← Chapters

ဗိုလ်ချုပ်များကြားမှ တိုက်ပွဲ (၂)

Vol. 11 Ch. 148

ဗိုလ်ချုပ်များကြားမှ တိုက်ပွဲ (၂)

Vol. 11 Ch. 148

----------

တီခန်းက သူတို့၏ သုံးယောက်ပေါင်းအော်ရာက ဖျက်စီးခံလိုက်ချိန်၌ အနည်းငယ်အံဩသွားခဲ့သည်။

မင်းက သားရဲအရှင်သခင် ဒဿမအဆင့်ရဲ့ အထွတ်ထိပ်ကို ရောက်နေပြီပဲ ၊ မင်းက သန်မာပါတယ် ။ ဒါပေမဲ့ ငါတို့က အရေတွက်ပိုများတယ် ။

တိုက် ~ လမ်းမှာပိတ်နေသမျှ အားလုံးသတ်ပြစ်လိုက် ၊ တီခန်းက သူတို့နှင့် မီတာတစ်ထောင်အကွာ၌ ရပ်နေသော သူတို့၏ စစ်သည်များကိုအမိန့်ပေးလိုက်သည်။

တားထား ~ သူတို့ တောင်ထိပ်ကို တစ်ယောက်တောင် ကျော်မသွားစေနဲ့ လုချီကလည်း သူ၏ အနောက်ရှိ စစ်သည်များကို အမိန့်ပေးလိုက်သည်။

အနက်ရောင်ဝတ်စစ်သည် ခြောက်ထောင်နှင့် ငရဲမီးစစ်တပ် တစ်ထောင်တို့က လူအင်အားကွဲခြားသော်လည်း တိုက်ပွဲက ဖြစ်ပေါ်လာတော့သည်။

စစ်တပ်နှစ်ခု၏ တိုက်ခိုက်မှုမှ ချီစွမ်းအင်လှိုင်းများကတောက်ပနေသော မီးရူးမီးပန်းများအလား ကောင်းကင်ယံ၌ ထွက်ပေါ်နေခဲ့သည်။

∆∆∆

မင်းကသန်မာတယ်ဆိုတာ ငါဝန်ခံပါတယ် ၊ ဒါပေမဲ့ မင်းရဲ့ စစ်သည်တွေက မင်းလို့မသန်မာဘူး ။ အခုချိန် မင်းဘေးဖယ်နေလိုက်ရင် ငါတို့မင်းကို လွတ်ပေးလိုက် မယ် ။ မီးနဂါးဗိုလ်ချုပ်တီခန်းက ငရဲမီးဗိုလ်ချုပ် လုချီကို ပြောလိုက်သည်။ လက်တလောအခြေနေ၌ သူက လုချီလို့မျိုး အစွမ်းထက်သူတစ်ယောက်နှင့် မတိုက်ချင်သေးချေ။

ဤသည်ကသူကကြောက်နေ၍ မဟုတ်ပဲ ~ သူတို့တိုက်ခိုက်ပါက နှစ်ဖက်စလုံးအထိနာနိုင်ကာ အချိန်ကြာနိုင်သည်။ ထိုအပြင်သူတို့က အခြားသူရဲ့ ပိုင်နက်ထဲမှာ အကြာကြီးနေ၍ အဆင်မပြေပေ ။ ဤအတွက်ကြောင့် တစ်ဖက်ဗိုလ်ချုပ်သာ မတိုက်ခိုက်ပါက သူအတွက်လည်း အဆင်ပြေသည်။

ဟားဟား ~ မင်းက ငါတို့ကိုယ်အရမ်းအထင်သေးနေတာပဲ ၊ လုံချီက တီခန်းကို အထင်သေးဟန်ဖြင့်ကြည်ကာ ပြောလိုက်သည်။

လုချီကာ သူ၏နောက်က ကမ္ဘာငယ်ထဲ၌ နတ်ဘုရားသားရဲဘုံ အဆင့်ရှိသူများအများကြီးရှိနေ၍ သူလုံးဝစိတ်မပူချေ။ မဟုတ်ပါက သူ၏ စစ်သည်များအတွက် ယခုလိုအချိန်မျိုး၌ စိတ်ပူနိုင်သည်။ သိုသော် ယခုအချိန်၌ သူတွင် စိတ်သူသည့်ဟု အတွေးလုံးဝမရှိချေ။

မင်းကအခွင့်ရေးကို မယူမှတော့ ~ တိုက်ကျတာပေါ့ ။ တီခန်းက လုချီ၏ အထင်သေးသော အကြည့်ကို သတိထားမိကာပြောလိုက်သည်။

သူလည်း ထိပ်တန်းဗိုလ်ချုပ်တစ်ယောက်ဖြစ်၍ ဒေါသကြီးသူတစ်ယောက်ဖြစ်သည်။ တစ်ခုခုဆို စကားပြောနေချင်းထက် လက်အရင်ပါသည့်သူမျိုးဖြစ်သည်။ ယခုမှ အချိန်အခါကြည့်၍ ညှိနှိုင်းကြည့်ခြင်းပင်ဖြစ်သည်။

ငါတို့ပေါင်းတိုက်ကြမယ် ~ တီခန်းက သူ၏ ဘေးနားရှိ တွမ်ချင်းနှင့် ရမ်ခန်းကို ပြောလိုက်သည်။

ကောင်းပြီ ။

သူတို့သုံးယောက်က ချက်ချင်းပင်လျှင် လုချီကို ဝိုင်းကာ တိုက်ခိုက်တော့သည်။ အလွန်ပူပြင်းအနီရောင် သော မီးတောက်များကတီခန်း ၊ ရမ်ခန်း ၊တွမ်ချင်းတို့ကို ဤခန္ဓာကိုယ်များထွက်လာခဲ့သည်။

သူတို့၏ လက်ဝါးများကိုရုတ်တရက်ဆိုသလို့ လုချီထံသို့ ရိုက်ချလိုက်သည်။

မီတာရာချီသောမီးတောက်များဖြင့် ဖွဲ့စည်းထားသော လက်ဝါးကြီးများက လုချီကို ပြေးပေါက်မရှိအောင် ပိတ်ဆို့ထားခဲ့သည်။

လုံချီကလည်း သူ၏ ခန္ဓာကိုယ်အထက်၌ ရွှေရောင်ဖျော့ဖျော့ မီးတောက်တစ်ခုက ထွက်ပေါ်လာခဲ့သည်။ သူက သူထံသို့ ရိုက်ချလိုက်သော လက်ဝါးချက်များကို ဂရုမစိုက်ပဲ တိုက်ရိုက်ပင်လျှင် ရင်ဆိုင်ကာ ၊ မီးတောက်များဖြင့်ဖွဲ့စည်းထားသော လက်ဝါးချက်သုံးချက်ကို ရိုက်ထုတ်လိုက်ပြီးတော့ ချေဖြတ်ပစ်လိုက်သည်။

ဘုန်း ~ ။

ပူပြင်းသော အပူလှိုင်းများက ကောင်းကင်တခွင်ပျံလွင့်နေခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုက ကောင်းကင်ယံ၌ ဖြစ်၍သာ တော်တော့သည်။မဟုတ်ပါက ပတ်ဝန်းကျင့်ကိုပင်လျှင် ကျက်တီးမြေအဖြစ်သို့ ပြောင်းလဲကာ ပျက်စီးသွားနိုင်သည်။

∆∆∆

တစ်ဖက်၌ ။

မိုးထိတောင်၏ တောင်ထိပ်၌ ပုံရိပ်အချို့ရပ်နေခဲ့သည်။ ၎င်းတို့က လုံထန်သို့ အုပ်စုသာဖြစ်သည်။

ကမ္ဘာငယ်၏ အပြင်ဘက်၌ တိုက်ခိုက်မှု ဖြစ်သွားသည့်ကို သတိထားမိ၍ အပြင်သို့ထွက်လာခြင်းပင် ဖြစ်သည်။ သို့သော်လည်း တစ်ဖက်သူများ၏ အရည်ချင်းကို သိလို့၍ မထွက်လာပဲစောင့်ကြည့်ခြင်းဖြစ်သည်။

ဒီဗိုလ်ချုပ်သုံးယောက်ကလည်း ၊ အရမ်းကြီးမနိမ့်ကျဘူး အရည်ချင်းရှိတယ် ။ သူတို့ကို အသေစေနဲ့ ၊ကျုပ်တို့မှာ ဒီလို့အရည်ချင်းရှိတဲ့ သူတွေလိုအပ်တယ် ။ အကြီးကဲ အောင်းထန်းရန် ခနကြာရင် သူတို့ကို ဖမ်းထားလိုက်ပါ ။

နားလည်ပါပြီ ~ အရှင်မင်းကြီး။

ပြီးတဲ့နောက်မှာတော့ လုံထန်က လုချီ နှင့် တစ်ဖက်ဗိုလ်ချုပ်သုံးယောက်၏ တိုက်ပွဲကို တစ်ဖန်ပြန်ကာ ကြည့်နေခဲ့သည်။

∆∆∆

တီခန်း ၊ တွမ်ချင်း ၊ ရမ်ခန်းတို့က သာလွန်သော ထိပ်တန်းအဆင့် ဗိုလ်ချုပ်များဖြစ်သော်ငြား ၊ သူတို့က လုချီနှင့်ထပ်တော့ အနည်းငယ်နိမ့်ကျနေသေးသည်။ လုချီနှင့် လက်တွေ တိုက်ခိုက်ချိန် အောက်စည်းသို့ရောက်နေခဲ့သည်။

သူတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများကို လုချီက အသာယာလေးပင် ဖျက်စီးပြစ်နေခဲ့သည်။

ချီးပဲ~ မင်းကဘယ်လောက်တောင်သန်မာနေတာလည်း ၊ တီခန်းက လုံချီကို မှုန့်ကုပ်ကုပ်မျက်နှာထား ဖြင့်ကြည်ကာမေးလိုက်သည်။

သူယခင်က သားရဲအရှင်သခင် ဒဿမအဆင့်ရှိသူများတိုက်ခိုက်ဖူးသော်လည်း ယခုကဲ့သို့ ဒုက္ခမများချေ။ ၎င်းတို့ကို အနိုင်မယူနိုင်သော်ငြား သူသည်လည်း မရူံးနိမ့်နိုင်ချေ။ သို့သော် ယခုမှု သူက လုချီနှင့် တိုက်ခိုက်လေလေ ပို၍ တစ်ဖက်က ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာလေလေကို ခံစားရမိသည်။ ဤသည့်က သူ၏ ဆဠမအာရုံက သတိပေးနေသော ခံစားချက်ဖြစ်သည်။

မူလသားရဲအသွင်ပြင်ပြောင်းတိုက် ၊ ဒီကောင်ကို ငါတို့ အနိုင်မယူနိုင်ဘူးဆိုတာ ငါမယုံနိုင်ဘူး ။ တီခန်းက ပြောကာ သူ၏ ခန္ဓာကိုယ်မှုရင်း မီနဂါးကြီး အသွင်သို့ပြောင်းလိုက်သည်။ တွမ်ချင်း ၊ ရမ်ခန်းတို့ကလည်း တီခန်း၏ စကားအတိုင်းသူတို့ မှုလအသွင်ပြင်သို့ပြောင်းလိုက်ကြသည်။

မီတာထောင်ချီရှည်လျားသော မီးနဂါးကြီးသုံးကောင်က ကောင်းကင်ယံ၌ နေရာအတော်များများ ယူထားကာ သူတို့၏ အသွင်ပြင်နှင့် အရှိန်ဝါက လူသားအသွင်ပြင်များနှင့်တုန်းကနှင့် လုံးဝကွဲပြားနေသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

မီးနဂါးသုံးကောင်ကြား၌ လူသားအသွင်ပြင်နှင့် လုချီက ပုရွတ်ဆိတ်တစ်ကောင်အလား အလွန်ပင်သေးငယ်လှသည်။ သို့သော်လည်း သူက ကြောက်ရွံဟန်မပြပဲ မီးနဂါးသုံးကောင်ကို အလေးမထားဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။

" ကောင်းကင်နှင့်မြေကမ္ဘာမီးတောက်လှောင်အိမ် "

မီးနဂါးသုံးကောင်က သူတို့၏ လျို့ဝှက်နည်းလမ်းများကို ထုတ်သုံးလိုက်ကာ လုချီကို ချိတ်ပိတ်ထားရန်ပြင်လိုက်သည်။ အလွန်ပူပြင်းသော မီးတောက်များက လေဟာနယ်များထဲမှာ ထွက်လာသလို့ မြေပြင်များထံမှလည်း ထွက်လာခဲ့ကာ ကောင်းကင်နှင့် မြေပြင်ကြား အရာရာကို သန့်စင်နိုင်သော လှောင်အိမ်ကြီးအသွင်ဖြစ်တယ်လာခဲ့သည်။

တော်လောက်ပြီ ~ ဒီလောက်ဆိုလုံလောက်ပြီ ၊ မိုးထိတောင်၏ ထိပ်မှ ရွှေရောင်လက်ဝါးကြီးတစ်ဖက်နှင့်အတူတူ ညှင်သာသော အသံကထွက်လာခဲ့သည်။

ရွှေရောင်လက်ဝါးကြီးက ဖွဲ့တည်နေသော ကောင်းကင်နှင့် မြေကမ္ဘာမီးတောက်လှောင်အိမ်ကြီးကို အပေါ်ဘက်မှနေ၍ အသာအယာဖြင့် ဖိချလိုက်သည်။

အစွမ်းထက်လှသော ကောင်းကင်နှင့်မြေကမ္ဘာ မီးတောက်လှောင်အိမ်က ထိုလက်ဝါး၏ အောက်၌ စက္ကူတစ်စအလား အလွယ်တကူပျက်စီးသွားခဲ့သည်။

ဘာ ~ မီနဂါးများအသွင်ရှိနေသော တီခန်း ၊ တွမ်ချင်း ၊ရမ်ခန်းတို့မှာ ထိုလက်ဝါးကို ကြည့်ရင်းထိတ်လန့်သွားခဲ့သည်။

သူတို့၏ အစွမ်းအားကို သူတို့နားလည်ကြသည်။ ယခုသူတို့ လျို့ဝှက်ကျင့်စဉ်ကိုပင်လျှင် အသုံးပြုခဲ့သေးသည်။ သူတို့၏ လျိုဝှက်ကျင့်စဉ်ကို ဖျတ်စီးရန် နတ်ဘုရားသားရဲဘုံအဆင့်ရှိသူများသာ ဆောင်ရွက်နိုင်သည်။ ဤအတွေးက သူတို့လို ထိပ်တန်းဗိုလ်ချုပ်များကို ကြောက်ရွံစေသည်။

∆∆∆

အဝေးမှာ စောင့်ကြည့်နေကြသော သားရဲများပင်လျှင် ထိုရွှေရောင်လက်ဝါးကြီးကို မြင်ချိန်၌ အလွန်မင်းကြောက်လန်သွားခဲ့သည် ။ ၎င်း၏ စွမ်းအားများက သူတို့ကိုယ်ဦးတည်တာ မဟုတ်သော်လည်း ထွက်ပေါ်နေသော အရှိန်ဝါက သူတို့ကို ကြောက်ရွံစေသည်။

∆∆∆

ထိုအစဉ် ။

တီခန်း ၊ တွမ်ချင်း ၊ ရမ်ခန်းတို့ ထိတ်လန့်ကြောက်ရွံနေသော အကြည့်များအောက်၌ လေဟာနယ်က အက်ကွဲသွားခဲ့ကာ ပုံရိပ်တစ်ခုထွက်ပေါ်လာခဲ့သည်။

၎င်းကတော့ အောင်းထန်းရန်သာဖြစ်တော့သည်။ သူက မီးနဂါးသုံးကောင်ကို ပြုံးကာကြည့်လိုက်သည်။

ဗိုလ်ချုပ်လုချီ မင်းရဲ့တိုက်ပွဲကို ဝင်စွတ်ဖက်ဖို့မလုပ်ချင်ပါဘူး ။ အရှင်မင်းကြီးက သူတို့ကို ခေါ်ထားချင်နေလို့ပါ ။ အောင်းထန်ရန်က သူကို စိုက်ကြည့်နေသော လုချီကို ပြုံးကာပြောလိုက်သည်။

အရှင်မင်းကြီးလား ~ ကောင်းပြီ ။ ဒါဆိုရင်တော့ ဒုတိယအကြီးကဲပဲ သူတိုကိုယ်စီမံလိုက်ပါ ။ လုချီကလည်း ချက်ချင်းနားလည်သွားခဲ့ကာ ပြန်ပြောလိုက်သည်။

ကောင်းပါပြီ ~ ဗိုလ်ချုပ်လုချီ ။

ဒုတိယအကြီးကဲ အောင်းထန်ရန်ကလည်း ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

∆∆∆

အောင်းထန်ရန်က လုချီနှင့်စကားပြောပြီးသည့်နှင့် တီခန်း ၊ တွမ်ချင်း ၊ ရမ်ခန်းတို့ဘက်သို့ လည်ကြည်လိုက်သည်။

အရှင်မင်းကြီးက ~ မင်းတို့ကို ဒီမှာခေါ်ထားစေချင်နေတယ်။ အဲဒီတော့ မင်းတို့ဒီမှာနေရမယ် ထင်တယ် ။

ဝုန်း ။

ကြောက်မက်ဖွယ်ရာအော်ရာတစ်ခုက အောင်းထန်ရန်၏ ခန္ဓာကိုယ်မှ ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ ကောင်းကင်ယံ၌ ရပ်နေသော တီခန်း ၊ တွမ်ချင်း ၊ ရမ်ခန်းတို့ကို ဦးတည်ကာ ဖိနှိပ့်လိုက်သည်။

အောင်းထန်ရန် နတ်ဘုရားသားရဲဘုံ ဖိနှိပ့်မှုစွမ်းအားအောက်၌ တီခန်းတို့ သုံးယောက်မှာ ကောင်းကင်ရန်မှ မြေပြင်ထက်သို့ပြုတ်ကျသွားကြသည်။

ဧရာမနဂါးကြီးသုံးကောင် ပြုတ်ကျလာမှုက မြေကမ္ဘာပင် တုန်ခါသွားသလိုပင် ။ မြေပြင်ကလည်း ချိုင့်ခွက်ကြီးဖြစ်သွားကာဖုန့်မှုန့်များက တိမ်စိုင်များအလား လိတ်တက်လာကြတော့သည်။

All Chapters