← Chapters

နောက်ဆုံး မျှော်လင့်ချက်

Vol. 108 Ch. 1122

နောက်ဆုံး မျှော်လင့်ချက်

Vol. 108 Ch. 1122

ဟန်ဟွမ်၊ မူလလောကဦး၊ ဟွမ်ဇွမ်တျန်၊ ကျောက်ရွှမ်ကွမ်း၊ အန္တိမဒဏ်ခတ်နတ်မင်း၊ လောကဦး ဘိုးဘေးနတ်ဘုရား၊ ခေါင်းကိုးလုံး နတ်စိတ်ဝိညာဉ်၊ ဧကရာဇ်၊ ဟန်ယဲ့၊ ဝူရှင်းရှစ်ကျဲ့ စတဲ့ ပဋိပက္ခရဲ့ ထိပ်တန်း စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး တိတ်ဆိတ်နေကြပါတယ်။ သူတို့တွေဟာ တိုက်မိန့်ပေးဖို့ မပြောနဲ့၊ အားပေးစကားတောင် မပြောရဲကြပါဘူး။

ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက် ကင်းမဲ့မှုဟာ ပဋိပက္ခတစ်ခွင် ပျံ့နှံ့နေပါတယ်။

ဟန်ကျွယ်ဟာ စိတ်ပျက်သွားပြီး ဆက်ပြီးတော့ သရုပ်ဆောင်ပါတယ်။

“မင်းတို့တွေက တကယ်ပဲ လက်လျှော့လိုက်တော့မှာလား၊ ပဋိပက္ခက အဆုံးထိ တိုက်ခိုက်မှာပဲလို့ ငါ ထင်ထားခဲ့တာ၊ သေရင်တောင် တိုက်ရင်းနဲ့ သေမယ်ဆိုပြီးတော့ပေါ့၊ ဟောဒီ ပဋိပက္ခကို ဖန်တီးတဲ့ နဝမပဋိပက္ခက သူ မသေခင် ငါ့ကို ဘာပြောခဲ့တယ်လို့ ထင်လဲ၊ သူက မင်းတို့ အကုန်လုံးကို ချမ်းသာပေးဖို့ ငါ့ကို တောင်းပန်တယ်”

“စဉ်းစားကြည့်... ကျင့်ကြံမှုရဲ့ လမ်းဆုံး၊ အချိန်-အာကာသ၊ ကံကြမ္မာနဲ့ ဖန်တီးမှုကို ထိန်းချုပ်နိုင်တဲ့ သာလွန်တည်ရှိမှုတစ်ခုက ငါ့ကို သူတောင်းစားလိုမျိုး တောင်းပန်တာ”

ဒီစကားက စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံးကို ဒေါသချောင်းချောင်း ထွက်သွားစေပါတယ်။

ဟန်ဟွမ်ကို အပေါ်ကို မော့ကြည့်ပြီး မျက်လုံးထဲမှာ သတ်ဖြတ်ငွေ့တွေ ပြည့်သွားပါတယ်။ မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်လည်း အတူတူပါပဲ။ သူတို့သုံးယောက်ဟာ စိတ်လွတ်ခါနီး ဖြစ်သွားပါတယ်။

သူတို့တွေ ဘယ်လောက်ပဲ တိုက်ခိုက် တိုက်ခိုက် မပြောင်းလဲနိုင်တဲ့ အမှန်တရား တစ်ခု ရှိပါတယ်။ အဲဒါက ဒီနေရာမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး ပဋိပက္ခထဲမှာ မွေးဖွားလာတာဖြစ်တဲ့အတွက် ပဋိပက္ခကို ကျေးဇူးကြွေး တင်နေကြပါတယ်။

ပဋိပက္ခကို ဖန်တီးတဲ့ သာလွန်တည်ရှိမှုတောင် သေတဲ့အထိ တိုက်ခိုက်ရင် သူတို့တွေက ဘာကြောက်နေရဦးမှာလဲ။

အိပ်မက်ထဲကနေ တိုက်ပွဲကြည့်နေတဲ့ သက်ရှိတွေဟာ ဒေါသထွက်သွားကြပြီး အမှောင်သခင်ကြီးကို အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲချင်သွားပါတယ်။

ယွမ်ရှီကျယ်ဝမ်ဟာ အမှောင်သခင်ကြီးရဲ့ အောင်ပွဲကို ဂုဏ်ပြုသလိုမျိုး အော်ဟစ်လိုက်ပါတယ်။

“ဝုန်း...”

ဟန်ဟွမ်ဟာ လောကဦး နတ်ဘီလူးအသွင် ပြောင်းလဲပြီး ဟန်ကျွယ်ကို တိုက်ခိုက်ပါတယ်။ ဟန်ဟွမ်ဟာ နတ်အလင်းရောင်ဓားနဲ့ ဟန်ကျွယ်ကို ခုတ်ဖြတ်ဖို့ ကြိုးစားပေမဲ့ အသာလေး ဖျက်ဆီးခံလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ ဟန်ဟွမ်ရဲ့ စွမ်းဆောင်ရည်ကိုတော့ သဘောကျပါတယ်။ ကူကယ်ရာမဲ့တဲ့ အခြေအနေမှာတောင် ခုခံရဲမှ သူ့သားလို့ ခေါ်ထိုက်မှာပါ။ ဟန်ဟွမ်သာ တစ်ခါတည်း လက်လျှော့လိုက်ရင် ဟန်ကျွယ်ဟာ ဒီမဟာတာအို အနန္တကပ်ဘေးကို လက်ခံဖို့ တခြားတစ်ယောက်ကို ရွေးချယ်မှာပါ။

“တိတ်ဆိတ်ဂိုဏ်း တပည့်တွေ... နားထောင်... သတ်” လီယောင်ဟာ ဓားမြှောက်ပြီး ကြည်လင်တဲ့အသံနဲ့ အမိန့်ပေးလိုက်ပါတယ်။ ဒီအခါ တိတ်ဆိတ်ဂိုဏ်း တပည့်အကုန်လုံး ဟန်ကျွယ်ကို ဝိုင်းတိုက်ကြပါတယ်။

ပဋိပက္ခကောင်းကင်ခွေးဟာ ငကြောက်ဆိုပေမဲ့ အချိန်ကျလာတဲ့အခါ တိုက်ခိုက်ပါသေးတယ်။

တပည့်ရင်း ဒါဇင်ကျော်ဟာ ဟန်ကျွယ်ကို ဝိုင်းတိုက်ကြပါတယ်။ ပဋိပက္ခ နတ်ဘီလူးတွေကလည်း သူတို့ရဲ့ မဟာတာအို ဆန်းကြယ်စွမ်းအားတွေကို အစွမ်းကုန် ထုတ်သုံးပါတယ်။ သေရေးရှင်ရေး အခြေအနေမှာ တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ အရင်က ပိုကြီးမားတဲ့ စွမ်းအားတွေ ထွက်ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ လက်တစ်ချက်ဝှေ့ယမ်းပြီး သူတို့အကုန်လုံးကို ဖျက်ဆီးလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ဝိညာဉ်တွေကတော့ ဘာမှ မဖြစ်ပါဘူး။ ဒီတပည့်တွေဟာ သူတို့ခန္ဓာကိုယ်ကို ခပ်မြန်မြန် ပြန်ခဲပါတယ်။

“ဖန်တီးရှင်ဧကရာဇ် ရုံးတော်... အသေခံတိုက်မယ်”

ဟန်လင်ဟာ ယွမ်ရှီကျယ်ဝမ်ဆီ ပျံသန်းရင်း အမိန့်ပေးလိုက်ပါတယ်။ ဟန်လင်ရဲ့ လေးနက်တဲ့ အမိန့်ကြောင့် ဖန်တီးရှင်ဧကရာဇ်ရုံးတော် တစ်ခုလုံး ချက်ချင်း တိုက်ခိုက်ပါတယ်။

တခြားအင်အားစုကြီးတွေလည်း အတူတူပါပဲ။

ဟန်ကျွယ်ဟာ ဒါကို ကြည့်ပြီး ကျေနပ်သွားပါတယ် ‘အနည်းဆုံးတော့ ငါ့ရဲ့ တိတ်ဆိတ်ဂိုဏ်းက သူရဲဘော မကြောင်ဘူးပဲ’

သေခြင်းတရာနဲ့ ကံကြမ္မာကို သတ်မှတ်ထားတဲ့ ရလဒ်ကို ရင်ဆိုင်ရဲတာကမှ သူရသတ္တိပါ။

ပဋိပက္ခဘက်က ကြည့်ရင် နဝမပဋိပက္ခ သေသွားပြီ ဖြစ်တဲ့အတွက် မျှော်လင့်ချက်ဆိုလို့ မြူတစ်မှုန်တောင် မရှိတော့ပါဘူး။ တိတ်ဆိတ်ဂိုဏ်း တပည့်တွေက ဟန်ကျွယ် ပေါ်လာတာကို မျှော်လင့်နိုင်သေးပေမဲ့ ပဋိပက္ခ စွမ်းအားကြီးပုဂ္ဂိုလ်တွေကတော့ လုံးဝ ကူကယ်ရာမဲ့သွားတဲ့ အခြေအနေပါ။

ဟန်ကျွယ်ဟာ ပဋိပက္ခက အဓိပ္ပာယ်မရှိတာ မဟုတ်ဘူးလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။

‘ဒီအခြေအနေကို ပြောင်းလဲနိုင်တာ ငါပဲ ရှိလောက်တယ်’

ပဋိပက္ခ မွေးဖွားလာတဲ့အခါ လောကဦးပဋိပက္ခ ပျက်စီးသွားပြီး အဆုံးမဲ့ သက်ရှိတွေ မွေးဖွားလာပါတယ်။ အခု ပဋိပက္ခ ပျက်စီးပါတော့မယ်။ ဒီလိုသာ သံသရာ ဆက်လည်နေရင် ဒီသံသရာက ပြီးဆုံးတော့မှာ မဟုတ်ပါဘူး။

ရုတ်တရက် ဟန်ကျွယ်ဟာ ပဋိပက္ခတစ်ခုလုံးထက် ကြီးသွားပါတယ်။ အဲဒီနောက် ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ မဟာတာအိုပညာရှိ တစ်သောင်းကျော် ပြာအတိကျပြီး ကမ္ဘာ အမြောက်အမြား ကွဲကြေသွားပါတယ်။

ဒါပေမဲ့ မဟာတာအိုပညာရှိတွေဟာ သူတို့ခန္ဓာကိုယ်ကို ခပ်မြန်မြန်ပဲ ပြန်ခဲလိုက်ပါတယ်။

‘အမှောင်သခင်ကြီးက ငါတို့ကို ဘာဖြစ်လို့ မသတ်တာလဲ’

ဒီအချိန်မှာပဲ ယွမ်ရှီကျယ်ဝမ်ဟာ ပါးစပ်ဟပြီး လျှာထုတ်လိုက်ပါတယ်။ ဒီတော့မှပဲ မဟာတာအိုပညာရှိတွေဟာ အကြောင်းရင်းကိုး နားလည်သွားပါတယ် ‘အမှောင်သခင်ကြီးက ငါတို့ကို ယွမ်ရှီကျယ်ဝမ်ရဲ့ အစာလို့ ထင်နေတာလား’

“ဟုတ်တယ်၊ ငါက သေခါနီးလူတွေ ဘယ်လို ရုန်းကန်လဲဆိုတာကို ကြည့်ရတာ ကြိုက်တယ်” ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေကို ပိုဆိုးအောင် လုပ်လိုက်တာဖြစ်ပြီး ပဋိပက္ခ စွမ်းအားကြီးပုဂ္ဂိုလ်တွေကိုလည်း ဖိအား ပိုပေးလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ခါးကုန်းပြီး ပဋိပက္ခတစ်ခုလုံးကို ငုံ့ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မည်းနက်တဲ့ မျက်နှာ၊ နီရဲတဲ့မျက်လုံးနဲ့ အစွယ်တဖွေးဖွေ ပါးစပ်က သက်ရှိအားလုံးရဲ့ ရင်ထဲမှာ ကြောက်စရာအကောင်းဆုံး အရာအဖြစ် ပြောင်းလဲသွားပါတယ်။

“ရုန်းကြ... အားကုန် ရုန်းကြ... ဟားဟား...”

အမှောင်သခင်ကြီးရဲ့ ရယ်သံဟာ ပဋိပက္ခမှာ မိုးခြိမ်းသံလို ပဲ့တင်ထပ်သွားပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တစ်ပါးပြီးတစ်ပါး တိုက်ခိုက်ပေမဲ့ သူတို့ခန္ဓာကိုယ်တွေဟာ ဆက်တိုက် ဖျက်ဆီးခံရပြီး ဆက်တိုက် ပြန်မွေးဖွားပါတယ်။ ပြန်ရှင်လာတာနဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တစ်စက္ကန့်တောင် မနားဘဲ ဆက်တိုက်ပါတယ်။

သူတို့တွေဟာ ယွမ်ရှီကျယ်ဝမ်ကို လျစ်လျူရှုထားလိုက်ပါတယ်။

ယွမ်ရှီကျယ်ဝမ်ကတော့ သူတို့တွေ ဘာပဲဖြစ်ဖြစ် ရပ်တန့်ခြင်းမရှိဘဲ သက်ရှိတွေနဲ့ ကမ္ဘာတွေကို ဆက်ပြီးတော့ စားသောက်ပါတယ်။

ဒီအချိန်မှာ အသေခံ တိုက်နေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ကြောက်ရွံ့မှုကို မေ့သွားပါပြီ။ သူတို့စိတ်ထဲမှာ အမှောင်သခင်ကြီးကို သတ်ချင်စိတ်ပဲ ရှိပါတော့တယ်။

ဟန်ကျွယ်ဟာ လက်ဝါးကို တစ်ခါပြီးတစ်ခါ ဝှေ့ယမ်းရင် ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေကို ထပ်ခါထပ်ခါ သတ်ဖြတ်ပါတယ်။

ဟန်ကျွယ်ဟာ ဒါကို ကျေနပ်ချင်ယောင်ဆောင်ပြီး မောက်မာစွာ ရယ်မောလိုက်ပါတယ်။

ဒီအချိန်မှာ ဟန်ကျွယ်ဟာ ပဋိပက္ခထိပ်က အားနည်းဖျော့တော့နေတဲ့ အထွတ်အထိပ် နိယာမ ခုနစ်ပါးဟာ ပြန်တောက်ပလာပြီး ပေါင်းစပ်နေတာကို သတိထားမိလိုက်ပါတယ်။ သက်ရှိအားလုံးရဲ့ ယုံကြည်သက်ဝင်မှုက အထွတ်အထိပ် နိယာမထဲကို ဟန်ကျွယ် နားမလည်နိုင်တဲ့ နည်းလမ်းမျိုးနဲ့ ပေါင်းစပ်နေတာ ဖြစ်ပါတယ်။

တာအိုဖန်တီးရှင်အဆင့်နဲ့ ဒီအဖြစ်အပျက်ရဲ့ အသေးစိတ်ကို အာရုံခံနိုင်မှာ မဟုတ်ပါဘူး။ အထွတ်အထိပ် နိယာမတွေ ပြန်တောက်ပလာတာကိုပဲ မြင်တွေ့နိုင်မှာပါ။

‘စိတ်ဝင်စားဖို့တော့ ကောင်းသား’

‘ဖန်တီးရှင်သခင် အဆင့်ထက် နိမ့်ပါးတဲ့ အမှောင်သခင်ကြီးသာ တကယ်ရှိခဲ့မယ်ဆိုရင် သူ့အကြံအစည် အောင်မြင်မှာ မဟုတ်ဘူး’

ဟန်ကျွယ်ဟာ ပြန်တွေးကြည့်တဲ့အခါ နဝမပဋိပက္ခရဲ့ နောက်ဆုံးစကားက အလိမ်အညာ မဟုတ်ဘဲ အမှန်ဖြစ်နေတာကို သွားတွေ့ပါတယ်။

ဟန်ကျွယ်ဟာ ပဋိပက္ခရဲ့ အထွတ်အထိပ် နိယာမ ၇ ပါးကို ဂရုမစိုက်ဘဲ ဆက်ပြီးတော့ သောင်းကျန်း ဖျက်ဆီးပါတယ်။

တစ်ချိန်တည်းမှာပဲ တတိယတာအိုစက်ကွင်းထဲမှာ ရှင်းဟုန်ရွှမ်၊ ရွှမ်ချင်းကျွင်းနဲ့ တခြား တာအိုလက်တွဲဖော်တွေဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းဆီ ရောက်လာပါတယ်။ တခြားတပည့်တွေလည်း ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းရှေ့မှာ ဒူးထောက်နေကြပါတယ်။

သူတို့တွေဟာ အိပ်မက်ထဲကနေ အမှောင်သခင်ကြီးကို တွေ့မြင်နိုင်တာကြောင့် ပဋိပက္ခက ဘယ်လိုအခြေအနေကို ရင်ဆိုင်နေရလဲဆိုတာ သိကြပါတယ်။

ဟန်ကျွယ်ဟာ သူတို့ကို ဝင်ခွင့်ပြုလိုက်ပါတယ်။

ချင်းလွမ်အာက ပထမဆုံး စပြောပါတယ် “ယောက်ျား... သူတို့အကုန်လုံးကို ပြန်ခေါ်လို့ရလား”

တခြားမိန်းမတွေကလည်း ဟန်ကျွယ်ကို စိုးရိမ်တကြီး ဝိုင်းကြည့်ပါတယ်။ သူတို့တွေဟာ ဟန်ကျွယ် ထွက်တိုက်ဖို့ မမျှော်လင့်ရဲပါဘူး။ အမှောင်သခင်ကြီးရဲ့ စွမ်းအားက တကယ်ကို ပြိုင်ဘက်ကင်းတယ် မဟုတ်ပါလား။

ရှင်းဟုန်ရွှမ်ဟာ ဘာမှမပြောဘဲ ဟန်ကျွယ်ကိုသာ ကြည့်ပါတယ် ‘ယောက်ျားပြောတော့ ပြိုင်ဘက်ကင်းပြီဆို... ယောက်ျား အခုမလှုပ်ရှားရင် ကလေးတွေ သေလိမ့်မယ်’

“ငါ သူတို့ကို ပြန်ခေါ်လို့ မရဘူး၊ အမှောင်သခင်ကြီး ဘယ်သူမှ ထွက်မပြေးနိုင်အောင် ပဋိပက္ခတစ်ခုလုံးကို ကန့်သတ်လိုက်ပြီ”

ဟန်ကျွယ်ရဲ့ စကားကြောင့် တာအိုလက်တွဲဖော်တွေဟာ တိတ်ဆိတ်သွားပါတယ်။

ဝူတောက်ကျန့် “အစ်လီယောင်က အပြင်မှာ ရှိနေသေးတယ်”

ချန်ယွီအာဟာ ဟန်ကျွယ်ကို ကြည့်ပြီး ချီတုံချတုံ ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ သက်ပြင်းချပြီး ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပါတယ် “ထားလိုက်ပါတော့” ဟန်ကျွယ်ဟာ အကြောစဆန့်ပါတယ်။

“ယောက်ျား... ယောက်ျား အပြင်ထွက်မလို့လား” ရွှမ်ချင်းကျွင်းက စိတ်လှုပ်တရှား မေးလိုက်ပါတယ်။ ဟန်ကျွယ်သာ ကူညီချင်ရင် ယုံကြည်မှု အပြည့် ရှိလို့ဆိုတာ ရွှမ်ချင်းကျွင်း သိနေပါတယ်။

ရှင်းဟုန်ရွှမ်လည်း နောက်ဆုံးတော့ ပြုံးသွားပါတယ် ‘ဒီလိုမှပေါ့’

ဟန်ကျွယ် “ငါ လုံးဝတော့ ယုံကြည်ချက်မရှိဘူး၊ ဒါပေမဲ့ ငါ့ကလေးတွေ လီယောင်နဲ့ တပည့်တွေအတွက်ဆိုတော့ ငါ့မှာ ရွေးချယ်စရာ မရှိဘူး၊ ကူညီရမှာပဲ”

ချင်းလွမ်အာဟာ မနေနိုင်ဘဲ ပြောလိုက်ပါတယ် “တကယ်ပဲ နည်းလမ်းမရှိဘူးဆိုရင်... ဒီအတိုင်း”

ချင်းလွမ်အာဟာ ‘ထားလိုက်ပါလား’ ဆက်ပြောချင်ပေမဲ့ ပါးစပ်က ထွက်မလာပါဘူး။ သူ့သာလည်း အပြင်မှာ မဟုတ်ပါလား။

ဟန်ကျွယ် “ငါ မနိုင်ရင်တောင် သူတို့ကို တာအိုစက်ကွင်းထဲမှာ အသက်ပြန်ရှင်အောင် လုပ်လို့ရတယ်... ကောင်းပြီ၊ ကိုယ့်နေရာ ကိုယ်ပြန်ပြီး သတင်းကောင်းကို စောင့်နေကြ”

စကားဆုံးတာနဲ့ ဟန်ကျွယ် ကိုယ်ပေါ်က အကောင်းစား ရတနာတွေဟာ နတ်အလင်းရောင် ဖြာထွက်ပြီး ဟန်ကျွယ်ရဲ့အသွင်ကို ဖုံးအုပ်သွားပါတယ်။

.....

ဟန်ဟွမ်ဟာ အသက်ပြန်ရှင်လာပါတယ်။ ဟန်ဟွမ်ဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တဲ့အခါ သူ့ဓမ္မစွမ်းအား လွင့်ပါး ပျောက်ကွယ်လာတာကို ခံစားမိလိုက်ပါတယ်။ ဟန်ဟွမ်ဟာ ဒီလိုအခြေအနေကို လုံးဝ လက်မခံချင်ပါဘူး။

‘တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား’

ဒီအချိန်မှာပဲ ဟန်ဟွမ်ဘေးမှာ ဟန်လင် ပေါ်လာပါတယ် “အစ်ကိုနှစ်... ညီမမှာ နည်းလမ်းတစ်ခု ရှိတယ်”

ဟန်လင်ဟာ အသံလွှင့်ပြီး အကျိုးအကြောင်း ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ဟွမ်ဟာ ချက်ချင်း ငြင်းဆန်းပါတယ် “မဖြစ်နိုင်ဘူး... ငါ ဒါကို လက်မခံနိုင်ဘူး”

ဟန်လင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဒီနည်းလမ်းနဲ့မှ ညီမလေးတို့တွေ အခွင့်အရေး ရှိနိုင်မှာ၊ ညီမလေးတို့တွေ ပဋိပက္ခကို ကာကွယ်နိုင်ရင် စတေးမှုက ဘယ်လောက်ပဲကြီးကြီး ရှင်သန်ဖို့ အခွင့်အရေး ရှိလာလိမ့်မယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters