ရှေးဦးမြို့တော်။
Vol. 11 Ch. 151
--------
လုံချီယု ၊ လုံကျားချီ နှင့် ကျီထန်းပင်တို့ ရောက်လာပြီးနောက် သူတို့လည်း လုံထန်ကို နှတ်ဆက်ပြီးနောက်တွင် အောင်းကျန်ဟန်တို့ ဘေးရှိ ထိုင်ခုံများ၌ နေရာယူလိုက်ကြသည်။
အချိန်အနည်းငယ်ကြာပြီးနောက်တွင်တော့ မျိုးနွယ်စု သုံးခု၏ အရေးပါသော သူများလည်းရောက်ရှိလာကြသည်။ သူတို့အားလုံးကအယောက် တစ်ရာလောက်ရှိသည်။သူတို့အားလုံးက သားရဲအရှင်သခင်ဘုံနှင့် သားရဲဧကရာဇ်ဘုံရှိသူများသာဖြစ်ကြသည်။
သူတို့အားလုံးကလုံထန်ကို အရိုသေပေးပြီးနောက် ခန်းမ၏ အလယ်၌ မက်တပ်ရပ်နေကြသည်။ ဘေးရှိ နေရာလွတ်ရှိ နေသော ထိုင်ခုံများ၌ မထိုင်ရဲကြချေ။
ထိုင်ခုံ၌ထိုင်နေသော သူတိုင်းက စွမ်းအားကြီးသော သားရဲနတ်ဘုရားဘုံအဆင့်ရှိသူတွေဆိုတာ သူတို့သိသောကြောင့်ပင် ၊ ဤအတွက်ကြောင့် သူတို့ကိုယ်သူတို့ မြင့်မားသောအဆင့်တန်းရှိသည့်ဟုတွေးထင်နေသော်လည်း ၎င်းတို့နှင့်အတူတူတော့ တန်းတူညှိတော့ မထိုင်ရဲကြချေ။
ဤနေရာက စွမ်းအားကြီးသူတွေအတွက်သာဖြစ်သည့်ဟု သူတို့သိကြသည်။
လုံထန်ကအောက်ဘက်ရှိ ရပ်နေသောလူများကိုတစ်ချက်ကြည့်လိုက်သည်။ ပြီးတဲ့နောက်သူက သူ၏ ဘေး၌ထိုင်နေသော အောင်းယွီရန်ကိုကြည့်ကာမေးလိုက်သည်။
ယွီရန် ဒါကအကုန်ပဲလား ။
ဟုတ်တယ် ~ ဒါကအကုန်ပဲ မျိုးနွယ်စုတွေမှာ ထိန်းချုပ်ဖို့အနည်းငယ်လောက်ပဲ ကျန်ရစ်တော့တယ် ။ အောင်းယွီရန်က ပြန်ဖြေလိုက်သည်။
အင်း~ စွမ်းအားကြီးတဲ့ အရေတွက်ရမ်းနည်းတာပဲ လုံထန်က ခန်းမထဲရှိရပ်နေသူများကို ပြန်ကြည့်လိုက်ကာတွေးလိုက်သည်။ အားလုံးကို စွမ်းအားကြီးစေဖို့ သူ၏ အစီစဉ်များကို အကောင်ထည်ဖော်ရန် အမြန်ဆုံးကြိုးစားရမည်ဟု လုံထန်တွေးလိုက်သည်။
ကောင်းပြီ ~ အားလုံးလည်း ရောက်ပြီဆိုတော့ ၊ စကြတာပေါ့ ။ လုံထန်က အောက်ဘက်ရှိ သူများကို ပြောလိုက်သည်။
အခြေနေအချို့ကို ခင်ဗျားတို့အားလုံးသိပြီးပြီလို့ထင်ပါတယ်။ လုံထန်က ပြောလိုက်ရင်းဖြင့် အောက်ဘက်ရှိ သူတိုင်း၏ မျက်နှာများကိုကြည့်လိုက်သည်။
သူပြောလိုက်ချိန်၌ အောက်ဘက်ရှိသူတိုင်း၏ မျက်နှာများက လေးနက်သွားခဲ့ကြသည်။ ဒီရက်တွေအတွင်း သူတို့မျိုးနွယ်စု၏ အကြီးကဲများထံမှ အသီးသီး ကြားသိခဲ့ရပြီးပြီးဖြစ်သည်။ ထိုအကြောင်းသိတဲ့အချိန်တုန်းက သူတို့အားလုံးထိတ်လန့်ကုန်ကြသည်။ အဲဒီအချိန်တုန်းက သူတို့၏ ခန္ဓာကိုယ်များပင်လျှင် ကြောက်ရွံ့မှု ကြောင့်အေးစက်သွားသကဲ့သို့ ခံစားရသည်။
သူတို့အားလုံး၏ လေးနက်နေသော မျက်နှာများကို ကြည့်ပြီးနောက် လုံထန်က စကားဆက်လိုက်သည်။
ဘယ်လိုကိစ္စတွေ ၊ ဘယ်လိုအဖြစ်ပျက်တွေပဲရှိနေနေ ကျုပ်တို့သန်မာနေရင် အားလုံးကို ကျော်လွှားနိုင်တယ် ။ အတိတ်တုန်းကလည်း ကျုပ်တို့နိုင်ခဲ့တယ် ။ အခုလည်း ကျုပ်တို့အနိုင်ရလေ့မယ် ။ လုံထန်က မာန်ပါပါဖြင့်ပြောလိုက်သည်။
အဲလိုမျိုးအနိုင်ရဖို့ ကျုပ်တို့အားလုံးသန်မာဖို့လိုတယ် ။ ကျုပ်တို့မှအရင်းမြစ်တွေရှိတယ် ခင်ဗျားတို့ကို သန်မာလာအောင်ပြုလုပ်ပေးနိုင်တဲ့အရင်းမြစ်တွေရှိတယ် ။ ကျုပ်ကထောက်ပံပေးမယ် ။
ဒါပေါ့အလကားတော့ မဟုတ်ဘူး ။
ကျုပ်က နဂါးမျိုးနွယ်စုအစုံ စုစည်းပြီးတော့ သန်မာပြီးစွမ်းအားကြီးတဲ့ အင်ပါယာမင်းဆက်ကို တည်ထောင်မယ် ။ အင်ပါယာအပေါ်ခင်ဗျားတို့ ဘယ်လောက်အကျိုးပြုမလည်းကြည့်ပြီးတော့ ခင်ဗျားတို့ရဲ့ လုပ်ဆောင်တဲ့အပေါ်လိုက်ပြီးတော့ပဲ ထောက်ပံနိုင်မယ် ။ အဲတော့ အင်ပါယာရဲ့ ထောက်ပံမှုကို လိုချင်ရင် အင်ပါယာအတွက် အစွမ်းကုန်ကြိုးစားဖို့လည်း လိုတယ် ။
အခုကျုပ်က ရွှေရောင်လက်သည်းကိုးခုနဂါးမျိုးနွယ်၊ မိုးပြာနဂါးမျိုးနွယ် ၊ ရေခဲနဂါးမျိုးနွယ်စု သုံးခုပါတဲ့ " ရှေးဦးနဂါးအင်ပါယာ " မင်းဆက်ကို တည်ထောင်မယ် ။ ဒီကိစ္စကိုခင်ဗျားတို့လည်းသိပြီးမယ်လို့ထင်တယ် ။
အားလုံးက လုံထန်၏ စကားကို ညိမ်သက်ဖြင့်နားထောင့်နေကြသည်။ ဤကိစ္စကိုလည်း သူတို့သိပြီးသွားပြီဖြစ်သည်။
အခုအင်ပါယာကို တရားဝင်မသတ်မှတ်ရသေးပေမဲ့ ၊ မိုးထိတောင်ကို အလယ်ဗဟိုထားပြီးတော့ ရှေးဦ်းမြိုတော်တည်ပြီးသွားရင် အင်ပါယာကို တရားဝင်ကြေညှာမယ် ။ အဲဒီနေမှာ အောင်းယွီရန်ကိုလည်း "ရှေးဦးနဂါးအင်ပါယာ"မင်းဆက်ရဲ့ ဧကရီ ( သို့မဟုတ် ) မိဖုရှားခေါင်ကြီးအဖြစ် တင်မြှောက်မယ် ။ ဒီနေ့ကျုပ်က ဒီနေရာကနေ့ပြီးတော့ တရားဝင်ကြေညာတယ် ။
နောက်ပြီးတော့ သားရဲနတ်ဘုရားဘုံအဆင့်ကိုရောက်နေတဲ့ အကြီးကဲအောင်းကျန်းဟန် ၊ အောင်းထန်းရန် ၊ အောင်းရွှီရန် ၊ အောင်းလန် ၊ အောင်းမင်၊ လုံချီယု၊ လုံကျားချီ ၊ ကျီထန်ပင်းတို့ကို အင်ပါယာရဲ့ တော်ဝင်အကြီးကဲအဖြစ်ခန့်အပ်ကြောင်းတရားဝင်ကြေညာတယ် ။ လုံထန်က သူ၏ စကားကို နိဂုန်းချုပ်ကာပြောလိုက်သည်။
ကျေးဇူးတင်ပါတယ် ~ အရှင်မင်းကြီး ။အောင်းကျန်းဟန်တို့ အုပ်စုက လုံထန်ကို အရိုသေပေးလိုက်ရင်းဖြင့် ကျေးဇူးတင်လိုက်ကြသည်။
အခြားသူတွေကိုတော့ အင်ပါယာကို တရားဝင်ပြဠာန်းတဲ့နေ့မှာ ရာထူးတွေကို ပြန်လည်ခန့်အပ်မယ် ။
တော်ဝင်အကြီးကဲ အောင်းကျန်းဟန် ~ မီးနဂါးအင်ပါယာကို တော်ဝင်အကြီးကဲအနည်းငယ်နဲ့ စစ်တပ်စစ်သည် တစ်သောင်းခန့်ခေါ်သွားပါ ။ ကျုပ်တို့ရဲ့ " ရှေးဦးနဂါးအင်ပါယာ " မင်းဆက် တရားဝင်မဖြစ်ခင် သူကို့အားလုံးကျုပ်လက်အောက် ရောက်နေတာလိုချင်တယ် ။
နားလည်ပါပြီ ~ အရှင်မင်းကြီး ၊ ဒီအကြီးကဲက အစွမ်းကုန်ကြိုးစားပေးပေါ့မယ်။ အောင်းကျန်းဟန်က လုံထန်၏ စကားကို တုန့်ပြန်လိုက်သည်။
တော်ဝင်အကြီးကဲ အောင်းထန်းရန်ကတော့ မိုးထိတောင်ကိုအလယ်ဗဟိုထားပြီးတော့ မြိုတော်တည့်ဖို့ကို အစွမ်းကုန်လုပ်ဆောင်ပါ ။ မျိုးနွယ်စုရဲ့ အရေးပါတဲ့သူတွေလည်း တော်ဝင်အကြီးကဲ အောင်းထန်းရန်ကို အစွမ်းကုန် ကူညီပေးလိုက်ပါ ။
နားလည်ပါပြီ ~ အရှင်မင်းကြီး။ အချိန်တိုအတွင်းပြီးဆုံးအောင် ကြိုးစားပေါ့မယ် ။ အောင်းထန်းရန်ကလည်း ကတိပေးလိုက်သည်။
မျိူးနွယ်စုသုံးခု၏ အရေးကြီးသူများကလည်း လုံထန်ကို ကတိပေးလိုက်ကြသည်။
ကောင်းပြီ ~မင်းတို့အားလုံး ဒီကိစ္စတွေအားလုံးပြီးဆုံးသွားရန် " ကျမ်းစာဆောင် " မှာ နည်းစနစ်တစ်ခုရွှေးချယ်ခွင့်နှင့် "ရတနာဆောင် " မှာဆေးတစ်မျိုးရွှေးချယ်ခွင့်ရှိတယ် ။
ကျေးဇူးတင်ပါတယ် ~ အရှင်မင်းကြီး ။ မျိုးနွယ်စုသုံးခု၏အရေးကြီးသူများက ချက်ချင်းပင် သူတို့၏ မျက်နှာများက တောက်ပသွားကြကာ ပြန်ပြောလိုက်ကြသည်။
အချိန်တစ်နာရီ လောက်အထိ လုပ်ဆောင်စရာများကို ဆွေးနွေးပြီးနောက်တွင်တော့ လုံထန်က ပြောလိုက်သည်။ ကောင်းပြီ ~ အားလုံးကြိုးစားကြ ။ သွားကြတော့ ။
တော်ဝင်အကြီးကဲများနှင့် မျိုးနွယ်စုသုံးခုမှ သူများအသီးသီးက လုံထန်ကို အရိုသေပေးပြီးနောက်ထွက်ခွာသွားကြတော့သည်။
နန်းတော် ခန်းမ၏ အတွင်း၌ လုံထန်နှင့် အောင်းယွီရန်သာကျန်ရစ်ခဲ့တော့သည်။
ယွီရန် ~ ဒါကမင်းအတွက် လုံထန်က သူ၏ သို့လှောင်လက်စွပ်အတွင်းမှ အနက်ရောင်သတ္တုတံဆိပ်ပြားလေးတစ်ခုကို ထုတ်ပေးလိုက်သည်။ ဤ အနက်ရောင်သတ္တုတံဆိပ်ပြားကို လုံထန်က သူ၏ သွေးစက်ကိုအသုံးပြုပြီးတော့ ပြုလုပ်ထားခြင်းဖြစ်သည်။ အရှေ့ဘက်၌ " ရှေးဦ်း " လို့ရေးထားပြီး နောက်ကျော၌ " ဧကရာဇ် "လို့ ရေးထိုးထားသည်။
ဤအနက် ရောင်သတ္တုတံဆိပ်ပြားဖြင့် အောင်းယွီရန်တစ်ယောက် ဆေးစိုက်ခင်း ၊ ရတနာဆောင်တို့လိုမျိုးအရေးကြီးသည့်နေရာတွေကို သူမရှိလျှင်တောင် အလွယ်တစ်ကူဝင်နိုင်စေရန်အတွက် ပြုလုပ်ထားခြင်းဖြစ်သည်။ သူဤကမ္ဘာငယ်ထဲ၌ နေချိန်ဆို အကာကွယ်စည်း၏ အနားသို့ရောက်လာသူတိုင်းကို ခံစားသိရှိရသည်။ သူအပြင်ကိုရောက်နေချိန်ဆိုရင်တော့ မတူညီတော့ချေ။ အဲဒီပြနာသာကို တွေးမိပြီးတော့ လုံထန်က ဒီပြနာသာကို ဖြေရှင်းရန်ပြင်ဆင်ထားရှင်းပင်ဖြစ်သည်။
အောင်းယွီရန်လည်း လုံထန်၏ လက်အတွင်းမှ ဘာမှ ထူးရှားမှုမရှိသော အနက်ရောင်သတ္တုတံဆိပ်ပြားကိုယူရင်းဖြင့်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများကလည်း လုံထန်ကို ရှင်းပြစေရန်ဖြင့် ကြည့်လိုက်သည်။
လုံထန်ကသူမ၏ အကြည့်ကို မြင်သည့်နှင့် ချက်ချင်းပင် အနက်ရောင်သတ္တုတံဆိပ်ပြား၏ အလုပ်လုပ်ပုံကို ရှင်းပြလိုက်သည်။
ထိုအခါမှသာ အောင်းယွီရန်တစ်ယောက် သူမ၏ လက်ထဲရှိ ထူးရှားမှုမရှိသော အနက်ရောင်သတ္တုတံဆိပ်ပြားလေး၏ အလုပ်လုပ်ပုံကို သေချာနားလည်သွားခဲ့သည်။