အခန်း (၉၀၂)
Vol. 65 Ch. 902
ဟန်မူယဲ့က ခန်းဆောင်ထဲမှ ထွက်မသွားပဲ ထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
ဓားအလင်းများသည် သူ့ပတ်ဝန်းကျင်တွင် ရစ်ဝဲနေကြသည်။
လီယွင်ကန်းနှင့် တိုက်ခိုက်ပြီး သူက မည်သည့်အရာကိုမှ မရခဲ့ပေ။
သို့သော် ဝိညာဉ်ဓားရွှေအင်မော်တယ်နှင့် တိုက်ခိုက်ပြီး ဉာဏ်အလင်းတချို့ ရခဲ့သည်။
သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်ပြီး စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။
တိမ်တိုက်များ စုစည်းပြီး ပျောက်ကွယ်သွားသည်။ ဓားအလင်းက လောကကို ထိုးခွဲသွားသည်။ ဝိညာဉ်ဓားရွှေအင်မော်တယ်၏ ဓားချက်က သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။
ဓားက ဖြည်းဖြည်းချင်း ပြိုကွဲသွားပြီး ဓားအလင်းတိုင်းသည် သူ့စိတ်ထဲတွင် ရပ်တန့်နေကြသည်။
ဟန်မူယဲ့၏ ဝိညာဉ်ပုံရိပ်က ဓားတစ်လက်ကို ကိုင်ဆောင်လျက် ပေါ်လာသည်။ သူ၏ ဓားပုံရိပ်က ဓားအလင်းများကို ထိုးခွဲသွားသည်။
“ဘုန်း”
အသက်ရှူကြိမ်သုံးခါအကြာတွင် သူ့ပုံရိပ်က ပေါက်ကွဲသွားသည်။
“ဓားချက် ၃၈,၀၀၀ အပြီးမှာ ငါက ရှုံးနိမ့်သွားတယ်”
ဟန်မူယဲ့က ညင်သာစွာရေရွတ်လိုက်ပြီး မျက်လုံးမှိတ်သည်။
မြို့စောင့်ဝင်္ကပါကြောင့် အင်မော်တယ်ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များသည် သူ့ပတ်ဝန်းကျင်တွင် စုစည်းလာကြသည်။
သူက မြို့သခင်ဖြစ်သောကြောင့် ယွင်လန်တစ်မြို့လုံး၏ အင်မော်တယ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်ကို စုစည်းနိုင်သည်။
ထိုစွမ်းအားကို ရွှေအင်မော်တယ်များကပင် တက်မက်ကြသည်။
ဟန်မူယဲ့က ထိုသို့ဖြစ်လာရန်အတွက် ယွင်ထန့်တောရိုင်းမြေတွင် ကြိုးစားခဲ့ရသည်။
တောရိုင်းမြေတစ်ခုလုံးတွင် ထိုသို့ စွမ်းအင်စုစည်းနိုင်သော မြို့ကြီးများ အနည်းငယ်သာ ရှိကြသည်။
သို့သော် ထိုမြို့များသည် စွမ်းအင်ကို လူတစ်ယောက်တည်းအပေါ်တွင် စုစည်းမပေးနိုင်ကြပေ။
ဟန်မူယဲ့က စုစည်းလာသော စွမ်းအားများကို ခံစားကြည့်လိုက်ပြီး နားလည်သွားသည်။
သူရဲကောင်းများသည် ကပ်ဘေးတွင် ပေါ်ထွက်လာကြသည်။
သူရဲကောင်းနှင့် ကပ်ဘေးသည် ခွဲခြားမရနိုင်ပေ။
သူက ယွင်ထန့်တောရိုင်းမြေနှင့် ခါးသီးအင်မော်တယ်နယ်မြေ၏ အပြောင်းအလဲများအပေါ်တွင် မှီခို၍ ယွင်လန်မြို့၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ခဲ့သည်။
ထိုအခွင့်အရေးမျိုးကို တခြားနေရာတွင် ရှာဖွေရန် မဖြစ်နိုင်ပေ။
သူက အခွင့်အရေးကို ပိုင်ဆိုင်ထားသောကြောင့် သေချာပေါက် ရယူရမည်။
ကျင့်ကြံခြင်းလောကတွင် အခွင့်အရေးများ သိပ်မရှိပေ။
ဟန်မူယဲ့က မျက်လုံးမှိတ်ထားပြီး စိတ်ထဲတွင် ဓားအလင်းကို ထပ်မံထုတ်ဖော်သည်။
သူ့ပုံရိပ်က ဓားရှည်ကိုင်ထားပြီး လှုပ်ရှားလိုက်သည်။
“ဓားချက် ၄၃,၀၀၀ အပြီးမှာ ငါက ရှုံးနိမ့်သွားတယ်”
“နောက်တစ်ကြိမ် ထပ်လုပ်မယ်”
....
