← Chapters

အခန်း (၈၉၉)

Vol. 65 Ch. 899

အခန်း (၈၉၉)

Vol. 65 Ch. 899

“ကျန်းယွမ်ဘုရားကျောင်း၊ ဟားဟား”

ကျန်ကျန့်က အဝေးတစ်နေရာတွင် ပျံသန်းလာသော အလင်းတန်းသုံးခုကို ကြည့်လိုက်ပြီး ရယ်သည်။

“မင်းတို့ နားမလည်ပါဘူး။ ယွင်လန်ဓားအင်မော်တယ်က ကျန်းယွမ်ဘုရားကျောင်းကို အလေးအနက်မထားဘူး”

အထွတ်အထိပ်ကောင်းကင်အဆင့်သို့ ရောက်ရှိမည်ဟု ပြောခဲ့သော ကျွမ်းကျင်သူတစ်ယောက်က အင်မော်တယ်ကမ္ဘာ၏ အင်အားစုများကို အလေးအနက်ထားမည်မဟုတ်ပေ။

ယွင်လန်အင်မော်တယ်၏ ရည်ရွယ်ချက်က နတ်ဘုရားလောက၏ အထွတ်အထိပ်ကောင်းကင်အဆင့် ဖြစ်သည်။

“ဟမ့်၊ မင်းတို့တွေ ဘယ်ကိုပဲသွားသွား သေရမှာပဲ”

“လေပြင်းဓားပြဆိုတဲ့နာမည်ကို ဘယ်သူမှ သတိရမှာမဟုတ်ဘူး”

အေးစက်နေသောအသံကို ကြားလိုက်ရသည်။

အင်မော်တယ်အလင်းသုံးခုက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားဖြင့်‌ လေဆင်နှာမောင်းတစ်ခုကို ဖန်တီးပြီး စစ်တပ်စုစည်းထားသောနေရာကို တိုက်ခိုက်လိုက်သည်။

လေဆင်နှာမောင်း၏စွမ်းအားက အလွန်အားကောင်းသောကြောင့် ဓားပြစစ်တပ်က တုန်ခါသွားသည်။

ထိုအချိန်တွင် ကျန်ကျန့်ကပင် လက်ထဲတွင်ရှိသော လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်မိသည်။

မိုင်တစ်ထောင်အကွာမှ မရေမတွက်နိုင်သော နတ်အာရုံများ ပေါ်ထွက်လာကြသည်။

ယနေ့တွင် သူတို့က ခါးသီးအင်မော်တယ်နယ်မြေအား နှစ်ပေါင်းမရေမတွက်နိုင်အောင် လွှမ်းမိုးထားသော အင်အားစုတစ်ခု၏ ပျက်စီးခြင်းကို မြင်ရနိုင်သည်။

“ငါ မြို့သခင်က အမြဲတမ်း ကတိတည်တယ်”

ထိုအချိန်တွင် အသံတစ်သံကို ကြားလိုက်ရသည်။

ယွင်လန်ဓားအင်မော်တယ် ....

ယွင်လန်မြို့သခင် ....

ယွင်လန်မြို့က လေပြင်းဓားပြများကို လက်ခံရန် ဆန္ဒရှိသည်။

“ပြိုင်ဘက်ကင်းဟန်၊ မင်းက ငါတို့ ကျန်းယွမ်ဘုရားကျောင်းနဲ့ ရန်သူဖြစ်ချင်တာလား”

“ဟမ့်၊ မင်းက တကယ်မောက်မာတာပဲ။ တိမ်မြူတာအိုဂိုဏ်းရဲ့နယ်မြေထဲကနေ ထွက်ပြေးနိုင်တာနဲ့ပဲ ငါတို့ကျန်းယွမ်ဘုရားကျောင်းကို စိန်ခေါ်နိုင်မယ်လို့ ထင်နေတာလား”

“တုံးအလိုက်တာ”

အသံသုံးသံ ပေါ်ထွက်လာသည်။ လေဆင်နှာမောင်းက ရပ်တန့်မသွားပဲ ဓားပြစစ်တပ်၏ဝင်္ကပါကို တိုက်ခိုက်သည်။

ကျန်းယွမ်ဘုရားကျောင်းက နောက်ဆုတ်သွားမည်မဟုတ်ပေ။

ယွင်လန်မြို့သခင်က ကတိစကားကို ထိန်းသိမ်းပြီး လေပြင်းဓားပြများကို လက်ခံလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

‘မြို့ထဲမှာရှိနေတဲ့ အင်မော်တယ်ကျင့်ကြံသူတွေကရော ဒီဆုံးဖြတ်ချက်ကို လက်ခံကြလား’

ယွင်လန်မြို့တွင် မရေမတွက်နိုင်သောလူများက ခေါင်းမော့ကြည့်လိုက်ကြသည်။

လူအများ၏ မျက်နှာထားက ရှုပ်ထွေးနေကြသည်။

ယွင်လန်မြို့က ခွန်အားကောင်းပြီး တာအိုဂိုဏ်းနှင့် ယှဉ်ပြိုင်နိုင်သောကြောင့် သူတို့က ပျော်ရွှင်နေကြသည်။

သို့သော် ယွင်လန်ဓားအင်မော်တယ်က ရှုံးနိမ့်ခဲ့လျှင် မည်သို့ ဖြစ်သွားမည်နည်း။

“မြို့သခင်က ပတ်ဝန်းကျင်မှာရှိတဲ့ ဓားကျင့်ကြံသူတွေကို စိန်ခေါ်ပြီး ယွင်လန်မြို့ကို အုတ်မြစ်ချပေးခဲ့တယ်”

“အခု မြို့သခင်က ဘယ်အထိ သွားနိုင်မလဲ”

ဟန်မူယဲ့၏ဘေးတွင် ရပ်နေသော ဇောင်ပိုင်ချွမ်က အပြုံးတစ်ခုနှင့်အတူ ပြောသည်။

မြို့ထဲတွင် ဟန်မူယဲ့နှင့် ရင်းနှီးသောလူများက စိတ်အေးလက်အေး ဖြစ်နေကြသည်။

ယွင်လန်ဓားအင်မော်တယ်က သူတို့ကို ဘယ်သောအခါမှ စိတ်မပျက်စေခဲ့ပေ။

ယခင်က ယွင်လန်မြို့အတွက် မြို့သခင်က ဓားတစ်လက်ဖြင့် တိုက်ခိုက်ပေးခဲ့သည်။ ယနေ့တွင်လည်း ဓားတစ်လက်ကို အသုံးပြု၍ ယွင်လန်မြို့ကို ဂုဏ်တက်စေလိမ့်မည်။

“ယွင်လန်ဓားအင်မော်တယ်က လောင်းကြေးထပ်နေတာပဲ”

အဝေးတစ်နေရာတွင် လူတစ်ယောက်က တီးတိုးပြောလိုက်သည်။

“ဟုတ်တယ်။ သူက တာအိုအင်အားစုရဲ့ သဘောထားအပေါ်မှာ လောင်းကြေးထပ်နေတယ်”

“ကျန်းယွမ်ဘုရားကျောင်းရဲ့ ရွှေအင်မော်တယ် ပေါ်မလာခဲ့ရင် သူက အနိုင်ရလိမ့်မယ်”

လူတစ်ယောက်က တောက်ပနေသောမျက်လုံးများဖြင့် ယွင်လန်မြို့ကို လှမ်းကြည့်သည်။

ယနေ့ပွဲတွင် ယွင်လန်ဓားအင်မော်တယ်က အနိုင်ရခဲ့လျှင် လေပြင်းဓားပြများကို သိမ်းသွင်းနိုင်ရုံသာမက ခွန်အားကိုလည်း ထုတ်ပြနိုင်လိမ့်မည်။

ထိုသို့ဆိုလျှင် ယွင်လန်မြို့နှင့် ယှဉ်နိုင်သော မြို့ကြီးများသည် တောရိုင်းမြေတွင် လက်တစ်ဆုပ်စာခန့်သာ ရှိနေလိမ့်မည်။

ယွင်လန်မြို့ အနိုင်ရသွားလျှင် ယွင်ထန့်တောရိုင်းမြေ၏ မရေမတွက်နိုင်သော ကျင့်ကြံသူများက ယွင်လန်မြို့သို့ ရောက်လာကြလိမ့်မည်။

