← Chapters

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ပေါ်လာခြင်း

Vol. 108 Ch. 1123

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ပေါ်လာခြင်း

Vol. 108 Ch. 1123

“အစ်ကိုနှစ်... ညီမလေးတို့မှာ အချိန်မရှိဘူး၊ ယွမ်ရှီကျယ်ဝမ်ဟာ မဟာတာအိုပညာရှိတွေကို ပိုပိုစားလာတယ်၊ ဒီအတိုင်းဆက်သွားရင် အမှောင်သခင်ကြီး မပြောနဲ့၊ ယွမ်ရှီကျယ်ဝမ်နဲ့တင် ပဋိပက္ခတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်”

ဟန်လင်ဟာ ဟန်ဟွမ်ဆီ အသံလွှင့်ရင်း ယွမ်ရှီကျယ်ဝမ်ကို ကြည့်လိုက်ပါတယ်။

တိုက်ပွဲအစတုန်းနဲ့ နှိုင်းယှဉ်ရင် ယွမ်ရှီကျယ်ဝမ်ဟာ အဆတစ်ရာကျော် စွမ်းအားကြီးလာပါပြီ။ ဒီစွမ်းအားကြီးလာနှုန်းက ကိုယ်တိုင်မကြုံရရင် ယုံနိုင်ဖွယ်ကို မရှိတာပါ။ အတွေ့အကြုံရှိလှတဲ့ ဟန်လင်တောင် လန့်သွားပါတယ်။

ဒီအချိန်မှာဟာ အမှောင်သခင်ကြီးဟာ ရုတ်တရက် လက်မြှောက်လိုက်ပါတယ်။ ဟန်လင်ဟာ အငိုက်မိပြီး အမှောင်သခင်ကြီးလက်ထဲ ပါသွားပါတယ်။

ဟန်ဟွမ်ဟာ ဒေါသချောင်းချောင်း ထွက်ပြီး အမှောင်သခင်ကြီးကို တားဆီးဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ မမြင်နိုင်တဲ့ အင်အားတစ်ခုကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ ဟန်လင်ရဲ့ လည်ပင်းကို ဆုပ်ကိုင်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “တိုက်ပွဲထဲမှာ အကောက်ကြံတာက လမ်းမမှန်ဘူး၊ မင်း သေသင့်တယ်”

ဟန်ကျွယ်ဟာ ညာလက်ကို ဖျစ်ညှစ်လိုက်တဲ့အခါ ဟန်လင်ရဲ့ ခန္ဓာကိုယ်ရော ဝိညာဉ်ရော ချက်ချင်း ပျက်စီးသွားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်လင်ဟာ အသက်ပြန်ရှင်မလာပါဘူး.

ဒီမြင်ကွင်းကြောင့် တိတ်ဆိတ်ဂိုဏ်းက လူတိုင်း မျက်လုံးတွေ နီရဲသွားကြပါတယ်။ ဟန်လင်က သူတို့ဂိုဏ်းချုပ်ရဲ့ အချစ်ဆုံးသမီးဖြစ်သလို သူတို့ရဲ့ ဂိုဏ်းတူညီမလေးဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် သူတို့တွေဟာ ဟန်လင် အခုလိုမျိုး သေသွားတာကို လက်မခံနိုင်ကြပါဘူး။

တိတ်ဆိတ်ဂိုဏ်းက တပည့်ရင်းတွေဟာ အော်ဟစ်ကြုံးဝါးပြီး အမှောင်သခင်ကြီးကို ဝိုင်းတိုက်ကြပါတယ်။

“မင်းတို့တွေက အားနည်းလွန်းတယ်၊ ငါ သတ်ဖို့ မတန်ဘူး၊ ဒီကောင်လေးအတွက် အစာထားလိုက်မယ်”

ဟန်ကျွယ်ဟာ အထင်သေးစွာ ပြုံးပြီး တိတ်ဆိတ်ဂိုဏ်း တပည့်တွေကို တိုက်ထုတ်လိုက်ပါတယ်။

ပဋိပက္ခထက် ကြီးမားတဲ့ ဟန်ကျွယ်ရှေ့မှာ ပဋိပက္ခရဲ့ တည်ရှိမှု အကုန်လုံးက သေးငယ်လှပါတယ်။

ဟန်ဟွမ်ဟာ လုံးဝ စိတ်လွတ်သွားပြီး ထုတ်လို့ရသမျှ အင်အားနဲ့ တိုက်ခိုက်ပါတယ်။ ဟန်ဟွမ်ဟာ လူတိုင်းထက် ပိုပြီးတော့ ကြမ်းပါတယ်။ လောကဦးနတ်ဘီလူး လုံးဝ ရူးသွပ်သွားပါပြီ။

