← Chapters

အဆုံးမဲ့ခေတ်၊ အထွတ်အထိပ်

Vol. 108 Ch. 1125

အဆုံးမဲ့ခေတ်၊ အထွတ်အထိပ်

Vol. 108 Ch. 1125

စွမ်းအားကြီးမားတဲ့ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းဟာ အမှောင်ထုကို ခွင်းပြီး အမှောင်သခင်ကြီးဆီ ပျံသန်းသွားပါတယ်။ အမှောင်သခင်ကြီးဟာ တားဆီးဖို့ကြိုးစားပေမဲ့ သူ့ရဲ့ အမှောင်အကာအကွယ် အကုန်လုံးကို မိုးမြေကမ္ဘာ‌ဖောက် ဓားလက်ချောင်းက ထိုးဖောက်လာပါတယ်။

နောက်ဆုံး အမှောင်သခင်ကြီးရဲ့ ခန္ဓာကိုယ်မှာ ဧရာမအပေါက်ကြီးတစ်ပေါက် ပေါ်လာပါတယ်။ သူ့နောက်က ဗလာနယ်မြေဟာလည်း ရှည်လျားတဲ့ အနက်ရောင် အက်ကြောင်းကြီး ထင်သွားပါတယ်။ ဒီအက်ကြောင်းရဲ့ အကျယ်က ပဋိပက္ခ ဝင်ဆံ့ပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံးဟာ ဒါကို ကြည့်ပြီး လန့်သွားကြပါတယ်။ ဒါက အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ရဲ့ ဧရာမလက်ကြီးထက် ပိုပြီးတော့ ချောက်ချားဖို့ ကောင်းပါတယ်။

‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဒီလောက်တောင် စွမ်းအားကြီးတာလား’

ဒါပေမဲ့ အမှောင်သခင်ကြီးဟာ လွင့်ပါးပျောက်ကွယ်ခြင်း မရှိပါဘူး။ အမှောင်သခင်ကြီးဟာ ကြုံးဝါးလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... မင်းက တကယ်ကို စွမ်းအားကြီးတာပဲ၊ ဒါပေမဲ့ ငါ့ကို သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တာအိုဖန်တီးရှင်က သတ်လို့မသေ ဖျက်လို့မပျက်နိုင်တဲ့ တည်ရှိမှုပဲ”

“ဟွန်း... ငါ မင်းကို မသတ်နိုင်ရင်တောင် ထာဝရ ဖိနှိပ်ထားလို့ရတယ်”

ဟန်ကျွယ်ရဲ့ စကားအဆုံးမှာပဲ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ အမှောင်သခင်ကြီးရဲ့ ခေါင်းထက်မှာ ပေါ်လာပါတယ်။ ဒီအန္တိမမူလ ကောင်းကင်တံဆိပ်တော်က ပဋိပက္ခထက် အဆပေါင်း တစ်သောင်းကျော် ကြီးမားကျယ်ပြန့်ပါတယ်။ ဒီအန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ လောကဖျက်မတတ် တန်ခိုးစွမ်းအားနဲ့ အမှောင်သခင်ကြီးဆီ ဆင်းသက်ပါတယ်။

အမှောင်သခင်ကြီးဟာ ရှောင်တိမ်းဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ သူ့ဘေးပတ်လည်မှာ ထူးဆန်းတဲ့ လျှပ်စီးတွေ ပေါ်လာပါတယ်။ ဒီလျှပ်စီးတွေက အကျဉ်းထောင်လိုပါပဲ။ အမှောင်သခင်ကြီးကို ထွက်ပြေးခွင့် မပေးပါဘူး။

စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ စိတ်လှုပ်ရှားမှု သက်ရှိအားလုံးရဲ့ မျှော်လင့်ချက်တွေအောက်မှာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ အမှောင်သခင်ကြီးကို အမှုန့်ချေပစ်လိုက်ပါတယ်။ အမှောင်သခင်ကြီးရဲ့ ဝိညာဉ်ဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ထဲမှာ အစွမ်းကုန် ကြိုးစားရုန်းကန်ပါတယ်။ ဒါပေမဲ့ အချည်းနှီးပါပဲ။

“မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... မင်းမှာ ဘာလို့ ဒီလိုစွမ်းအား ရှိရတာလဲ၊ မင်း ဒီလောက် စွမ်းအားကြီးတာ ဘာဖြစ်လို့ အစောကြီးကတည်းက ဝင်မတိုက်ဘဲ ပုန်းနေတာလဲ...” အမှောင်သခင်ကြီးဟာ အသံဩဩနဲ့ အော်ဟစ် မေးမြန်းပါတယ်။ သူ့ကြည့်ရတာ လမ်းဆုံး ရောက်သွားပြီဆိုတာ သိနေပုံပါပဲ။

ဟန်ကျွယ် “ကျင့်ကြံတာက ယှဉ်ပြိုင်ဖို့ မဟုတ်ဘူး၊ ငါက ငါ့အတွက်ပဲ ကျင့်ကြံအားထုတ်တာ၊ တခြားအရာတွေအတွက် ကျင့်ကြံအားထုတ်တာ မဟုတ်ဘူး”

ဒီစကားလုံးတွေက စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ ရင်ထဲမှာ စွဲကျန်နေခဲ့ပါတယ်။

သက်ရှိအားလုံးရဲ့ အကြည့်အောက်မှာ အမှောင်သခင်ကြီးဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော် ဖိနှိပ်တာကို ခံလိုက်ရပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို ပြန်သိမ်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ် လက်ဝှေ့ယမ်းလိုက်တဲ့အခါ သူ့လက်ထဲမှာ ကျောက်စိမ်းလည်ဆွဲ လေးခု ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ ဒီလည်ဆွဲ လေးခုကို လွင့်ပစ်လိုက်တဲ့အခါ ဒီကျောက်စိမ်းလည်ဆွဲ လေးခုဟာ တာအိုဖန်တီးရှင် လေးပါးအဖြစ် အသွင်ပြောင်းလဲသွားပါတယ်။

ပဋိပက္ခသိစိတ်၊ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်၊ သဏ္ဍာန်မဲ့နတ်မင်းနဲ့ ယင်ယန်ချွမ်တုနတ်မင်းတို့ပါ။ သူတို့လေးယောက်ဟာ ချိပ်ပိတ်ခံထားရရုံသာ ဖြစ်ပြီး သူတို့ရဲ့ စိတ်ဆန္ဒတွေကို မဆုံးရှုံးသွားပါဘူး။ သူတို့တွေဟာ ဟန်ကျွယ်နဲ့ အမှောင်သခင်ကြီးရဲ့ တိုက်ပွဲကို ကြည့်နေကြတာပါ။

အမှောင်သခင်ကြီးရဲ့ ရှုထောင့်ကနေ ကြည့်ရင် ပဋိပက္ခက တော်‌တော်လေးကို အားနည်းလွန်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် ပေါ်လာတာက အကုန်လုံးကို ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မယ်လို့ သူတို့တွေ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပါဘူး။ ဒီအဖြစ်အပျက်တွေက သူတို့လေးယောက်ကို လုံးဝ လန့်သွားစေပါတယ်။

ပြန်ရှင်လာတာတောင် သူတို့လေးယောက်ဟာ အတန်ကြာတဲ့အထိ စိတ်နဲ့လူ မကပ်ပါဘူး။

ဟန်ကျွယ်ဟာ ကွဲကြေနေတဲ့ ပဋိပက္ခကို ငုံ့ကြည့်ပြီး ပြောလိုက်ပါတယ် “ပဋိပက္ခက ကျိုးပဲ့သွားပြီ၊ ဒီတော့ ဖွဲ့စည်းမှုဟောင်း အနားယူသင့်တယ်၊ ဒါမှ အဆုံးမဲ့ခေတ်ကို စတင်နိုင်မှာ”

ဟန်ကျွယ် ညာလက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ ပဋိပက္ခ အာကာသ ကွဲကြေသွားပါတယ်။ မိုးကောင်းကင်နဲ့ မြေကြီးဟာ ကွဲကြေပြီး ဗလာနယ်မြေထဲကို ပြန့်ကြဲသွားပါတယ်။ ရုတ်ခြည်းဆိုသလို ပဋိပက္ခက အင်အားတစ်ခုဟာ ဗလာနယ်မြေဆီ ရိုက်ခတ်ပြီး အဆုံးမဲ့တဲ့အထိ ပျံ့နှံ့သွားပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ဗလာနယ်မြေ ပြောင်းလဲသွားတာကို ရှင်းရှင်းလင်းလင်းကြီး ခံစားမိလိုက်ပါတယ်။ ဗလာနယ်မြေမှာ နေထိုင်ရတာက အရင်လိုမျိုး လေးလံခြင်း မရှိတော့ဘဲ ပဋိပက္ခထဲမှာ ရှိနေသလိုမျိုး ပေါ့ပါးသွားပါတယ်။

ဒါ့အပြင် ဗလာနယ်မြေမှာ အဆုံးမရှိတဲ့ စိတ်ဝိညာဉ်ချီတွေ ပြည့်နှက်လာပါတယ်။

‘အဆုံးမဲ့ခေတ် ရောက်လာပြီလား...’

‘ဒါဆို ဒီလိုနဲ့ ပြီးသွားပြီပေါ့’

စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ တစ်ယောက်ကို တစ်ယောက် မယုံနိုင်စွာ ကြည့်လိုက်ပါတယ်။

အရပ်ဆယ်မျက်နှာကို ပြန့်ကြဲသွားတဲ့ သက်ရှိတွေကတော့ ဝမ်းမြောက်ဝမ်းသာ ဩဘာပေးကြပါတယ်။

“ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ”

သဏ္ဍာန်မဲ့နတ်မင်းဟာ ပထမဆုံး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ်။ တခြား တာအိုဖန်တီးရှင် သုံးပါးလည်း လိုက်ဦးညွှတ်ပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ် ထောင်ချီဟာ ဒူးထောက်ပြီး ဟန်ကျွယ်ကို ရူးရူးမူးမူး ကြည့်လိုက်ကြပါတယ်။

ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် မဟာတာအို အနန္တကပ်ဘေးက ပဋိပက္ခ ပျက်စီးမှုနဲ့ အဆုံးသတ်သွားမှာပါ။ ဒီလိုဆို သူတို့လည်း ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ် “ပြီးခဲ့တာတွေ ပြီးပါစေတော့၊ ခေတ်သစ်မှာ ဖွဲ့စည်းပုံနဲ့ သာလွန်ပုဂ္ဂိုလ်တွေ လိုအပ်တယ်၊ ဒီနေ့ကစပြီး မင်းက အဆုံးမဲ့ခေတ် တည်ထောင်တာကို စီမံအုပ်ချုပ်ရမယ်၊ တခြား တာအိုဖန်တီးရှင်သုံးပါးက မင်းကို ကူညီလိမ့်မယ်၊ ဒီမဟာတာအို အနန္တကပ်ဘေးရဲ့ ဖန်တီးမှုကိုလည်း ဒီမဟာတာအို အနန္တကပ်ဘေးမှာ စွမ်းစွမ်းတမံ အကျိုးဆောင်ခဲ့တဲ့လူတွေကို ချီးမြှင့်ရမယ်”

“ယွမ်ရှီကျယ်ဝမ် အတွက်ကတော့... သူက လူအများကြီးကို သတ်ခဲ့တာဆိုတော့ ဖွဲ့စည်းပုံရဲ့ အပြင်ဘက်မှာ အမှောင်သခင်ကြီးနဲ့အတူ ချိပ်ပိတ်ခံရမယ်၊ သူ ဘယ်တော့မှ လွတ်လပ်မှုကို ရနိုင်မှာ မဟုတ်ဘူး”

သက်ရှိအားလုံးရဲ့ အကြည့်အောက်မှာ ယွမ်ရှီကျယ်ဝမ်ဟာ စူးစူးဝါးဝါး အော်လိုက်စဉ်မှာပဲ အမှုန့်အတိ ဖြစ်သွားပါတယ်။

ဟန်ဟွမ်ဟာ ဒါကို မြင်တဲ့အခါ မျက်မှောင်ကြုတ်သွားပြီး မခံစားနိုင်တာကြောင့် တစ်ဖက်လှည့်လိုက်ပါတယ်။

ဟန်လင်ဟာ သူ့အစ်ကိုနှစ်ရဲ့ အမူအရာကို ကြည့်ပြီး အကြောင်းရင်းကို ခန့်မှန်းမိလိုက်တာကြောင့် နည်းနည်း သနားမိသွားပါတယ်။

“မဟာတာအို အနန္တကပ်ဘေး ပြီးဆုံးပြီ”

စကားဆုံးတယ်ဆိုရင်ပဲ နတ်အလင်းရောင်တွေ ‌ဖြာထွက်နေတဲ့ ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း မှေးမှိန်ပြီး လုံးဝ ပျောက်ကွယ်သွားပါတယ်။

ပဋိပက္ခသိစိတ်၊ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်နဲ့ ယင်ယန်ချွမ်တုနတ်မင်းတို့ဟာ သဏ္ဍာန်မဲ့နတ်မင်းကို မနာလိုစွာ ကြည့်လိုက်ပါတယ်။

သဏ္ဍာန်မဲ့နတ်မင်းကတော့ ဝမ်းသာသွားပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းဟာ ဟန်ကျွယ်ကိုလည်း အတော်လေး ကျေးဇူးတင်သွားပါတယ်။

‘ငါ ဘက်ရွေးတယ် မှန်သွားတယ်၊ ဟန်ကျွယ်က တကယ်ကို သဘောထားကြီးတာပဲ’

သဏ္ဍာန်မဲ့နတ်မင်းဟာ လူတိုင်းကို တာအိုဟောကြားပေးပြီး မဟာတာအို အနန္တကပ်ဘေးရဲ့ ဖန်တီးမှုကို ခဲယူကာ ဆုချဖို့ ပြင်ဆင်ပါတယ်။

မဟာတာအို အနန္တကပ်ဘေးရဲ့ ဖန်တီးမှုဆိုတာက တကယ်တော့ ပဋိပက္ခရဲ့ စွမ်းအားပါ။ ပဋိပက္ခက ဆက်ပြီးတော့ မတည်ရှိတော့တဲ့အတွက် သူ့စွမ်းအားကို ကျန်တဲ့လူတွေက ဝိုင်းစားကြတာပါ။

တတိယ တာအိုစက်ကွင်း။

ဟန်ကျွယ်ဟာ တာအိုစက်ကွင်းထဲ ပြန်ရောက်တယ်ဆိုရင်ပဲ သူ့မိန်းမတွေ ဝိုင်းလာပါတယ်။

“ယောက်ျား... ယောက်ျားက တကယ်ကို စွမ်းအားကြီးတာပဲ”

“အမှောင်သခင်ကြီးက ယောက်ျားကို မီဖို့ အများကြီး လိုသေးတယ်”

“တာအိုဖန်တီးရှင်တွေထဲမှာ အဆင့်တွေ ရှိသေးလား”

“အဲဒီသေသွားတဲ့ သက်ရှိတွေ ပြန်ရှင်အောင် ယောက်ျား လုပ်နိုင်လား”

“ယောက်ျားက အမှောင်သခင်ကြီးကို အသာလေး သတ်နိုင်မယ်ဆိုတာ မိန်းမသိတယ်၊ သူ့ကို ဘယ်တော့ ပြန်မရှင်စေနဲ့၊ နောက်ကျလို့ နည်းလမ်းရှာတွေ့ရင် သူ့ကို အသေသတ်ပစ်၊ ဒါမှ နောက်ကျရင် ဘာပြဿနာမှ မတက်မှာ”

မိန်းမအကုန်လုံးဟာ စိတ်လှုပ်ရှားနေကြပါတယ်။ ဟန်ကျွယ် ပြိုင်ဘက်ကင်းတယ်ဆိုတာ သိနေတဲ့ ရှင်းဟုန်ရွှမ်တောင် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါဘူး။

အမှောင်သခင်ကြီးရဲ့ စွမ်းအားကို မျက်မြင်တွေ့ရှိပြီးနောက် သူတို့တွေဟာ ဟန်ကျွယ်ရဲ့ စွမ်းအားက ဘယ်လောက်ကြီးမားတယ်ဆိုတာကို ခံစားမိလိုက်ကြပါတယ်။ ဟန်ကျွယ်က ပဋိပက္ခ သက်ရှိအားလုံးရဲ့ အကူအညီကို ယူလိုက်တယ်လို့ ထင်ရပေမဲ့ တကယ်တော့ ဟန်ကျွယ်ရဲ့ စွမ်းအားက သက်ရှိအားလုံးရဲ့ စွမ်းအားထက် အများကြီး ပိုမြင့်ပါတယ်။ ကုန်ကုန်ပြောရရင် နှိုင်းယှဉ်လို့ရတဲ့အရာတွေ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “တော်ပြီ၊ ကပ်ဘေးပြီးသွားပြီ၊ လာမဲ့ အဆုံးမဲ့ခေတ်က ခေတ်သစ်ပဲ၊ ဘာတွေဖြစ်လာမယ်ဆိုတာ ကြိုမသိနိုင်ဘူး၊ မင်းတို့တွေ ဒီလောက်ပျော်နေရင် အပြင်ထွက်ပြီး လျှောက်လည်ချည်”

ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲ ဝင်သွားပါတယ်။ သူ့မိန်းမတွေကတော့ အပြင်ထွက်လည်ဖို့ သဘောတူညီချက် ရသွားတာကြောင့် ရှင်းဟုန်ရွှမ်ရဲ့ ဦးဆောင်မှုအောက်မှာ ဟန်ဟွမ်နဲ့ တခြားလူတွေဆီ လျှောက်လည်ပါတယ်။

ရှန်ဝေါ်နဲ့ ရှန်ရှင်းဆယ်ဖော်ကိုလည်း ဟန်ကျွယ်ရဲ့ ကိုယ်ပွားက အပြင်ထွက်ခွင့် ပြုလိုက်တဲ့အတွက် ပျော်ရွှင်သံတွေ ဆူညံသွားပါတယ်။

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ကြာပလ္လင်ပေါ်ထိုင်ပြီး ညာလက်ကို ဖြန့်လိုက်တဲ့အခါ ရောင်ဝါနှစ်ခု ပေါ်လာပါတယ်။ တစ်ခုက အနက်ရောင်ဖြစ်ပြီး တစ်ခုက ခရမ်းရောင်ပါ။

အနက်ရောင်က နဝမပဋိပက္ခရဲ့ လက်ကျန်ဝိညာဉ်ပါ။ ခရမ်းရောင်ကတော့ ယွမ်ရှီကျယ်ဝမ်ပါ။ တကယ်တော့ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို မမုန်းပါဘူး။ နဝမပဋိပက္ခလိုမျိုး ထိပ်သီးကျင့်ကြံသူတစ်ပါး ဒီအတိုင်း သေသွားရင် တကယ်ကို နှမြောစရာ ကောင်းမှာပါ။

အဲဒါကြောင့် ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို အန္တိမမူလ ကောင်းကင်ထောင်ထဲ ပစ်ထည့်ဖို့ ရွေးချယ်လိုက်ပါတယ်။ နဝမပဋိပက္ခရဲ့ ကျင့်ကြံမှုနဲ့ သူ့ကို ကျွန်ပြုနိုင်ဖို့က နှစ်ပေါင်း ဘီလီယံချီ ကြာညောင်းမှာပါ။

ယွမ်ရှီကျယ်ဝမ်ကတော့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့အတွက် ဟန်ကျွယ်ဟာ သူ့ကို ပြန်လည်မွေးဖွားခြင်း စက်ဝန်းမှာ ပြန်မွေးဖွားခိုင်းပြီး အသိဉာဏ်ကို နှိုးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ် အသာလေး လေမှုတ်ထုတ်လိုက်တဲ့အခါ သူ့လက်ဝါးပေါ်က ခရမ်းရောင်ချီဟာ အဝေးဆီ လွင့်ပါသွားပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဗလာနယ်မြေကို ကြည့်လိုက်ပါတယ်။ ဗလာနယ်မြေထဲမှာ ပဋိပက္ခရဲ့ လက်ကျန် အပိုင်းအစတွေပဲ ရှိနေပေမဲ့ ကြီးမားတဲ့ခေတ်ကြီးတစ်ခေတ် လာနေတာကို ဟန်ကျွယ် ကြိုမြင်နိုင်ပါတယ်။ ဒီရေစီးကြောင်းက တားဆီးဖို့ မဖြစ်နိုင်တဲ့ သမိုင်းရေစီးကြောင်းပါ။

.....

မဟာတာအို အနန္တကပ်ဘေး ပြီးဆုံးသွားတယ်။

အမှောင်သခင်ကြီးနဲ့ သူ့လက်အောက်ငယ်သား မိစ္ဆာဘီလူး ယွမ်ရှီကျယ်ဝမ်က ပဋိပက္ခကို ခွဲခြေခဲ့တယ်။ အဲဒီနောက်မှာ သူတို့ကို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ချိပ်ပိတ်ခဲ့တယ်။ ပြီးတော့ အဆုံးမဲ့ခေတ် ရောက်လာတယ်။

ဒါက ရှည်လျားတဲ့ သမိုင်းကြောင်းမှာ ထာဝရမှတ်တမ်းအဖြစ် တည်ရှိနေမဲ့ အတိတ်တစ်ခုပါ။ ဒီသမိုင်းဖြစ်ရပ်ကို လူတွေက မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာကြပါတယ်။

ကျင့်ကြံသူတွေရဲ့ အမြင့်မားဆုံး ပန်းတိုင်ကလည်း တာအိုဖန်တီးရှင်အဆင့် ဖြစ်လာပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကတော့ ဖန်တီးရှင်တွေရဲ့ ခေါင်းဆောင်၊ သက်ရှိအားလုံး ကိုးကွယ်ယုံကြည်တဲ့ အထွတ်အထိပ် တည်ရှိမှုတစ်ခုပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters