← Chapters

ဗိုလ်ချုပ်များကြားမှ တိုက်ပွဲ (၁)

Vol. 11 Ch. 147

ဗိုလ်ချုပ်များကြားမှ တိုက်ပွဲ (၁)

Vol. 11 Ch. 147

---------

လုံထန်နှင့် အောင်းယွီရန်တို့က သေရည်သောက်ပြီးနောက် ညကိုအေးချမ်းစွာဖြင့် ကုန်ဆုံးစေခဲ့သည်။

∆∆∆

နောက်တစ်နေ့ ။

အာရုဏ်တက်ချိန်မရောက်ခါနီးအချိန်အနည်းငယ်လိုချိန်၌ အမှောင်ထုအနည်းငယ်က ကြီးစိုးနေသေးသည်။သို့သော်လည်း အမှောင်ထု၏ အောက်၌ စုဝေးနေသော ပုံရိပ်တို့ရှိနေကြသည်။ ၎င်းတို့အရေအတွက်က အလွန်များပြားက ခြောက်ထောင်လောက်ခန့်ကိုရှိသည်။ သူတို့က မိုးထိတောင်နှင့် ဆယ်မိုင်အကွာဝေး၌ စုဝေးနေကြသည်။

ဒီအချိန်ကအရေးကြီးတယ် ~ ငါတို့အမှားလုပ်လို့မဖြစ်ဘူး ။ သွားကြစို့ ~ ငါတို့အင်ပါယာအတွက် စုစည်းနေသော အရိပ်နက်များ၏ ထိပ်ဆုံး၌ ရှိနေသော ပုံရိပ်သုံးခုက ပြောလိုက်သည်။ သူတို့က ခပ်တိုးတိုးအသံဖြင့်သာ ပြောလိုက်သော်လည်း အားလုံးကြားနိုင်၏။

သူတို့စကားဆုံးချိန်၌ ထိပ်ဆုံးမှ အနက်ရောင်ပုံရိပ်သုံးခုက ချက်ချင်းလှုပ်ရှားလိုက်သည်။ သူတို့၏ နောက်၌လည်း အနက်ရောင်အရိပ်ခြောက်ထောင်က လျှင်မြန်စွာဖြင့် လိုက်ပါလာခဲ့သည်။

ထိပ်ဆုံး၌ ဦးဆောင်နေသော အနက်ရောင်ပုံရိပ် သုံးခုကအလွန်ပင် လျှင်မြန်ကာ သူတို့၏ နောက်လိုက်များနှင့် မီတာတစ်ထောင်နီးပါးကို အကွာဝေးခြားထားကာ အရှေ့မှာ လျှင်မြန်စွာသွားနေခဲ့သည်။

သူတို့ကတော့ မီးနဂါးအင်ပါယာ၏ ထိပ်တန်းဗိုလ်ချုပ်သုံးယောက်ဖြစ်သော တွမ်ချင်း ၊ရမ်ခန်း ၊ တီခန်းတို့ဖြစ်သည်။ သူတို့က ယခင်နေ့က စောင့်ကြည့်ပြီးနောက် မည်သို့သော် လှုပ်ရှားမှုများမှ မတွေ့ရ၍ ဤနေ့၌ သူတို့လှုပ်ရှားကြခြင်းဖြစ်သည်။

သူတို့အတွက်တော့ မနေ့က ကမ္ဘာငယ်အတွင်းဖြစ်ပျက်ခဲ့သည့်များကို မသိနိုင်ခဲ့ကြချေ။ သိခဲ့ပါလျှင်လည်း ယခုလိုမျိုးလှုပ်ရှားရဲမည်မဟုတ်ချေ။

သူတို့ပုံရိပ်များက အလွန်လျှင်မြန်သော ကြောင့် အချိန်ခနတာလေးဖြင့် မိုးထိတောင်၏ တောင်ခြေသို့ရောက်လာခဲ့သည်။

∆∆∆

သူတို့အုပ်စုရောက်လာခဲ့သည်ကို မိုးထိတောင်၏ အနီးသို့ရောက်နေသော သားရဲအုပ်စုတို့မှာ သတိမထားမိကြချေ။

သားရဲအုပ်စုတို့မှာလည်း လက်မ လျော့သေးပဲ ဆက်လက်ကာ စောင့်မျော်နေကြသေးသည့် ၊ အတွက်ကြောင့်ထွက်ခွာမသွားကြခြင်းဖြစ်သည်။ မိုးထိတောင်၏ ထိပ်ရှိရတနာကို သူတို့မပိုင်ဆိုင်ရလျှင်ပင် အဝေးမှမြင်တွေ့ဖူးလို့လှသည်။

သားရဲများကအချို့မှာ ၊ အိပ်စက်နေကြကာ ၊ အချို့မှာတော့ မီးပုံများ၏ ဘေး၌ စကားထိုင်ပြောနေကြသည်။

∆∆∆

ဘုန်း ~ ။

ကျယ်လှောင်သော ပေါက်ကွဲသံကြီးနှင့်အတူတူ ချီစွမ်းအင်လှိုင်းများက မိုးထိတောင်၏ အောက်ခြေ မီတာတစ်ထောင်အကွာရှိနေရာမှ ထွက်ပေါ်လာခဲ့သည်။

ဘာတွေဖြစ်တာလည်း ~ တစ်ယောက်ယောက်က မိုးထိတောင်က စောင့်ကြပ်နေတဲ့စစ်တပ်ကို တိုက်ခိုက်တာလား ။

သူတို့က ဘယ်သူလည်း ~ သူတို့က စွမ်းအားမြင့်သူတွေမဟုတ်ရင်တော့ ငရဲမီးစစ်တပ်က သတ်ဖြတ်ခံရလေ့မယ် ။

သားရဲများက တီးတိုးပြောနေကြသည်။ သူတို့ဤရက်များအတွင်း၌ ထိုသို့သော် အဖြစ်ပျက်မျိုး အကြိမ်အနည်းငယ်ခန့် ဖြစ်ပျက်လေ့ရှိသည်။ နောက်ဆုံး၌ ထိုသူများမှာ ငရဲမီးစစ်တပ်၏ ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

အချို့သော် အိပ်စက်နေသူများမှာလည်း ပေါက်ကွဲသံအချို့ကြောင့် ထိတ်လန့်သွားခဲ့ကာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့၏ ။ သူတို့က စူးစမ်းလို သောအကြည့်များဖြင့် ချီစွမ်းအင်ပေါက်ကွဲမှုများဖြစ်ပေါ်လာရာနေရာသို့ကြည့်လိုက်ကြသည်။

သူတို့ကြည့်လာရာ အောက်၌ ကောင်းကင်ယံ၌ ပုံရိပ်လေးခုရပ်နေသည့်ကို တွေ့လိုက်ရသည်။

∆∆∆

မင်းတို့ဘယ်သူတွေလည်း ~ ဒီနေရာက ငါတို့ အင်ပါယာက အပိုင်သိမ်းထားတာ မသိဘူးလား။ အခုချက်ချင်းပြန်ဆုတ်ရင် ခွင့်လွတ်ပေးမယ် ။ မဟုတ်ရင်တော့ သေရမယ် ။

ငရဲမီးဗိုလ်ချုပ် လုချီ၏ ဒေါသတကြီးဖြင့် သူအရှေ့မှပုံရိပ်သုံးခုကိုကြည့်ကာပြောလိုက်သည်။

ငါတို့က သုံးယောက်မင်းက တစ်ယောက်ထဲ မင်းက ငါတို့ကိုယ်ဘယ်လို့တားမှာလည်း ၊ ရတနာဆိုတာ သန်မာတဲ့လူနဲ့ ပိုထိုက်တန်တယ် ။ မင်းကသန်မာပါတယ် ၊ ဒါပေမဲ့ ငါတို့က ပိုသန်မာတယ် ။ မီးနဂါးအင်ပါယာ၏ နယ်ခြားစောင့်ဗိုလ်ချုပ် တီခန်းက သူ၏ မျက်နှာထက်ရှိ ဖုံးကွယ်ထားသော အကာကွယ်ကို ဖယ်ကာပြောလိုက်သည်။

ဘေးဖယ်နေလိုက်ပါ ~ ငါတို့လမ်းကို မရူပ်နဲ့ ။

အရင်က သူတို့စောင့်ကြည်စဲ့အချိန်မှာ ဒီစစ်တပ်၏ ဗိုလ်ချုပ်ကို မတွေ့ခဲ့ရ၍ သူတို့က ဒီစစ်တပ်က မိုးပြာနဂါးမျိုးနွယ်စု၏ စစ်တပ်ဖြစ်နေမည်ကို စိုးရိမ်နေခဲ့သည်။

အဲဒီအတွက်ကြောင့် သူတို့က သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားခြင်းဖြစ်သည်။ မိုးပြာနဂါးအင်ပါယာ၏ စစ်တပ်သာဆိုပါက သူတို့ ပေါ်တင်လှုပ်ရှားမည်မဟုတ်ချေ။ အခုတော့ သူတို့အရှေ့၌ ရှိနေသော သူက မိုးပြာနဂါးအင်ပါယာ၏ ဗိုလ်ချုပ်မဟုတ်ချေ။

နယ်ခြားစောင့်ဗိုလ်ချုပ်တီခန်းက သူကမိုးပြာနဂါးအင်ပါယာ၏ ထိပ်တန်းဗိုလ်ချုပ်တိုင်းကိုသိကာ လူတိုင်းနဲ့လည်း တိုက်ခိုက်ဖူးသူဖြစ်သည်။သို့သော်လည်း ထိုအထဲ၌လူများမှာ သူ၏ အရှေ့မှသူမပါခဲ့ချေ။

ဟမ့်~ မင်းတို့သုံးယောက်ထဲနဲ့လား ၊ ငရဲမီး ဗိုလ်ချုပ်လုချီက တီခန်း ၊ တွမ်ချင်း ၊ ရမ်ခန်းတို့သုံးဦးကို ကြည့်ကာ နှာခေါင်းချုံကာဆိုလိုက်သည်။

သူ၏ အရှေ့ရှိ သုံးဦးကလည်း သားရဲအရှင်သခင်ဘုံအဆင့်ရှိသူများဖြစ်သည့်ကို သူသိသော်လည်း ၎င်းတို့က သူတို့မခြိမ်းခြောက်နိုင်သေးဟု လုချီက ယုံကြည့်သည်။

ဟန့် ~ မင်းကသေချင်နေမှတော့လည်း ငါတို့ကို အပြစ်မဆိုနဲ့ ဒါကမင်းကတောင်းဆိုတာပဲ ၊ တီခန်း၏ ခန္ဓာကိုယ်ထက်မှ သားရဲအရှင်သခင်ဘုံ၏နဝမအဆင့်၏ အထွတ်ထိပ်သို့ရောက်နေသော အော်ရာက ထွက်ပေါ်လာခဲ့သည်။ ၎င်းက အလွန်ပူလောင်နေသော အငွေ့သတ်များနှင့် အလောင်းကောင်နှင့် သွေးပင်လယ်ကပင် တီခန်း၏ နောက်ကျော်၌ ပုံရိပ်ယောင်အလား ဖြစ်ပေါ်လာခဲ့သည်။

ရမ်ခန်းလည်း သားရဲအရှင်သခင်ဘုံ အဠမအဆင့်အထွတ်ထိပ်၏ အဆင့်၏ အော်ရာကိုထုတ်လွတ်လိုက်သည်။

တွမ်ချင်းကလည်း သူ၏ သားရဲအရှင်သခင် အဠမအဆင့်၏ အထွတ်ထိပ်အော်ရာကို ထုတ်လွတ်ကာသည်။

သူတို့သုံးဦးက သူတို့၏ အော်ရာများဖြင့် လုချီကို ဖိအားပေးချင်ဟန်ရသည်။ သူတို့ သုံးယောက်ပေါင်း၏ သတ်ဖြတ်ချင်း အော်ရာက အလွန်ပင်ကြောက်စရာကောင်းလှသော သွေးပင်လယ်ကြီးအသွင်သို့ပြောင်းလဲသွားခဲ့သည်။ မှောင်နေသော ကောင်းကင်ကိုပင်အနီရောင်ပြောင်းသွား စေခဲ့သည်။ ထိုစိတ်ကို ခြောက်ရှားစေသော စွမ်းအင်များအပြင် ပတ်ဝန်းကျင်ကလည်း အလွန်ပူပြင်းသောကြောင့် လေဟာနယ်များပင် မျက်စိဖြင့် မြင်နိုင်သော အကြည့်အောက်၌ တွန်လိမ်လာခဲ့သည်။

ရမ်းကားတယ် ~ လုချီ၏ သားရဲအရှင်သခင် ဒဿမအဆင့်၏ အထိတ်ထိပ်မဆင့်အော်ရာက သူ၏ ဒေါသနှင့်အတူတူ ထွက်ပေါ်လာခဲ့သည်။

လုချီ၏ အော်ရာရဲ့ တွန်းလန်မှုအောက်၌ တီခန်း ၊ တွမ်ချင်း ၊ ရမ်ခန်းတို့၏ သုံးယောက်ပေါင်း၏ သွေးပင်လယ်ကြီးက လုချီ၏ အော်ရာနှင့် ထိတွေချိန်၌ မှန်တစ်ချပ်ကဲ့သို့ ချက်ချင်းပင် ကွဲကြေသွားခဲ့တော့သည်။

ဘာ~ တီခန်း ၊ တွမ်ချင်း ၊ ရမ်ခန်းတို့က သူတို့၏ ဖိနှိပ့်မှုအော်ရာက အလွယ်တစ်ကူပြိုကွဲသွားမှုကို မယုံကြည့်နိုင်ဖြစ်သွားခဲ့သည်။

All Chapters