← Chapters

ဟော်ဖု၏ အဆင့်တက်မှု ။

Vol. 11 Ch. 154

ဟော်ဖု၏ အဆင့်တက်မှု ။

Vol. 11 Ch. 154

--------

အောင်းကျန်းဟန်တို့အုပ်စု မီးနဂါးအင်ပါယာမြို့တော်နှင့်မိုင်ခုနှစ်ထောင်အကွာသို့ရောက်ချိန်၌ မီးနဂါးအင်ပါယာမြို့တော်၏ အတွင်းကျဆုံးအပိုင်းမှ အလွန်ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခုက ဖြာထွက်လာခဲ့သည်။ ၎င်း၏ စွမ်းအင်လှိုင်းများက အလွန်ပူပြင်းသော အပူလှိုင်းများဖြစ်ကာ ကောင်းကင်ယံကိုပင် အနီရောင်ရောင်ပြောင်းစေမတက်ပင်။

ဘုန်း ~ ။

၎င်း၏စွမ်းအင်က မိုင်ဆယ်ချီသောအကျယ်ရှိသော မီးနဂါးအင်ပါယာမြို့တော်ကြီးကိုပင် တုန်ခါနေသယောင် ။

ဟမ့် ~ တစ်ယောက်ယောက်အဆင့်တက်နေတာပဲ ၊ အောင်းကျန်းဟန်က မီးနဂါးအင်ပါယာရှိရာထံသို့ကြည့်လိုက်ရင်းဖြင့် ရေရွတ်လိုက်သည်။

စစ်သင်္ဘော၏ကုန်းပတ်အပေါ်မှ အခြားသော သားရဲနတ်ဘုရားအဆင့်ရှိသောများလည်း ကောင်းကင်နဲ့မြေပြင်ကြား ချီစွမ်းအင်လှိုင်းများ လှုပ်ခက်မှုကို ခံစားရသည်။

နောက်ဆုံးတော့အဲဒီအဘိုးကြီးအဆင့်တက်သွားပြီထင်တယ်။ လုံချီယုက မီးနဂါးအင်ပါယာမြို့တော်သို့ကြည့်ရင်းဖြင့် စိတ်အခြေနေမကောင်းဟန်ဖြင့် ရေရွတ်လိုက်သည်။ သူတို့က မျိုးဆက်တူဖြစ်ကြသော်လည်း သူ၏ကျင့်ကြံမှုက ငယ်ရွယ်စဉ်၌ အခြားရွယ်တူများထက်ခေါင်းတစ်လုံးအမြဲသာသောအခြေနေဖြစ်သည်။ သို့သော်လည်း သူ၏ ကျင့်ကြံမှုကအခြေနေတစ်ခုကြောင့် တစ်ဆို့နေပြီးတော့ သားရဲနတ်ဘုရားဘုံ ပဉ္စမအဆင့်၏ အထွတ်ထိပ်၌ ရပ်တန့်သွားခဲ့ကာ အခြားသူများထက် နောက်ကျနေခဲ့သည်။

ယခုမှ သူကလုံထန်ပေးသော ဆေးလုံးများကြောင့် သူ၏ အဆင့်ပိတ်ဆို့နေမှုကိုဖြေရှင်းကာ အဆင့်တက်နိုင်ခဲ့သော်လည်း ၊ နတ်ဘုရားသားရဲဘုံ ဆဠမအဆင့်၏ အဆင့်နိမ့်တွင်သာရှိသေးသည်။

သို့သော်လည်း လုံချီယုက ကြောက်နေသည့်တော့မဟုတ်ချေ။ သူက ကမ္ဘာ၏အတွင်းသို့ရောက်ချိန်က လုံထန်က နည်းစနစ်နှစ်ခုနှင့် ကောင်းကင်အဆင့်လက်နက်တစ်ခုကို ရွှေးချယ်ခိုင်းခဲ့သည်။

ဤအတွက်ကြောင့် သူသာကောင်းကင်လက်နက်ကို အသုံးပြုပါကာ သာမာန် သားရဲနတ်ဘုရားဘုံ အဠမဆင့်၏ အဆင့်နိမ့်အဆင့်ကို မရူံးနိမ့်ပဲ တိုက်ခိုက်နိုင်မည်ဟု သူကိုယ်သူယုံကြည့်ချက်ရှိသည်။

∆∆∆

ဘုန်း ~ ။

မီးနဂါးအင်ပါယာ၏ မြို့တော်အတွင်းမှ မီးတိုင်လုံးကြီးတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။

ထိုမီးတိုင်လုံးကြီး၏ နောက်၌ ကျယ်လှောင်သော ရီမောသံကြီးထွက်ပေါ်လာခဲ့သည်။ ၎င်းရီမောသံနှင့်အတူတူ အသက်ငါးဆယ်အရွယ်ခန့်ရှိသော အနီရောင်မီးများ တောက်လောင် နေသကဲ့သို့သော ဝတ်စုံကို ဝတ်ဆင်ထားသော အသက်လတ်ပိုင်း လူတစ်ယောက်က ကောင်းကင်ယံ၌ ပေါ်ထွက်လာခဲ့သည်။