ဟန်လင်ရဲ့ သေဆုံးမှုက တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေကိုလည်း လှုံ့ဆော်ပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်လင်က ပဋိပက္ခထဲမှာ သက်ရှိအားလုံးထက် ကျော်လွန်တဲ့ ပြိုင်ဘက်ကင်း တည်ရှိမှု မဟုတ်ပါလား။

စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး စိတ်လွတ်ပြီး အရင်ကထက် စွမ်းအားပိုကြီးလာကြပါတယ်။

“ငါ စွန့်စားမယ်”

“သေစမ်း... သေစမ်း... ငါ သေမယ်ဆိုရင်တောင် မင်းကို ထိခိုက်အောင်လုပ်ပြီးမှ သေမယ်”

“ငါ မလုပ်နိုင်ဘူးဆိုတာ မယုံဘူး”

“ငါတို့တွေ တောင့်ခံနိုင်ရင် အခွင့်အရေး ရှိလာနိုင်သေးတယ်”

“ငါတို့မှာ အားကိုးစရာ ဘယ်သူ ရှိသေးလို့လဲ”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... အဲဒီပြိုင်ဘက်ကင်းပုဂ္ဂိုလ်လေ”

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဘယ်သူက ပြောလိုက်လဲ မသိပါဘူး။ ဒါပေမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ အများကြီး တက်ကြွလာပါတယ်။ မျိုးဆက်ဟောင်းက မဟာတာအိုပညာရှိတိုင်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာ သိကြပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဘယ်တုန်းကမှ မရှုံးခဲ့ပါဘူး။

အမှောင်သခင်ကြီး ပြောတဲ့ တာအိုဖန်တီးရှင်တွေက အထင်ကြီးဖို့ကောင်းတယ် ဆိုပေမဲ့ သက်ရှိအားလုံးရဲ့ စိတ်ထဲမှာတော့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မမီပါဘူး။ တာအိုဖန်တီးရှင်အဆင့်ကိုတော့ သူတို့တွေ ပထမဆုံးအကြိမ် ကြားဖူးတာပါ။ တိတ်ဆိတ်ဂိုဏ်းသားတွေလည်း အတူတူပါပဲ။

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ နာမည်ကြောင့် သူတို့တွေဟာ စိတ်ဓာတ် တက်ကြွသွားပြီး ဖိတ်ခေါ်ပညာရပ် သုံးဖို့တောင် ပြင်ဆင်ကြပါတယ်။

“မသုံးနဲ့၊ ဆရာ လာမယ်ဆိုရင် ကျိန်းသေပေါက် လာလိမ့်မယ်၊ ဆရာရဲ့ အစီအစဉ်ကို မနှောင့်ယှက်ကြနဲ့၊ ဆရာက ဒီအခြေအနေတွေကို မသိဘူးလို့ ထင်နေတာလား” ဂျိရှင်းရှန်က မတိုးမကျယ် ပြောလိုက်ပါတယ်။

ဂျိရှင်းရှန်ရဲ့ စကားက အဓိပ္ပာယ်ရှိတာကြောင့် တခြားတပည့်တွေဟာ ဖိတ်ခေါ်ပညာရပ်ကို မသုံးတော့ပါဘူး။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... သောက်ပိုတွေ”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက မင်းတို့ကို လာကယ်မယ်လို့ ထင်လား၊ သူက တိတ်တဆိတ် ကျင့်ကြံအားထုတ်နေတဲ့ ပိုးကောင်တစ်ကောင်ပဲ၊ အဲဒီကောင် အပြင်ထွက်လာရဲရင် သေခြင်းတရားက အကောင်းဆုံး ဆုလာဘ်ဆိုတာကို ငါ ပြပေးမယ်... ဟားဟား...”