ဟန်မူယဲ့က ခန်းဆောင်ထဲတွင် တစ်လတိတိ ကျင့်ကြံနေခဲ့သည်။
ထိုတစ်လအတွင်း၌ ကျန်းထျန်းခန်းဆောင်သခင် လီယွင်ကန်းက သူ့ဆီသို့ ဆယ်ကြိမ်တိတိ လာရောက်ခဲ့သည်။
သူက ပြောင်းလဲမှုမရှိသော ဝင်္ကပါအလင်းလွှာကို ကြည့်လိုက်ပြီး ခေါင်းခါ၍ ပြန်ထွက်သွားရုံသာ တတ်နိုင်သည်။
သူတို့က တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြည့်ရုံသာဖြစ်သည်။ သူတို့၏ကြားတွင် ရန်ငြိုးမရှိပေ။ ထို့ကြောင့် ကျင့်ကြံနေသောလူကို မနှောင့်ယှက်သင့်ပေ။
လီယွင်ကန်းက အချိန်တိုင်းတွင် အေးစက်သောမျက်နှာထားဖြင့် နှာမှုတ်ပြီး ခြေဆောင့်လျက် ထွက်သွားသည်။
ဇောင်ပိုင်ချွမ်နှင့် တခြားလူများက ပြဿနာတက်မည်စိုးသောကြောင့် သူ့ကို ရန်မစရဲကြပေ။
ထိုတစ်လအတွင်း၌ ယွင်လန်မြို့သို့ ပြောင်းရွေ့လာသော ကျင့်ကြံသူများသည် လွန်ခဲ့သောနှစ်ထက် ပိုများသည်။ ထို့အပြင် အများစုသည် ကျွမ်းကျင်သူများဖြစ်ကြသည်။
ကောင်းကင်အင်မော်တယ် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်လည်း ပါလာကြသည်။
ထိုလူများသည် ယွင်လန်ဓားအင်မော်တယ်နှင့် ယွင်လန်မြို့၏အလားအလာကြောင့် ရောက်လာကြသည်။
ကျွမ်းကျင်သူများ ပိုရောက်လာသောကြောင့် ကျင့်ကြံသူများလည်း ပိုများလာပြီး ယွင်လန်မြို့၏ ခွန်အားသည် အဆင့်သစ်တစ်ခုသို့ ရောက်လာခဲ့သည်။
ဇောင်ပိုင်ချွမ်နှင့် တခြားလူများက ပိုမိုအလုပ်ရှုပ်လာကြသည်။
စီးပွားရေးလုပ်ငန်းက ပိုမိုကြီးမားလာသည်။
“ကောင်လေး၊ မင်းက တစ်လကျင့်ကြံပြီး ဘာရခဲ့လဲ ကြည့်ရအောင်”
မြို့သခင်ခန်းဆောင် ပွင့်လာသောအခါတွင် ဟန်မူယဲ့က ဒေါသများကို ဖိနှိပ်ထားသော လီယွင်ကန်း၏ဟိန်းဟောက်သံကို ကြားလိုက်ရသည်။
ထို့နောက် ဓားအလင်းကို ထုတ်လွှတ်နေသော ဓားတစ်လက်သည် ခန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ဓားရှည်သည် အင်မော်တယ်အင်းကွက်များ ပါဝင်နေသော အစိမ်းရောင်အင်မော်တယ်အလင်းကို ထုတ်လွှတ်နေသည်။ ထိုဓားရှည်က လေဟာနယ်ထဲတွင် လှုပ်ရှားနေပြီး ပုံရိပ်ယောင်ဆန်သည်။
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ရပ်မနေပေ။
သူက လက်မြှောက်လိုက်သည်။
သို့သော် ဓားမထုတ်ပေ။
သူက လက်ညှိုးညွှန်သည်။
သုံးလက်မရှည်လျားသော ဓားသွားတစ်ခုသည် သူ့လက်ချောင်းထိပ်မှ ပေါ်ထွက်လာသည်။
သုံးလက်မ ....
ဓားကျင့်ကြံသူတစ်ယောက်၏ သုံးပေပတ်ဝန်းကျင်သည် ကိုယ်ပိုင်နယ်မြေ ဖြစ်သည်။
သို့သော် ဟန်မူယဲ့က လီယွင်ကန်း၏ဓား သုံးလက်မအကွာသို့ ရောက်လာသည်အထိ စောင့်နေပြီး လက်ချောင်းဖြင့် ဖိချလိုက်သည်။
“ဘုန်း”
လီယွင်ကန်းက ခန်းဆောင်ထဲသို့ဝင်လာသော အမြန်နှုန်းထက် ပိုမိုလျင်မြန်စွာ ပြန်ဆုတ်ခွာသွားသည်။
ထို့အပြင် သူက ဟန်ချက်ပျက်သွားပုံပေါ်သည်။
“အကြီးအကဲကို ကျင့်ကြံဆင့်ဖိနှိပ်ထားဖို့ မလိုဘူးလို့ ပြောခဲ့တယ်လေ”
ဟန်မူယဲ့၏အသံကို ကြားနိုင်သည်။
ခန်းဆောင်၏ အပြင်ဘက်သို့လွင့်ထွက်သွားသော လီယွင်ကန်းက ရှက်သွားသည်။
“ဟမ့်၊ မဆိုးပါဘူး။ မင်းက ဝိညာဉ်ဓားဆီကနေ လှည်ကွက်တချို့ သင်ထားနိုင်တာပဲ”
“ကောင်လေး၊ မင်းရဲ့ နားလည်နိုင်စွမ်းက မဆိုးဘူး”
“သုံးရက်ကြာရင် ငါပြန်လာခဲ့မယ်”
လီယွင်ကန်းက ဟန်မူယဲ့ကို စကားပြောခွင့်မပေးပဲ ပျံသန်းထွက်သွားသည်။
ဟန်မူယဲ့က ပြုံးသည်။
သူက လီယွင်ကန်းကို အသုံးပြုပြီး ကိုယ်ပိုင်စွမ်းရည်ကို စမ်းသပ်ခဲ့သည်။
ရလဒ်သည် မဆိုးပေ။
ဝိညာဉ်ဓားရွှေအင်မော်တယ်က သင်္ချိုင်းအင်မော်တယ်မြို့မှ ဓားဖြင့်ခုတ်ချလိုက်သည်။ သူ့ဓားက မိုင်ပေါင်းမရေမတွက်နိုင်အောင် ဖြတ်သန်းပြီး ယွင်လန်မြို့သို့ ရောက်လာခဲ့သည်။
ထိုဓားထဲတွင် ပါဝင်နေသော စွမ်းအားက ပြိုကွဲသွားသောကြောင့် ဟန်မူယဲ့က သုံးသပ်ကြည့်နိုင်ခဲ့သည်။
တစ်လအတွင်း၌ သူက ဓားချက်သုံးသောင်းအတွင်း ရှုံးနိမ့်သွားသောအခြေအနေမှ ဓားချက်တစ်သောင်းအတွင်း အနိုင်ရလာသော အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။
ထို့နောက် ဓားဆန္ဒကို စုစည်းပြီး ကိုယ်ပိုင်ဓားထဲသို့ ထည့်သွင်းခဲ့သည်။
လီယွင်ကန်းက ကျင့်ကြံဆင့်ဖိနှိပ်ပြီး တိုက်ခိုက်လာသောကြောင့် ဟန်မူယဲ့နှင့် မယှဉ်နိုင်ဘဲ လွင့်ထွက်သွားရသည်။
ဟန်မူယဲ့က ဓားချက်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့သည်။
ထို့နည်းလမ်းမှ ကြည့်လိုက်လျှင် အားကောင်းသော ရွှေအင်မော်တယ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို စမ်းသပ်ခံအဖြစ် ရရှိထားခြင်းသည် မဆိုးပေ။
