← Chapters

မီးနဂါးအင်ပါယာမြို့တော်။

Vol. 11 Ch. 153

မီးနဂါးအင်ပါယာမြို့တော်။

Vol. 11 Ch. 153

-----------

ဘယ်သူလုပ်တာလည်း ~ မိုးပြာနဂါးအင်ပါယာရဲ့ ဟိုအဖိုးကြီးတွေလား ၊ ဧကရာဇ်ဟော်ရိက သူ၏ အော်ရာကို တိုးမြင့်လိုက်ရင်းဖြင့်မေးလိုက်သည်။

သူ၏ အရှေ့၌ စစ်သည်တော်လေးကပြန်လည်ကာ ဒူးထောက်နေပြီး သူ၏ နှတ်ခမ်းထောင့်မှ သွေးများစီးကျနေခဲ့သည်။ သို့သော်လည်း ၎င်းတို့ကို သူမသုတ်ရဲချေ။

တင်ပြပါတယ် ~ အရှင်မင်းကြီး ။

ဒီငယ်သားရဲ့ စုံစမ်းမှုအရ အခုကိစ္စမှာ မိုးပြာနဂါးအင်ပါယာကမဟုတ်ပါဘူး ။ အခြားသူတစ်ယောက်ဖြစ်ပါတယ် ။ စစ်သည်တော်ကလည်းက ချက်ချင်းပင်ပြန်ဖြေလိုက်သည်။

အခြားသူလား ~ ဧကရာဇ်ဟော်ရိက စဉ်းစားဟန်ဖြင့် တွေးလိုက်ရင်း သူ၏ အော်ရာများကို ပြန်လည်ကာ ရုပ်သိမ်းလိုက်သည်။ ထိုအခါမှာသာလျှင် ခန်းမအတွင်းရှိသူတိုင်း အသက်ရူချောင်သွားတော့သည်။

ဒီကိစ္စက ထူးဆန်းလိုက်နေတယ် ~ တီခန်း ၊တွမ်ချင်း ၊ ရမ်ခန်းတို့ကို တိုက်ရိုက်ဖိနှိပ့်ပြီးတော့ အလွယ်တစ်ကူ ဖမ်းဆီးနိုင်ဖို့ဆိုရင် တစ်ဖက်လူက အနည်းဆုံးတော့ သားရဲနတ်ဘုရားဘုံအဆင့်မှ ဖြစ်ရမယ် ။

မဟုတ်ရင် ~ သူတို့ ဖမ်းဆီးမဖြစ်နိုင်ဘူး ။

ဟိုအဖိုးကြီးတွေကလည်း ~ သူတို့ပိုက်နက်ထဲမှာ ဒီလိုအစွမ်းရှိတဲ့သူတစ်ယောက် ရောက်လာရင် သူတို့လွတ်ထားမှာမဟုတ်ဘူး ။ ဧကရာဇ်ဟော်ရိက သူ၏ ပုလ္လင်လက်ရန်းကို လက်ချောင်းများဖြင့် ခေါက်နေရင်းဖြင့် တွေးနေခဲ့သည်။

သွားပြီးဆက် ~စုံစမ်းရေ ။ ငါတစ်ဖက်သူက ဘယ်သူလည်းသိချင်တယ် ။ ပြီးတော့မိုးပြာနဂါး အင်ပါယာရဲ့ အခြေကို စောင့်ကြည့်ထား။

အားလုံးသွားကြတော့ ~ သွားကြတော့ ~ ။

ဧကရာဇ်ဟော်ရိက စိတ်အခြေနေမကောင်းသည့်မှို့ ခန်းမအတွင်းမှ သူတွေအားလုံးကို နှင်ထုတ်လိုက်သည်။

ခန်းမအတွင်းရှိ လူများအားလုံး ဟော်ရိ၏ အမိန့်ရသည့်မှို့ ချက်ချင်းပင် အရိုသေပေးကာ ထွက်ခွာသွားတော့သည်။ မဟုတ်ရင် ဧကရာဇ်ဟော်ရိ၏ စိတ်အခြေနေကြောင့် သူတို့ အသတ်ခံရနိုင်သည်။ သူတို့မတက်သာ၍ သာခန်းမ၏ အတွင်း၌ ရပ်နေကြခြင်းပင် အမိန့်ရချိန်၌တော့ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်။

