ဖရဲသီးခွံလည်း အရသာရှိတယ်! ငါစိတ်မထိန်းနိုင်!
Vol. 10 Ch. 136
အချိန်ကုန်သည်နှင့်အမျှ တောင်တန်းစံအိမ်တွင် ခရီးသည်ပိုပိုများလာသည်။ မနက်ပိုင်းခရီးသည်အရေအတွက်မှာ ခါတိုင်းလူ ၁၅၀၀ ထက် တော်တော်ကျော်လောက်မည်။
အရင်ကခရီးသည်များမှာ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုလာကြခြင်းဖြစ်သည်။ ပန်းပင်လယ်ကိုကန့်သတ်ထားလျှင် ဘယ်သူမှလက်ဗလာနှင့် မလာချင်ကြ။
ဒီတစ်ကြိမ်တွင်မူ အများစုက ဖရဲသီးဘုရင်နှစ်လုံးအတွက်လာကြခြင်းဖြစ်သည်။
မနေ့ညကအရှိန်နှင့်ကျော်ကြားမှုကြောင့် ထိုကမ္ဘာ့ဖရဲသီးဘုရင်နှစ်လုံးအပေါ်တန်ဖိုးထားမှုနှင့်မျှော်လင့်ချက်မှာ အတိုင်းထက်အလွန်ဖြစ်နေ၏။ အတော်များများက မဲပေါက်ပေါက်ချင်း သူတို့ Wechat အခိုက်အတန့်မှာ ပုံတင်ကြမည်မဟုတ်ပါလား?
နောက်ဆုံး_
ချန်တပေနှင့်လုံခြုံရေးများက ခန်းမအပြင်ဘက်တွင် အထူးပြင်ဆင်ထားသောစားပွဲပေါ်သို့ ဖရဲသီးသယ်သွားလိုက်သည်။
ဆရာလင်းလည်း အထူးဓားမကြီးထုတ်၍ ဖရဲသီးခွဲရန်ပြင်လိုက်၏။
ဘေးတစ်ဖက်တချက်တွင် လက်မှတ်သိမ်းသူနှစ်ယောက်လည်း အသင့်ဖြစ်နေပြီ။
ခေါင်းဆောင်ဟုန်က ပတ္တရောင်လှည့်အစောင့်နှစ်ယောက်နှင့် အမိန့်ပေးထိန်းသိမ်းထား၏။
ကောင်းယောင်ယောင်က အမျိုးသမီးစားပွဲထိုးတချို့နှင့်ထွက်လာသည်။ သူမလက်ထဲတွင် မိုက်ခရိုဖုန်းကိုင်ထားပြီး ခရီးသည်များကိုအပြုံးနှင့်ကြေညာလိုက်၏_ ''ခရီးသည်အပေါင်းတို့... မနက်ပိုင်းဖရဲသီးဘုရင်ကိုခွဲတော့မှာဖြစ်ပါတယ်... မဲပေါက်ထားတဲ့ခရီးသည်တွေက ပေါက်ထားတဲ့အချက်အလက်နဲ့တန်းစီပြီး ဆုယူနိုင်ပါတယ်''
မရေမတွက်နိုင်သောခရီးသည်များက ချက်ချင်းပြေးလာကြသည်။ သို့သော် ခေါင်းဆောင်ဟုန်တို့က ကာလိုက်သဖြင့် တစ်ယောက်မှ မဆင်မခြင်ပြုံမတိုးရဲကြ။ သူတို့၏ရဲယူနီဖောင်းက ခြောက်လှန့်နေသလိုရှိနေဆဲပင်။
...
ဆရာလင်းဓားသွေးနေစဉ် ခရီးသည်များက သူတို့ဖုန်းနှင့် ဓာတ်ပုံများဝိုင်းရိုက်ကြသည်။
ဖရဲသီးဘုရင်ကိုခွဲတော့မည့်ဗီဒီယိုမှာ Wechat တွင်ပို့စ်တင်ဖို့ကောင်း၏။
အနည်းဆုံးတော့ သူတို့ဝင်ပါခဲ့ပြီလေ!
ခွပ်!

အားလုံးမျှော်လင့်စောင့်စားနေသည့်အကြည့်အောက်တွင် ဆရာလင်းက ဖရဲသီးဘုရင်ကို ခွပ်ခနဲမြည်အောင်ခွဲချလိုက်ရာ စားချင်စဖွယ်အတွင်းသားပေါ်လာ၏။ အမြင်နဲ့တင် ကိုက်စားချင်စရာ။
ကောင်းယောင်ယောင်လည်း မိုက်ခရိုဖုန်းကိုင်၍_ ''အခု မဲပေါက်ထားတဲ့ခရီးသည်များက မဲပေါက်တဲ့အချက်အလက်နဲ့ လာပြီးယူနိုင်ပါပြီ''
သူမနောက်မှစားပွဲထိုးမလေးများက ခွဲထားသောဖရဲသီးခြမ်းကြီးနား သွားလိုက်သည်။ သူတို့လက်ထဲတွင် ဇွန်းခွက်နှင့် သန့်စင်ထားသောခွက်များကိုင်ထား၏။
ကောင်းယောင်ယောင်က အချက်အလက်စစ်ဆေးရန်တာဝန်ယူပြီး သူတို့က ဖရဲသီးဝေပေးရန်တာဝန်ယူကြသည်။
လှပသောအမျိုးသမီးနှစ်ဦးက အရင်ဆုံးပြေးလာပြီး_ ''တို့ကနှစ်ခွက်ရမှာ''
အလှလေးတစ်ယောက်မှာ သိသိသာသာပင် အမျိုးသားထု၏အာရုံကိုဖမ်းစားလိုက်နိုင်သည်။
ထိုအလှလေးက ဆရာမအိုဟာရှီနှင့်အလွန်တူပြီး ကိုယ်နေဟန်ထားလည်းဆင်၏။ သူတို့က ဆရာမအိုဟာရှီကိုကောင်းကောင်းသိကြသည်။
ကောင်းယောင်ယောင်က စကင်န်ဖတ်စက်ယူပြီး အလှလေးနှစ်ယောက်ဆီမှ အချက်အလက်များကို စကင်န်ဖတ်လိုက်၏။
အလှလေးနှစ်ယောက်မှာ ဖရဲသီးပထမခွက်နှင့်ဒုတိယခွက်ကို အသီးသီးရသွားကြသည်။
မဲပေါက်ထားသူများက လှမ်းကြည့်လိုက်ပြီး ဖရဲသီးဘုရင်အရသာဘယ်လိုရှိမလဲ သိချင်နေကြ၏။
အလှလေးနှစ်ယောက်က ခက်ရင်းတပ်၍ ဖရဲသီးစိတ်ကို ပါးစပ်ထဲထည့်ဝါးလိုက်သည်။
သူတို့ပါးစပ်ထဲချက်ချင်းချိုမြိန်သွား၏။ အရည်ရွှမ်းမှုပါပေါင်းလိုက်လျှင် ပြီးပြည့်စုံသွားသည်။
ဆရာမအိုဟာရှီနှင့်တူသောအလှလေးက မအံ့သြဘဲမနေနိုင်တော့_ ''ရှောင်တိ... ဒီဖရဲသီးက အရသာရှိလိုက်တာ... ဒီလောက်အရသာရှိတဲ့ဖရဲသီးမျိုး တစ်ခါမှမစားဖူးဘူး''
ရှောင်တိက ခေါင်းတဆတ်ဆတ်ညိမ့်၍_ ''အင်း... စားပြီးတာတောင် ပါးစပ်ထဲချိုနေတာ... ဒီထက်ကောင်းတဲ့ဖရဲသီးမရှိလောက်တော့ဘူးမလား?''
အလှလေးနှစ်ယောက်ချီးကျူးပုံမှာ ပိုမည်ထင်ရသော်လည်း သူတို့စားနေပုံကြောင့် မဲပေါက်ထားသောခရီးသည်များမှာ စိတ်မထိန်းနိုင်ကြတော့ချေ။ သူတို့က ကောင်းယောင်ယောင်ဆီသွားပြီး မဲအချက်အလက်တိုက်ကာ ဖရဲသီးယူလိုက်ကြသည်။
မဲပေါက်ထားသောခရီးသည်များ တစ်ယောက်ပြီးတစ်ယောက်ရကုန်၏။

ခြွင်းချက်မရှိ အရည်အသွေး ၂ ဖရဲသီးမှာလည်း မရေမတွက်နိုင်သောလူများ အရင်ကမစားဖူးသောအရာဖြစ်သည်။ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တောင် စားကောင်းသဖြင့် အံ့သြခဲ့ဖူးသည်။
ထို့ကြောင့် ဤအရည်အသွေး ၃ ဖရဲသီး၏ တခြားအရည်အသွေးများမှာ +၂ သာရှိသော်လည်း ထိုမဲပေါက်ထားသောခရီးသည်များက အရင်ကမစားခဲ့ဖူး၍ စားပြီးနောက် တညီတည်းချီးကျူးကြလေသည်။
''တကယ်ကောင်းတယ်... မစားဖူးရင်တော့ ဒီလောက်အရသာရှိတယ်ဆိုတာ ယုံမှာမဟုတ်ဘူး''
''ဟား ဟား... အရသာရှိတယ်... ဒီမဲပေါက်ဖို့ ငါ့မှာမြက်ခင်းလျှောစီးလိုက်ရတာ ဖင်တွေတောင်စုတ်တော့မယ်... အခုတော့ တကယ်တန်သွားပြီ''
''ကြီးမြတ်သော သာယာပျော်ရွှင်မှုဆိုတဲ့အတိုင်းပါပဲလား... ငါငယ်ငယ်လေးကတည်းက ဒီလောက်အရသာရှိတဲ့ဖရဲသီးမျိုး ဒါပထမဆုံးစားဖူးတာပဲ... ဒါမျိုးထပ်မစားနိုင်မှာစိုးတယ်''
“…”
မဲမပေါက်သောခရီးသည်များက နည်းနည်းစိတ်ပူလာကြသည်။ ကျန်ပေါက်မဲအရေအတွက်က တဖြည်းဖြည်းနည်းလာ၏။
မဲပေါက်တဲ့သူတွေက အရသာရှိတယ်ပြောလေလေ သူတို့ကပိုစားချင်လေလေပင်။
နေ့လယ်ရောက်ခါနီးတွင် မနက်ပိုင်းမဲ ၃၀၀ လုံးထွက်သွားသည်။ မဲမပေါက်သောခရီးသည်များက ဘူဖေးအသားကင် ဒါမှမဟုတ် စားဖိုဆောင်ကိုချက်ခိုင်းကြ၏။
စားဖိုဆောင်တောင် ဒီနေ့ပိုအလုပ်ရှုပ်နေသည်။
ဘာပဲဖြစ်ဖြစ် လူအတော်များများက မဲနှိုက်ဖို့အများကြီးဝယ်ထားကြပြီး အများစုက ဒါတွေသယ်ပြီး မပြန်ချင်ကြပေ။
ချန်တပေက လုံခြုံရေးများနှင့် ဖရဲသီးနှစ်ခြမ်းကို အထဲသယ်လာပြီး_ ''သူဌေး... အကျန်တွေကို ဘယ်လိုလုပ်ရမလဲ?''
ဖရဲသီးများကို ဇွန်းခွက်နှင့်ခြစ်ယူထားသဖြင့် ဖရဲသီးခွံတစ်ခုလုံးမှာ ပုံမပျက်။ ကြည့်ရတာ လက်စိမ်းကြီးနှစ်ဖက်နှင့်တူနေသည်။
ဖရဲသီးကတ်တီ ၂၄၀ ကျော်သော်လည်း တစ်ယောက်ကို ကတ်တီဝက်သာရသည်။ ဖရဲသီးအခွံအလေးချိန်နုတ်ပြီး လူ ၃၀၀ ဝေပြီးတောင် ဖရဲသီးအသားအများကြီးကျန်သေး၏။
ချင်လင်ကညွှန်ကြားလိုက်သည်_ ''ကျန်တာတွေကိုခြစ်ပြီး အားလုံးအဆာပြေစားကြတာပေါ့... အိုး ဟုတ်သားပဲ... ဖရဲသီးခွံကို ဆရာလင်းပေးပြီး စိမ်ခိုင်းလိုက်... အဲဒါကိုနှပ်ပြီး ဒီညမြည်းကြတာပေါ့''
''ကောင်းပါပြီ သူဌေး!'' ချန်တပေခေါင်းညိမ့်ပြီး ဖရဲသီးခွံကို စားဖိုဆောင်ထဲယူသွားလိုက်သည်။
ချင်လင်လည်း ဖရဲသီးခွံကိုမျှော်နေ၏။
မြို့ကြီးသားတွေက ဖရဲသီးခွံကိုလုံးဝမစား။ တချို့က ဖရဲသီးခွံကို စားရကောင်းမှန်းတောင်မသိချေ။
သို့သော် ဖရဲသီးခွံစားဖူးသည့်ရွာသားများမှာ အရသာတကယ်ကောင်းမှန်းသိကြသည်။
သူက သူ့အဖေလုပ်လေ့ရှိသောဖရဲသီးခွံနှပ်ကို သတိရသွား၏။
ချင်လင်ပြန်တမ်းတနေစဉ် ချန်ရှောင်ရူက ချွေးသီးချွေးပေါက်များနှင့်ပြေးဝင်လာသည်။ နေ့လယ်ကျောင်းဆင်းလာတာဖြစ်ရမည်။