ယနေ့တွင် ယွင်လန်ဓားအင်မော်တယ်က လေပြင်းဓားပြများအတွက် ရပ်တည်ပေးခဲ့လျှင် အနာဂတ်တွင် သူတို့အတွက်လည်း ရပ်တည်ပေးလိမ့်မည်။

ဤတိုက်ပွဲတွင် ယွင်လန်မြို့က အနိုင်ရသွားခဲ့လျှင် ယွင်လန်မြို့သားများ၏ နှလုံးသားက ညီညွတ်သွားလိမ့်မည်။

“ဟားဟား၊ ဒီနေ့ကစပြီး လေပြင်းဓားပြဆိုတာ မရှိတော့ဘူး။ လေပြင်းအစောင့်တပ်ပဲ ဖြစ်လာလိမ့်မယ်”

“ယွင်လန်မြို့ရဲ့ လေပြင်းအစောင့်တပ်”

ကျန်ကျန့်က ကျယ်လောင်စွာရယ်လိုက်ပြီး လှံရှည်ကိုမြှောက်၍ လေဆင်နှာမောင်းကို ညွှန်ပြသည်။

“တိုက်ခိုက်မယ် ....”

“တိုက်ခိုက်မယ် ....”

မရေမတွက်နိုင်သောအသံများ ပေါ်ထွက်လာပြီး လေပြင်းဓားပြများ၏ ဝင်္ကပါက ချက်ချင်းအသက်ဝင်လာသည်။ များပြားလှသော ကျားနက်များက လေဆင်နှာမောင်းဆီသို့ တိုးဝင်သွားကြသည်။

သူတို့က ထွက်ပြေးနေရသောကြောင့် တိုက်ခိုက်နိုင်စွမ်းမရှိဟု မပြောနိုင်ပေ။

ယခုအချိန်တွင် သူတို့က ယွင်လန်မြို့ကို နောက်ခံအဖြစ် ရလိုက်သောကြောင့် ပြန်လည်တိုက်ခိုက်ရဲသည်။

အကယ်၍ ယွင်လန်မြို့ကို ခွန်အားမပြနိုင်လျှင် လက်အောက်ခံအဖြစ်နေထိုင်ရန် ရှက်ရွံ့နေရလိမ့်မည်။

‘ငါတို့က အကာအကွယ်ယူဖို့ပဲရောက်လာတဲ့ အသုံးမကျတဲ့လူတွေ မဟုတ်ဘူး’

လေပြင်းဓားပြများက ထိုအခြေအနေအထိ ကျဆင်းမသွားသေးပေ။

“သတ်”

ကျန်ကျန့်က ကောင်းကင်ထက်သို့ ပျံတက်သွားပြီး လေဟာနယ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်၏ အငွေ့အသက်ကို ထုတ်ဖော်သည်။

လေပြင်းဓားပြများတွင် ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ မရှိကြတော့ပေ။ လေဟာနယ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများသည် ခါးသီးအင်မော်တယ်နယ်မြေတွင် ကျဆုံးသွားကြသည်။

သို့သော် လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတော့ ကျန်နေသေးသည်။

“ဘုန်း”

ဝင်္ကပါ၏စွမ်းအားက လေဆင်နှာမောင်းနှင့် ထိတွေ့သွားသည်။

လေဆင်နှာမောင်း၏အထက်တွင် မျက်နှာထားမှုန်မှိုင်းနေသော တာအိုတန်ခိုးရှင်သုံးယောက်က အစွမ်းကုန်သုံး၍ တိုက်ခိုက်နေရသည်။

လေပြင်းဓားပြများက တိုက်ခိုက်နိုင်စွမ်းရှိသည်။

ယွင်လန်ဓားအင်မော်တယ်က လှုပ်ရှားရန် မလိုအပ်ခဲ့ပေ။

အခြေအနေက ထိုသို့ပင် ဖြစ်သည်။

ယွင်လန်ဓားအင်မော်တယ်က လေပြင်းဓားပြများနှင့် သဘောတူညီချက်တစ်ခု လုပ်ထားသည်ဟု ထင်ရသည်။

‘ယွင်လန်ဓားအင်မော်တယ်က တကယ်ပဲ လေပြင်းဓားပြတွေနဲ့ သဘောတူညီချက်လုပ်ထားပြီး မိစ္ဆာအနှစ်သာရဂိုဏ်းကို ဖျက်ဆီးပစ်လိုက်တာလား’