ဟမ့် ~ စောက်သုံးမကြတဲ့ ကောင်တွေ ဧကရာဇ်ဟော်ရိက ခန်းမအတွင်းမှ ကြောက်လန်နေသော မျက်နှာများဖြင့် ထွက်ခွာသွားသော သူများ၏ နောက်ကျောကို ကြည့်ရင်း ရေရွတ်လိုက်သည်။

သူတို့ရဲ့ စုံစမ်းမှုက သိပ်ပြီးစိတ်မချရနိုင်ဘူး ။ သွားပြီးတော့ စုံစမ်းချေ။ ငါဒီကိစ္စရဲ့ အသေးစိတ်ကို သိချင်တယ် ။ ဧကရာဇ်ဟော်ရိက ပြောလိုက်သည်။

သူ၏ စကားအဆုံး၌ သူ၏ အနောက်ဘက်၌ ရပ်နေသော အနက်ရောင်ဝတ်အမျိုးသမီးနှစ်ဦးက ချက်ချင်းပင် ခန်းမ၏ အတွင်းမှ တစ်ခါမှမရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားခဲ့သည်။

ချီးပဲ ~ မင်းဘယ်သူလည်းတော့ မသိဘူး။ မင်းက ငါရဲ့ ကိစ္စတွေကို ဝင်ရူပ်နေတာပဲ ငါမင်းကို သတ်ပြစ်မယ် ။ ဟော်ရိ၏ မျက်လုံးများသတ်ဖြတ်ချင်စိတ်များဖြင့် ဖြာထွက်လာခဲ့ကာ ရေရွတ်လိုက်သည်။

∆∆∆

ခုနှစ်ရက်ခန့်ကြာပြီးနောက် ။

အခြားတစ်ဖက်ရှိ မိုးထိတောင်၏ တောင်ထိပ်ကမ္ဘာငယ်၏ အတွင်းရှိ ။

ကျင့်ကြံမှုခန်းမ၏ အတွင်း၌ လေ့ကျင့်နေသော လုံထန်ကတော့ သူကိုယ် မီးနဂါးဧကရာဇ်က ကြိမ်းမောင်းနေသည့်ကို မသိချေ။ သူက သိခဲ့ပါလျှင်လည်း ဂရုစိုက်မည်မဟုတ်ချေ။

တော်ဝင်အကြီးကဲ အောင်းကျန်ဟန်လို့ သားရဲနတ်ဘုရားဘုံ နဝမအဆင့်ရှိသူ တစ်ယောက်လုံးကို စေလွတ်ထားရာ မီးနဂါးမျိုးနွယ်စုက သူ၏ လက်မှ ပြေးလွတ်မည်မဟုတ်ချေ။

∆∆∆

လုံထန်ကျင့်ကြံရာ၌ အပြည်ဝ အာရုံစိုက်နေခဲ့သည်။ဤကုန်ဆုံးခဲ့သော အချိန်ခုနှစ်ရက်တာအ တောအတွင်း " ရေလှိုင်းနဂါးလက်ဝါး " ကို အတော်တော်လေး ရင်းနှီးကျွမ်းဝင်လာခဲ့သည်။

ဤအပြင် " ကံကြမ္မာမျက်လုံး " ကျင့်စဉ်ကိုလည်း အချိန်ခနတာခန့်အသုံးပြုနိုင်ခဲ့သည်။ အချိန်ခနတာဆိူသည့်အတိုင်း ဤအရာက သူ၏ အနာဂတ်ကို တစ်စက္ကန်၏လောက်သာဖြစ်သည်။

တစ်စက္ကန့်ထက်ကျော်လွန်သွားရင် သူ၏ မျက်လုံးများက အလွန်မင်းနာကျင်လာမှုကို ခံစားရသည်။ ထိုနာကျင်မှုက သူ၏ မျက်လုံးများကို ပေါက်ကွဲထွက်စေမတက်ပင် ။

