အခန်း (၉၀၃)
Vol. 65 Ch. 903
ထိုဓားချက်၏စွမ်းအားသည် အလွန်ခမ်းနားသည်။
ဘေးတွင်ရပ်နေသော ချင်ကျောက်ယွမ်က လက်သီးဆုပ်ထားပြီး ခရမ်းရောင်ခြင်္သေ့၏ သွေးမျိုးဆက်စွမ်းအားကို ထုတ်ဖော်သည်။
သူ့အမြင်တွင် ဟန်မူယဲ့က ချန်ကျူးလုံကို တစ်ခါတည်း သတ်ဖြတ်ပစ်ချင်နေသည်။
‘ကျူးလုံကုန်သွယ်ရေးအဖွဲ့က ခါးသီးအင်မော်တယ်နယ်မြေရဲ့ မိစ္ဆာတွေနဲ့ ပတ်သတ်နေလို့လား’
“ကောင်းလိုက်တဲ့ဓားနည်းစနစ်ပဲ”
ချန်ကျူးလုံက အော်ဟစ်လိုက်ပြီး နဖူးဆီသို့ တိုးဝင်လာသော ဓားအလင်းကို ကြည့်သည်။ သူက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး မျက်လုံးထဲတွင် ရွှေရောင်မီးတောက်များ စုစည်းလာသည်။
မီးနဂါး၏ ကောင်းကင်လောင်ကျွမ်းမီးတောက် ....
ထိုမီးတောက် ပေါ်ထွက်လာသောအခါ ရွှေရောင်မီးငှက်လေးတစ်ကောင်သည် ဟန်မူယဲ့၏နောက်တွင် ပေါ်လာသည်။
ချန်ကျူးလုံ၏မီးတောက်က ဓားတိုတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ လျှပ်စီးဓားနှင့် ရင်ဆိုင်သည်။
“ရွှပ် ....”
လျှပ်စီးဓားအလင်းက မီးတောက်ကို ဖြတ်တောက်သွားပြီး ချန်ကျူးလုံ၏ ပြောင်းလဲနေသော မျက်နှာထားအောက်တွင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ချန်ကျူးလုံက လက်သီးဆုပ်ထားပြီး စကားမပြောဘဲ ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
သူ့ဆီမှပေါ်ထွက်လာသော ကုန်သည်တစ်ယောက်၏ အငွေ့အသက်သည် ပျောက်ကွယ်သွားပြီး သားကောင်ကို ဝါးမြိုချင်သော ရှေးခေတ်သားရဲတစ်ကောင်၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။
လေးနက်သောအရှိန်အဝါကြောင့် ဘေးတွင်ရှိနေသော ချင်ကျောက်ယွမ်၏ သွေးမျိုးဆက်စွမ်းအားက တုန်ခါသွားသည်။
“ချင်ကျောက်ယွမ်ရဲ့ဒဏ်ရာတွေက ပြန်မကောင်းသေးဘူး။ အကြီးအကဲချန်က ညှာတာပေးသင့်တယ်”
ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ခွေသားရဲပုံရိပ်က ပျောက်ကွယ်သွားသည်။ သူ့ပခုံးပေါ်တွင်ရှိနေသော ရွှေမီးတောက်က အသက်ဝင်နေသော မျက်လုံးများဖြင့် ချန်ကျူးလုံကို ကြည့်သည်။
ချန်ကျူးလုံက ရွှေမီးတောက်ကို မြင်လိုက်ရပြီး အံ့အားသင့်သွားသည်။
သူ၏ အရှိန်အဝါက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
“အကြီးအကဲချန်ပြောတာ မှန်တယ်။ ကျွန်တော့်ရဲ့ ဓားနည်းစနစ်က သွေးမျိုးဆက်စွမ်းအားထက် ပိုသန်မာတယ်”
ဟန်မူယဲ့က ချန်ကျူးလုံကို ကြည့်လိုက်ပြီး ပြောသည်။
သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ချန်ကျူးလုံက ခေါင်းညိတ်သည်။
“မြို့သခင်ရဲ့ ဓားပညာရပ်က တကယ်ပြိုင်ဘက်ကင်းတယ် ....”
သို့သော် သူ့စကားမဆုံးခင် ဟန်မူယဲ့က ရုတ်တရက် ပြောလိုက်သည်။
“တကယ်လို့ မြို့ထဲမှာရှိတဲ့ ခါးသီးအင်မော်တယ်နယ်မြေက သက်ရှိတွေရဲ့ရောင်းဝယ်မှုကို ခင်ဗျားလက်ထဲ အပ်လိုက်မယ်ဆိုရင် ခင်ဗျား ဘာလုပ်မလဲ”
ခါးသီးအင်မော်တယ်နယ်မြေမှ သက်ရှိများ၏ရောင်းဝယ်မှုကို အပ်နှံမည်။
ချန်ကျူးလုံက တစ်ကိုယ်လုံးတုန်ခါသွားပြီး ဖိနှိပ်ထားသော အရှိန်အဝါက ပေါက်ကွဲထွက်လာသည်။
“ဂါး ....”
နက်ရှိုင်းသောအော်သံနှင့်အတူ ခေါင်းသုံးလုံးမီးနဂါး၏ပုံရိပ်ကို မြင်လိုက်ရသည်။
ခံစားချက်များ လှုပ်ရှားသွားပြီး သွေးမျိုးဆက်စွမ်းအားကို မထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။
ဟန်မူယဲ့၏စကားက ချန်ကျူးလုံအပေါ်တွင် သက်ရောက်မှုကြီးသည်။
“ဘာဖြစ်လို့လဲ”
ချန်ကျူးလုံက ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ပြီး တီးတိုးပြောသည်။
ချင်ကျောက်ယွမ်ကလည်း ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
တောရိုင်းမြေတွင် ကျွန်ဈေးကွက်သည် အလွန်အကျိုးအမြတ်ရှိသည်။
မြို့အများစုက ထိုစီးပွားရေးကို တခြားလူများဆီသို့ လွှဲပေးမည်မဟုတ်ပေ။
အင်အားစုများကလည်း ကုန်သွယ်ရေးလမ်းကြောင်းနှင့် လူအင်အားထည့်ဝင်ပြီး ထိုစီးပွားရေးကို ပိုမိုအားဖြည့်ပေးကြသည်။
သို့သော် ဟန်မူယဲ့က မြို့ထဲတွင်ရှိသော ခါးသီးအင်မော်တယ်နယ်မြေမှ သက်ရှိများ၏ ရောင်းဝယ်မှုကို ချန်ကျူးလုံဆီသို့ လက်လွှဲပေးမည်ဟု ပြောခဲ့သည်။ သူက မည်သည့်အရာကို ကြံစည်နေသနည်း။
“ခါးသီးအင်မော်တယ်နယ်မြေက လူသားတွေနဲ့ မိစ္ဆာတွေအားလုံးအတွက် ဒုက္ခနယ်မြေတစ်ခုပဲ။ အဲဒီတော့ အချင်းချင်းထိခိုက်အောင် ဆက်လုပ်နေစရာမလိုပါဘူး”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ရှုပ်ထွေးသောမျက်နှာထားဖြင့် ပြောသည်။
သူက ကျွန်ဈေးမှ ပြန်လာသောအချိန်တွင် ထိုအကြောင်းကို စဉ်းစားနေခဲ့သည်။
သို့သော် သူတစ်ယောက်တည်း၏စွမ်းအားဖြင့် မလုံလောက်ပေ။
သူက မြို့ထဲတွင် ရောင်းချနေသော သက်ရှိများကို ကယ်တင်နိုင်သည်။ သို့သော် ထိုစီးပွားရေးက ဆက်ရှိနေလိမ့်မည်။
ကျွန်ကုန်သည်များက ယွင်လန်မြို့သို့ ရောက်မလာတော့ပဲ တခြားမြို့များသို့ ရွှေ့ပြောင်းသွားကြလိမ့်မည်။
ထိုသို့ ရိုးရှင်းသည်။
သူ၏ဓားက အရာအားလုံးကို ဖြတ်တောက်နိုင်သည်။
သို့သော် ထိုသို့ဆိုလျှင် အားလုံးကို ကယ်တင်နိုင်မည်မဟုတ်ပေ။
ချန်ယွင်လုံက ဟန်မူယဲ့ကို ကြည့်လိုက်သည်။ မီးနဂါး၏ပုံရိပ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
“မြို့သခင်က ဘယ်လိုသဘောတူညီချက်မျိုး လုပ်ချင်တာလဲ”
ဟန်မူယဲ့က စကားအနည်းငယ်သာ ပြောခဲ့သော်လည်း ခါးသီးအင်မော်တယ်နယ်မြေ၏ သက်ရှိများကို အမှန်တကယ် ကူညီချင်ကြောင်း ချန်ကျူးလုံက ခံစားမိသည်။
“ကျွန်ဈေးကွက်ကို မြို့အပြင်ဘက်ဆီ ရွှေ့လိုက်မယ်။ သွေးမျိုးဆက်နဲ့ အသွေးအသားရောင်းဝယ်မှုကို တားမြစ်ပြီး စာချုပ်ချုပ်ဖို့ပဲ ခွင့်ပြုမယ်”
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ရွှေရောင်အဆောင်တစ်ခုကို ထုတ်ယူသည်။
အင်မော်တယ်ချီကို ထည့်သွင်းလိုက်သောအခါ ရွှေရောင်အင်းကွက်များ ပေါ်လာခဲ့သည်။
ထိုအင်းကွက်များက အလွန်ရှုပ်ထွေးသည်။
ချန်ကျူးလုံနှင့် ချင်ကျောက်ယွမ်က အင်းကွက်များကို သေချာစစ်ဆေးကြည့်နေကြသည်။
“ဝိညာဉ်တံဆိပ်လား”
ချန်ကျူးလုံက မျက်မှောင်ကြုတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ဒါက မိစ္ဆာသားရဲတွေကို ကျွန်ပြုမှာလား”
ထိုအမှတ်အသားကို မိစ္ဆာ၏ဝိညာဉ်ပေါ်တွင် ရိုက်နှိပ်ထားလိုက်လျှင် မိစ္ဆာကို ထိန်းချုပ်နိုင်သည်။
‘ဒါက မိစ္ဆာတွေကို ကျွန်ပြုမယ့်နည်းလမ်းပဲ မဟုတ်ဘူးလား’
ချင်ကျောက်ယွမ်ကလည်း ထူးဆန်းသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။
‘မြို့သခင်က မိစ္ဆာတွေကို ကူညီချင်တာလား။ ဒါမှမဟုတ် ဖျက်ဆီးပစ်ချင်တာလား’
“ခါးသီးအင်မော်တယ်နယ်မြေက ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ ဒေသသုံးဆယ့်ခြောက်ခုမှာ နှစ်ခုကိုပဲ ပိုင်ဆိုင်ထားတယ်။ ပြီးတော့ တခြားဂိုဏ်းတွေနဲ့ယှဉ်လိုက်ရင် ပိုပြီးအားနည်းတယ်”
“ဒါပေမဲ့ မိစ္ဆာတွေက အမြဲတမ်းရှိနေပြီး ဂိုဏ်းတွေအတွက် ပြဿနာဖြစ်လာတယ်။ ဒါက အတော်လေးထူးဆန်းနေတယ်မဟုတ်လား”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
ချန်ကျူးလုံ၏ မျက်လုံးများက တောက်ပသွားကြသည်။ သို့သော် စကားပြန်မပြောခဲ့ပေ။
