← Chapters

အခန်း (၁၄၉)

Vol. 11 Ch. 149

အခန်း (၁၄၉)

Vol. 11 Ch. 149

---------

မီးနဂါးအင်ပါယာ၏ ထိပ်တန်း ဗိုလ်ချုပ်သုံးယောက်မှာလည်း အောင်းထန်ရန်၏ ထိန်းချုပ်ခြင်းကို အလွယ်တကူဖြင့် ခံလိုက်ရသည်။ သူတို့နှင့်အတူတူ ပါလာသော စစ်သည်ခြောက်ထောင်တို့မှာလည်း ဖမ်းဆီးခံလိုက်ရသည်။

အဝေးမှစောင့်ကြည့်နေသော သားရဲများမှာလည်း ၎င်းမြင်ကွင်းကို မြင်ခဲ့ကြရသည်။ သူတို့၏ မျက်ဝန်းများကလည်း ထိတ်လန့်မှုများဖြင့် ပြည့်နက်နေခဲ့သည်။

ယခင်တိုက်နေသော ဗိုလ်ချုပ်လေးယောက်ကပင် သူတို့အတွက်တော့ မြင့်မားလွန်းသော ကျောက်တောင်ကြီးအလားဖြစ်နေခဲ့ချေ။ သို့သော် သူတို့အတွက် ကျောက်တောင်ကြီးကဲ့သို့အရာကို ထိုလူက အလွယ်တစ်ကူလက်လေးတစ်ဖက်ဖြင့်သာ ဖျက်ဆီးပြစ်ခဲ့သည်။ ဤမြင်ကွင်းက သူတို့ ထိတ်လန့်လျော့ရသွားစေခဲ့သည်။ အချို့သော သားရဲများမှ ချက်ချင်းပင် သူတို့၏ နေထိုင်ရာနေရာများသို့ ပြန်သွားကြတော့သည်။ သူတို့၏ ဤနေရာမှ နေပြီးတော့ အလကား မသေချင်ချေ။

∆∆∆

တိုက်ခိုက်မှုများက အောင်းထန်းရန်၏ ဝင်ရောက်စွတ်ဖက်မှုကြောင့်လျှင်မြန်စွာပြီးသွားခဲ့သည်။

လုံထန်လည်း ၎င်းမြင်ကွင်းကိုကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

သွားကြစို့ ~ အကြီးကဲအောင်းထန်ရန်နဲ့သာ လွဲထားလိုက်ပါ ။ လုံထန်က ကမ္ဘာငယ်၏ အတွင်းသို့ ပြန်လည်ကာ ဝင်ရောက်သွားရင်းဖြင့် သူ၏ နောက်မှာ အောင်ယွီရန်နှင့် အကြီးကဲနှစ်ယောက်ကို ပြောလိုက်သည်။

အောင်းယွီရန်နှင့် အောင်းထန်ရန်က လုံထန်၏ နောက်မှ လိုက်၍ ကမ္ဘာငယ်၏ အတွင်းသို့ ပြန်ကာဝင်ရောက်သွားတော့သည်။ အောင်းလန်က လုံထန်၏ အမိန့်အတိုင်း မိုးပြာနဂါးအင်ပါယာသို့ ထွက်ခွာသွားတော့သည်။

∆∆∆

ကမ္ဘာငယ်၏ အတွင်း၌ ။

လုံထန်က ဉယျာဉ်၏ အတွင်းရှိ အပန်းဖြေ နန်းဆောင်လေး၌ ထိုင်နေခဲ့သည်။ သူ၏ ဘေး၌ အကြီးကဲ အောင်းကျန်းဟန်နဲ့ အောင်းယွီရန်တို့လည်း ထိုင်နေကြသည်။

အကြီးကဲအောင်းကျန်းဟန် ~ နောက်ရက်တွေမှာ အကြီးကဲ လုပ်စရာလေးရှိမယ်ထင်တယ် ။ လုံထန်က အောင်းကျန်းဟန်ကိုကြည့်ကာ ပြောလိုက်သည်။

