အခန်း (၁၅၂)
Vol. 11 Ch. 152
--------
လုံထန်က အောင်းယွီရန်နှင့် အချိန်အတော်ကြာစကားပြောပြီးနောက် လေ့ကျင့်ရန်ပြန်သွားခဲ့တော့သည်။
နောက်ပိုင်းကျရင် အောင်းယွီရန်ကိုပါ အပြင်းထန်လေ့ကျင့်ခိုင်းရမည်ဟုသူတွေးထားခဲ့သည်။ လောလောဆယ်မှာတော့ သူထိုသို့ပြုလုပ်၍ မရသေးချေ။ သူမရှိသော အချိန်၌ အောင်းယွီရန်၏ စီမံကွက်ကဲမှုကို လိုအပ်နေသေးသည်။
ယခုအချိန်မှ အားလုံးစတင်နေခြင်းဖြစ်သည်။ အရာအားလုံး သူလမ်းကြောင်းနှင့်သူ ဖြစ်သွားပါက အောင်းယွီရန်လည်း ယခုလိုပင်ပန်းတော့မည်မဟုတ်ချေ။
လုံထန်က ကျင့်ကြံမှုခန်းမရောက်ချိန် လေ့ကျင့်မှုကို အပြင်းထန်စတင်ခဲ့ပြန်သည်။
∆∆∆
နောက်တစ်နေ့မနက်၌ အောင်းကျန်းဟန်က အောင်းလန် ၊ အောင်းရွှီရန် နှင့် လုံချီယု ၊ ကျီထန်ပင်းတို့ကို ခေါ်ကာ မိုးပြာနဂါးအင်ပါယာသို့ပြန်သွားကြသည်။
သူတို့က မီးနဂါးအင်ပါယာသို့သွားမည် ခရီး၌ မိုးပြာနဂါးအင်ပါယာ၏ ထိပ်တန်းစစ်တပ် သုံးခုကို အသုံးပြုရန်စီစဉ်ထားသည်။
မိုးပြာနဂါးအင်ပါယာ၏ ထိပ်တန်းစစ်တပ်သုံးခုမှလည်း တီခန်း၊ တွမ်ချင်း ၊ ရမ်ခန်းတို့လိုမျိုး ထိပ်တန်း ဗိုလ်ချုပ်များ ဦးဆောင်သော စစ်တပ်များဖြစ်သည်။
၎င်းတို့က ကပ်ဘေးစစ်တပ် ၊ မိုးကြိုးမုန်တိုင်း စစ်တပ် ၊ မိုးကြိုးဝိညာဉ်စစ်တပ်တို့ဖြစ်ကာ စစ်တပ်သုံးခုပေါင်း၏ အင်အားက တစ်သောင်းရှိသည်။
အောင်းကျန်းဟန်တို့ ထွက်ခွာသွားချိန်၌ အောင်းထန်ရန်တို့က သူတို့၏ အလုပ်ကိုစတင်ခဲ့ကြသည်။
အောင်းထန်းရန်နှင့် အောင်းမင်တို့က လက်သည်းကိုးခုရွှေနဂါး ၊ ရေခဲနဂါး ၊ မိုးပြာနဂါးမျိုးနွယ်တို့၏ ထိပ်တန်း အရာရှိများတစ်ရာ လောက်ကို ဦးဆောင်၍ မြို့တော်တည်ထောင်ရန် စတင်ခဲ့သည်။
သူတို့က မိုးထိတောင်၏ အနီး၌ ရှိနေသော သားရဲများကို အဝေးသို့ မောင်းထုတ်ခဲ့သည်။
မိုးထိတောင်ကို အလယ်ဗဟိုထား၍ မိုင်တစ်ရာ အကွာလောက်ထိကို သားရဲများကို မောင်းထုတ်ခဲ့သည်။
သားရဲအုပ်စုအများပြားမှာလည်း မောင်းထုတ်ခံရ၍ မနေရဲတော့ပဲ ထွက်ခွာပြေးသွားကြကာ ၊ သူတို့က သူတို့ကိုယ်မောင်းထုတ်သော အုပ်စုဘာလုပ်မလည်းဆိုတာကို သိချင်၍ အပြီးတိုင်မပြေးပဲ အကွာဝေးတစ်ခုခြားကာ စောင့်ကြည့်နေခဲ့ကြသည်။
ဟေ့ ~ သူတွေအများကြီးပဲ ဘာလုပ်ကြမယ်လို့ထင်လည်း ။
ဟေ့ဟေ့ ~ သေချာကြည့် ထိပ်ဆုံးကာ ဦးဆောင်လာတဲ့သူနစ်ယောက်ထဲက တစ်ယောက်က ဟိုနေက အဖွဲ့ကို တားစီးခဲ့တဲ့ စွမ်းအားကြီးသူပဲ ။
