ချူရှောင်ချီ ထွက်ပြေးရခြင်း
Vol. 108 Ch. 1129
“သေသွားတာလည်း မဆိုးပါဘူး”
ဟန်ကျွယ်ဟာ ချူရှောင်ချီရဲ့ ခေါင်းကို ပွတ်သပ်ရင်း ကရုဏာသက်စွာ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ချူရှောင်ချီခမျာ လန့်သွားပြီး ဟန်ကျွယ်ကို မော့ကြည့်လိုက်ပါတယ်။
ချူရှောင်ချီရဲ့ မျက်နှာမှာ မျက်ရည်တစ်စက်မှ မရှိပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒါကို ဂရုမစိုက်ပါဘူး။
ချူရှောင်ချီဟာ မကျေမနပ် ပြောလိုက်ပါတယ် “ကျွန်တော် သေသွားရင် ဘိုးဘိုးကို ဘယ်သူက ပြုစုမှာလဲ၊ ဘိုးဘိုးက ကျွန်တော်ကို ဒီလောက် နှစ်အများကြီး ပျိုးထောင်ပေးခဲ့တာ လွယ်လွယ်နဲ့တော့ အသေမခံခိုင်းဘူးမလား”
“ငါ့ကို ပြုစုပေးမဲ့လူ မရှိဘူးလို့ မင်းကို ဘယ်သူက ပြောလဲ၊ ငါ သင်ပေးခဲ့တဲ့ တပည့်တွေက ရေလို့တောင် မကုန်နိုင်ဘူး”
“ဝိုး... ဘိုးဘိုး... ဘိုးဘိုးရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်ကို ရောက်နေပြီလဲ၊ ကျွန်တော်တို့ ဂိုဏ်းချုပ်လိုပဲလား၊ ဘိုးဘိုး ဒီမှာ ပုန်းနေတာကို ဘယ်သူမှ သတိမထားမိဘူး၊ ဘိုးဘိုးရဲ့ ကျင့်ကြံမှုက ကျွန်တော်ဂိုဏ်းချုပ်ထက် သေချာပေါက် ပိုမြင့်ရမယ်”
“ငါ့ကျင့်ကြံမှုက မင်းနဲ့ ဘာဆိုင်လို့လဲ၊ ကျင့်ကြံမှုကိုသာ အာရုံစိုက်၊ ဒီအမုန်းတရားက မင်းနဲ့ ဘာမှမဆိုင်ဘူး၊ ဘာဖြစ်လို့ ဝင်ပါချင်ရတာလဲ”
“အဲဒီလိုလုပ်လို့ မရဘူးလေ၊ ဘဝမှာ ချစ်ရဲ မုန်းရဲရတယ်၊ သူက ကျွန်တော့် ညီအစ်ကိုကို သတ်လိုက်မှတော့ ကျွန်တော် သူ့ကို မုန်းတယ်၊ ကျွန်တော် သူ့ကို သတ်ရမယ်” ချူရှောင်ချီ စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ်။ သူ့မျက်နှာဟာ ရက်စက်ကြမ်းကြုတ်သွားပြီး ယွမ်ရှီကျယ်ဝမ်ရဲ့ အရိပ်အယောင် ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အဲဒါဆိုလည်း သတ်ပေါ့၊ ငါ့ကို လာမရှာနဲ့”
“အဲဒီလို မရဘူးလေ၊ ဘိုးဘိုး... ကျွန်တော်ကို မန္တန်တစ်ခုလောက် သင်ပေးပါဦး၊ ကျွန်တော်ရဲ့ လက်ရှိစွမ်းအားနဲ့ သူ့ကို အနိုင်မယူနိုင်ဘူး”
ချူရှောင်ချီဟာ မတ်တတ်ရပ်ပြီး ဟန်ကျွယ်ရဲ့ ပခုံးနဲ့ နောက်ကျောကို နှိပ်နယ်ပေးပါတယ်။ ဒါက ဟန်ကျွယ်ကို ဖားတယ်ဆိုတာ အသိသာကြီးပါ။
ဟန်ကျွယ်ဟာ အနှိပ်ခံရင်း ပြုံးလိုက်ပါတယ် “ကောင်းပြီလေ... ဒါဆို ငါ မင်းကို ဆန်းကြယ်စွမ်းအား တစ်မျိုး သင်ပေးမယ်”
“ဆန်းကြယ်စွမ်းအားလား”
ချူရှောင်ချီဟာ လက်တုန်သွားပါတယ်။ ချူရှောင်ချီဟာ ဂိုဏ်းထဲဝင်ပြီးနောက် ဆန်းကြယ်စွမ်းအားတွေ အကြောင်းကို သိလာပါတယ်။ ဆန်းကြယ်စွမ်းအားတွေက ရှေးဟောင်း စာအုပ်တွေထဲမှာ ပေါ်လာပြီး မန္တန်အားလုံးထက် စွမ်းအားပိုကြီးကာ အင်မော်တယ်တွေပဲ တတ်မြောက်ပါတယ်။
“ဒါက ကောင်းကင်ဒဏ်ခတ် သရဲနတ်မင်းဓားပဲ၊ ဓားတစ်ချက်နဲ့ လောကကို လှုပ်ခါပြီး သရဲတွေ နတ်ဘုရားတွေ ငိုကြွေးအောင် လုပ်နိုင်တယ်၊ အသည်းအသန် အခြေအနေကို မရောက်ရင် လုံးဝ ထုတ်မသုံးနဲ့”
‘ကောင်းကင်ဒဏ်ခတ် သရဲနတ်မင်းဓား’ ချူရှောင်ချီရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားပါတယ်။ ချူရှောင်ချီဟာ ချက်ချင်း ဒူးထောက်ပြီး ဟန်ကျွယ်ကို ရှိခိုးပါတယ်။
ဟန်ကျွယ်ဟာ အရံအတားတစ်ခုသုံးပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ မိုင်တစ်ရာကျယ်တဲ့ နေရာတစ်ခုကို ဖန်ဆင်းလိုက်ပါတယ်။ ချူရှောင်ချီ ဆန်းကြယ်စွမ်းအား လေ့လာတာ အဆင်ပြေအောင်လို့ပါ။
ဒါကို ကြည့်ပြီး ချူရှောင်ချီဟာ လန့်သွားပါတယ်။ ဟန်ကျွယ်ကိုလည်း ပိုပြီးတော့ လေးစားသွားပါတယ်။
‘ကြည့်ရတာ ငါ ဘိုးဘိုးကို လျှော့တွက်မိခဲ့ပုံပဲ... ဘိုးဘိုးက တကယ်ပဲ အင်မော်တယ်များလား’
လေးငါးခြောက်လ အကြာမှာတော့ မဆုတ်မနစ် ကြိုးစားမှုကြောင့် ချူရှောင်ချီဟာ ကောင်းကင်ဒဏ်ခတ် သရဲနတ်မင်းဓားကို တတ်မြောက်သွားပါတယ်။ ဒီကမ္ဘာကွဲကြေမတတ် စွမ်းအားက ချူရှောင်ချီရဲ့ သွေးတွေကို ပွက်ပွက် ဆူစေပါတယ်။
ချူရှောင်ချီဟာ ဆန်းကြယ်စွမ်းအားကို တတ်မြောက်သွားတဲ့အခါ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ စိတ်လှုပ်တရှား ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ကတော့ ဆက်ပြီး ကျင့်ကြံအားထုတ်ပါတယ်။
ချူရှောင်ချီကို အဖော်ပြုပေးတဲ့ အတောအတွင်း အချိန်ကုန်တာ အရမ်းနှေးတယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်အတွက် ဒီအချိန်တွေက ပြီးခဲ့တဲ့ နှစ်သန်းရာချီထက် ပိုကြာညောင်းနေပါတယ်။ ဒါကလည်း အတွေ့အကြုံတစ်ခု ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်ဟာ လက်ရှိဘဝကို စံစားပါတယ်။ တိုက်ခိုက်တာတွေ သတ်ဖြတ်တာတွေ သိပ်မရှိတဲ့ဘဝပေါ့။ တခြားလူတွေရဲ့ ဘဝမှာ ဝင်ပါတာကလည်း လေ့ကျင့်မှု ပုံစံတစ်မျိုးလို့ ပြောလို့ရပါတယ်။
ချူရှောင်ချီဟာ ကောင်းကင်ဒဏ်ခတ် သရဲနတ်မင်းဓားကို တတ်မြောက်ပြီးနောက် ဓားတာအိုအပေါ် သုံးသပ်နားလည်နိုင်စွမ်း ပိုမြင့်မားလာပါတယ်။ တိုတောင်းလှတဲ့ တစ်နှစ်အတွင်းမှာပဲ ဂိုဏ်းတပည့်တွေ လေ့လာနိုင်တဲ့ ဓားတာအိုမန္တန် မှန်သမျှကို သင်ယူ တတ်မြောက်သွားပါတယ်။ သူ့ဂုဏ်သတင်းက ဂိုဏ်းထဲမှာ အများကြီး မြင့်တက်သွားပြီး ဂိုဏ်းချုပ်တောင် သူ့ကို ခေါ်ယူ တွေ့ဆုံပါတယ်။
ချူရှောင်ချီဟာ စိတ်ထင်တိုင်း မကြဲပါဘူး။ ရန်သူကို ရင်ဆိုင်ရပေမဲ့ မျက်နှာမှာ အပြုံးတစ်ချက် မပျက်ဘဲ အခွင့်အရေးကိုသာ ရှာဖွေပါတယ်။
ချူရှောင်ချီဟာ ဂိုဏ်းချုပ်ကိုလည်း စောဒကမတတ်ပါဘူး။ ကျင့်ကြံခြင်းဂိုဏ်းထဲမှာ ကံမကောင်း အကြောင်းမလှတဲ့ အဖြစ်အပျက်တွေ ရေလို့တောင် မရပါဘူး။ ဒီနေရာမှာ သေမျိုးတွေရဲ့ ကိုယ်ကျင့်တရားက အလုပ်မလုပ်ပါဘူး။ ဂိုဏ်းကို သစ္စာမဖောက်ဘူးဆိုရင် ဂိုဏ်းက ကျင့်ကြံမှုနဲ့ အရည်အချင်းကိုပဲ တန်ဖိုးထားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း ချူရှောင်ချီကို စောင့်ကြည့်ပါတယ်။
ချူရှောင်ချီဟာ ဟန်ကျွယ်ဆီကို အချိန်တစ်ခုကြာတိုင်း လာလည်ပါတယ်။ သူကလွဲရင် ဟန်ကျွယ်ရဲ့ တည်ရှိမှုကို ဘယ်သူမှ မသိပါဘူး။
ချူရှောင်ချီကလည်း ဒီကိစ္စကို နားမလည်နိုင်ပါဘူး။ သူ့ဘိုးဘိုး ပုန်းနေတဲ့ နေရာက တကယ်ပဲ ရှာရခက်လို့လား ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ကျင့်ကြံမှု မြင့်မားလာတာနဲ့ သူ ဒီနေရာကို အလွယ်တကူ ရှာတွေ့နိုင်တာက သူ့ဘိုးဘိုး ခွင့်ပြုထားလို့ဆိုတာ ချူရှောင်ချီ နားလည် သဘောပေါက်လာပါတယ်။
ဆယ်နှစ်ကြာပြီးနောက်။
ချူရှောင်ချီဟာ အပြင်ဘက်မှာ သူ့ရဲ့ ရန်သူတော် ပါရမီရှင်ကို သတ်ဖြတ်ပါတယ်။ တခြားတပည့်တွေက ဒါကို မြင်သွားတဲ့အတွက် ဂိုဏ်းထဲမှာ ဒီသတင်း ပျံ့သွားပါတယ်။
ဂိုဏ်းချုပ်ဟာ အမျက်ချောင်းချောင်း ထွက်ပြီး ချူရှောင်ချီကို သတ်မိန့် ထုတ်ပါတယ်။ ဒါကြောင့် ချူရှောင်ချီဟာ ဒဏ်ရာဗရပွနဲ့ အရပ်ဆယ်မျက်နှာကို ထွက်ပြေးရပါတော့တယ်။
ချူရှောင်ချီဟာ ဟန်ကျွယ်ဆီ ပြန်သွားဖို့ အခွင့်အရေးတောင် မရလိုက်ပါဘူး။ ဂိုဏ်းက သူ့ကို တရစပ် အမဲလိုက်နေတယ် မဟုတ်ပါလား။
တကယ်တော့ ချူရှောင်ချီက တစ်ယောက်တည်း ထွက်ပြေးတာ မဟုတ်ပါဘူး။ မိန်းကလေး တစ်ယောက်လည်း ပါပါသေးတယ်။ ဒီမိန်းကလေးက ချူရှောင်ချီ ညီအစ်ကိုရဲ့ ညီမပါ။ သူ့နာမည်က ထန်ဝမ်ပါ။ ထန်ဝမ်ရဲ့ အစ်ကိုရင်းက ဟိုပါရမီရှင်သတ်လို့ သေသွားတာပါ။
ချူရှောင်ချီကလည်း ထန်ဝမ်ကို ဂရုစိုက်ပါတယ်။ ထန်ဝမ်ရဲ့ ဖြားယောင်းမှုကြောင့်လည်း ချူရှောင်ချီဟာ အဲဒီပါရမီရှင်ကို သတ်နိုင်ခဲ့တာပါ။
တောင်တန်းတွေကြားထဲမှာ ချူရှောင်ချီဟာ ဓားပျံစီးပြီး ပျံသန်းနေပါတယ်။ ဒီအချိန်မှာ ချူရှောင်ချီဟာ အရင်လိုမျိုး ကလေးဆန်မှု မရှိတော့ပါဘူး။ သူ့အသားအရေကလည်း နည်းနည်း ညိုလာပါတယ်။ မျက်လုံးတွေကတော့ အေးစက်နေပါတယ်။
ချူရှောင်ချီဟာ ဓားအင်မော်တယ် ရောင်ဝါ ရှိနေပါတယ်။ သူ့နောက်မှာတော့ ဝိုင်းစက်ပြီး ချိုသာတဲ့ မျက်နှာထားနဲ့ မိန်းမပျိုတစ်ဦး ရှိနေပါတယ်။ သူမဟာ ချူရှောင်ချီရဲ့ ခါးကို အသာဖက်ထားပါတယ်။
ထန်ဝမ်ဟာ ချူရှောင်ချီရဲ့ နောက်ကျောကိုမှီပြီး တီးတိုးပြောလိုက်ပါတယ် “အစ်ကိုရှောင်ချီ... ညီမတို့တွေ ဘယ်သွားနေတာလဲ... ညီမတို့တွေ ဘယ်ကို ထွက်ပြေးနိုင်မှာလဲ”
ချူရှောင်ချီ “မင်းအတွက် နေစရာ နေရာတစ်ခု ရှာပေးပြီးရင် ငါ့ရဲ့ ဘိုးဘိုးကို သွားရှာမယ်၊ သူ ငါတို့ကို ကာကွယ်နိုင်တယ်”
“ဘာလို့ တစ်ခါတည်း မသွားတာလဲ”
“သူက ဂိုဏ်းထဲမှာ ရှိနေသေးတယ်။
ထန်ဝမ်ဟာ တိတ်ဆိတ်သွားပါတယ်။ ထန်ဝမ်ဟာ ချူရှောင်ချီရဲ့ အဘိုးက ဂိုဏ်းအကြီးအကဲတစ်ဦးလို့ တွေးလိုက်ပါတယ် ‘ဂိုဏ်းအကြီးအကဲက ဘယ်လိုလုပ်ပြီး ဂိုဏ်းချုပ်ကို ယှဉ်နိုင်မှာလဲ’
ဒီအချိန်မှာပဲ ဓားချီတစ်ခုဟာ တောတောင် မြစ်ချောင်းတွေကို ဖြတ်သန်းပြီး လျင်မြန်စွာ ရောက်ရှိလာပါတယ်။ ချူရှောင်ချီဟာ အလိုလိုသိစိတ်ကြောင့် နောက်လှည့်ကြည့်မိလိုက်ပါတယ်။ ဒါပေမဲ့ ဒီဓားချီက မြန်လွန်းတဲ့အတွက် ချူရှောင်ချီဟာ အချိန်မီ မရှောင်တိမ်းနိုင်ပါဘူး။
“ဝုန်း...”
ချူရှောင်ချီတို့ဟာ ဓားပေါ်က ပြုတ်ကျပြီး မြေကြီးပေါ် ကျသွားပါတယ်။ ချူရှောင်ချီသာ ဓားချီကို ဓားပျံနဲ့ မကာလိုက်ရင် သူတို့နှစ်ယောက်စလုံး တစ်ခါတည်း သေသွားနိုင်ပါတယ်။
ချူရှောင်ချီဟာ ထန်ဝမ်ကို လှမ်းဖက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ အဆောင်တစ်ခုက သူ့ကိုယ်ပေါ် လာကပ်ပါတယ်။ ဒီအဆောင်ကနေ လျှပ်စီးတွေ ထွက်ပေါ်လာပြီး သူ့ကို မလှုပ်နိုင်အောင် ရစ်ပတ်နှောင်ဖွဲ့လိုက်တာကြောင့် ချူရှောင်ချီဟာ ထန်ဝမ် တောအုပ်ထဲ ပြုတ်ကျသွားတာကို ဒီအတိုင်း ရပ်ကြည့်နေလိုက်ရပါတယ်။
ချူရှောင်ချီရဲ့ မျက်လုံးတွေဟာ ချက်ချင်း နီရဲသွားပါတယ် “သေစမ်း...”
ချူရှောင်ချီဟာ တောအုပ်အပြင်ဘက်က ချောက်ကမ်းပါးပေါ် ကျသွားပါတယ်။ ချူရှောင်ချီဟာ ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ဖြဲခံရသလို ခံစားလိုက်ရပါတယ်။ ချူရှောင်ချီဟာ ပေပေါင်း သုံးထောင်ကျော် အမြင့်ကနေ ပြုတ်ကျတာ ဖြစ်တဲ့အတွက် ရွှေဓာတ်လုံး ကျင့်ကြံမှုနဲ့တောင် မခံနိုင်ပါဘူး။
လူတစ်ယောက်ဟာ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီး ချူရှောင်ချီရှေ့ ဆင်းသက်လာပါတယ်။ ဒီလူက မီးခိုးရောင်ဝတ်ရုံနဲ့ ကျောက်စိမ်းသရဖူကို ဆောင်းထားပါတယ်။ လက်ထဲမှာတော့ ဓားပုံစံ ဖြစ်နေတဲ့ မြင်းမြီးယပ်ကို ကိုင်ထားပါတယ်။
“ချူရှောင်ချီ... မင်းက ဂိုဏ်းသားအချင်းချင်း ပြန်သတ်တဲ့အတွက် သေရမယ်” မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ ခံစားချက် ကင်းမဲ့စွာ ပြောလိုက်ပါတယ်။ သူဟာ ချူရှောင်ချီဟာ ခံစားချက်လုံးဝ မရှိတဲ့ အကြည့်နဲ့ ငုံ့ကြည့်လိုက်ပါတယ်။
ချူရှောင်ချီဟာ ခက်ခက်ခဲခဲ ထလာပြီး ပါးစပ်ထောင့်က သွေးတွေကို သုတ်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်ပေါ်က အဆောင်ကတော့ အမှုန့်ဖြစ်ပြီး လွင့်ပါး ပျောက်ကွယ်သွားပါတယ်။
ချူရှောင်ချီဟာ ပထမဆုံး နတ်အာရုံသုံးပြီး ထန်ဝမ်ကို ရှာဖွေတဲ့အခါ ထန်ဝမ်က မြက်တောထဲမှာ သွေးတွေနဲ့ လဲကျနေတာကို တွေ့လိုက်ရပါတယ်။ သူ့ကိုယ်ပေါ်မှာ သစ်ကိုင်းတွေ ရှိနေပါတယ်။ တော်တော်လေးကို သနားစရာကောင်းတဲ့ အခြေအနေပါ။
“အဲဒါဆို မင်း ငါ့ကို ဘာလို့ မသတ်တာလဲ” ချူရှောင်ချီဟာ ခပ်မာမာပဲ ပြန်မေးလိုက်ပါတယ်။ ချူရှောင်ချီဟာ စိတ်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါတယ်။
မီးခိုးရောင်ဝတ်ရုံနဲ့လူဟာ မျက်လုံးကျဉ်းလိုက်ပါတယ် “မင်းရဲ့ ကျင့်စဉ်နဲ့ ဆန်းကြယ်စွမ်းအားကိုပေး၊ ငါ မင်းကို မနာမကျင် သေခွင့်ပေးမယ်၊ ဂိုဏ်းချုပ်သာ မင်းကို ဖမ်းမိရင် မင်း သေဖို့တောင် တောင်းပန်နေရလမ့်မယ်၊ သူက မင်းဝိညာဉ်ကို နှုတ်ယူပြီး ဓမ္မရတနာကို ယဇ်ပူဇော်လိမ့်မယ်၊ ဒီလိုဆို မင်း ဘယ်တော့မှ ပြန်မွေးဖွားနိုင်တော့မှာ မဟုတ်ဘူး”
ချူရှောင်ချီဟာ ပြုံးဖြဲဖြဲ လုပ်လိုက်ပါတယ် “မင်းက ငါ့ပညာရပ်တွေကို သင်ချင်တာလား၊ ကောင်းပြီ... ငါ မင်းကို သင်ပေးမယ်”
“ငါက ကနဦးစိတ်ဝိညာဉ် ကျင့်ကြံသူနော်၊ လှည့်စားဖို့တော့ မကြံနဲ့... ငါ အဲဒီမိန်းကလေးကို အရင်ကယ်ပေးမယ်၊ ဒါပေမဲ့ မင်း ငါ့ကို လှည့်စားရဲရင်တော့ သူ့ရဲ့ အဆုံးသတ်က မင်းထက် ပိုဆိုးလိမ့်မယ်”
ချူရှောင်ချီဟာ မီးခိုးရောင်ဝတ်ရုံနဲ့လူကို ဂရုမစိုက်ဘဲ တောအုပ်ထဲ လျှောက်သွားပြီး ထန်ဝမ်ရဲ့ ဒဏ်ရာတွေကို စစ်ဆေးပါတယ်။
တစ်ချိန်တည်းမှာပဲ မိုင်တစ်ရာကျော် ဝေးကွာတဲ့ ချောက်ကမ်းပါးတစ်ခုပေါ်မှာ ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ဒီမြင်ကွင်းကို ကြည့်နေပါတယ်။ ချူရှောင်ချီနဲ့ မီးခိုးရောင်ဝတ်ရုံ ဝတ်ထားတဲ့လူဟာ ဟန်ကျွယ်ရဲ့ တည်ရှိမှုကို အာရုံမခံမိကြပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။