အထူးမစ်ရှင် ပြန်လည်စတင်ခြင်း ။
Vol. 11 Ch. 150
--------
ကျင့်ကြံမှုခန်းမ၏ အတွင်း၌ လုံထန်လေ့ကျင့်နေစဉ်၌ သူ၏ နားထဲ၌အသံတစ်ခုနှင့်အတူတူ သူ၏ မျက်နှာပြင်အရှေ့၌ မှန်ဘောင်တစ်ခုပေါ်လာသည့်ကို တွေ့လိုက်ရသည်။
ဒင် ! မိဖုရှားကျီရှားကို သတ်ဖြတ်ရန် မစ်ရှင်မအောင်မြင်ပါ ။အချိန်သတ်မှတ်ချက်ပြီးဆုံးသွားပါပြီ ။
ထူးရှားတဲ့အခြေနေတစ်ခုကြောင့် မစ်ရှင်ကိုပြန်လည်သတ်မှတ်ပါမည်။ မိဖုရှားကျီရှားက ပိုင်ရှင် သတ်ပစ်ချင်လောက်သိအထိ မုန်းတီးနေပါသည်။
အထူးအမျိုးစားမစ်ရှင် ! မိဖုရှားကျီရှားကိုသတ်ပါ ။
ဆုလာဘ် ~ ???
သတ်မှတ်ချက် ~~~ မအောင်မြင်ပါက ပိုင်ရှင်မှာ မိဖုရှားကျီရှားရဲ့ သတ်ဖြတ်ကိုခံရပါမယ် ။
∆∆∆
ရုတ်တရက်ဖြစ်ပေါ်လာသော အခြေနေကြောင့် လုံထန်က သူ၏ အရှေ့ရှိ မှန်ဘောင်ပြင်ကို ကြည့်ကာ အခြေနေကို သေချာလေ့လာကြည်လိုက်သည်။
ဘာလည်းဟ ~ သူလည်း အချိန်သတ်မှတ်ချက်က တစ်လသာရှိသည်ကို သိထားခဲ့သည်။ သူလည်း ဤအခြေနေကို မေ့လျော့နေခဲ့တာဖြစ်သည်။
သေချာတွက်ကြည့်ရင် ရက်က တစ်လပင်လျှင်ကျော်လွန်နေခဲ့ပြီဖြစ်သည်။ ဤစနစ်က တစ်လပြည့်တုန်းကပင် အချက်မပေးပဲ အခုမှ လာပြီးတော့ အချက်ပေးကာ မစ်ရှင်ပြန်ထုတ်ပေးနေသည် ။
ဤကိစ္စက ထင်သလောက်တော့ မရိုးရှင်းနိုင်ချေ။
စနစ်၏ မှတ်ချက်၌ ယခင်မစ်ရှင်များတွင် မည်သည့်အခါမှာ ယခုလိုမှတ်ချက်မျိုးလည်း မတွေ့ဖူးချေ။ လုံထန်သေချာစဉ်းစားကြည်ပြီးနောက် မိဖုရှားကျီရှားလိုမျိုး အန္တာရာယ်ရှိသော သူမျိုးကို အာရုံစိုက်ကိုင်တွယ်ရန်ဆုံးဖြတ်လိုက်သည်။
ဟူး ~ ပြသာနာတွေရှိနေတာပဲ။
လုံထန်က သူ၏ခေါင်းကို ခါရမ်းရင်းဖြင့် သက်ပြင်းချလိုက်ပြီးနောက် ကျင့်ကြံမှု၌ အာရုံပြန်စိုက်လိုက်သည်။
အချိန်များက အလွန်လျှင်မြန်စွာဖြင့် ငါးရက်တာက မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။
ကျင့်ကြံမှုအခန်းမ၏ အထဲ၌ လုံထန်က သူ၏စွမ်းအားကို အသုံးမပြုပဲ " ရေလှိုင်းနဂါး လက်ဝါး" ကိုလေ့ကျင့်နေခဲ့သည်။ လုံထန်၏ လှုပ်ရှားမှုများက အလွန်ပင်ညှင်သာလှသည်။ လှုပ်ရှားမှုများက ရေကဲ့သို့ နူးညံ ၊ ညှင်သာဟန် ရှိသည်။ သို့သော်လည်း သူ၏ နောက်၌ ဖုံးကွယ်ကာ ကပ်ပါနေသော အလွန်ပြင်းထန်သော စွမ်းအင်များရှိနေသည်။
ဘုန်း ~။
ရုတ်တရက်ဆိုသလို့ လုံထန်ကလေ့ကျင့်နေရာမှ သူ၏ လက်ဝါးကို အရှေ့သို့ရိုက်ချလိုက်ရာ ရေဒြပ်စင်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ရေနဂါးကြီးက ထွက်ပေါ်လာခဲ့ကာ ခန်းမ၏ နံရံသို့ထိမှန်သွားခဲ့သည်။ ခန်းမ၏ နံရံများက အလင်းတန်းများ ထွက်ပေါ်လာခဲ့ကာ လုံထန်၏ တိုက်ခိုက်မှုကို ချက်ချင်းပင် တစ်ခါမှ မရှိခဲ့ဖူးသကဲ့သို့ ၊ ချေဖြတ်ပစ်လိုက်သည်။
အင်း ~ အခြေနေက တော်တော်လေးကို တိုးတက်လာတာပဲ ၊ မဆိုးဘူး ။ လုံထန်က သူ၏ တိုက်ခိုက်မှုကို သဘောကျဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ဤငါးရက်တာ အတောအတွင်း၌ သူက မနက်ပိုင်း၌ ဒြပ်စင်ငါးခုနဂါးလက်ဝါး၏ ဒုတိယအဆင့်ဖြစ်သော " ရေလှိုင်းနဂါးလက်ဝါး" ကိုလေ့ကျင့်နေခဲ့သည်။
နေ့လည်တွင်တော့ ကံကြမ္မာဧကရာဇ်၏ " ကံကြမ္မာမျက်လုံး " ကျင့်စဉ်ကို လေ့ကျင့်ကာ ညအချိန်၌သူ၏ အခြေခံကို ပိုမှို့သန်မာစေရန် ကိုးရောင်ခြယ်ဒြပ်စင်နဂါးကျင့်စဉ်ကိုအသုံးပြုကာ လေ့ကျင့်နေခဲ့သည်။လုံထန်၏ သန်မာမှုကလည်း နေရက်တိုင်းတွင်ပင် အလွန်တိုးတက်နေခဲ့သည်။
( မှတ်ချက် ~~~ "အနာဂါတ်အတို့ချုပ် " ကျင့်စဉ်လို့ခေါ်တာ ထောက်မယ်ထင်လို့ " ကံကြမ္မာမျက်လုံး " ကျင့်စဉ်လို့ အခုကစပြီးတော့ ပြန်ပြောင်းပေါ့မယ်။)
အချိန်ငါးရက်အကြာ၌ "ဒြပ်စင်ငါးခုနဂါးလက်ဝါး " လျို့ဝှက်ကျင့်စဉ်၏ ဒုတိယအဆင့်ဖြစ်သော " ရေလှိုင်းနဂါးလက်ဝါး " ကို အသုံးပြုနိုင်လာခဲ့သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှု၏ အနှစ်သာရကို တော့သူနားမလည်သေးချေ။
ကံကြမ္မာဧရာဇ်၏ " ကံကြမ္မာမျက်လုံး " လျို့ဝှက် ကျင့်စဉ်ကိုလည်း အနည်းငယ်သော အောင်မြင်မှုကို ရရှိခဲ့သည်။ ဤကျင့်စဉ်က " ဒြပ်စင်ငါးခုနဂါးလက်ဝါး" လျို့ဝှက်ကျင့်စဉ်ထက်ပင် ကျင့်ကြံရန် ပို၍ ရှုပ်ထွေးကာ ခက်ခဲသည်။
အချိန်ငါးရက်တောင်ရှိပြီဆိုတော့ " အကြီးကဲတွေ ပြန်ရောက်နေပြီထင်တယ် ။ ငါလည်း အပြင်ထွက်သင့်ပြီ ၊ လုံထန်က အကြီးကဲများနှင့် အခြားတာဝန်ရှိသူများကို ဆင့်ခေါ်ထားသည်ကို တွေးမိကာ တီးတိုးရေရွတ်လိုက်သည်။
သူကကျင့်ကြံမှုခန်းမ၏ အတွင်းမှထွက်ခွာလာခဲ့လိုက်တော့သည်။ အကြီးကဲများနှင့် အရေးကြီးကိုင်တွယ်စရာများကို လုပ်ဆောင်ပြီးချိန်၌ ပြန်လည်လေ့ကျင့်ရမည်ဖြစ်သည်။
လုံထန်က အပြင်သို့ရောက်သည့်နှင့် အောင်းယွီရန်ကို ဆက်သွယ်လိုက်သည်။ သူက နန်းတော်ခန်းမ၏ ထိပ်ဆုံးရှိ ပုလ္လင်ထက်၌ ထိုင်၍ စောင့်နေလိုက်သည်။
လုံထန်၏ဆက်သွယ်မှုကို ရသည့်နှင့် အောင်းယွီရန်က သူမ၏ အိမ်တော်မှနေ၍ ကျင့်ကြံနေခြင်းကို ရပ်တန့်ကာ လုံထန်ရှိရာသို့ ချက်ချင်းရောက်ရှိလာခဲ့သည်။
ယောင်္ကျား ~ရှင့်~ ထွက်လာပြီလား ။ အောင်းယွီရန်က လုံထန်၏ အရှေ့သို့ရောက်လာရင်းဖြင့်မေးလိုက်သည်။
အင်း ~ ယွီရန် ~ အကြီးကဲတွေအားလုံးရောက်ပြီလား ။ လုံထန်က သူသိချင်သိကို ချက်ချင်းပင်မေးလိုက်၏ ။
ရောက်ပြီ ~ အကြီးကဲတွေအားလုံး ၊ ပြသာနာအချို့လည်းရှိနေတယ် ။ အောင်းယွီရန်က လုံထန်ကို ကြည့်ကာပြောလိုက်သည်။
ဘာပြသာနာလည်း ~ လုံထန်ကသိလို့ဟန်ဖြင့်မေးလိုက်သည်။
မိုးပြာနဂါးမျိုးနွယ်စုရဲ့ အချို့နေရာတွေမှာ တိုက်ခိုက်မှုတွေခံနေရတယ် ။ အယောက်တစ်ထောင်လောက်အထိသေဆုံးသွားတယ် ။ တိုက်ခိုက်မှုဖြစ်သွားတဲ့ နေရာတိုင်းကို သွားစစ်ဆေးကြည့်တော့ မိဖုရှားကျီရှားရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အငွေ့သတ်တွေနဲ့ တူနေတယ်လို့ပြောတယ် ။ အောင်းယွီရန်က သူမကို မိုးပြာနဂါးမျိုးနွယ်စု၏ ဘိုးဘေးများပြောထားသည့်အတိုင်း လုံထန်ကို ပြောပြလိုက်သည်။
အင်း ~ အဲဒါက ပြသာနာဖြစ်နေတာကို လုံထန်က အချိန်အချို့ကြာ ဆက်ဟက်စဉ်းစားပြီးနောက် စနစ်၏ မစ်ရှင်ကြောင့် ဤတိုက်ခိုက်မှုက မိဖုရှားကျီရှား၏ တိုက်ခိုက်မှုဖြစ်သည်ဟု သူယုံကြည့်သည်။
အဲတာကို ခနထားလိုက်ပါ ~ အကြီးကဲတွေကို ဒီကိုလာခိုင်းလိုက်တော့ ယွီရန်က အရေးကြီးတာကို အရင်လုပ်ဆောင်ပြီးရင် အဲဒီပြသာနာကို ရှင်းဖို့လုပ်ဆောင်တာပေါ့ ။ လုံထန်က ပြောလိုက်သည်။
ကောင်းပြီ ~ အောင်းယွီရန်က ဆက်သွယ်ရေးသတ္တုပြားကို ထုတ်ကာ အကြီးကဲများကို နန်းတော်ခန်းမ၏ အတွင်းသို့လာခိုင်းလိုက်သည်။
အောင်းယွီရန် ဆက်သွယ်ပြီးနောက် ခနအကြာ၌ အကြီးကဲအောင်းကျန်းဟန် ၊ အောင်းထန်ရန်၊ အောင်းလန် ၊ အောင်းမင် ၊ အောင်းရွှီရန် တို့က အရင်ဆုံးရောက်ရှိလာခဲ့သည်။
အရှင်မင်းကြီး ~ သူတို့ငါးဦးက လုံထန်ကို အရိုသေပေးလိုက်သည်။
အင်း ~ ထိုင်ကျပါ ။ လုံထန်က အကြီးကဲများ၏ အရိုသေပေးမှုကို ပြန်လည်တုန့်ပြန်ကာ ပြောလိုက်သည်။
အောင်းကျန်တို့အုပ်စုက လုံထန်၏ အောက်ဘက်မီတာတစ်ရာအကွာရှိ ထိုင်ခုံတစ်ရာခန့်စီတန်းထားသော ထိပ်ဆုံး၌ ထိုင်ကာ နေရာယူလိုက်သည်။
အောင်းကျန်းဟန်တို့ အုပ်စု နေရာယူပြီးနောက် ၊ မိုးပြာနဂါးမျိုးနွယ်စု၏ ဘိုးဘေးနှင့်ဖြစ်သော လုံချီယု၊ လုံကျားချီ နှင့် ရေခဲနဂါးမျိုးနွယ်စု၏ ဧကရာဇ်ဟောင်း ကျီထန်ပင်းတို့ ရောက်လာကျ တော့သည်။
သူတို့လည်း လုံထန်ကို နှတ်ဆက်ကာ ပြီးနောက် အောင်းကျန်းဟန်တို့၏ ဘေးဘက်၌ နေရာဝင်ယူလိုက်ကြသည်။