ခဏအကြာတွင် ဇောင်ပိုင်ချွမ်၊ ကျောက်ချန်နှင့် တခြားလူများက ခန်းဆောင်ထဲသို့ ရောက်လာကြသည်။
သူတို့က လီယွင်ကန်းအား လွင့်ထွက်သွားစေသော ဟန်မူယဲ့၏ဓားချက်ကို မြင်လိုက်ရသည်။ ထို့ကြောင့် လီယွင်ကန်းထွက်သွားမှ ခန်းဆောင်ထဲသို့ ဝင်လာရဲကြသည်။
“မြို့သခင်ရဲ့ ဓားကျင့်ကြံခြင်းက တကယ်ကို နက်နဲတယ်။ ရွှေအင်မော်တယ်တစ်ယောက်ကိုတောင် ဖိနှိပ်နိုင်တယ်”
ရှဲ့ချောင်ယန်က ဦးညွတ်လိုက်ပြီး ပျော်ရွှင်စွာပြောသည်။
ဟန်မူယဲ့က ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်၏ တပည့်တစ်ယောက်ဖြစ်ပြီး သူတို့ မိစ္ဆာလောကလန်၏ အရှင်သခင် ဖြစ်သည်။ ဟန်မူယဲ့က အားကောင်းလာသောကြောင့် သူက ပျော်ရွှင်နေသည်။
“ဟုတ်တယ်။ အစ်ကိုဟန်ရဲ့ ဓားနည်းစနစ်က အားကောင်းလွန်းတယ်။ အဲဒီလူအိုကြီးက အစ်ကိုကျူးလုံကို တစ်ချက်တည်း အနိုင်ရသွားတယ်”
ကျောက်ချန်က လေးစားသောမျက်နှာထားဖြင့် ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။
‘ချန်ကျူးလုံက လီယွင်ကန်းနဲ့ တိုက်ခိုက်ခဲ့တာလား’
ထိုအရာသည် အဓိပ္ပာယ်ရှိသည်။ နွယ်စိမ်းဓားအင်မော်တယ်က ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် အမြဲတက်ကြွနေသည်။
သို့သော် ချန်ကျူးလုံက လီယွင်ကန်း၏ ဓားချက်ကို ခုခံနိုင်ရမည်။
သူက နွယ်စိမ်းဓားအင်မော်တယ်နှင့် မပတ်သတ်ချင်သောကြောင့် တမင်သက်သက် အရှုံးပေးလိုက်ပုံပေါ်သည်။
ဇောင်ပိုင်ချွမ်နှင့် တခြားလူများက ယခင်လအတွင်း ဖြစ်ခဲ့သော ယွင်လန်မြို့၏ အရေးကိစ္စများကို တင်ပြနေကြသည်။ ထို့နောက် ကျောက်စိမ်းပေလွှာအပုံလိုက်ကို ထုတ်ပေးသည်။
လူဆယ်သန်းရှိသော မြို့သည် တစ်လအတွင်း၌ အမျိုးမျိုးသော သတင်းများကို ပေါ်ထွက်လာစေခဲ့သည်။
ဟန်မူယဲ့က ကျောက်စိမ်းပေလွှာများကို ကြည့်လိုက်သော်လည်း မလှုပ်ရှားခဲ့ပေ။
“မင်းတို့ ဒီကိစ္စတွေကို ကိုင်တွယ်လိုက်ပါ”
သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျန်းကျန်ပေါင်၊ ဇောင်ပိုင်ချွမ်နှင့် တခြားလူများကို ကြည့်သည်။
“ငါက ယွင်လန်မြို့ကို ခြိမ်းခြောက်နိုင်တဲ့ ကျွမ်းကျင်သူတွေနဲ့ ရင်ဆိုင်ဖို့ပဲ တာဝန်ယူမယ်။ တခြားကိစ္စတွေကို မင်းတို့က ဂရုစိုက်လိုက်ပါ”
လူတိုင်း၏ မျက်နှာထားများက ခါးသီးသွားကြသည်။
သို့သော် သူတို့၏မျက်လုံးများက တောက်ပနေကြသည်။
ဟန်မူယဲ့က သူတို့ကို ယုံကြည်ပေးနေသည်။
ကျွမ်းကျင်သူက ကျင့်ကြံပြီး ခွန်အားကောင်းအောင်လုပ်ရန် တာဝန်ယူမည်။
မြို့တော်ကို တည်ငြိမ်အေးချမ်းအောင် ထိန်းသိမ်းရန် သူတို့က တာဝန်ယူရမည်။
ဟန်မူယဲ့က မြို့၏ အရေးကိစ္စများကို ဂရုစိုက်ရန် မလိုပေ။
သူက ပြိုင်ဘက်ကင်းနေရန်သာ လိုအပ်သည်။
“မြို့သခင်၊ ဝင်္ကပါပညာရှင် ကျောက်ချင်ကျန်းက တုံယွမ်မြို့ကို မပြန်ခင် စာတစ်စောင်ချန်သွားပါတယ်”
ကျန်းကျန်ပေါင်က စာတစ်စောင်ကို ထုတ်ပေးသည်။
ကျောက်ချင်ကျန်းက အကြီးအကဲတစ်ယောက်၏ ဝင်္ကပါကို စူးစမ်းရန်အတွက် အချက်အလက်များကို ချန်ရစ်ခဲ့သည်။
ဟန်မူယဲ့က အကြီးအကဲတစ်ယောက် ချန်ထားခဲ့သောဝင်္ကပါကို ပူးပေါင်းစုံစမ်းမည်ဟု ကတိပေးခဲ့သောကြောင့် ကျောက်ချင်ကျန်းက ယွင်လန်မြို့၏ ဝင်္ကပါကို တည်ဆောက်ပေးခဲ့သည်။
ဟန်မူယဲ့က စာကို ဖတ်ကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။
“ကောင်းပြီ။ ငါက မြို့စောင့်ဝင်္ကပါကို တည်ဆောက်ပေးဖို့ အကြီးအကဲကျောက်ချင်ကျန်းကို ဖိတ်ခေါ်တဲ့အချိန်မှာ ကတိပေးခဲ့တယ်။ အခု ကတိတည်ရမယ့်အချိန်ပဲ”
“ငါက မနက်ဖြန်ကျရင် တုံယွမ်မြို့ကို သွားမယ်”
သူက ယွင်လန်မြို့မှ ထွက်သွားလျှင် လီယွင်ကန်း၏ စိန်ခေါ်မှုကို ရှောင်ရှားနိုင်လိမ့်မည်။
ဟန်မူယဲ့က ယွင်လန်မြို့မှ ထွက်သွားတော့မည်ဖြစ်သောကြောင့် ဇောင်ပိုင်ချွမ်နှင့် တခြားလူများက ဝေခွဲမရသော ကိစ္စရပ်များအတွက် အကြံတောင်းလိုက်ကြသည်။
လူတိုင်းက ခန်းဆောင်ထဲမှ ထွက်သွားသောအခါတွင် ဟန်မူယဲ့က လက်ချောင်းများကို လှုပ်ရှားပြီး ရွှေရောင်အင်းကွက်တချို့ကို ထုတ်လွှတ်လိုက်သည်။
ခဏအကြာတွင် အစိမ်းရောင်ဝတ်စုံနှင့် ချင်ကျောက်ယွမ်က ခန်းဆောင်ထဲသို့ ရောက်လာသည်။
မိုးကြိုးဓားပြ ချင်ကျောက်ယွမ်၏ ဒဏ်ရာများက အပြည့်အဝ မပျောက်ကင်းသေးသော်လည်း ယခင်ကထက် ပိုကောင်းလာသည်။
“မြို့သခင်က ခါးသီးအင်မော်တယ်နယ်မြေကို သွားတော့မှာလား”
ချင်ကျောက်ယွမ်က မျှော်လင့်နေသော မျက်လုံးတစ်စုံဖြင့် ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ငါက ခါးသီးအင်မော်တယ်နယ်မြေကို သွားဖို့ စီစဉ်ထားတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေကို ဖြေရှင်းရအုံးမယ်”
“မင်းက ခါးသီးအင်မော်တယ်နယ်မြေကို အရင်သွားနှင့်ပါ။ ငါက တချို့ကိစ္စတွေကို ဖြေရှင်းပြီးရင် မင်းကို လာရှာမယ်”
သူက ခန်းဆောင်၏အပြင်ဘက်သို့ ကြည့်လိုက်သည်။ ပိုးထည်ဝတ်စုံနှင့် ချန်ကျူးလုံ ရောက်လာသည်။
“ဟားဟား၊ ချန်ကျူးလုံက ပြိုင်ဘက်ကင်းမြို့သခင်ကို နှုတ်ဆက်လိုက်ပါတယ်။ မြိုသခင်က ခွန်အားကောင်းပြီး ရွှေအင်မော်တယ်တစ်ပါးကို ဓားတစ်ချက်တည်းနဲ့ ဖိနှိပ်နိုင်တယ်”
ချန်ကျူးလုံက အပြုံးတစ်ခုနှင့်အတူ ကျယ်လောင်စွာပြောသည်။
“အကြီးအကဲချန်က စီးပွားရေးလမ်းစဉ်မှာ အတော်ကြာအောင် စိတ်နှစ်ထားတယ်။ တခြားလူတွေကို လှည့်စားနိုင်တဲ့စွမ်းရည်က တကယ်မဆိုးဘူးပဲ”
ဟန်မူယဲ့က ခန်းဆောင်ထဲသို့ဝင်လာသော ချန်ကျူးလုံကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
ထို့နောက် သူက ရွှေအလင်းကို ထုတ်ဖော်သည်။
ခန်းဆောင်ထဲတွင် လျှပ်စီးကြောင်းများ ပေါ်ထွက်လာကြသည်။
ခွေသားရဲသွေးမျိုးဆက် ....
မြို့စောင့်ဝင်္ကပါ၏ စွမ်းအားသည် ခန်းဆောင်ကို လွှမ်းခြုံပြီး ပတ်ဝန်းကျင်နှင့် ခွဲခြားလိုက်သည်။
ရွှေရောင်လျှပ်စီးကြောင်းသည် ခန်းဆောင်၏ အပေါက်ဝတွင်ရှိနေသော ချန်ကျူးလုံကို တိုက်ခိုက်သည်။
ချင်ကျောက်ယွမ်က အံ့အားသင့်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။
ချန်ကျူးလုံ၏မျက်နှာထားက တည်ငြိမ်နေသည်။ သူက ထူးခြားပြီး လေးနက်သော အငွေ့အသက်နှင့်အတူ မီးခိုးရောင်အလင်းစက်ကွင်းကို ထုတ်လွှတ်၍ လျှပ်စီးကြောင်းကို တားဆီးသည်။
သို့သော် လျှပ်စီးကြောင်းကို တားဆီးရန် မလွယ်ကူပေ။
ဟန်မူယဲ့က ခပ်နိမ့်နိမ့်ဟိန်းဟောက်လိုက်သည်။ ရွှေရောင်လျှပ်စီးကြောင်းက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ခုတ်ချသည်။
“ဘုန်း”
ချန်ကျူးလုံ၏ မီးခိုးရောင်အကာအကွယ်က ထိုးခွဲခံလိုက်ရသည်။ ရွှေရောင်လျှပ်စီးကြောင်းဓားက သူ၏ နဖူးဆီသို့ ဆက်လက်တိုးဝင်လာသည်။