ဟန်ကျွယ်ရဲ့ ရယ်သံဟာ အထင်အမြင်သေးမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ သူ့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်ကနေ ပဋိပက္ခဆီ အနက်ရောင် အလင်းတန်း အမြောက်အမြား ပစ်လွှတ်လိုက်ပါတယ်။

ဒီအနက်ရောင် အလင်းတန်းတွေဟာ ဖျက်ဆီးနိုင်စွမ်း အတော်မြင့်ပါတယ်။ မဟာတာအိုသုံးထောင် ကွဲကြေသွားပြီး အနက်ရောင် အလင်းတန်း အများစုဟာ ယွမ်ရှီကျယ်ဝမ်နားက စွမ်းအားကြီးပုဂ္ဂိုလ်တွေဆီ ပျံသန်းသွားပါတယ်။

ရုတ်ခြည်းဆိုသလို စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး မလှုပ်နိုင်ကြတော့ပါဘူး။ ဒေါသအိုးပေါက်ကွဲနေတဲ့ ဟန်ဟွမ်လည်း အတူတူပါပဲ။

သူတို့တွေဟာ တဖြည်းဖြည်း နီးကပ်လာတဲ့ အနက်ရောင် အလင်းတန်းတွေကို ကြည့်ရင် တစ်ခါမှ မခံစားဖူးတဲ့ သတ်ဖြတ်ငွေ့ကို ခံစားလိုက်ရပါတယ်။ ဒီသတ်ဖြတ်ငွေ့က သူတို့ရဲ့ အကန့်အသတ်ထက် ကျော်လွန်တဲ့ ကြောက်ရွံ့မှုကို ဆောင်ယူလာပါတယ်။

ဟန်ဟွမ်ဟာ အမှောင်သခင်ကြီးကို စိုက်ကြည့်နေပါတယ်။ ဟန်ဟွမ်ဟာ သေမှာကို မကြောက်ပါဘူး။ ဒါပေမဲ့ ဟန်လင်အတွက် ကလဲ့စား မချေဘဲ မသေချင်ပါဘူး။

‘ငါ့စွမ်းအားက မလုံလောက်သေးဘူးပဲ... ငါသာ စွမ်းအားကြီးလာဖို့ ကြိုးစား အားထုတ်ခဲ့ရင် ဒီနေ့ ဒီလိုမျိုးဖြစ်မှာ မဟုတ်လောက်ဘူး’ ဟန်ဟွမ်ဟာ သူ့အဖေကို တွေးရင်း တော်တော်လေးကိုမှ နောင်တရသွားပါတယ်။

မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အပေါ်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။ သဏ္ဍာန်မဲ့နတ်မင်း သေသွားကတည်းက ပြီးသွားပြီဆိုတာကို သူ သိနေပါတယ်။

လီယောင်ကတော့ အမှောင်သခင်ကြီး စိုက်ကြည့်ပြီး မကျင့်ကြံဘဲ ကုန်ခဲ့တဲ့ အချိန်တွေကို နှမြောတသ ဖြစ်သွားပါတယ် ‘ငါသာ ဒီနှစ်တွေမှာ အပြင်မထွက်ဘဲ တစ်ချိန်လုံး ကျင့်ကြံအားထုတ်ခဲ့ရင် ဒီထက် ပိုပြီးတော့ စွမ်း‌ဆောင်နိုင်မှာ’

ကျန်းကျွယ်ရှီဟာ လက်သီးဆုပ်လိုက်ပါတယ် ‘မဟာတာအို အနန္တကပ်ဘေး မတိုင်ခင် ငါ ပြန်လည်မွေးဖွားဖို့သာ မရွေးချယ်ခဲ့ရင် ဒီလိုမျိုး အားနည်းနေမှာ မဟုတ်ဘူး’

ကျန်းကျွယ်ရှီဘေးက ဟန်ချင်းအာကတော့ စိတ်ဆိုးပြီး ကျိန်ဆဲနေပါတယ်။

သက်ရှိအားလုံး မျှော်လင့်ချက် ကင်းမဲ့ပြီး နောင်တတွေ ရနေချိန်မှာ တောက်ပတဲ့ အလင်းရောင်တစ်ရောင် ဖြာထွက်လာပါတယ်။

တစ်ချိန်တည်းမှာပဲ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ခေါင်းထက်မှာ ရွှေရောင်တစ်ရောင် ပေါ်လာပြီး အနက်ရောင် အလင်းတန်း အမြောက်အမြားကို ဟန့်တားလိုက်ပါတယ်။ ဒီရွှေရောင်က တံဆိပ်တစ်ခုရဲ့ အောက်ခြေလိုပါပဲ။ လျှို့ဝှက်ဆန်းကြယ်ပြီး သိမ်မွေ့နက်နဲတဲ့ သင်္ကေတမျိုးစုံကို ရေးထွင်းထားပါတယ်။

အနက်ရောင် အလင်းတန်းတွေ ဘယ်လောက်ပဲ ဝင်တိုက် ဝင်တိုက် ဒီရွှေရောင်တံဆိပ်တော်ရဲ့ ခံစစ်ကို မချိုးဖျက်နိုင်ပါဘူး။ ဒီရွှေရောင်တံဆိပ်တော်ဟာ ပဋိပက္ခတစ်ခုလုံးကို ဖုံးအုပ်ပြီး အမှောင်သခင်ကြီးရဲ့ တိုက်ခိုက်မှုကို လုံးဝ ဟန့်တားလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ချုပ်နှောင်ထားတဲ့ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ဟာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပြီး သက်သောင့်သက်သာရှိတဲ့ နွေးထွေးမှုတစ်ခုက အစားထိုး ဝင်ရောက်လာပါတယ်။

လျှို့ဝှက်ဆန်းကြယ် အင်အားတစ်မျိုးက စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ဒဏ်ရာတွေကို ကုသပေးပါတယ်။

“အန္တိမမူလ ကောင်းကင်တံဆိပ်တော်...” ဟန်ဟွမ်ဟာ ခေါင်းထက်က ရွှေရောင်အလင်းကို ကြည့်ပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။ ဟန်ဟွမ်ဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို ကြည့်ပြီး ဝမ်းသာအားရ ဖြစ်သွားပါတယ်။

ဟန်ဟွမ် တစ်ယောက်တည်း မဟုတ်ပါဘူး။ တိတ်ဆိတ်ဂိုဏ်းသားတွေ အကုန်လုံး ဝမ်းသာအားရ ဖြစ်သွားကြပါတယ်။

နောက်ဆုံးတော့ သူတို့ရဲ့ အားကိုးရာ ပေါ်လာခဲ့ပြီ မဟုတ်ပါလား။

“အမှောင်သခင်ကြီး... မင်း စည်းကျော်သွားပြီ” ခံစားချက်ကင်းမဲ့တဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အသံလာရာကို လှည့်ကြည့်လိုက်တဲ့အခါ နတ်အလင်းရောင် တောက်ပနေတဲ့ အသွင်တစ်သွင် လျှောက်လှမ်းလာတာကို တွေ့လိုက်ရပါတယ်။ ဒီအသွင်က မဟာတာအို အနန္တကပ်ဘေးရဲ့ မျှော်လင့်ချက် ရောင်ခြည်လိုပါပဲ။ သူ လျှောက်လာတဲ့လမ်းမှာ အမှောင်ထုမှန်သမျှကို ဖယ်ရှားပစ်ပါတယ်။

ဒီအားကောင်းလှတဲ့ ရောင်ဝါဟာ သက်ရှိအားလုံးကို အံ့ဩတုန်လှုပ်စေပြီး တစ်သက်မမေ့နိုင်မဲ့ မှတ်ဉာဏ်တွေ ချန်ထားခဲ့ပါတယ်။ ဒါက အနန္တ ကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပါ။

အမှောင်သခင်ကြီးဟာ ဟန်ကျွယ် ပေါ်လာတာကို တွေ့ပေမဲ့ ထိတ်လန့်ခြင်း မရှိဘဲ စနောက်လိုက်ပါတယ် “နောက်ဆုံးတော့ မင်းတာအိုစက်ကွင်းထဲကနေ ထွက်လာပြီလား၊ ဒါပေမဲ့ ကံဆိုးချင်တော့ မင်း နောက်ကျသွားပြီ၊ မင်း အဲဒီ တာအိုဖန်တီးရှင်တွေနဲ့ ပူးပေါင်းရင် ရှင်သန်ဖို့ အခွင့်အရေး ရှိနိုင်သေးတယ်”

ဟန်ကျွယ်ဟာ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်ပါတယ် “ရှေးခေတ်ကစလို့ ဘယ်မကောင်းမှုကများ ကောင်းမှုကို အနိုင်ယူနိုင်လို့လဲ၊ မင်းရဲ့ တာအိုက အကုသိုလ်ကံ အများကြီး စွန်းထင်းခဲ့ပြီဆိုတော့ မင်း သေချာပေါက် ပျက်စီးရလိမ့်မယ်”

ဟန်ကျွယ် ညာလက်ကို မြှောက်လိုက်တဲ့အခါ အန္တိမမူလ ကောင်းကင်တံဆိပ်တော် ပျောက်ကွယ်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ လက်ဖဝါးကနေ နတ်အလင်းရောင် ထွက်ပေါ်လာပြီး ကောင်းကင်ယံဆီ ထိုးတက်သွားပါတယ်။ ဒီနတ်အလင်းရောင်ဟာ ကျိုးပဲ့နေတဲ့ မဟာတာအိုသုံးထောင်ကို ကျော်လွန်ပြီး အထွတ်အထိပ် နိယာမ အသစ်နဲ့ ပေါင်းစပ်သွားပါတယ်။

အထွတ်အထိပ် နိယာမ ခုနစ်ပါးဟာ လုံးဝ ပေါင်းစပ်ပြီး နိယာမအသစ်တစ်ခု ဖြစ်တည်လာပါတယ်။

“ပဋိပက္ခက သက်ရှိအားလုံးရဲ့ အုတ်မြစ်ပဲ၊ မင်း ဒီဖန်တီးမှုကို ဖျက်ပစ်ချင်ရင် တန်ပြန်ဆိုးကျိုးကို တောင့်ခံနိုင်ရလိမ့်မယ်”

“သက်ရှိအားလုံးရဲ့ စွမ်းအားကို ခံစားကြည့်ပေတော့”

ဟန်ကျွယ်ရဲ့ အသံဟာ ပဋိပက္ခတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။

ဟန်ကျွယ်ရဲ့ စကားဆုံးတယ်ဆိုရင်ပဲ အထွတ်အထိပ် နိယာမ အသစ်ဟာ ကွဲကြေပြီး အလင်းရောင် အမြောက်အမြားအဖြစ် ပြောင်းလဲကာ ပဋိပက္ခထဲကို ပြန့်ကျသွားပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ရှောင်တိမ်းချိန်တောင် မရလိုက်ဘဲ ဒီအလင်းရောင်တွေ ထိမှန်သွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို သူတို့ရဲ့ ဓမ္မစွမ်းအားတွေ တိုးလာပါတယ်။

“ဒါ...” မင်လင်းမယ်တော်ရဲ့ အသံဟာ တုန်ယင်သွားပါတယ်။ သမိုင်းကို စောင်ကြည့်ရတဲ့ သူတောင် ဒီမြင်ကွင်းကို နားမလည်နိုင်ပါဘူး။

နတ်အာဏာရှင် စစ်သူကြီးတွေဟာ ပိုပြီးတော့ ကြီးမားလာပါတယ်။

စစ်မြေပြင်ပေါ်က တည်ရှိမှုအားလုံး စွမ်းအားပိုကြီးလာကြပါတယ်။ ယွမ်ရှီကျယ်ဝမ်နဲ့ အမှောင်သခင်ကြီးကလွဲရင်ပေါ့။

ဒါက ဟန်ကျွယ်ရဲ့ အကွက်လေး တစ်ကွက်ပါ။ ဟန်ကျွယ်ဟာ သူ့စွမ်းအား တစ်စွန်းတစ်စကို သက်ရှိအားလုံးကို ဖြန့်ကြက်ပြီး ပဋိပက္ခစိတ်ဆန္ဒကို ဖန်တီးလိုက်ပါတယ်။

“အမှောင်သခင်ကြီး... သက်ရှိအားလုံးရဲ့ ဒေါသကို ရင်ဆိုင်ပေတော့” ဟန်ကျွယ်ရဲ့ အသံဟာ သတ်ဖြတ်ငွေ့နဲ့ ပြည့်နေပါတယ်။

စကားဆုံးတယ်ဆိုရင်ပဲ လောကဦး နတ်ဘီလူးသုံးပါးဟာ အမှောင်သခင်ကြီးကို ချက်ချင်း တိုက်ခိုက်ပါတယ်။ ဒီအချိန်မှာ သူတို့ရဲ့ရောင်ဝါတွေက တာအိုဖန်တီးရှင်အဆင့်ကို တကယ်ကြီး ရောက်လာပါတယ်။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်က တိုးမလာပေမဲ့ သူတို့မှာ တာအိုဖန်တီးရှင်ကို ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအားတွေ ရှိသွားကြပါတယ်။

သူတို့ရဲ့ စွမ်းအားဟာ တာအိုဖန်တီးရှင်ထက် မနိမ့်ကျတော့ပါဘူး။

“မောက်မာလှချည်လား”

အမှောင်သခင်ကြီးဟာ ဒေါသတကြီး အော်ဟစ်ပြီး သူ့လက်ဝါးကို ဝှေ့ယမ်းလိုက်တဲ့အခါ အဆုံးမဲ့ အမှောင်ထုဟာ လှိုင်းတွေအသွင် ပြောင်းလဲပြီး လောကဦးနတ်ဘီလူး သုံးပါးကို လွှမ်းမိုးဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လောကဦးနတ်ဘီလူး သုံးပါးက ဒီလှိုင်းတွေကို ဆုတ်ဖြဲပစ်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters