← Chapters

အခန်း (၉၀၀)

Vol. 65 Ch. 900

အခန်း (၉၀၀)

Vol. 65 Ch. 900

ဓားကျင့်ကြံသူများက ရူးသွပ်ကြသော်လည်း ကိုယ့်ကိုယ်ကိုယ် မေ့မသွားကြသေးပေ။

ကောင်းကင်အင်‌မော်တယ်အဆင့်သို့ ဝင်ရောက်ခါစဖြစ်ပြီး ကိုယ်ပိုင်ကမ္ဘာငယ်ကိုပင် မဖွဲ့စည်းရသေးသော လူတစ်ယောက်က ရွှေအင်မော်တယ်ကို စိန်ခေါ်နေသည်။

ထိုအရာသည် သတ္တိမဟုတ်ပေ။

မောက်မာခြင်း ဖြစ်သည်။

“ဟားဟား၊ ယွင်လန်ဓားအင်မော်တယ်က တာအိုဂိုဏ်းရဲ့တိုက်ခိုက်မှုကို ခံနေရတဲ့အချိန်မှာ ရွှေအင်မော်တယ်ရှုမင်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်”

“အဲဒီဓားချက်ကြောင့် သူက မောက်မာနေတာလား”

လူတစ်ယောက်က ခေါင်းခါလိုက်ပြီး ခပ်ဟဟရယ်သည်။

ယွင်လန်ဓားအင်မော်တယ်က ထိုဓားချက်ကြောင့် နာမည်ကြီးလာခဲ့သည်။

သို့သော် ရွှေအင်မော်တယ်ရှုမင်က ယွင်လန်ဓားအင်မော်တယ်၏ အကြီးအကဲတစ်ယောက်ဖြစ်ပြီး ထိုဓားချက်နှင့်ပတ်သတ်၍ တစ်ခုခု မှားယွင်းနေနိုင်သည်။

“သူက ရွှေအင်မော်တယ်ကို တိုက်ရိုက်စိန်ခေါ်ခဲ့တယ်။ ငါမျှော်လင့် .... လာနေပြီဟ”

‘လာနေပြီ ....’

ကျန်းယွမ်ဘုရားကျောင်း၏ ရွှေအင်မော်တယ်က ဓားတစ်လက်ကို ပစ်လွှတ်လိုက်သည်။

ကောင်းကင်ထက်တွင် ဓားအလင်းတစ်ခုသည် တိမ်တိုက်များကို ထိုးခွဲသွားသည်။ ရွှေရောင်ဓားအလင်းသည် ကောင်းကင်ကို နှစ်ပိုင်းခွဲလိုက်ပုံပေါ်သည်။

စကားတစ်ခွန်းမှ မပြောပဲ ဓားတစ်လက်ဖြင့် တုံ့ပြန်ခဲ့သည်။

ထိုဓားသည် ကောင်းကင်နှင့်မြေကြီးအား ဖျက်ဆီးပစ်နိုင်သောစွမ်းအားကို သယ်ဆောင်ထားပြီး အဝေးတစ်နေရာမှ ရောက်လာခဲ့သည်။ ဓားအလင်းက တောက်ပနေပြီး အေးစက်မှုကို သယ်ဆောင်ထားသည်။

ဓားသည် လူသတ်လက်နက် ဖြစ်သည်။

ဓားသည် သတ်ဖြတ်ရန်အတွက် ရောက်လာခဲ့သည်။

ထိုဓားက ယွင်လန်ဓားအင်မော်တယ်ကို သတ်ဖြတ်လိမ့်မည်။

မိုင်ထောင်ချီအကွာအဝေးကို ကျော်ဖြတ်လာသောဓားသည် ယွင်လန်မြို့တွင်ရှိသော လူတိုင်းကို တုန်ခါသွားစေပြီး ဖိနှိပ်လိုက်သည်။

ယွင်လန်မြို့နှင့် မိုင်တစ်ထောင်ပတ်ဝန်းကျင်တွင် တိမ်တိုက်များက ပြိုပျက်သွားကြသည်။ လေပြင်းများလည်း တိုက်ခတ်လာသည်။

ထိုဓားသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို သယ်ဆောင်ထားပြီး တာအိုဂိုဏ်း၏ အင်အားကို ပြသနေသည်။

ထိုဓားချက်ကို မတားဆီးနိုင်လျှင် ယွင်လန်ဓားအင်မော်တယ်က သေချာပေါက် သေဆုံးသွားလိမ့်မည်။

ထိုဓားကို မတားဆီးနိုင်လျှင် ယွင်လန်မြို့က တစ်ခါတည်း ပျက်စီးသွားလိမ့်မည်။

ထိုဓားကို မတားဆီးနိုင်လျှင် တာအိုအင်အားစုက ဓားဂိုဏ်းကို အသာစီးရသွားလိမ့်မည်။

“ဒီအခြေအနေအထိ ရောက်လာပြီလား ....”