“အမှန်အတိုင်းပြောရရင် ခါးသီးအင်မော်တယ်နယ်မြေရဲ့ ရန်သူတွေက အနီးကပ်ဆုံးနေရာမှာရှိနေတဲ့ သံမဏိချပ်ဝတ်ဂိုဏ်း မဟုတ်ဘူး။ မိစ္ဆာသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ ကောင်းကင်အလင်းဂိုဏ်းလည်း မဟုတ်ဘူး”
ဟန်မူယဲ့က ချန်ကျူးလုံကို ကြည့်သည်။
“သေချာပေါက် ဓားကျင့်ကြံသူတွေလည်း မဟုတ်ဘူး”
“မိစ္ဆာတွေ ငြိမ်းငြိမ်းချမ်းချမ်းမနေနိုင်တဲ့ အဓိကအကြောင်းအရင်းက အမြဲတမ်းတိုက်ခိုက်နေတဲ့ မိစ္ဆာဘုရင်တွေကြောင့်ပဲ”
“ခါးသီးအင်မော်တယ်နယ်မြေရဲ့ အစစ်အမှန်ရန်သူတွေက သူတို့ပဲမဟုတ်လား”
ဟန်မူယဲ့၏နောက်တွင် ရွှေမီးတောက်က မီးအလင်းတချို့ကို ထုတ်လွှတ်နေသည်။
သူက ဟန်မူယဲ့၏စကားကို နားလည်ပုံရသည်။ တစ်ချိန်တည်းမှာပင် မည်သည့်အရာကိုမှ မသိပုံပေါ်သည်။
ချန်ကျူးလုံက တောက်ပနေသောမျက်လုံးများဖြင့် ရွှေမီးတောက်ကိုကြည့်လိုက်ပြီး ဟန်မူယဲ့ကို ဆက်ကြည့်သည်။
ဤတစ်ကြိမ်တွင် မိစ္ဆာဘုရင်နှစ်ပါး၏ တိုက်ခိုက်မှုကြောင့် ခါးသီးအင်မော်တယ်နယ်မြေက ဖရိုဖရဲဖြစ်သွားသည်။
ဟန်မူယဲ့က ဆက်ပြောသည်။
“ဒါပေမဲ့ အဲဒါက မိစ္ဆာမျိုးနွယ်ရဲ့ သဘာဝပဲ။ အသန်မာဆုံးလူကပဲ ရှင်သန်နိုင်တယ်”
“အဲဒါကြောင့် သက်ရှိတွေကို ဖြစ်နိုင်သမျှ ကယ်တင်ပေးဖို့ပဲ တတ်နိုင်မယ်”
ဟန်မူယဲ့၏စကားကြောင့် ခန်းဆောင်က တိတ်ဆိတ်သွားသည်။
ဟန်မူယဲ့၊ ချန်ကျူးလုံနှင့် ချင်ကျောက်ယွမ်တို့က မိစ္ဆာသွေးမျိုးဆက်ကို ပိုင်ဆိုင်ကြသည်။
သူတို့က မိစ္ဆာများနှင့် နီးစပ်ကြသည်။
သို့သော် သူတို့က ခါးသီးအင်မော်တယ်နယ်မြေ၏ အခြေအနေကို ပြောင်းလဲပေးရန် ခွန်အားမရှိပေ။
အမှန်အတိုင်းပြောရလျှင် ယွင်လန်မြို့နှင့် ကျူးလုံကုန်သွယ်ရေးအဖွဲ့က ခါးသီးအင်မော်တယ်နယ်မြေ၏ စီးပွားရေးအပေါ်တွင် မှီခိုနေရသည်။
“ဒီအင်းကွက်က မိစ္ဆာတွေအတွက် ကပ်ဘေးဖြစ်မလာဘူးလို့ အာမခံနိုင်လား”
ချန်ကျူးလုံက ရွှေရောင်အဆောက်လက်ဖွဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
သူက စိတ်လှုပ်ရှားနေသည်။
လူသားနှင့်မိစ္ဆာများကြားတွင် အနှောင်အဖွဲ့တစ်ခု ရှိနေလျှင် မိစ္ဆာများ၏ အသက်ကို ကာကွယ်ပေးနိုင်လိမ့်မည်။
အသက်ရှင်နေသော မိစ္ဆာများက သေဆုံးသွားသော မိစ္ဆာများထက် ပိုမိုအသုံးဝင်ကြသည်။
“ဒီအဆောင်လက်ဖွဲ့က ဝိညာဉ်စွမ်းအားပြောင်းလဲမှုတစ်ခုဖြစ်ပြီး နှစ်ဖက်လုံး သဘောတူညီဖို့ လိုအပ်တယ်”
“ဒီဖြစ်ရပ်မှာ တစ်ဖက်က ဦးဆောင်ထားတယ်ဆိုပေမဲ့ နှစ်ယောက်လုံးရဲ့ ခွန်အားနဲ့ ဝိညာဉ်စွမ်းအားက ပေါင်းစပ်နေလိမ့်မယ်။ တစ်ယောက်ကျဆုံးသွားရင် နောက်တစ်ယောက်ကလည်း အပြင်းအထန်ထိခိုက်လိမ့်မယ်”
ဟန်မူယဲ့က လက်မြှောက်ပြီး အဆောက်လက်ဖွဲ့ကို အသက်သွင်း၍ အင်းကွက်များကို ထုတ်ဖော်သည်။
ဝိညာဉ်နှင့် သွေးမျိုးဆက်စွမ်းအားကို ပေါင်းစပ်ပြီး မိစ္ဆာမျိုးနွယ်၏ ခွန်အားနှင့် လူသားမျိုးနွယ်၏ ခွန်အားကို တိုးပွားစေမည်။
မိစ္ဆာများသည် အာခီမီနှင့် ပန်းပဲပညာရပ်အတွက် ကုန်ပစ္စည်းတစ်ခုသာမဟုတ်တော့ပဲ သေခြင်းရှင်ခြင်းတွင် ယုံကြည်နိုင်သော တွဲဖက်တစ်ယောက် ဖြစ်လာလိမ့်မည်။
အဆောက်လက်ဖွဲ့သည် အလွန်မရှုပ်ထွေးပေ။
ဟန်မူယဲ့က လူသားလောက၏ အဆောက်လက်ဖွဲ့များကို မှီခို၍ သွေးမျိုးဆက်နှင့် ဝိညာဉ်စွမ်းအားနားလည်မှုကို အသုံးပြုပြီး စာချုပ်အင်းကွက်ကို ဖန်တီးခဲ့သည်။
ထိုအဆောင်လက်ဖွဲ့ကို ဖန်တီးနေသောအချိန်တွင် သူက ရွှေအပိုင်းအစအင်းကွက်များ၏ ဝိညာဉ်ဆက်သွယ်မှုကို တွေးမိသွားသည်။
“ဝီ”
အင်းကွက်တစ်ခုသည် ချန်ကျူးလုံ၏ရှေ့တွင် ပေါ်လာသည်။
သူက လက်မြှောက်ပြီး အင်းကွက်ကိုထိတွေ့၍ မျက်လုံးမှိတ်ထားသည်။
အင်းကွက်၏စွမ်းအားသည် ဟန်မူယဲ့ပြောထားသောအတိုင်းပင် ဖြစ်သည်။
ထိုအင်းကွက်ကို ဖြန့်ဖြူးလိုက်လျှင် ဖူယွီအင်မော်တယ်ကမ္ဘာ၏ မိစ္ဆာများအတွက် ရှင်သန်ရန်မျှော်လင့်ချက်တစ်ခု ပိုရှိလာလိမ့်မည်။
“ကောင်းပြီ။ ငါသဘောတူတယ်”
ချန်ကျူးလုံက ကောင်းကင်အင်မော်တယ်အဆင့်ထက် ကျော်လွန်နေသောအငွေ့အသက်ကို ထုတ်ဖော်လိုက်သည်။
သူက အစစ်အမှန်ခွန်အားကို ထုတ်ပြလိုက်သည်။
ထိုအရာသည် မောက်မာခြင်းနှင့် ခြိမ်းခြောက်မှုမဟုတ်ပဲ ရိုးသားခြင်းသာ ဖြစ်သည်။
ဘေးတွင်ရှိနေသော ချင်ကျောက်ယွမ်က မျက်လုံးများတောက်ပသွားပြီး ခေါင်းငုံ့ထားလိုက်သည်။
ကျူးလုံကုန်သွယ်ရေးအဖွဲ့၏ ချန်ကျူးလုံသည် ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားခဲ့သည်။
သူက ရွှေအင်မော်တယ်တစ်ယောက် ဖြစ်သည်။
အင်မော်တယ်ကမ္ဘာ၏ အထွတ်အထိပ်တွင် ရှိနေသော်လည်း အဆင့်နိမ့်ကျင့်ကြံသူများနှင့် ရောနှောပြီး စီးပွားရေးလုပ်နေသည်။
“ယွင်လန်မြို့က မိစ္ဆာတွေအတွက် အကာအကွယ်ပေးနိုင်မယ်ဆိုရင် ငါ ချန်ကျူးလုံက ယွင်လန်မြို့ရဲ့ မဟာမိတ်တစ်ယောက် ဖြစ်လာလိမ့်မယ်”
ချန်ကျူးလုံက တိတ်ဆိတ်နေပြီး ဆက်ပြောသည်။
“ကောင်းကင်အလင်းဂိုဏ်းနဲ့ ခါးသီးအင်မော်တယ်နယ်မြေရဲ့ နဂါးပျံနယ်မြေကလည်း မင်းရဲ့မဟာမိတ် ဖြစ်လာလိမ့်မယ်”
ချန်ကျူးလုံ၏စကားကြောင့် ခါးသီးအင်မော်တယ်နယ်မြေအကြောင်းကို သိထားသော ချင်ကျောက်ယွမ်က မျက်လုံးပြူးသွားသည်။
ကျူးလုံကုန်သွယ်ရေးအဖွဲ့က ကိစ္စမရှိသော်လည်း ကောင်းကင်အလင်းဂိုဏ်းက ဖူယွီအင်မော်တယ်ကမ္ဘာ၏ ထိပ်တန်းအဆင့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။ နဂါးပျံနယ်မြေကလည်း ခါးသီးအင်မော်တယ်နယ်မြေ၏ မိစ္ဆာဘုရင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
ချန်ကျူးလုံက ထိုအင်အားစုများကို ကိုယ်စားပြုပြီး ယွင်လန်မြို့နှင့် မဟာမိတ်ဖွဲ့နိုင်သည်။
ချင်ကျောက်ယွမ်က ချန်ကျူးလုံကို ကြည့်လိုက်ပြီး နှလုံးသားထဲတွင် အေးစက်မှုကို ခံစားလိုက်ရသည်။
မိုးကြိုးဓားပြများက ခါးသီးအင်မော်တယ်နယ်မြေတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်ခဲ့သော်လည်း ကျူးလုံကုန်သွယ်ရေးအဖွဲ့၏ ရှုပ်ထွေးသောနောက်ခံကို မသိခဲ့ပေ။
ခါးသီးအင်မော်တယ်နယ်မြေတွင် သူတို့မသိသော လျှို့ဝှက်ချက်များ ရှိနေပုံရသည်။
မိုးကြိုးဓားပြများက တချို့အရာများကို နားမလည်သောကြောင့် ရှုံးနိမ့်သွားရသည်။
“ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျွန်တော်က စကားတည်တယ်”
ဟန်မူယဲ့က တည်ငြိမ်နေပြီး ကျယ်လောင်စွာပြောသည်။
သူ့စကားက ဓားတစ်လက်ကဲ့သို့ ထက်မြိပြီး နောင်တမရှိပေ။
ချန်ကျူးလုံက ပြုံးသည်။
“ချင်ကျောက်ယွမ်က ကျူးလုံကုန်သွယ်ရေးအဖွဲ့နဲ့ ခါးသီးအင်မော်တယ်နယ်မြေကို လိုက်သွားလို့ရတယ်”
ဟန်မူယဲ့က ချင်ကျောက်ယွမ်ကို ကြည့်လိုက်ပြီး ပြောသည်။
ချင်ကျောက်ယွမ်က ချန်ကျူးလုံကို ကြည့်လိုက်ပြီး လေးစားစွာ ဦးညွတ်သည်။
ချန်ကျူးလုံက သူ့ကိုကြည့်လိုက်ပြီး ပြောသည်။
“ဒါက မခက်ပါဘူး”