“အရင်တုန်းက မိစ္ဆာအနှစ်သာရဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ယွင်လန်ဓားအင်မော်တယ်က သတ်ပစ်လိုက်တာမဟုတ်လား”

“ဟုတ်တယ်။ ကျန်းယွမ်ဘုရားကျောင်းက ယွင်လန်ဓားအင်မော်တယ်ကို ပြဿနာမရှာခဲ့ဘူး”

ထိုအချိန်တွင် လူတစ်ယောက်က အဖြစ်အပျက်များကို မှတ်မိသွားသည်။

ယနေ့တွင်ဖြစ်ပွား‌နေသော တိုက်ပွဲသည် လေပြင်းဓားပြများနှင့်သာ သက်ဆိုင်ပြီး ယွင်လန်မြို့နှင့် မသက်ဆိုင်ဟု ထင်ရသည်။

ယခင်က အဖြစ်အပျက်များကိုသာ ပြန်မတွေးမိလျှင် ဖြောင့်မတ်သော ယွင်လန်ဓားအင်မော်တယ်က မိစ္ဆာအနှစ်သာရဂိုဏ်းကို အကွက်ချခဲ့လိမ့်မည်ဟု မခန့်မှန်းမိနိုင်ပေ။

“ဘုန်း”

စစ်တပ်ဝင်္ကပါက လေဆင်နှာမောင်းကို ဖျက်ဆီးပစ်လိုက်သည်။ တာအိုတန်ခိုးရှင်သုံးယောက်က လေထုထဲတွင် ပေါ်လာသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူသုံးယောက်က လေပြင်းဓားပြများကို မဖိနှိပ်နိုင်ခဲ့ပေ။

ယခုအချိန်တွင် လေပြင်းဓားပြများကို မဖျက်ဆီးနိုင်လျှင် အနာဂတ်တွင် ယွင်လန်မြို့နှင့် ရင်ဆိုင်ရလိမ့်မည်။

“ယွင်လန်ဓားအင်မော်တယ်၊ မင်းက ငါတို့ ကျန်းယွမ်ဘုရားကျောင်းနဲ့ တကယ်ပဲ ရန်သူဖြစ်ချင်တာလား”

ခေါင်းဆောင်တာအိုတန်ခိုးရှင် ယွင်လန်မြို့ကို ကြည့်လိုက်ပြီး အော်ပြောသည်။

ယနေ့တွင် ကျန်းယွမ်ဘုရားကျောင်းက ယွင်လန်မြို့၌ မျက်နှာပျက်ခဲ့ရသည်။

သို့သော် သူတို့က ကြားညပ်နေပြီး နောက်ဆုတ်ရန် မဖြစ်နိုင်ပေ။

“ကျန်းယွမ်ဘုရားကျောင်းနဲ့ ရန်သူဖြစ်ချင်တာတဲ့လား”

ဟန်မူယဲ့က လေပြင်းဓားပြများ၏ ဝင်္ကပါရှေ့တွင် ပေါ်လာသည်။

“မြို့သခင်ကို နှုတ်ဆက်ပါတယ်”

ကျန်ကျန့်က အော်ဟစ်လိုက်သည်။

“မြို့သခင်ကို နှုတ်ဆက်ပါတယ်”

“မြို့သခင်ကို နှုတ်ဆက်ပါတယ်”

လေပြင်းဓားပြများ၏အသံက မိုင်ထောင်ချီအကွာအထိ ပျံ့နှံ့သွားပြီး ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသည်။

ယွင်လန်မြို့၏ အပြင်ဘက်တွင် အဆုံးမရှိသောစွမ်းအားများ လှုပ်ရှားလာကြသည်။

လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ဟန်မူယဲ့က အဖြူရောင်ဝတ်စုံကို ဝတ်ပြီး ဆံပင်ရှည်များကို ရွှေရောင်သရဖူတစ်ခုဖြင့် စည်းနှောင်ထားသည်။ သူ့နောက်ကျောတွင် ဓားအိမ်တစ်ခုရှိနေပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသည်။

“သူတို့တွေ ဆက်ပြီး မတိုက်နိုင်တော့ဘူး”

လူတစ်ယောက်က လေထုထဲတွင်ရှိနေသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ယွင်လန်ဓားအင်မော်ဆိုတဲ့ နာမည်က ကျန်းယွမ်ဘုရားကျောင်းရဲ့ ကျင့်ကြံသူတွေကို ခြောက်လှန့်နိုင်တယ်”

ယွင်လန်ဓားအင်မော်တယ် ပေါ်လာသောကြောင့် ကျန်းယွမ်ဘုရားကျောင်းက နောက်ဆုတ်ပေးရလိမ့်မည်။

လူများ၏ မျက်လုံးများက တောက်ပလာကြသည်။

ယနေ့တွင် သူတို့က လေပြင်းဓားပြများ၏ ပျက်ဆီးမှုကို မြင်ရလိမ့်မည်ဟု ထင်ထားသော်လည်း ယွင်လန်မြို့၏ ထင်ပေါ်ခြင်းကို မြင်လိုက်ရသည်။

ယွင်လန်မြို့က ကျန်းယွမ်ဘုရားကျောင်းကို လှေကားထစ်အဖြစ် အသုံးချပြီး ယွင်ထန့်တောရိုင်းမြေ၏ ထိပ်တန်းအဆင့်မြို့ကြီးအဖြစ် ရပ်တည်တော့မည်။

“ကောင်းတယ်။ ယွင်လန်ဓားအင်မော်တယ်၊ မင်းစောင့်နေလိုက်”

ရှေ့ဆုံးတွင်ရပ်နေသော ကျန်းယွမ်ဘုရားကျောင်း၏ တာအိုတန်ခိုးရှင်က အင်္ကျီလက်ကို ခါယမ်းပြီး နောက်ဆုတ်သွားသည်။

ယနေ့အခြေအနေအရ ကျန်းယွမ်ဘုရားကျောင်းနှင့် ယွင်လန်မြို့က တိုက်ခိုက်မည်မဟုတ်ပေ။

တာအိုအင်အားစုက အမြဲတမ်း သတိထားသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့သော လေဟာနယ်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများက ယုံကြည်ချက်မရှိပဲ လှုပ်ရှားမည်မဟုတ်ပေ။

သူတို့က ကြိုတင်စီစဉ်မှုမရှိသော တိုက်ပွဲတစ်ခုကို မတိုက်ခိုက်လိုကြပေ။

ကျန်းယွမ်ဘုရားကျောင်းက နောက်ဆုတ်ရန် ရွေးချယ်ခဲ့သည်။

လူတိုင်းက လေထုထဲတွင်ရပ်နေသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“မြို့သခင်က ခွန်အားကြီးတယ်”

ကျန်ကျန့်က ကျယ်လောင်စွာရယ်လိုက်ပြီး လက်မြှောက်သည်။

“မြို့သခင်က ခွန်အားကြီးတယ်”

လေပြင်းဓားပြများက အော်ဟစ်လိုက်ကြသည်။

“မြို့သခင်က ခွန်အားကြီးတယ်”

ယွင်လန်မြို့တွင်ရှိသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများက အော်ဟစ်လိုက်ကြသည်။

ယွင်လန်ဓားအင်မော်တယ်က ကျန်းယွမ်ဘုရားကျောင်း၏ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူသုံးဦးကို ခြောက်လှန့်ပြီး ခါးသီးအင်မော်တယ်နယ်မြေ၏ ဓားပြအင်အားစုသုံးခုထဲမှ တစ်ခုဖြစ်သော လေပြင်းဓားပြများကို သိမ်းသွင်းခဲ့သည်။

ယနေ့တွင် ယွင်လန်ဓားအင်မော်တယ်၏ နာမည်က ယွင်ထန့်တောရိုင်းမြေတွင် ထပ်မံပျံ့နှံ့လာလိမ့်မည်။

ယနေ့ဖြစ်ရပ်သည် ယခင်တိုက်ပွဲများနှင့် ကွာခြားသည်။ ယွင်လန်ဓားအင်မော်တယ်က ဓားထုတ်ရန်မလိုပဲ ကျန်းယွမ်ဘုရားကျောင်းကို ဖိနှိပ်နိုင်ခဲ့သည်။

ထိုခွန်အားမျိုးသည် ယွင်လန်မြို့နှင့် သက်ဆိုင်နေသည်။

မရေမတွက်နိုင်သော လူများက ဟန်မူယဲ့ကို စိတ်အားထက်သန်စွာ ကြည့်လိုက်ကြသည်။

ဟန်မူယဲ့က ခေါင်းခါပြီး ရှေ့သို့ကြည့်သည်။ သူက ညင်သာစွာပြောသည်။

“အကြီးအကဲ ဝိညာဉ်ဓားရွှေအင်မော်တယ်။ ကျန်းယွမ်ဘုရားကျောင်းရဲ့ နံပတ်တစ်ဓားသမားတစ်ယောက်အနေနဲ့ ဒီနေ့မှာ ဓားချက်ကို ထုတ်မသုံးရင် ကျွန်တော်က စိတ်ပျက်ရလိမ့်မယ်”

ဝိညာဉ်ဓားရွှေအင်မော်တယ် ....

ကျန်းယွမ်ဘုရားကျောင်း၏ နံပတ်တစ်ဓားကျင့်ကြံသူ ....

ဟန်မူယဲ့၏အသံ ပေါ်ထွက်လာသည်။

ပတ်ဝန်းကျင်က ချက်ချင်းတိတ်ဆိတ်သွားသည်။

ယွင်လန်မြို့သို့ ယခုလေးတင် ဝင်ရောက်လာသော လေပြင်းဓားပြများ၊ ယွင်လန်မြို့တွင်ရှိနေသော ကျင့်ကြံသူများ၊ ယွင်လန်မြို့ မြင့်မားလာရန် မျှော်လင့်နေသောလူများ၊ အဝေးတစ်နေရာတွင် မကောင်းသောရည်ရွယ်ချက်ဖြင့် စောင့်ကြည့်နေသောလူများ အားလုံးက အံ့အားသင့်သွားကြသည်။

ယွင်လန်ဓားအင်မော်တယ်က ကျန်းယွမ်ဘုရားကျောင်း၏ နံပတ်တစ်ဓားကျင့်ကြံသူ ဝိညာဉ်ဓားရွှေအင်မော်တယ်ကို စိန်ခေါ်နေသည်။

ဝိညာဉ်ဓားရွှေအင်မော်တယ်သည် ဓားတာအိုမှတစ်ဆင့် ရွှေအင်မော်တယ်ဖြစ်လာသော တာအိုအင်အားစု၏ ရှားပါးကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ သူက အင်မော်တယ်ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး ဖူယွီအင်မော်တယ်ကမ္ဘာကို လွှမ်းမိုးနိုင်သည်။

သူက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ မရေမတွက်နိုင်သောကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခြင်းမရှိခဲ့ပေ။

ဝိညာဉ်ဓားရွှေအင်မော်တယ်က ဤနှစ်များတွင် သီးသန့်ကျင့်ကြံမနေလျှင် ကျန်းယွမ်ဘုရားကျောင်း၏ ဂုဏ်သတင်းက ပိုမိုမြင့်မားနေလိမ့်မည်။

ဝိညာဉ်ဓားရွှေအင်မော်တယ်က တောရိုင်းမြေတွင်မရှိသောကြောင့် မိစ္ဆာအနှစ်သာရဂိုဏ်းက ဤနှစ်များတွင် ငြိမ်သက်နေခဲ့သည်။

“ယွင်လန်ဓားအင်မော်တယ်က ရူးနေတာလား”

အဝေးတစ်နေရာ၌ တိမ်တိုက်ပေါ်တွင်ရှိနေသော တာအိုတန်ခိုးရှင်တစ်ယောက်က ညင်သာစွာပြောလိုက်သည်။ သူက လက်များကို အင်္ကျီလက်ထဲသို့ ထည့်ထားသော်လည်း တုန်ခါနေသောလက်မောင်းများကို မဖုံးကွယ်နိုင်ခဲ့ပေ။

“ဓားရူးတွေ။ ဓားကျင့်ကြံသူတွေအားလုံးက ရူးနေကြတာပဲ”

သူ့ဘေးတွင်ရှိသော လူအိုကြီးတစ်ယောက်က ‌ခေါင်းခါလိုက်ပြီး လှောင်ပြောင်းသည်။

“ဒါပေမဲ့ ဒီလိုရူးသွပ်မှုမျိုးကတော့ ရှားပါးတယ်”

All Chapters