အရှင်မင်းကြီး ~ အမိန့်ပေးပါ ။

ကျုပ်တို့နဲ့ အနီးဆုံးမှာရှိတဲ့ နဂါးမျိုးနွယ်စုတစ်ခုက မီးနဂါးအင်ပါယာပဲ ၊ နောက်ရက်တွေမှာ မိုးပြာနဂါးအင်ပါယာရဲ့ ဘိုးဘေးတွေနဲ့ ရေခဲနဂါးမျိုးနွယ်စုရဲ့ ဧကရာဇ်ဟောင်းတို့ရောက်လာပြီးရန် သူတို့နှင့် အတူတူ မီးနဂါးအင်ပါယာကိုသွားပါ ။

အတက်နိုင်ဆုံးမသတ်မိအောင်ကြိုးစားပါ ။ ကျုပ်တို့ အခုချိန်မှာတက်နိုင်သလောက် အင်အားကို စုဆောင်းထားဖို့ လိုတယ် ။ လုံထန်က ပြောလိုက်သည်။

နားလည်ပါပြီ ~ အရှင်မင်းကြီး ။ ဒီအကြီးကဲ အကောင်းဆုံး ဆောင်ရွက်ပေါ့မယ် ။

ဒါဆိုလည်းကောင်းပါပြီ ~ အကြီးကဲသွားလို့ရပြီ ။

အောင်းကျန်းဟန်ကအရိုသေပေးပြီးနောက် သူ၏ ကိုယ်ပိုင်အိမ်တော်သို့ ပြန်ထွက်ခွာသွားတော့သည်။

ယွီရန် ~ တော်ဝင်ဗိုလ်ချုပ်ငါးယောက်ကို သူတို့နှင့် သင့်တော်မဲ့ ဆုလာဘ်တွေ ချီးမြင့်လိုက်ပါအုန်း ။ ကိုယ်က အခုရက်ပိုင်းကျင့်ကြံခြင်းမှာ အာရုံစိုက်ချင်သေးလို့ ။ လုံထန်က အောင်းယွီရန်ကို ပြုံးကာပြောလိုက်သည်။

လုံထန်ကသူတွင် အစွမ်းထက်ကျင့်စဉ်တွေရှိသော်လည်း တစ်ခုမှ မကျင့်ကြံရသေးသည်မှို့အချိန်ပေးကာ ကျင့်ကြံရန် တွေးထားခြင်းဖြစ်သည်။

နဂါးကိုးကောင် မဟာကျင့်စဉ်လိုမျိုး မဟာကျင့်စဉ်လည်းရှိသေးသည်။ ဤကဲ့သို့ အစွမ်းထက်သော ကျင့်စဉ်မျိုးရှိပြီး သူမလေ့ကျင့်ရသေးသဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားက နိမ့်ကျသည့်ဟု ခံစားနေရသည်။

စိတ်မပူပါနဲ့ ကျွန်မကိုင်တွယ်ထားလိုက်ပေါ့မယ် ။ အောင်းယွီရန်က လုံထန်၏ အတွေးကို နားလည်၍ ပြန်ပြောလိုက်သည်။

ဒါနဲ့ ~ ယွီရန်ကျင့်ကြံပြီးလို့ အားတဲ့အချိန်မှာ ရှေးဟောင်းမှတ်တမ်းဆောင်ကိုသွားပြီးတော့ ရှေးခောတ်မှတ်တမ်းတွေကို လေ့လာကြည့်သင့်တယ် ။ အဲမှာ ကိုယ်တို့နားလည်ထားတာ ကျော်လွန်နေတာတွေတာရှိတယ်။

ကောင်းပါပြီ ~ သွားပြီးတော့ လေ့လာလိုက်ပေါ့မယ် ။ အောင်းယွီရန်က လုံထန်၏ စကားကို ခေါင်းညိတ်ပြလိုက်သည်။

ဒါဆိုရင် ~ ကိုယ်သွားလေ့ကျင့်တော့မယ် ။ လုံထန်ကထိုင်နေရာမှ ထလိုက်ရင်းဖြင့် အောင်းယွီရန်ကို ပြောလိုက်သည်။

သွားပါ ~ အပြင်ကကိစ္စာတွေ စိတ်ချထားပါ ။

ကျေးဇူးပါပဲ ~ ယွီရန် ။ လုံထန်က အောင်းယွီရန်ကို နှတ်ဆက်ပြီးတော့ နန်းတော်ခန်းမ၏ အတွင်းသို့ ဝင်ရောက်သွားတော့သည်။ နောက်ရက်များ၌ သူကျင့်ကြံမှု ခန်းမထဲမှသာ နေရန် တွေးထားခဲ့သည်။

အောင်းယွီရန်လည်း လုံထန်၏ ထွက်ခွာသွားသော နောက်ကျောကိုယ်ကြည့်ရင်းဖြင့် သူမလည်း ကျင့်ကြံမှု ပြုလုပ်ရန် သူမ၏ ကိုယ်ပိုင်အိမ်တော်သို့ထွက်ခွာသွားတော့သည်။ သူမလည်း ကိုယ်ပိုင်ကျွန်းပျံတစ်ခုကို ရွှေးချယ်ထားခဲ့သည်။ ထိုကျွန်းပျံ၌ သူမတစ်ယောက်ထဲသာရှိသည်။

∆∆∆

လုံထန်လည်းကျင့်မှုပြုလုပ်သော နေရာရောက်ချိန်၌ ပုလ္လင်၏ အထက်၌ သူက တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ စိတ်ကို တည်ငြိမ်အောင် အရင်ပြုလုပ်လိုက်သည်။

အချိန်အနည်းငယ်ကြာပြီးနောက် လုံထန်၏ မျက်လုံးကပြန်၍ ဖွင့်လာခဲ့သည်။

" ဟူး " ။

ငါဘာကိုလေ့ကျင့်သင့်လည်း ၊ ဒြပ်စင်ငါးခုနဂါးလက်ဝါး လျို့ဝှက်ကျင့်စဉ်ရဲ့ ပထမအဆင့်ကို တက်မြှောက်သွားပေမဲ့ ၊ အကျွမ်းတဝင်အသုံးပြုနိုင်ဖို့တိုက်ခိုက်ဖို့ တော့အနည်းငယ်လိုအပ်သေးတယ် ။

ငါအခုချိန် ဒုတိယအဆင့်ကို ကျင့်ကြံလိုရနေပြီ ။ ဒုတိယအဆင့်ကိုပဲ ကျင့်ကြံလိုက်ရမလား ၊ ဒါမှမဟုတ် ၊ နဂါးကိုးကောင်မဟာကျင့်စဉ်ကို ကျင့်ကြံရမလား ။ ကံကြမ္မာဧကရာဇ်ရဲ့ " အနဂက်အတို့ချုပ် " လျို့ဝှက်ကျင့်စဉ်ကို ကျင့်ကြံရမလား ။

လုံထန်တစ်ယောက် ထိုသုံးခုကို လေ့ကျင့်ဖို့ ရွှေးရခက်နေသည်။ သူ၏ သို့လှောက်လက်စွပ်၏ အတွင်း၌လည်း " အန္တိမ နတ်ဆိုးနှင့် နတ်ဘုရားသတ်ဖြတ်ခြင်း " ဓားကျင့်စဉ်လည်းရှိသေးသည်။

သူတွင် အစွမ်းထက်ကျင့်စဉ်တွေ ပေါများသော်လည်း တစ်ခုကိုမှ ပြီးဆုံးသည့်တိုင်မကျင့်ကြံရသေးချေ။

လုံထန်ကအချိန်အတော်ကြာ စဉ်းစားနေပြီးနောက်တွင် သူကသက်ပြင်းချကာ တီးတိုးရေရွတ်လိုက်သည်။ တစ်ခုခြင်းစီပဲသွားတာကောင်းပါတယ် ။

တစ်ခုပြီးမှ နောက်တစ်ခုကို ဆက်တာပေါ့ ၊ လုံထန်က ဆုံးဖြတ်ချက်ချပြီးတဲ့ နောက်မှာတော့ " ဒြပ်စင်ငါးခု နဂါးလက်ဝါး " လျို့ဝှက်ကျင့်စဉ်ကိုသာ ပြီးမြှောက်အောင်ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။

" ဒြပ်စင်ငါးခုနဂါးလက်ဝါး " လျိုဝှက်ကျင့်စဉ်၏ ဒုတိယအဆင့်က " ရေလှိုင်းနဂါးလက်ဝါး " ပဲ ။ လုံထန်က " ဒြပ်စင်ငါးခုနဂါးလက်ဝါး "ကျင့်စဉ်ထဲမှ ဒုတိယအဆင့်၏ ကျင့်ကြံမှုနည်းလမ်းအတိုင်း သူ၏ ရေဒြပ်စင်စွမ်းအားကို အသုံးပြု၍ စတင်လေ့ကျင့်တော့သည်။

All Chapters