ဆံပင်ဖြူနေသော တာအိုတန်ခိုးရှင်တစ်ယောက်က တစ်ကိုယ်လုံးတုန်ခါနေပြီး ရေရွတ်လိုက်သည်။

“ဓားကျင့်ကြံခြင်းက ဒီလိုမျိုး ကြမ်းတမ်းတာပဲ ....”

နောက်ကျောတွင် ဓားတစ်လက်လွယ်ထားသော လူငယ်တစ်ယောက်က ကျဆင်းလာသောဓားချက်ကို ကြည့်လိုက်ပြီး လက်သီးဆုပ်ထားသည်။ သူ့ပခုံးများက အလိုလျောက် တုန်ခါနေကြသည်။

မည်သို့ပင်ဖြစ်စေ ယွင်လန်ဓားအင်မော်တယ်က ထိုဓားချက်ကို မတားဆီးနိုင်လျှင် အရာအားလုံး အဆုံးသတ်သွားလိမ့်မည်။

“ရွှေအင်မော်တယ်တစ်ပါးရဲ့ဓား”

ဟန်မူယဲ့က ဓားအလင်းကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။

သူက ထိုဓားချက်ကို စောင့်နေခဲ့သည်။

သူက မောက်မာစွာ စိန်ခေါ်လိုက်သည်ဟု တခြားလူများက ထင်နေလိမ့်မည်။

သို့သော် ထိုဓားသည် မနေ့က ဖြစ်ပေါ်လာခဲ့သည်။

ထိုဓားက သူ့ဝိညာဉ်ကို ပစ်မှတ်ထားခဲ့သည်။

ထိုဓားသည် ဗလာနယ်မြေတွင် စုစည်းပြီး လေဟာနယ်ကို ဖြတ်သန်းလာခဲ့သည်။

ရွှေအင်မော်တယ်က ကိုယ်ပိုင်ကမ္ဘာထဲမှတစ်ဆင့် ဓားဖြင့် ခုတ်ချလိုက်သည်။ ထိုဓားချက်က သူ၏ဝိညာဉ်ကို ဖြတ်တောက်ရန် ရည်ရွယ်ပြီး ရုပ်ခန္ဓာကို ဖျက်ဆီးပစ်လိမ့်မည်။

ထိုဓားချက်ကို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။

တိုက်ပွဲနှင့် ရင်ဆိုင်ရလိမ့်မည်။

ရှောင်တိမ်းရန် မဖြစ်နိုင်သောကြောင့် ပွင့်လင်းစွာ ရင်ဆိုင်လိုက်လျှင် ပိုကောင်းသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ကိုးထပ်ဓားမျှော်စင်ကို ထုတ်ဖော်သည်။

ယနေ့တွင် သူက ဓားဂိုဏ်းကို ကိုယ်စားပြုသည်။

ဤတိုက်ပွဲတွင် သူက မည်သည့်အရာကိုမှ မဖုံးကွယ်နိုင်တော့ပေ။

ပါ့ရှား၏ သွေးမျိုးဆက်စွမ်းအားမှလွဲ၍ သူက အစွမ်းကုန်ထုတ်သုံးမည်။

ကိုးထပ်ဓားမျှော်စင် ....

အဆုံးမရှိသော ဓားအလင်း ....

ခွေသားရဲ၏ သွေးမျိုးဆက် ....

ဓားတစ်သောင်းတို့ အိမ်အပြန် ....

