော့ဘူး ၊ လုံထန်ကအောင်းယွီရန်ကို ကြည့်ကာပြောလိုက်သည်။

ကောင်းပါပြီ ~ အောင်းယွီရန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

လုံထန်လည်း အောင်းယွီရန်၏ လက်ကိုဆွဲကာ နန်းတော်ခန်းမ၏ အရှေ့ရှိ ဉယျာဉ်၏ အလယ်တွင်နားနေရန် ၊ အပန်းဖြေရန်အတွက် ဆောက်လုပ်ထားသော နေရာလေးသို့ ခေါ်သွားလိုက်သည်။

ဤနေရာက ဉယျာဉ်၏ အလယ်ဗဟိုဖြစ်သလို့ အနည်းငယ် မြင့်မားသည်ကုန်းမြင့်လေးတစ်ခုလိုပင် ၊ ဤအနေထားကြောင့် မြင်ရသော မြင်ကွင်းအနေထားက ပို၍ကောင်းမွန်သွားခဲ့ကာ ပတ်ဝန်းကျင်ရူခင်း၏ အလှကို သေချာခံစားနိုင်သည်။

ယွီရန် မင်းပြုလုပ်ထားတဲ့ ဝိုင်ရှိသေးလား ၊ လုံထန်က နားခိုနန်းဆောင်၏ စားပွဲဝိုင်း၌ ထိုင်လိုက်ရင်းဖြင့် မေးလိုက်သည်။

အောင်းယွီရန်က ခေါင်းညိတ်လိုက်ကာ ဝိုင်အိုးနှစ်အိုးခန့်ကို သူမ၏ သို့လှောင်လက်စွပ်၏ အတွင်းမှ ထုတ်လိုက်သည်။ ဤမြင်ကွင်းကြောင့် သူမက သူမ၏ သို့လှောင်လက်စွပ်၏ အတွင်း၌ အမြဲအသင့်ဆောင့်ထားမှန်းသိသာသည်။

အောင်းယွီရန်က လုံထန်အတွက် ဝိုင်ကိုဖွင့်ကာ ခွက်ထဲသို့ ငှဲ့ထဲပေးလိုက်ပြီးနောက်ပေးလိုက်သည်။

လုံထန်လည်း အောင်းယွီရန်ပေးဟော ဝိုင်ခွက်ကို ယူကာချက်ချင်းမော့သောက်လိုက်သည်။

အား ~ အရမ်းကောင်းတယ် ။ လုံထန်က အောင်းယွီရန်ပြုလုပ်ထားသော ဝိုင်ကို အခြားရာများထက်ပို၍ သောက်ရသည့်ကို နှစ်သက်သည်။

ကြိုက်ရင်လည်း များများသောက်ပါ ။ အောင်းယွီရန်က လုံထန်၏ ပုံစံကို ရီမောကာ ကြည့်လိုက်ရင်းဖြင့် ပြောလိုက်သည်။

∆∆∆

ထိုအချိန်၌ ။

မိုးထိတောင်နှင့် မိုင်ပေါင်းသန်းချီအကွာအဝေး၌ မည်သည့်သက်ရှိမှ မရောက်သည့်နေရာတစ်ခုရှိသည် ။ထိုနေရာက မိုးပြာနဂါးမျိုးနွယ်စု ၊ မီးနဂါးမျိုးနွယ်စု ၊ ရေခဲနဂါးမျိုးနွယ်စု၏ ပိုင်နက်သုံးနေရာ၏ အလယ်ဗဟိုဖြစ်သည်။ ဤနေရာက အလွန်ခေါင်ကာကျက်တီးမြေကြီးဖြစ်ကာ မည်သည်သက်ရှိမှ မလာကြချေ။

ဤကျက်တီး မြေနေရာ၏ လှိုင်ဂူကြီးတစ်ခုအတွင်း၌ မိဖုရှားကျီရှားတစ်ယောက်ထိုင်နေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ကလည်း ယခင်ကဲ့သို့ သန့်စင်မွန်မြက်သော အော်ရာများမရှိနေချေ။ အလွန်ရက်စက်ကြမ်းကြုတ်ဟန်ရ ဪသော အငွေ့သက်များက ထွက်ပေါ်နေခဲ့သည်။

နင်ရဲ့ ခန္ဓာကိုယ်ကို ငါကိုပေးလိုက်ပါ ။ အဲဒါဆိုရင် နင်ကိုစွမ်းအားကြီးတဲ့သူတစ်ယောက်ဖြစ်လာစေရမယ် ။ နင်အရင်ကလိုမျိုး နတ်ဘုရားသားရဲဘုံအဆင့်တွေ အများကြီးနဲ့တွေရင်တောင် ထွက်ပြေးစရာမလိုတော့ဘူး ။ မိဖုရှားကျီရှား၏ ခန္ဓာကိုယ်အတွင်းမှ ဩရှရှ အသံတစ်ခုထွက်လာခဲ့သည်။ ၎င်း၏ အသံက ယောင်္ကျားသံလား ၊ မိန်းမ သံလားခွဲခြား၍ မရနိုင်ချေ။ ဤအပြင် နားထောင်ရသည့်မှာလည်း အလွန်ကို နားဝင်ဆိုးလှသည်။

နင်ကိုငါခန္ဓာကိုယ်ဘယ်တော့မှမပေးနိုင်ဘူး ။ မိဖုရှားကျီရှား၏ အသံကလည်း ထွက်ပေါ်လာပြန်သည်။

ဟားဟား ~ နင်ခေါင်းမာမနေစမ်းပါနဲ့ အနှေးအမြန်ဆိုသလို နင်ခန္ဓာကိုယ်က ငါအပိုင်ဖြစ်လာလေ့မယ် ။ မိဖုရှားကျီရှား၏ ခန္ဓာကိုယ်အတွင်းမှ ဩရှရှ အသံက ထွက်ပေါ်လာပြန်ကာ ပြီးတဲ့နောက်မှာတော့ ပြန်လာပျောက်ကွယ်သွားတော့သည်။ ဖိဖုရှားကျီရှား၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရက်စက်ကြမ်းကြုတ်သော အငွေ့သက်များကလည်း အငွေ့ပျံသွားသကဲ့ ပျောက်ကွယ်သွားပြန်သည်။

ငါဒီကိစ္စကိုအမြန်ရှင်းမှရမယ် ၊ သားတော်ခြောက်မင်းတော့ ဒီဧကရီကို အကြီးကြီး ဒုက္ခပေးလိုက်တာပဲ ၊ မိဖုရှားကျီရှားက အေးစက်နေသော မျက်ဝန်းများက သတ်ဖြတ်ချင်စိတ်များထွက်ပေါ်လာခဲ့ကာပြောလိုက်သည်။

အဲငနဲ ဝင်ရှုပ်ခဲ့၍သာ သူမယခုလိုအနေထားသို့ရောက်နေရခြင်းပင်၊ သူသာ ဝင်မရှုပ်ခဲ့ပါက သူမလည်း ဒီလိုအနေထားမျိုးနဲ့ ပြေးလွှားနေရမည်မဟုတ်ချေ။ ထိုအပြင် သူမလည်း ထူးဆန်းသော ခေါင်းလောင်းကို ထုတ်သုံးမိမယ်မဟုတ်ချေ။

ထိုခေါင်းလောင်းကို ထုတ်မသုံးမိပါက သူမလည်း ယခုကဲ့သို့ ပြသာနာများဖြစ်လာမည်မဟုတ်ချေ။ ထိုအကြောင်းအရာများကို တွေးမိလေတိုင်း လုံထန်ကိုငယ်စဉ်ကထဲက မသတ်ခဲ့ရမိသည်ကို သူမအလွန် နှောင်တရမိသည်။ ဤအတွက်သူမကို သူမပင်လျှင်မှန်းတီးမိသည်။

သူသော်လည်း နှောင်တဆိုသော အရာသည့်ကား ဖြေဖျောက်ရန်ကား ဆေးမရှိချေ။ ယခုအချိန်မှတော့ သူမပြန်လှည့်ကာပြောင်းလဲရန် မဖြစ်နိုင်တော့ချေ။

All Chapters