လုံထန်က ဤအောင်မြင်ကိုပဲ ကျေနပ်မိသည်။ တိုက်ပွဲအတွင်း စက္ကန်ပိုင်းလေးအပြောင်းလဲကပင် အနိုင်ရူံးကို ဆုံးဖြတ်နိုင်လေသည်။ ဤ" ကံကြမ္မာ " မျက်လုံးက သူတို့တိုက်ပွဲအတွင်း၌ မတူညီသော အရာများကို ဆောင်ကျဉ်းပေးလာမည်ဖြစ်သည်။

လုံထန်က သူ၏ စိတ်အခြေနေက ကောင်းမွန်နေသည့်မှို့ ချက်ချင်းပင်လျှင် " ရေလှိုင်းနဂါးလက်ဝါး" ကို လေ့ကျင်နေတော့သည်။ သူက ကျင့်မှုခန်းမ၏ အတွင်း၌ မည်သည့်စွမ်းအားကိုမှ မသုံးပဲ လေ့ကျင့် နေလိုက်သည်။ စွမ်းအားအနည်းငယ်ကို သုံးကာ လေ့ကျင့် နေလိုက်ဖြင့် ပြုလုပ်နေခဲ့သည်။

∆∆∆

လုံထန် လေ့ကျင့်နေချိန်၌ မိုးထိတောင်၏ အောက်ခြေ ပတ်လည်ရှိ မြို့တော်ကြီးမှာလည်း အောင်းထန်းရန်နှင့် အောင်းမင်တို့၏ ကြီးကြပ်မှုကြောင့် တော်တော်လေးကို ပြီးမြှောက်နေခဲ့ပြီးဖြစ်သည်။

မြို့တော်ပတ်ပတ်လည်၏ အကွာကွယ်တံတိုင်းကြီးမှာလည်း သုံးပုံပုံ ၊ နှစ်ပုံလောက်ပြီးဆုံးသွားပြီးဖြစ်သည်။

တံတိုင်းကြီးများက ၊ မီတာ ထောင်ချီမြင့်ကာ ၊ မီတာတစ်ရာအထူခန့်ရှိသော ဧရာမတံတိုင်းကြီးများဖြစ်သည်။

∆∆∆∆

အချိန်များကအလွန်လျှင်မြန်လှသည်။နောက်ထပ်

ငါးရက်တာ ခန့်ထပ်မံ၍ ကုန်ဆုံးသွားပြန်သည်။

ထိုအချိန်၌ မီးနဂါးအင်ပါယာမြို့တော်နှင့် မိုင်တစ်သောင်းအကွာ၌ ဧရာမစစ်သင်္ဘောကြီး လေးစီးကလျှင်မြန်လှသော အမြန်နူန်းဖြင့် အင်ပါယာမြို့တော်သို့ဦးတည်နေခဲ့သည်။

စစ်သင်္ဘောလေးစင်းအနက် အနည်းငယ်သေးသော်လည်း ခမ်းနားသောအပြင်ဆင်များရှိသော စစ်သင်္ဘော၏ ကုန်းပတ်ပေါ်မှ ပုံရိပ်အချို့ရှိနေခဲ့သည်။။

၎င်းတို့က အောင်းကျန်းဟန်တို့ အုပ်စုသာဖြစ်သည်။

အကြီးကဲ လုံချီယု ၊ မီးနဂါးအင်ပါယာမှာ သားရဲနတ်ဘုရားဘုံအဆင့်ရှိသူ ဘယ်နှစ်ယောက်ရှိလည်း ၊ အောင်းကျန်းဟန်က မေးလိုက်သည်။ မီးနဂါးအင်ပါယာ၏ အကြောင်းကို လုံချီယုနှင့် လုံကျားချီတို့လောက် သိသူရှိမည်မရှိချေ။

မီးနဂါးအင်ပါယာက သားရဲနတ်ဘုရားဘုံလား ၊ လုံချီယုက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

သားရဲနတ်ဘုရားဘုံအဆင့် လေးယောက်လောက်ရှိတယ်။ ဧကရာဇ်ဟောင်းသုံးယောက်နဲ့ လက်ရှိဧကရာဇ်ဟော်ရိတို့ပဲ ၊ လုံချီယုက သူ၏ ပြိုင်ဘက်များအကြောင်းကို သေချာသိလေ့သည်။

သူတို့ကကော ဘယ်လောက်အစွမ်းထက်လည်း ၊ အောင်းကျန်းဟန်က သူ၏ ပြိုင်ဘက်များအကြောင်းဆက်မေးလိုက်သည်။

သူတို့ကလား ~ ဧကရာဇ်ဟောင်းသုံးယောက်ထဲကဟော်ဖုဆိုတဲ့တစ်ယောက်က သားရဲနတ်ဘုရားဘုံ သတ္တမအဆင့်ကိုရောက်နေပြီ။

ကျန်တဲ့နှစ်ယောက်ကတော့ ဟော်ကူနဲ့ ဟော်ပင်းတို့က ၊ ပဉ္စမအဆင့် ထွတ်ထိပ်နဲ့ ၊ ပဉ္စမအဆင့်အလယ်လတ်ပဲ ရှိသေးတယ် ။။

လက်ရှိမီးနဂါးဧကရာဇ်ကတော့ သားရဲနတ်ဘုရားဘုံပထမအဆင့်ရဲ့ အလယ်လတ်မှာပဲ။ လုံချီယုက ပြောလိုက်သည်။

ဟမ့် ~ ဒါဆိုသူတို့က အတော်လေးအားကောင်းတာပဲ ။ သူတို့မှာအဲလို ခွန့်အားတွေရှိတာတောင် မိုးပြာနဂါးအင်ပါယာနဲ့ စစ်ဖြစ်နေချိန်မှာဘာလို့ အလုံးအရင်းဝင်မတိုက်တာလည်း ။ အောင်းကျန်းဟန်ကလည်း မသိရပဲ မနေနိုင်၍မေးလိုက်သည်။ ယခင်လိုဆို သူမေးမည်မဟုတ်သော်လည်း ၊ ယခုက သူတို့အားလုံးက တစ်လှေထဲစီးသူတွေဖြစ်နေချေပြီ ဖြစ်သည်။

သူတို့ကြောက်နေလို့ပါ~ လုံချီယုက ပြောလိုက်သည်။

ကျုပ်တို့မိုးပြာနဂါးအင်ပါယာမှာက ၊ ကျုပ်ရယ်၊

ကျားချီရယ်အပြင် ၊ လုံယု ဆိုတဲ့ ကျုပ်တို့ထက်ပါရမီပိုပါပြီး အလားလာကောင်းတဲ့ မျိုးဆက်တစ်ယောက်ရှိသေးတယ် ။သူကဟော်ဖုနဲ့တိုက်ခိုက်ပြီးတော့ ဟော်ဖုကိုအနိုင်ရခဲ့ပေမဲ့ ၊သူလည်းဒဏ်ရာပြင်းထန်စွာရခဲ့တယ်လေ ။ သူကဒဏ်ရာကိုကုသရင်း အဆင့်တက်နိုင်အောင်ကြိုးစားဖို့ဆိုပြီး ကျင့်ကြံဖို့ထွက်ခွာသွားတာ ပြန်မရောက်သေးဘူး ။

အဲဒီဟော်ဖုတို့က တိုက်ခိုက်ချင်ရင်တောင်မှာ မတိုက်ခိုက်ရဲပဲ စောင့်ကြည့်နေကြတာ။သူတို့တိုက်ခိုက်ပြီးလို့ လုံယုအဆင့်တက်ပြီးလို့ပြန်ရောက်လာချိန် သူတို့က လုံယုရဲ့ ဒေါသကို ကြောက်နေလို့ပဲ ။

လုံချီယုက လုံယုအကြောင်းပြောချိန်၌ သူ၏ မျက်ဝန်းများနှင့် စကားလုံးများက ဂုဏ်ယူလို့မှုအပြည့်ပင် ဖြစ်နေခဲ့သည်။

အောင်းကျန်းဟန်လည်း လုံချီယု၏ စကားများထဲမှ ထိုခံစားချက်များကို ခံစားမိသည်။

နောက်ထပ်အရာတွေသူဆက်မေးချင်သော်လည်း ၊ ဆက်မမေးတော့ သူတို့နှင့် နီးကပ်လာသော မီးနဂါးအင်ပါယာ မြို့တော်ကြီးကို ကြည့်လိုက်သည်။

All Chapters