ဟုတ်တယ် ~ သူတို့ဒီလောက် လူအများကြီးဘာလုပ်ကြမှာလည်း ။ သားရဲများမှ ကြောက်ရွံစိတ်နှင့် စူးစမ်းလိုစိတ်နှစ်ခုလုံးဖြစ်နေပြီးတော့ ၊ ကြောက်ရွံစိတ်ကို စူးစမ်းလိုစိတ်က အောင်နိုင်သွားခဲ့ကာ ၊ ပြန်ထွက်ခွာသွားကြသော် သားရဲများထက် ၊ သိလိုစိတ်နှင့် စူးစမ်းလိုသော သားရဲအများပြားကလည်း ကျန်ရစ်နေခဲ့ကြသည်။
∆∆∆
တစ်ဖက်၌ ။
အောင်းထန်ရန်နှင့် အောင်းမင်တို့က သူတို့ကိုယ်ကြည့်ရူနေသော သားရဲအများပြားကို သူတို့လိုချင်သည့်အကွာဝေးထိသာ မောင်းထုတ်လိုက်ပြီးတော့ ၊သူတို့ကိုယ်လွတ်ထားလိုက်ကာ သူတို့လုပ်စရာရှိသည့်များကိုသာ ဆက်လက်လုပ်ဆောင်နေတော့သည်။
သူတို့က ပထမဆုံးဖြင့် မိုင်တစ်ရာပတ်လည်ကို လေးထောင်ပုံစံဖြင့် ကြီးမားသော တံတိုင်းကြီးဖြင့် လက်သည်းကိုးခုရွှေနဂါးမျိုးနွယ်စု၏ အရာရှိများကို ပြုလုပ်စေသည်။ ၎င်းတို့က မြေဒြပ်စင်စွမ်းအားကို လည်း အသုံးပြုနိုင်ကျသည့်မှို့ ဧရာမကျောက်တုန်းကြီးများကို အလွယ်တကူ ထိန်းချုပ်နိုင်ကြကာ ၊ ဤနေရာ၌ သူတို့က အလွန်အသုံးတဲ့ကြသည်။
သို့သော်လည်း မိုင်တစ်ရာဝန်းကျင့်ကို အကာကွယ် တံတိုင်းခက်သည့်မှို့ အလွယ်တကူနှင့်တော့ မပြီးနိုင်ချေ။ သူတို့က ဧရာမ တံတိုင်းကြီးကို ပြုလုပ် နေသောကြောင့်ပင် ၊ ဤတံတိုင်းများကို ကြည့်ရုံဖြင့် မြို့တော်၏ ခမ်းနားမှုကို မြင်တွေ့နိုင်မည်ဖြစ်သည်။
အောင်းထန်းရန်နှင့် အောင်းမင်က လက်သည်းကိုးခု ရွှေနဂါးမျိုးနွယ်စု၏ ၊ ထိပ်တန်းအရာရှိ အယောက် သုံးဆယ်လောက်ကို အဓိကဂိတ် လေးခုပါသော တံတိုင်းကို ပြုလုပ်ခိုင်းခဲ့သည်။
ရေခဲနဂါးမျိုးနွယ်စုမှ ထိပ်တန်းအရာရှိသုံးဆယ်လောက်ကို တံတိုင်းခက်ထားသော အဓိကြ သောဂိတ်ပေါက်နှင့်မိုးထိတောင်သို့ လမ်းတစ်ခုကိုယ် ပြုလုပ်စေခဲ့သည်။ ၎င်းတို့က သူတို့၏ ရေခဲနဂါးမျိုးနွယ်စု၌ တွေရသော အေးခဲသတ္တုဟုခေါ်သော ကြယ် လေးပွင့်အဆင့်ရှိသော သတ္တုများကို အသုံးပြုကာ လမ်းကိုပြုလုပ်ကြသည်။
မိုးပြာနဂါးမျိုးနွယ်စုမှ သူများကိုတော့ မိုးထိတောင်နှင့် ဆယ်မိုင်ခွာကာ အပိုင်းကိုးခုခွဲကာ ၊ ၎င်းတို့ကို ဆောက်လုပ်စေသည်။ ဤသည့်က မျိုးနွယ်စုများကို မရောထွေးသွားစေပဲ ဖြစ်သည်။
၎င်းတို့က အားလုံးက တက်ညီလက်ညီလုပ်နေကြသော မြင်ကွင်းက ဆန်းကျယ်လှသည်။ ဤမြင်ကွင်းကို သူတို့၏ မျိုးနွယ်စုမှ သူများသာ မြင်တွေခဲ့ရပါက အံဩလွန်း၍ ပါးစပ်အဟောင်းသားဖြစ်ကာ ဘာပြောရမှန်းတောင်သိတော့မည်ဟုတ်ချေ။
ထိုသူများမှာ အလွန်မာနကြီးသောသူများဖြစ်ကြသည်။ သို့သော်လည်း ယခု၌ သူတို့က မခိုကပ်ပဲ ဖြင့် သူတို့၏ လုပ်စရာရှိသည်များကို လုပ်ကိုင်နေကြသည်။
အောင်းထန်ရန်နှင့် အောင်းမင်တို့က ကောင်းကင်ပေါ်၌ ရပ်တန့်က ၎င်း၏ မြင်ကွင်းများကိုကြည့်နေကြသည်။
ငါတို့မိုင်တစ်ရာကို တံတိုင်းခက်လိုက်ပြီးတော့ မျိုးနွယ်စု တစ်စုစီအတွက် ဆယ်မိုင်အကျယ်က လုံလောက်ပါတယ် ။ အောင်းထန်ရန်က ဤလုပ်ဆောင်မှုကို သဘောကျဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ငါတို့အခုမျိုးနွယ်စုသုံးခုပဲရှိတော့ သူတို့ကိုယ်ပိုင် နေရာတွေမှာ သူတို့စိတ်ကြိုက် ပတ်ဝန်းကျင် ၊သူတို့စိတ်ကြိုက်ပုံစံ အဆောက်ဦးတွေကို ဆောက်လုပ်ခိုင်းပြီးတော့ အသုံးပြုစေတာပိုကောင်းမယ် ထင်တယ် ။ မဟုတ်ရင် အဆင်မပြေတာတွေရှိလာလေ့မယ် ။ အောင်းမင်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
အေး ~ အဲတာလည်းဟုတ်တယ် ။ ဒါဆိုရင် အခုမိုးပြာနဂါးမျိုးနွယ်စုက လူတွေလုပ်ဆောင်နေရာက သူတို့ရဲ့ မျိုးနွယ်စု နေရာအဖြစ်ပဲ အသုံးပြုခိုင်းလိုက်တာပေါ့ ။ ကျန်တဲ့ အပိုင်းတွေကို ဒီအတိုင်းထားပြီးတော့ အရှင်မင်းကြီးရဲ့ လက်အောက် ရောက်လာချိန်၌ သူတိုကိုယ်တိုင်စီမံစေတာ ပေါ့ ။ အောင်းထန်းရန်က လည်း အောင်းမင်၏ အကြံကို သဘောတူဟန်ဖြင့် ပြန်၍ ပြောလိုက်သည်။
ဒါဆိုလည်း ~ ငါသွားပြီးတော့ သူတို့ကို သတိပေးလိုက်အုန်းမယ် ။ မင်းအခြားသူတွေကို ဆက်ပြီးစောင့်ကြည့်ထားအုန်း ~ အောင်းထန်ရန်က ပြောပြောဆိုဆိုဖြင့် သူ၏ အရှေ့ရှိလေဟာနယ်ကို ထိူးခွာကာ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
အောင်းထန်ရန်က မိုးပြာနဂါးမျိုးနွယ်စု၏ ထိပ်တန်းအရေးပါသူများစီသို့ရောက်ရှိသွားပြီးနောက် သူက၊ ယခင် အောင်းမင်နှင့် ပြောထားသည့်အတိုင်းပင် အသေးစိတ်ရှင်းပြလိုက်သည်။
မိုးပြာနဂါးမျိုးနွယ်စုမှ ထိပ်တန်းအရေးပါသူများမှာလည်း သူတို့ကိုယ်ပိုင်နေရာဖြစ်သဖြင့် သူတို့နှင့် ကိုက်ညီသော၊ ပတ်ဝန်းကျင့်နှင့် ပုံစံများကို ချက်ချင်းပြင်ဆင်လိုက်သည်။
ထိုအချင်းရာများကိုကြည့်ပြီးနောက် အောင်းကျန်းဟန်က သဘောကျဟန်ဖြင့် ခေါင်းညိတ်ကာ ပျောက်ကွယ်သွားတော့သည်။
∆∆∆
အခြားတစ်ဖက် ။
မိုးထိတောင်နှင့် မိုင်ပေါင်းသန်းချီအကွာတွင်ရှိသော မီးနဂါးအင်ပါယာ၏ အင်ပါယာမြို့တော်အလယ်ဗဟိုရှိ ဧရာမနန်းတော်ကြီး၏ အထဲ၌ မီးနဂါးဧကရာဇ် ဟော်ရိတစ်ယောက် ပေါက်ကွဲနေခဲ့သည်။
တီခန်း ၊ တွမ်ချင်း ၊ ရမ်ခန်းတို့ သတင်းကို မင်းတို့အခုထိမရသေးဘူးလား ။ သူတို့ဘာဖြစ်သွားလည်း မသိသေးဘူးလား ။
သူ၏ ထိပ်တန်းဗိုလ်များနှင့်အဆက်သွယ်ပျက်နေသည့်မှာ ရက်အတော်ပင်ကြာနေသဖြင့် ဧကရာဇ်၏ ဟော်ရိတစ်ယောက် အလွန်ပင် ဒေါသထွက်လျှက်ရှိသည်။
ခန်းမအတွင်းရှိ ကြောက်မက်ဖွယ်ရာအော်ရာများကို ပိုင်ဆိုင်ထားသော သူများရှိသော်လည်း သူတို့က ဧကရာဇ်ဟော်ရိကို မည်သည့်စကားမှ ပြန်မပြောရဲကြချေ။
သတင်းပို့ပါတယ် ။
ထိုသို့ပေါက်ကွဲခါနီး အချိန်သို့ရောက်နေသော နန်းတော်ခန်းမ၏ အပြင်ဘက်၌ အသံတစ်ခုက ရုတ်တရက်ဆိုသလို အချိန်ကိုက်ပေါ်လာခဲ့သည်။
ဧကရာဇ်ဟော်ရိက သူ၏ ပုလ္လင်ထက်၌ ပြန်၍ထိုင်ချလိုက်ကာ ပြောလိုက်သည်။
ဝင်လာခဲ့ ။
သူ၏ စကားဆုံးချိန်၌ အနီရင့်ရောင် ချုပ်ဝတ်ကို ဝတ်ဆင်ထားသော စစ်သည်တစ်ဦးက ဝင်လာခဲ့သည်။
သတင်းပို့ပါတယ် ~ အရှင်မင်းကြီး ။
ဗိုလ်ချုပ် တီခန်း ၊ တွမ်ချင်း ၊ ရမ်ခန်းတို့က မိုးထိတောင်ကို သွားပြီးတော့ တိုက်ခိုက်တဲ့အချိန်မှ တောင်ထိပ်ပေါ်က စွမ်းအားကြီးသူတစ်ယောက်က ပေါ်လာပြီးတော့ သူတို့အားလုံးကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။
စစ်သည်တော်က သူစုံစမ်းထားသော အရာများကို မချွင်းမချန် မီးနဂါးဧကရာဇ် ဟော်ရိကို တင်ပြလိုက်သည်။
ဘုန်း ~။
နန်းတော်ကြီးတစ်ခုလုံးကို တုန်ခါသွားစေကာ ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းအော်ရာထွက်ပေါ်လာချိန်၌ နန်းတော်ခန်းမ၏ အတွင်းရှိသူတိုင်း ကြမ်းပြင်ပေါ်သို့ဒူးထောက်ကျသွားသည်။
သတင်းပို့သူ စစ်သည်တော်လေးမှာလည်း ချွေးအေးများဖြင့်ချွဲစိုသွားခဲ့ကာ ကြမ်းပြင်ထက်သို့ ဝပ်အားမှောက်ဖြင့်လှဲ့ကြသွားခဲ့သည်။
၎င်း၏ ကြောက်မက်ဖွယ်ရာ အော်ရာက ဧကရာဇ်ဟော်ရိ၏ ထံမှထွက်ပေါ်လာခြင်းပင် ။ပုလ္လင်၏ ထက်၌ ထိုင်နေသော ဧကရာဇ်ဟော်ရိက ပေါက်ကွဲခါနီး မီးတောင်ကြီးနှင့်အလားသဏ္ဍန်တူည်သည်။ သူ၏ ပတ်ဝန်းကျင်၌လည်း အလွန်တရာပြင်းထန်သော အပူလှိုင်းများက ထွက်ပေါ်နေသည်။
ဘယ်သူလည်း ~ ဘယ်သူလုပ်တာလည်း ။