ဟားဟား ~ နောက်ဆုံးတော့ ။ ငါအဆင့်တက်သွားပြီ ။ ဟားဟား ~ လုံယု ခွေးကောင် မင်းကို သတ်ပြစ်မယ်ကွ ။

ဟားဟား ~ ဟားဟား ။

ဟမ့် ~ ဧည့်သည်တွေရောက်လာတာလား ။ ဟော်ဖုက ယခင်က သူပျော်ရွှင်နေသောကြောင့်သတိမထားမိချေ။

သူ၏ အကြည့်က အောင်းကျန်းဟန်တို့ရှိရာသို့ကြည့်လိုက်သည်။

ဘိုးဘေး ~ အဆင့်တက်သွားတာ ဂုဏ်ပြုပါတယ် ။

ဟော်ကူ ၊ ဟော်ပင်းနှင့် လက်ရှိမီးနဂါးဧကရာဇ် ဟော်ရိတို့ ရောက်ရှိလာခဲ့ကာ သူတို့က ဟော်ဖုကို ဂုဏ်ပြုစကားဆိုလိုက်သည်။

အင်း ~ ဟော်ဖုကာ ခေါင်းကိုတစ်ချက်ညိတ်ပြလိုက်ပြီးနောက် သူက သူတို့ရှိရာသို့ လာနေသောမိုင်ငါးထောင်အကွာသို့ ရောက်နေသော စစ်သင်္ဘောသုံးစီးကို ကြည့်လိုက်သည်။

သူသေချာအာရုံစိုက်ကြည့်လိုက်ချိန်၌ လာနေသော စစ်သင်္ဘောများကို သူမြင်တွေ့ဖူးနေခဲ့သည်။

ဒါက ~ ဟော်ဖုက သူ၏ ခေါင်းကို လျှင်မြန်စွာ အလုပ်ပေးလိုက်ပြီးနောက်တွင် အဖြေကို ရှာတွေ့သွားခဲ့သည်။

သေစမ်း ~ သောက်ခွေးကောင်တွေ အရမ်းသတ္တိကောင်းနေတာပဲ သူတို့က ငါတို့နယ်မြေထဲကို တောင် ဒီလိုလာတိုက်ရဲတယ်ပေါ့ ။ ဟော်ဖုကကျိမ် ဆဲလိုက်သည်။

သွားကြစို့ ~ မိတ်ဆွေဟောင်းကြီးတွေ ကို သွားတွေရအောင် ဟော်ဖုက သူ၏ နောက်တွင်ရပ်နေသော ဟော်ကူတို့ အုပ်စုကို ပြောလိုက်သည်။

သူတို့အုပ်စုက ရပ်နေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ကာ မီးနဂါးအင်ပါယာမြို့တော်၏ မိုင်တစ်ထောင်အကွာသို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။

ထိုနေရာမှ နေ၍ စစ်သင်္ဘောများနီးကပ်လာချိန်ကို စောင့်နေခဲ့သည်။

မိုးပြာနဂါးတွေ အရမ်းသတ္တိရှိနေတာပဲ ၊ သူတို့က ဒီလိုတောင် စစ်ပွဲဆင်နွဲ့ဖို့ သတ္တိကောင်းအောင်ဘယ်သူက ပေးထားတာလည်းမသိဘူး ။ ဟော်ကူက အထင်သေးဟန်ဖြင့် လှောင်ပြောင်လိုက်သည်။

သူတို့က မိုးပြာနဂါးအင်ပါယာနှင့် ယခင်ထဲက ခွန့်အားချင်းက မတိမ်းမယိမ်းပင် ၊ ယခုနှစ်များ၌ မိုးပြာနဂါးတွေ၏ ခွန့်အားက ကျဆင်းလာခဲ့သည်။ သို့သော်လည်း မီးနဂါးတွေရဲ့ ခွန့်အားကတော့ အလွန်ပင်တိုးပွားလာလျက်ရှိသည်။

ဤအတွက်ကြောင့်ပင် သူတို့က စစ်ပွဲဆင်နွဲ့ရန် စိတ်အားထက်သန်နေခြင်းပင်။ ယခု သူတို့၏ ဘိုးဘေးဖြစ်သူ ဟော်ဖုက အဆင့်တက်သွားသည့်အခါ သူတို့၏ ယုံကြည့်မှုများက တစ်ရာရာခိုင်နူန်းကိုပင် ကျော်လွန်သွားခဲ့သည်။

သူတို့ရောက်လာမှတော့ ~ ငါတို့သွားစရာမလိုအပ်တော့ အဆင်ပြေတာပေါ့ ။ ဟော်ပင်းက လည်း ဟော်ကူ၏ အတိုင်းပင် လှောင်ပြောင်လိုက်သည်။

ရီအာ ~ သွာပြီးတော့ ~ စစ်တပ်ကိုအသင့်ပြင်ထားလိုက် ။ ဟော်ပင်းက သူ၏ ဘေးရှိ ဟော်ရိကို ပြောလိုက်သည်။

ကောင်းပါပြီ ~ ဟော်ရိက ချက်ချင်းပင် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့တော့သည်။

∆∆∆

တစ်ဖက်၌ ။

စစ်သင်္ဘော၏ ကုန်းပတ်၌ ရပ်နေသော အောင်းကျန်းဟန်နှင့် အခြားသူများကလည်း သူတို့ အရှေ့၌ ရှိနေသော သူများကို တွေရသည်။

ငါတို့အလာကို စီးကြို နေမှတော့ ~ သွားတွေ့တာပေါ့ ။ အောင်းကျန်းဟန်က ရီမောကာပြောလိုက်သည်။

ရွီရန် ~ နင်ရဲ့ ကောင်းကင်လက်နက်အသစ်လေးကို စမ်းကြည့်ချင်နေတာမလား ၊ သားရဲနတ်ဘုရားဘုံ အဠမအဆင့်ရဲ့ အဆင့်နိမ့်က သင့်တော်တယ်နော် ။ အောင်းကျန်းဟန်က သူ၏ဘေးရှိ လှပသော အမျိုးသမီးကိုပြောလိုက်သည်။

မင်းတို့လည်း စမ်းကြည့်ချင်နေကြတာမလား ၊ သူ၏ ဘေး၌ ရပ်နေသော လုံချီယု၊ ကျီထန်ပင်းတို့ကို အောင်းကျန်းဟန်က ပြုံးကာမေးလိုက်သည်။

ဒါဆိုလည်း မင်းတို့ပဲ ~ ကြို့ဆိုနေတဲ့ သူတွေကိုသွားတွေသင့်တယ် ။

ဒါဆိုလည်း ~ ကျုပ်တို့သွားနှင့်မယ် ၊ လုံချီယုနှင့် ကျီထန်ပင်းက တိုက်ခိုက်လိုစိတ်များထွက်ပေါ်လာခဲ့ကာ သူတို့ရှိနေရာမှပျောက်ကွယ်သွားတော့သည်။

ဒါဆိုရင် ~ ငါလည်းသွားတော့နှင်မယ် ။ အောင်းရွှီရန်က လည်း သူမ၏ ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။

အောင်းကျန်းဟန်က သူတို့ထွက်ခွာသွားသည့်ကိုကြည့်၍ ခေါင်းခါရမ်းလိုက်သည်။ လက်ရှိ ဤနေရာတွင် သူက စွမ်းအားအမြင့်ဆုံးဖြစ်၍ သူကိုယ်တိုင်လှုပ်ရှားရလောက်အောင် စွမ်းအားကြီးသူမရှိချေ။

တစ်ဖက်က အမြင့်ဆုံး သားရဲနတ်ဘုရားဘုံ အဠမအဆင့်သာဖြစ်သည်။ အောင်းရွှီရန်တစ်ယောက် ကိုင်တွယ်နိုင်ပေသည်။ သူမက သတ္တမအဆင့်၏ အထွတ်ထိပ်သာဖြစ်သော်လည်း ကောင်းကင်လက်နက်၏ အကူညီနှင့် အလွယ်တစ်ကူတိုက်နိုင်သင့်သည်။

တစ်ဖက်ကလည်း ကောင်းကင်လက်နက်အသုံးပြုခဲ့ရင်တော့ သူလည်း ဝင်ပါမယ့်ဖြစ်သည်။

ငါတို့ ဒီကနေပဲ ရပ်စောင့်တာပေါ့ ။စစ်သင်္ဘောတွေကို ရပ်လိုက် ။ အောင်းကျန်းဟန်၏ စကားသံက စစ်သင်္ဘောသုံးခုကိုပျံနှံသွားခဲ့ကာ စစ်သင်္ဘောသုံးခုက ချက်ချင်းပင် တစ်ဖက်ရှိ ဟော်ဖုတို့ရပ်နေသော နေရာနှင့် မိုင်နှစ်ထောင်အကွာလောက်၌ ရပ်တန့်သွားတော့သည်။

သားရဲနတ်ဘုရားဘုံအဆင့် ရှိသူများ၏ တိုက်ပွဲကသာမာန် အဆင့်ရှိသော သူများ ဝင်ရောက်နိုင်သော အဆင့်မျိုးမဟုတ်ချေ။ ဤအတွက်ကြောင့် အောင်းကျန်းဟန်က အကွာဝေးတစ်ခုခြားကာ မိုးပြာနဂါးမျိုးနွယ်၏ စစ်သည်များအန္တာရာယ်ကင်းစေရန် ခြားထားလိုက်ခြင်းပင်ဖြစ်သည်။

အောင်းကျန်းဟန်က ထိုနေရာမှ နေ၍ အဝေးဆီမှာ အခြေနေကို စောင့်ကြည့်နေခြင်းဖြစ်ကာ ဤအကွာဝေးက သူအချိန်မရွှေးဝင်၍ ကူညီနိုင်သော အကွာဝေးပင် ဖြစ်သည်။

All Chapters