လေပြင်းဓားပြများ၏ ဝင်္ကပါသည် အနက်ရောင်ဓားအလင်းကို ဖွဲ့စည်းပြီး ကိုးထပ်ဓားမျှော်စင်နှင့် ပေါင်းစပ်သွားသည်။

ယွင်လန်မြို့၏ ဝင်္ကပါသည် အသက်ဝင်လာပြီး အစိမ်းရောင်ဓားအလင်းအဖြစ် ပြောင်းလဲ၍ ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။

ကောင်းကင်ထက်တွင်ရှိသော နတ်ဘုရားအမည်စာရင်း၏ ရွှေရောင်ဝိညာဉ်စွမ်းအားသည် ရွှေရောင်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ဟန်မူယဲ့၏ ခေါင်းပေါ်တွင် အင်မော်တယ်ကျင့်ကြံခြင်းကြောင့် ဖြစ်ပေါ်လာသော ဒုတိယမြောက် မူလဝိညာဉ်ဓား ပေါ်ထွက်လာသည်။

‘တိုက်ခိုက်မယ်’

တိုက်ခိုင်ခြင်းဆန္ဒ လှုပ်ရှားလာသည်။

ထောင်ချီသော ဓားအလင်းများက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

သတ်ဖြတ်ခြင်းဆန္ဒ စုစည်းလာသည်။

သူ၏ ချီစွမ်းအင်၊ သွေးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်သည် ဓားတစ်လက်အဖြစ် စုစည်းသွားသည်။

ဓားရှည်သည် ကောင်းကင်ကို ထိုးခွဲလာသော ဓားအလင်းနှင့် တိုက်ရိုက်ရင်ဆိုင်သည်။

သူက ရွှေအင်မော်တယ်တစ်ပါးနှင့် ရင်ဆိုင်ရာတွင် ဓားကိုအသုံးပြု၍ ပြန်လည်တိုက်ခိုက်ခဲ့သည်။

သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် သေဆုံးသွားလျှင်ပင် ဓားထုတ်၍ သေမည်။

ထိုဓားချက်၏ ရလဒ်သည် ယွင်လန်မြို့၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးလိမ့်မည်။

ရန်ပွဲများအားလုံးသည် အဆုံးတွင် သေခြင်းရှင်ခြင်းနှင့် သက်ဆိုင်နေသည်။

“တိုက်”

ဒေါသတကြီးအော်ဟစ်သံကို ကြားလိုက်ရသည်။

“တိုက် ....”

မရေမတွက်နိုင်သော အသံများက ယွင်လန်မြို့တွင် ပဲ့တင်ထပ်သွားသည်။

ရှင်သန်ရန်အတွက် တိုက်ခိုက်ခြင်း ....

ဟန်မူယဲ့က ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသော်လည်း အသိစိတ်က ကြည်လင်နေသည်။

သူက လက်ထဲတွင်ရှိသော ဓားနှင့် အသက်စွန့်၍ မတိုက်ခိုက်ခဲ့ရသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သည်။

ထိုဓားသည် သူ၏ဘဝ ဖြစ်သည်။

ထိုအချိန်တွင် သူ့ဓားက အစိမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။

တုံ့ဆိုင်းခြင်းမရှိသော ရှင်သန်ခြင်းအတွက် တိုက်ခိုက်မည့်ဓား ဖြစ်သည်။

“ခလွမ် ....”

ဓားနှစ်လက်သည် ကြွပ်ဆပ်သောအသံနှင့် ထိတွေ့သွားသည်။

ဓားအလင်းများ၏ ထိတွေ့မှုသည် တိမ်တိုက်များကို လှိုင်းထသွားစေသည်။ လေပြင်းများက ဝဲကတော့များအဖြစ် ပြောင်းလဲသွားကြသည်။

ကောင်းကင်အင်မော်တယ်အဆင့်၏ အောက်တွင်ရှိသော လူများက တည်ငြိမ်စွာ မရပ်နိုင်ကြတော့ပေ။

ကောင်းကင်အင်မော်တယ်များ အားလုံးက ရင်တုန်သွားပြီး မျက်နှာဖြူဖျော့နေကြသည်။

ဓားနှစ်လက်၏ ထိတွေ့မှုသည် ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ၏စွမ်းအားကဲ့သို့ ခမ်းနားမှုမရှိပေ။

သို့သော် ဓားချက်ထဲတွင် ပါဝင်နေသော သတ်ဖြတ်ခြင်းဆန္ဒနှင့် ဝိညာဉ်စွမ်းအားသည် ကောင်းကင်အင်‌မော်တယ်အဆင့်ထက် ကျော်လွန်နေသည်။

ရွှေအင်မော်တယ်နှစ်ပါး၏ တိုက်ခိုက်မှု ဖြစ်သည်။

ဝိညာဉ်ဓားရွှေအင်မော်တယ်သည် ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ သို့သော် ကောင်းကင်အင်မော်တယ်အဆင့်သို့ ဝင်ရောက်ခါစဖြစ်သော ယွင်လန်ဓားအင်မော်တယ်က ရွှေအင်မော်တယ်နှင့် ယှဉ်နိုင်နေသည်။

သူက ရွှေအင်မော်တယ်ကို တိုက်ရိုက်စိန်ခေါ်ခဲ့သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

“ဘုန်း”

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားသည် လှိုင်းအဖြစ် အသွင်ပြောင်းသွားပြီး နေရာအနှံ့သို့ ဖြာထွက်လာသည်။

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ဓားကိုင်ထားပြီး ပြန်ပေါ်လာသည်။

“အကြီးအကဲဝိညာဉ်ဓား၊ ဒီဓားချက်က ဘယ်လိုနေလဲ”

‘ဓားချက်က ဘယ်လိုနေလဲ ....”

ထိုအရာသည် ရန်စခြင်းဖြစ်သည်။

ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ လေပြင်းများ၏အသံကိုသာ ကြားရသည်။

ယွင်လန်ဓားအင်မော်တယ်က ဝိညာဉ်ဓားရွှေအင်မော်တယ်၏ ဓားချက်တစ်ချက်ကို ခုခံနိုင်ခဲ့သည်။ သို့သော် ဒုတိယမြောက်ဓားချက်၊ တတိယမြောက်ဓားချက်များကို မည်သို့ ခုခံမည်နည်း။

မဖြစ်နိုင်ပေ။

သို့သော် ဓားအလင်းသည် လေထုထဲတွင် ထပ်ပေါ်မလာတော့ပေ။

“ကောင်လေး၊ ငါက မင်းကို သင်္ချိုင်းအင်မော်တယ်မြို့မှာ စောင့်နေမယ်”

သာမန်ဆန်သောအသံကို ကြားလိုက်ရသည်။

သင်္ချိုင်းအင်မော်တယ်မြို့တော် ....

ဖူယွီအင်မော်တယ်ကမ္ဘာ၏ အန္တရာယ်နယ်မြေ သုံးခုထဲမှတစ်ခု ဖြစ်သည်။

ဝိညာဉ်ဓားရွှေအင်မော်တယ်က သင်္ချိုင်းအင်မော်တယ်မြို့တော်မှ တိုက်ခိုက်လိုက်သည်။

ထိုနည်းလမ်းမျိုးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

“ကောင်းပြီ”

ဟန်မူယဲ့က ကျယ်လောင်စွာပြောလိုက်သည်။

ကောင်းကင်တွင် ပြည့်နှက်နေသော ဓားအလင်းက ပျောက်ကွယ်သွားသည်။ ကျန်းယွမ်ဘုရားကျောင်း၏ လေဟာနယ်သန့်စင်ခြင်းအဆင့် အင်မော်တယ်သုံးပါးက နောက်ဆုတ်သွားကြသည်။ လေပြင်းဓားပြများက ယွင်လန်မြို့သို့ ဝင်ရောက်လာသည်။

အရာအားလုံးက တိတ်ဆိတ်သွားပြီး ပတ်ဝန်းကျင်က တည်ငြိမ်နေသည်။

သို့သော် အားလုံး ပြောင်းလဲသွားသည်။

“ယွင်လန်ဓားအင်မော်တယ်က ဓားတစ်ချက်ကို ခုခံနိုင်ခဲ့တဲ့အတွက် ဝိညာဉ်ဓားရွှေအင်မော်တယ်က နောက်ထပ်ဓားချက်တွေကို ထုတ်သုံးတော့မှာမဟုတ်ဘူး”

ဟန်မူယဲ့ ပျောက်ကွယ်သွားသောအခါတွင် မုတ်ဆိတ်ဖြူလူအိုကြီးတစ်ယောက်၏ မျက်လုံးများက တောက်ပလာသည်။

“တာအိုအင်အားစုက အရှက်မရှိဘူးဆိုပေမဲ့ ဓားဂိုဏ်းကို လွယ်လွယ်လေး အနိုင်ကျင့်လို့မရဘူး”

လူအိုကြီး၏ဘေးတွင်ရှိနေသော သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ဓားဂိုဏ်းရဲ့ ရွှေအင်မော်တယ်က ယွင်လန်မြို့မှာ ရောက်နေလောက်ပြီ”

လူတစ်ယောက်က ယွင်လန်မြို့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

အမှန်ပင်ဖြစ်သည်။ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ရွှေအင်မော်တယ်တစ်ပါး ရောက်လာခဲ့သည်။

ယွင်လန်မြို့၊ မြို့သခင်ခြံဝိုင်း၏ ခန်းဆောင်တွင်ဖြစ်သည်။

ဇောင်ပိုင်ချွမ်နှင့် တခြားလူများက အသက်ပြင်းပြင်းမရှူရဲဘဲ ခေါင်းငုံ့ထားကြသည်။

ဟန်မူယဲ့က ရှေ့ဆုံးတွင်ရပ်နေသည်။ ထိုင်ခုံပေါ်တွင် အစိမ်းရောင်ဝတ်စုံနှင့် အစိမ်းရောင်ဓားတစ်လက်ကို ခါးတွင် ချိတ်ဆွဲထားသော အသက်လေးဆယ်အရွယ် ကျင့်ကြံသူတစ်ယောက် ထိုင်နေသည်။

ထိုကျင့်ကြံသူက ဟန်မူယဲ့ကို တည်ငြိမ်စွာကြည့်လိုက်သည်။

“မင်းက သတိထားပြီး ဆောင်ရွက်တတ်တယ်လို့ အကြီးအကဲရှုမင်က ပြောခဲ့တယ်”

“ဒါက သတိထားပြီး ‌ဆောင်ရွက်တတ်တယ်ဆိုတာလား”

ထိုကျင့်ကြံသူက ဓားရိုးပေါ်တွင် လက်တင်ထားပြီး တည်ငြိမ်စွာပြောလိုက်သည်။

“ဓားကျင့်ကြံသူတစ်ယောက်က လက်ထဲမှာရှိတဲ့ဓားကိုပဲ ဂရုစိုက်ဖို့လိုတယ်။ တခြားအရာတွေကို သတိထားနေဖို့မလိုပါဘူး”

ဟန်မူယဲ့က ကျယ်လောင်စွာပြောလိုက်သည်။

ဇောင်ပိုင်ချွမ်နှင့် တခြားလူများက မနေနိုင်တော့ပဲ နှုတ်ခမ်းများ တွန့်သွားကြသည်။

‘ရွှေအင်မော်တယ်ရဲ့ရှေ့မှာ နည်းနည်းလောက် ယဉ်ကျေးပေးလို့မရဘူးလား’

ဟန်မူယဲ့က ပွင့်လင်းစွာပြောလိမ့်မည်ဟု ဓားဂိုဏ်း၏ ရွှေအင်မော်တယ်က မျှော်လင့်ထားပုံမရပေ။ သူက ဟန်မူယဲ့ကို စိုက်ကြည့်ပြီး နှာမှုတ်လိုက်သည်။

“ပြဿနာကောင်ပဲ”

သူ့စကားသံက အနည်းငယ်နူးညံ့သွားသည်။

“ဘယ်လိုပဲဖြစ်ဖြစ် မင်းက ဓားဂိုဏ်းကို သိက္ခာမကျစေခဲ့ဘူး”

“ဟိုမျိုးမစစ်တွေထက် ပိုကောင်းတယ်”

“ဂိုဏ်းတူအစ်ကိုရှုမင်ကလည်း အတူတူပဲ။ မင်းက တာအိုဂိုဏ်းရဲ့ လိုက်ဖမ်းတာကို ခံနေရတဲ့အချိန်မှာ ဒုက္ခခံမနေဘဲ အဲဒီကောင်စုယွင်ကျီကို တစ်ခါတည်းခုတ်သတ်ပစ်လိုက်တာ ပိုကောင်းတယ်”

“မင်းရဲ့ဓားချက်က အထင်ကြီးဖို့ကောင်းတယ်။ ငါက ဝိညာဉ်ဓားကို သိတယ်။ သူက လှုပ်ရှားတဲ့အချိန်မှာ အလျော့ပေးတာမျိုး မရှိဘူး”

“ဒါနဲ့ မင်းက ချီစွမ်းအင်၊ ဝိညာဉ်စွမ်းအင်နဲ့ သွေးစွမ်းအင်ကို ဘယ်လိုပေါင်းစပ်လိုက်တာလဲ။ ဓားဂိုဏ်းရဲ့ မျိုးဆက်သစ်တွေထဲမှာ အဲဒီလိုမျိုးလုပ်နိုင်တာ သိပ်မရှိဘူး”

All Chapters