← Chapters

ငါပါရင်ရော

Vol. 108 Ch. 1124

ငါပါရင်ရော

Vol. 108 Ch. 1124

‘ဒီစွမ်းအား... တကယ်ကို စွမ်းအားကြီးတာပဲ’ ဟန်ဟွမ်ဟာ အံ့အားသင့်သွားပါတယ်။ ဒါဟာ ဟန်ဟွမ် ဘယ်တုန်းကမှ မခံစားဖူးတဲ့ စွမ်းအားပါ။ ဟန်ကျွယ်ဟာ အနှိုင်းမဲ့သွားပြီလို့တောင် ခံစားလိုက်ရပါတယ်။

မူလလောကဦးနဲ့ ဟွမ်ဇွမ်တျန်လည်း ဝမ်းသာအားရဖြစ်ပြီး ဒီစွမ်းအားကို တော်တော်လေး သဘောကျ နှစ်ခြိုက်သွားကြပါတယ်။

‘တာအိုဖန်တီးရှင်... ငါတို့တွေ ဒီအဆင့်ကို မကြာခင် ရောက်ရမယ်’

အမှောင်သခင်ကြီးက ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်ဖြစ်ပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ကိုယ်ပွားပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ ပင်မခန္ဓာကိုယ်နဲ့ ကိုယ်ပွားကို အလွန်မြန်တဲ့အလျင်နဲ့ နေရာချင်း လဲလိုက်ပါတယ်။ ဘယ်လောက်တောင် မြန်လဲဆိုရင် နဝမပဋိပက္ခ ရှိနေရင်တောင် ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်နဲ့ ကိုယ်ပွား နေရာလဲသွားတာကို သတိထားမိမှာ မဟုတ်ပါဘူး။

လောကဦးနတ်ဘီလူး သုံးပါးက သူတို့အစွမ်းတွေကို ထုတ်သုံးတဲ့အတွက် ကျန်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း တစ်ပါးပြီးတစ်ပါး တိုက်ခိုက်ကြပါတယ်။ သူတို့တွေလည်း ဟန်ကျွယ်ရဲ့ စွမ်းအားကို ရလိုက်ကြပါတယ်။ သူတို့ရဲ့ စွမ်းအားက တာအိုဖန်တီးရှင်ကို မမီသေးဘူးဆိုပေမဲ့ ခြေလှမ်းဝက် တာအိုဖန်တီးရှင် စွမ်းအားတော့ ရှိပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တစ်ပါးပြီးတစ်ပါး အမှောင်သခင်ကြီးဆီ တစ်ဟုန်ထိုး ပျံသန်းသွားပါတယ်။

ယွမ်ရှီကျယ်ဝမ်ဟာ ပါးစပ်ဟပြီး လျှာထုတ်ကာ စွမ်းအားကြီးပုဂ္ဂိုလ်တချို့ကို ပါးစပ်ထဲ ဆွဲသွင်းဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ လျှာကို အသာအယာပဲ ရှောင်တိမ်းလိုက်ပါတယ်။

ဒီအဖြစ်ကြောင့် ယွမ်ရှီကျယ်ဝမ်ဟာ ဒေါသထွက်သွားပြီး ဟိန်းဟောက်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ် ပတ်လည်က အာကာသ အပိုင်းအစတွေ ဂယက်ထကုန်ပါတယ်။

အမှောင်သခင်ကြီးဟာ လောကဦးနတ်ဘီလူး သုံးပါးရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရပေမဲ့ ထိတ်လန့် တုန်လှုပ်ခြင်းမရှိဘဲ အသာအယာ ရင်ဆိုင်ပါတယ်။ တာအိုဖန်တီးရှင် စွမ်းအားနဲ့တောင် အမှောင်သခင်ကြီးကို ထိခိုက်အောင်လုပ်ဖို့ ခက်ခဲနေတုန်းပါ။

“သာလွန်တည်ရှိမှုရဲ့ ကရုဏာသက်တာ ခံရတဲ့ ပုရွက်ဆိတ်တွေကများ... မင်းတို့ကောင်တွေက တကယ်ကို သေချင်နေတာပဲ... ဟွန်း...”

အမှောင်သခင်ကြီးရဲ့ စကားသံအဆုံးမှာ အမှောင်ထု ထပ်မံပေါက်ကွဲထွက်ပြီး တိုက်ခိုက်လာတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံးကို ဖျက်ဆီးပစ်လိုက်ပါတယ်။ လောကဦးနတ်ဘီလူး သုံးပါးလည်း အတူတူပါပဲ။

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ သူတို့တွေ အကုန်လုံး ဟန်ကျွယ်နားမှာ ပြန်ရှင်လာပါတယ်။

သူတို့တွေ လှည့်ကြည့်လိုက်တဲ့အခါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခထက် ကြီးသွားပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့‌ ကောင်းကင်တာအိုပညာရှိရဲ့ ခန္ဓာကိုယ်က ဖြာထွက်နေတဲ့ နတ်အလင်းရောင်တွေဟာ သူတို့ကို လုံခြုံတယ်ဆိုတဲ့ ခံစားချက် ရစေပါတယ်။ ဘယ်လောက် တိုက်တိုက် သူတို့တွေ သေမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလို့ မပြောရဘူး”

“စွမ်းအားကြီးလှချည်လား၊ ဒါဆို မျှော်လင့်ချက် ရှိပြီ”

“ဟားဟား... ငါတို့တွေ ကယ်တင်ခံရပြီ”

“အမှောင်သခင်ကြီး... သေမှာကို ထိုင်စောင့်နေလိုက်”

“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခရဲ့ နံပါတ်တစ် ပါရမီရှင်လို့ ပြောကြတယ်၊ တကယ်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်”

“ပထမအကြိမ် ပဋိပက္ခ အစည်းအဝေးမှာတုန်းက ငါ ပါရမီရှင်တွေ အကုန်လုံးနဲ့ ပေါင်းပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို စိန်ခေါ်ဖူးတယ်၊ အဲဒီကတည်းက မိုးနဲ့မြေ ဘယ်လောက်ကွာတယ်ဆိုတာ ငါ သိလိုက်ရတယ်”

ဟန်ကျွယ်ဟာ ရှေ့တစ်လှမ်းလှမ်းပြီး “ငါ့နောက်ကနေ လိုက်ခဲ့ကြ”

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဟန်ကျွယ်ရဲ့ နောက်ကို ပျံသန်းပြီး ဟန်ကျွယ်နဲ့အတူ အမှောင်သခင်ကြီးဆီ ချဉ်းကပ်ကြပါတယ်။

ဟန်ဟွမ်ဟာ ဟန်ကျွယ်ကို မော့ကြည့်ပြီး ခံစားချက်တွေ ရှုပ်ထွေးသွားပါတယ် ‘အဖေ... အဖေ ဘာဖြစ်လို့ စောစောစီးစီး ပေါ်မလာရတာလဲ၊ အဖေသာ စောစောစီးစီး ရောက်လာခဲ့ရင်...’

ဟန်ဟွမ်ဟာ ဟန်လင် သေသွားတာက သူ့ရဲ့ တာဝန်မဲ့မှုကြောင့်လို့ ခံစားနေရပါတယ်။ အစ်ကို တစ်ယောက်အနေနဲ့ ညီမတစ်ယောက်ကို မကာကွယ်နိုင်တာက အကြီးမားဆုံး တာဝန်မဲ့မှုပဲ မဟုတ်ပါလား။

“ဟားဟား... အဲဒါ ငါ့ဖေဖေပဲ၊ ငါ့ဖေဖေပဲ” ဟန်ချင်းအာဟာ စိတ်လှုပ်တရှား အော်ဟစ်ပြီး သူ့ဘေးနားက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ဟန်ကျွယ်နဲ့ မိတ်ဆက်ပေးပါတယ်။ ကျန်းကျွယ်ရှီ ခေါင်းခါရုံပဲ တတ်နိုင်ပါတော့တယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း ဟန်ချင်းအာကို ကပ်ဖားကြပါတယ်။ အရင်တုန်းကဆိုရင် သူတို့တွေဟာ ဟန်ချင်းအာကို ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရောက်လာတာက မျှော်လင့်ချက်နဲ့ အံ့အားသင့်မှုတွေ ဆောင်ယူလာပါတယ်။ ဒါကြောင့် သူတို့တွေဟာ သူတို့ဘယ်သူဘယ်ဝါ ဆိုတာကို ဂရုမစိုက်အားတော့ပါဘူး။

“လာပါ... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်း ဘယ်လောက် စွမ်းအားရှိလဲဆိုတာ ငါ့ကို ပြပါဦး၊ နဝမပဋိပက္ခလိုမျိုး တစ်ချက်တောင် မခံနိုင်ဘူးဆိုရင် ဘာမှ အဓိပ္ပာယ်မရှိဘူးနော်... ဟားဟား...”

အမှောင်သခင်ကြီးဟာ အရူးပမာ ရယ်မောလိုက်ပါတယ်။ သူ့သတ်ဖြတ်ငွေ့ကလည်း လေပြင်းမုန်တိုင်းလို ပဋိပက္ခကို လွှမ်းမိုးသွားပါတယ်။

ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးရဲ့ သတ်ဖြတ်ငွေ့ကို ဂရုမစိုက်ဘဲ ခြေလှမ်း ဆက်လှမ်းပြီး သတ်ဖြတ်ငွေ့ကို တွန်းထုတ်ပါတယ်။ ဟန်ကျွယ်ဟာ ပြင်းထန်ကြမ်းတမ်းတဲ့ လှိုင်းလုံးတွေဟာ လွယ်လင့်တကူပဲ တွန်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခ အာကာသကတော့ ဆက်ပြီးတော့ ပြိုလဲပါတယ်။

“ဟွမ်အာ... သွား”

ဟန်ကျွယ်ရဲ့ အသံကို နားထဲမှာ ရုတ်တရက် ကြားလိုက်ရတဲ့အတွက် ဟန်ဟွမ်ဟာ ထိတ်လန့်သွားပြီး မော့ကြည့်လိုက်တဲ့အခါ သူ့အဖေက သူ့ကို မကြည့်ဘဲ ရှေ့ကိုပဲ ကြည့်နေတာ တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ဟွမ်ဟာ သူနားကြား မမှားဘူးဆိုတာကို သေချာသိပါတယ်။

‘အဖေက ငါ့ကို တိုက်ခိုက်ခိုင်းတာပဲ’

ဟန်ကျွယ်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး သူ့အဖေရဲ့ ပခုံးပေါ် ခုန်တက်လိုက်ပါတယ်။

“ဟွမ်အာ... အဖေ သားကို ဆန်းကြယ်စွမ်းအား တစ်မျိုး သင်ပေးမယ်”

ဒီအသံနဲ့အတူ ဟန်ဟွမ်ရဲ့ စိတ်ထဲကို မှတ်ဉာဏ်အများကြီး လိမ့်ဝင်လာပါတယ်။ ရုတ်ခြည်းဆိုသလို ဟန်ဟွမ်ဟာ မှင်တက်သွားပါတယ်။ ဟန်ဟွမ် မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါ အမှောင်သခင်ကြီးက လက်တစ်ကမ်းကို ရောက်နေပါပြီ။

‘ဒီလိုကိုး...’ ဟန်ဟွမ်ရဲ့ ခံစားချက်တွေဟာ တော်တော်လေးကိုမှ ရှုပ်ထွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ နားမလည်ခဲ့တဲ့ အရာတစ်ခုကို နောက်ဆုံးတော့ နားလည်သွားပြီမလို့ပါပဲ။

‘အရင်တုန်းက ငါ ပြိုင်ဘက်ကင်းအောင် ကူညီခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းအားက အဖေရဲ့ ဓမ္မစွမ်းအားတဲ့လား... ငါ ပြိုင်ဘက်ကင်းတာ အံ့ဩစရာ မရှိတော့ပါဘူး’

ဟန်ဟွမ်ဟာ တော်တော်လေးကိုမှ ရှက်သွားပါတယ်။ ဟန်ဟွမ်ဟာ သူ့ကိုယ်သူ အားကိုးပြီး ဒီအခြေအနေအထိ ရောက်လာခဲ့တာလို့ တွေးထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့...။

“တိုက်ခိုက်ဖို့ ပြင်ဆင်တော့”

ထပ်မံထွက်ပေါ်လာတဲ့ ဟန်ကျွယ်ရဲ့ အသံကြောင့် ဟန်ဟွမ်ရဲ့ အတွေးတွေဟာ လက်တွေ့လောကကို ပြန်ရောက်လာပါတယ်။

ဟန်ဟွမ်ဟာ ရုတ်တရက်ဆိုသလို မျက်လုံးပြူးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘေးနားမှာ လူတစ်ယောက် ပေါ်လာလို့ပါပဲ။ ဒီလူက တခြားလူ မဟုတ်ပါဘူး။ ဟန်လင်ပါ။

“ညီမ,လေး... ညီမ,လေး သေသွားတာ မဟုတ်ဘူးလား” ဟန်ဟွမ်က တအံ့တဩ မေးလိုက်ပါတယ်။ ဟန်ဟွမ်ဟာ အိပ်မက်ဖြစ်နေမှာစိုးတာကြောင့် သူ့အသံက တုန်ယင်နေပါတယ်။

ဟန်လင်ဟာ ပြုံးလိုက်ပါတယ် “ဖေဖေက ညီမလေးကို ပြန်ရှင်အောင် လုပ်ပေးတယ်လေ”

“ဖေဖေ မတိုက်ခိုက်တာက သားနဲ့ တခြားတပည့်တွေရဲ့ ဝိညာဉ်အပိုင်းအစတွေ ဖေဖေဆီမှာ ရှိနေလို့ပဲ”

ဟန်ကျွယ်ရဲ့ အသံဟာ ဟန်လင်နဲ့ ဟန်ဟွမ်နားထဲကို ဝင်လာပါတယ်။

ဒီအချိန်မှာပဲ...

“ဝုန်း...”

အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ ဟန်ကျွယ်ရှေ့မှာ ပေါ်လာပြီး အဆုံးမဲ့ အမှောင်ထု စွမ်းအားကို ကာဆီးလိုက်ပါတယ်။

ကောင်းကင်ယံကနေ အလင်းတိုင်တစ်တိုင် ဆင်းသက်လာပြီး အလင်းတန်းနှစ်တန်းအဖြစ် ခွဲကာ ဟန်ဟွမ်နဲ့ ဟန်လင်ဆီ ကျရောက်သွားပါတယ်။ ရုတ်ခြည်းဆိုသလို ဟန်ဟွမ်နဲ့ ဟန်လင်ရဲ့ ရောင်ဝါဟာ တိုးလာပါတယ်။

“ပဋိပက္ခစိတ်ဆန္ဒက သားတို့သမီးတို့ကို ရွေးချယ်လိုက်ပုံပဲ၊ ဒီလိုဆိုမှတော့ ပဋိပက္ခကို ကိုယ်စားပြုပြီး ဖေဖေနဲ့အတူ အမှောင်သခင်ကြီးကို ချေမှုန်းချည်”

ဟန်ကျွယ်ရဲ့ အသံဟာ ဟင်းလင်းပြင်မှာ ပဲ့တင်ထပ်သွားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ရဲ့အသံကို တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း ကြားလိုက်ရပါတယ်။

သူတို့တွေဟာ ဟန်ဟွမ်နဲ့ ဟန်လင်ကို တစ်မူထူးခြားတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ သူတို့အကုန်လုံး အထွတ်အထိပ် နိယာမတွေဆီကနေ အလင်းတိုင် ဆင်းသက်လာတာကို မြင်လိုက်ကြပါတယ်။

ဟန်ကျွယ်ပြောတာ မမှားပါဘူး။ ပဋပိက္ခစိတ်ဆန္ဒက သူတို့နှစ်ယောက်ကို တကယ်ပဲ ရွေးချယ်လိုက်တာပါ။

“မင်းတို့အကုန်လုံး မင်းတို့ရဲ့ အစွမ်းအထက်ဆုံး ဆန်းကြယ်စွမ်းအားကို သုံးပြီး အမှောင်သခင်ကြီးကို အတူတူ တိုက်ခိုက်ကြ”

ဟန်ကျွယ်ရဲ့အသံဟာ ထပ်မံ ထွက်ပေါ်လာပါတယ်။ ဒီတော့မှ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သတိပြန်ဝင်လာကြပါတယ်။ ဟန်ကျွယ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ခန္ဓာကိုယ်ကြီးကို ကျော်ပြီး သူတို့တွေဟာ အတူတူ တိုက်ခိုက်လိုက်ကြပါတယ်။ စွမ်းအားကြီးမားတဲ့ ဓမ္မစွမ်းအား ထောင်ချီဟာ ဟန်ကျွယ်ရဲ့ ပတ်လည်မှာ ဝဲပျံပြီး အမှောင်သခင်ကြီးကို တိုက်ခိုက်ပါတယ်။

ဟန်ဟွမ်နဲ့ ဟန်လင်လည်း အတူတူ တိုက်ခိုက်ပါတယ်။ ဟန်ဟွမ်သုံးတဲ့ ဆန်းကြယ်စွမ်းအားက အန္တိမမူလ ဝိညာဉ်ချွေဓား ဖြစ်ပြီး ဟန်လင်ကတော့ သူ့ရဲ့ ဧကရာဇ်စစ်သား ဆယ်သန်းကို အစွမ်းအထက်ဆုံး ဧကရာဇ်စစ်သားအဖြစ် ပေါင်းစပ်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ ကူညီမှုနဲ့ စွမ်းအားကြီးပုဂ္ဂိုလ် ထောင်ချီရဲ့ ဓမ္မစွမ်းအားတွေဟာ ဒီအစွမ်းအထက်ဆုံး ဧကရာဇ်စစ်သားနဲ့ ပူးတွဲထားပါတယ်။

အန္တိမမူလ ဝိညာဉ်ချွေဓားရဲ့ နတ်အလင်းဓား ခုနစ်စင်းဟာ အစွမ်းအထက်ဆုံး ဧကရာဇ်စစ်သားကို ဝန်းရံပြီး အမှောင်သခင်ကြီးကို အတူတူ တိုက်ခိုက်ပါတယ်။ ဒါက ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုပါ။

အမှောင်သခင်ကြီး လက်ဝါးရိုက်ချက် ထုတ်လိုက်တဲ့အခါ အမှောင်ထုဟာ အချိန်-အာကာသကို ဝါးမျိုပြီး ရန်ငြိုးမိစ္ဆာ အမြောက်အမြား ထွက်ပေါ်လာကာ အရူးအမူး အော်ဟစ် တိုက်ခိုက်ပါတော့တယ်။ သူတို့တွေက ပဋိပက္ခထက် ကြီးမားတဲ့ တံတိုင်းကြီးလိုပါပဲ။

“ဝုန်း...”

ကြောက်စရာကောင်းတဲ့ ဝင်တိုက်မှုက ဖန်တီးရှင်သခင် စွမ်းအား တစ်စွန်းတစ်စ ရထားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ခန္ဓာကိုယ်တွေကို တုန်ယင်ပြီး ပြိုလဲလုနီး ဖြစ်သွားစေပါတယ်။ ပဋိပက္ခလည်း လေးငါးရှစ်ပိုင်း ကွဲကြေသွားပါတယ်။ ဗလာနယ်မြေတောင် အက်ကြောင်းထင်ပြီး အချိန်-အာကာသ လျှပ်စီးတွေ ယှက်ဖြာလာပါတယ်။

“မင်းတို့ရတာ ဒါ အကုန်ပဲလား၊ ဒါလေးနဲ့ မင်းတို့က ငါ့ကို သတ်ချင်တာလား၊ ဟားဟား... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ၊ ဒီထက်ကောင်းတဲ့ ပြက်လုံး ဒီလောကကြီးမှာ ရှိမှာ မဟုတ်ဘူး... ဟားဟား...” အမှောင်သခင်ကြီးဟာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါတယ်။

ဒီရယ်သံနဲ့ စကားသံက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို နှလုံးလှုပ်သွားစေပါတယ် ‘ဒီစွမ်းအားက အမှောင်သခင်ကြီးကို သတ်ဖို့ မလုံလောက်ဘူးလား’

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ဒီပူးပေါင်း တိုက်ခိုက်မှုက အလွန်တရာမှ စွမ်းအားကြီးတယ်ဆိုတာကို အာရုံခံနိုင်ပါတယ်။ ပဋိပက္ခ ကွဲကြေသွားတာကို ကြည့်ရုံနဲ့ ဒီတိုက်ခိုက်မှုက ဘယ်လောက် စွမ်းအားကြီးလဲဆိုတာ သိနိုင်ပါတယ်။

“ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအားလုံးရဲ့ စွမ်းအားနဲ့ မလုံလောက်ဘူးဆိုရင် ငါ ပါရင်ရော...”

စွမ်းအားကြီးပုဂ္ဂိုလ်တွေ ထိတ်လန့်နေတုန်းမှာ ဟန်ကျွယ်ရဲ့ အသံ ထပ်မံ ထွက်ပေါ်လာပါတယ်။ ဒီအသံကြောင့်ပဲ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ မျှော်လင့်ချက် ပြန်ရှိသွားပါတယ်။

အမှောင်သခင်ကြီးလို ကြီးမားထည်ဝါတဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဟာ ညာလက်ကို မြှောက်ပြီး လက်ညိုးကို ဆန့်ထုတ်လိုက်ပါတယ်။

‘ဒါ...’

တိတ်ဆိတ်ဂိုဏ်းသားတွေဟာ စိတ်လှုပ်တရှား ဖြစ်သွားကြပါတယ်။ အထူးသဖြင့် ထုန်ကျန့်ကမ္ဘာက တပည့်တွေဟာ ဒီအကွက်ကို တရင်းတနှီး ရှိလှပါတယ်။ အတိတ်မှာတုန်းက မိစ္ဆာ နတ်ဆိုးတွေ သေမျိုးကမ္ဘာမှာ သောင်းကျန်းတုန်းက ဟန်ကျွယ်ဟာ ဝီရိယတောင်ပေါ် ရပ်ပြီး လက်ညိုးတစ်ချောင်းတည်းနဲ့ မိစ္ဆာ နတ်ဆိုး အကုန်လုံးကို သုတ်သင်ကာ သက်ရှိအားလုံးကို ကယ်တင်ခဲ့တယ် မဟုတ်ပါလား။

မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း။

ဖန်တီးရှင်သခင် စွမ်းအား ပါဝင်တဲ့ မိုးမြေကမ္ဘာ ဓားလက်ချောင်းဟာ ဟန်ကျွယ်ရဲ့ လက်ညှိုးကနေ ပျံထွက်သွားပြီး အစွမ်းအထက်ဆုံး ဧကရာဇ်စစ်သားရဲ့ ခေါင်းထက်ကနေ ပျံသန်းကာ ပဋိပက္ခထက် ကြီးမားတဲ့ တံတိုင်းနက်ကို ဗိုလ်ကျလွန်းတဲ့ရောင်ဝါနဲ့ ခွဲခြေပစ်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters