← Chapters

ဖရဲသီးခွံလည်း အရသာရှိတယ်! ငါစိတ်မထိန်းနိုင်! ၂

Vol. 10 Ch. 137

ဖရဲသီးခွံလည်း အရသာရှိတယ်! ငါစိတ်မထိန်းနိုင်! ၂

Vol. 10 Ch. 137

ချင်လင်ကိုမြင်မြင်ချင်း ကောင်မလေးကမေးလိုက်သည်_ ''ဦးလေးချင်... ဖရဲသီးဘုရင်ရော? ဒီနေ့ကျွန်မနေ့လယ်စာအတွက်နုတ်ယူတဲ့ငွေနဲ့ မဲနှိုက်လို့ရလား?''

''ဘာမဲနှိုက်မှာလဲ? ငါမင်းကိုကျွေးမယ်!'' ချင်လင်က ဘာလို့ဒီကောင်မလေးအမောတကောပြေးလာမှန်း သိလိုက်သည်။ ကျောင်းဆင်းဆင်းချင်း အရည်အသွေး ၃ ဖရဲသီးစားဖို့ သုတ်ခြေတင်လာတာပဲဖြစ်မယ်မလား?

သို့သော် ချန်ရှောင်ရူက ခေါင်းခါလိုက်ပြီး_ ''ဟင့်အင်း... ကျွန်မကိုယ်တိုင်မဲနှိုက်ချင်တာ... မဲပေါက်မှ အဓိပ္ပါယ်ရှိမှာ... မပေါက်ခဲ့ရင်တောင် ဝင်ပါဖို့က အဓိကပဲ''

ချင်လင်ကပြုံး၍_ ''ဟုတ်ပါပြီ... ငါ့ QR ကုတ်စကင်န်ဖတ်လိုက်ရင် အစီအစဉ်ပေါ်လာလိမ့်မယ်... မင်းနေ့လယ်စာဖိုးက မဲနှိုက်ဖို့လုံးဝလောက်ပါတယ်တဲ့''

သူကပြောပြောဆိုဆို ဖုန်းထုတ်၍ QR ကုတ်လုပ်ပြီး ချန်ရှောင်ရူကိုစကင်န်ဖတ်ခိုင်းလိုက်သည်။

တကယ်တော့ ချန်လီသူ့ကိုပေးထားတဲ့ငွေကို သာမန်စျေးအတိုင်း အသက်သာဆုံးနှုတ်ယူထားသည်။ အပေါ်ယံကြည့်လျှင် ကောင်မလေး၏ နေ့စဉ်ဖြည့်စွက်စာမှာ မဲနှိုက်ဖို့မလောက်ပါချေ။

သို့သော် ထိုကိစ္စကိုစိတ်ထဲမထား။ ကောင်မလေး QR ကုတ်စကင်န်ဖတ်ပြီး အစီအစဉ်ငယ်ပေါ်လာသည်နှင့် သေချာပေါက်နိုင်မည်ဖြစ်၏။

ဒါကအတွင်းသုံးဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့လို အသိအကျွမ်းတွေက ဖရဲသီးဘုရင်စားချင်သည်ဆိုလျှင် မဲမပေါက်ဘဲ လူဖြတ်တန်းစီခိုင်းလို့တော့မဖြစ်ဘူးမလား? ခရီးသည်တွေအပေါ် သူ့အမြင်က အလွန်စိမ်းကားရာကျနေသည်။

သို့သော်လည်း သူတို့ကိုမဲနှိုက်ခိုင်းလျှင် မပေါက်ဖို့ကများနေသည်။ ထို့ကြောင့် သူ့ဖုန်းမှ QR ကုတ်တန်းဖတ်ခိုင်းလိုက်လျှင် အစီအစဉ်ငယ်ပေါ်လာပြီး အနိုင်ရဖို့သေချာ၏။

ဘယ်အရာမှ အမြဲတမ်းမျှတသည်ဟူ၍မရှိ။

ဘာပဲဖြစ်ဖြစ် လူသားတွေမှာ စိတ်ခံစားချက်နဲ့လိုအင်ဆန္ဒတွေရဲ့ သက်ရောက်မှုရှိတာပဲလေ။

ချန်ရှောင်ရူက မဲပေါက်မည်ဟုမထင်ထားပေ။ သူမကဖုန်းကိုကြည့်ပြီး နှိုက်မည့်မဲကိုသာမြင်သည်။ ထို့နောက် ဖုန်းကိုစားပွဲပေါ် အလွန်ရိုရိုသေသေတင်လိုက်ပြီး လက်အုပ်ချီကာ ရေရွက်လိုက်၏_ ''ကျောက်စိမ်းဧကရာဇ်... ဗုဒ္ဓဘုရား မ စပါ...''

ထိုပုံစံကြောင့် ချင်လင်ကပြုံးလိုက်သည်။ အရင်ကျောင်းသားများစာမေးပွဲမဖြေခင် စာမေးပွဲစောင့်နတ်ကိုပသခြင်း၊ အမွှေးတိုင်ပူဇော်ခြင်းမြင်ကွင်းများကိုပြန်သတိရသွား၏။ စာမေးပွဲစောင့်နတ်က တောက်လျှောက်တန်ခိုးမပြနိုင်ခဲ့သော်လည်း ပြန်သတိရမိသောအခါ ပြုံးမိသည်။

ချန်ရှောင်ရူက ဖုန်းပြန်ယူလိုက်ပြီး တည်တည်ငြိမ်ငြိမ်နှင့် မဲနှိုက်မည်ကိုနှိပ်လိုက်၏။ ထို့နောက် သူမဖုန်းတွင် မဲအသိပေးစာပေါ်လာသည်ကိုတွေ့လိုက်ရသည်။



''ပေါက်ပြီ...ပေါက်ပြီ... ကြီးမြတ်သော သာယာပျော်ရွှင်မှုကိုရသည်တဲ့... ဦးလေးချင်... ဖရဲသီးရော?'' ချန်ရှောင်ရူက မဲပေါက်သည်ကိုမြင်လျှင် ထခုန်မတတ်ပျော်ရွှင်သွားပြီး_ ''ကျောက်စိမ်းဧကရာဇ်နဲ့ ဗုဒ္ဓဘုရားက နောက်ဆုံးတော့ တန်ခိုးပြပြီ''

ချင်လင်ကပြုံးပြီး ကောင်းယောင်ယောင်ကိုခေါ်လိုက်သည်။ သူမကိုအထဲသွားပြီး ချန်တပေရှာခိုင်းကာ ကောင်မလေးအတွက် အရည်အသွေး ၃ ဖရဲသီးတစ်ခွက်ယူလာခိုင်းလိုက်သည်။

ချန်ရှောင်ရူက ဖရဲသီးရလျှင် တန်းမစားသေးဘဲ စားပွဲတစ်လုံးတွင် ပျော်ပျော်ရွှင်ရွှင်ဝင်ထိုင်ကာ သူမဖုန်းထုတ်၍ ဖရဲသီးပုံများတဖျတ်ဖျတ်ရိုက်တော့၏။

ဖရဲသီးဘုရင်မှာ လိုင်းပေါ်တွင်အလွန်နာမည်ကြီးနေပြီ။ ဒီပုံတွေနဲ့ နေ့လယ်ပိုင်းအတန်းသွားရင် လူတွေဝိုင်းနေမှာပင်။

နေ့လယ်ပိုင်းတွင်_

ချင်လင်က ဂိုဒေါင်သွားပြီး ဂိမ်းထဲဝင်ကာ နောက်ထပ်ဖရဲသီးအလုံး ၅၀ ထုတ်လာခဲ့သည်။ စံအိမ်ရောက်သောအခါ စံအိမ်ထဲတွင် နောက်တစ်ကျော့စနေပြီဖြစ်၏။

နေ့လယ်ပိုင်းခရီးသည်များက မနက်ပိုင်းထက်ပိုများကြောင်း အံ့သြစွာတွေ့ရသည်။ လူများလွန်း၍ ဝင်ပေါက်အပြင်ဘက် ပြည်နယ်စပ်ကြားအမြန်လမ်းမကြီးမှာ လမ်းပိတ်နေ၏။

မဲပေါက်သူအများစုက ဗီဒီယိုရိုက်၍ လိုင်းပေါ်တင်ကြွားကြသည်။ သူတို့ကပိုကြွားလေလေ၊ ဒီမဲနောက်လိုက်နေတဲ့သူတွေက ပိုပြီးဂနာမငြိမ်ဖြစ်လေလေ၊ ခရီးသည်တွေပိုပြီးဝင်ပါလေလေဖြစ်နေသည်။

ခေါင်းဆောင်ဟုန်က ယာဉ်ထိန်းရဲတချို့နှင့် ယာဉ်လမ်းကြောင်းထိန်းသိမ်းနေ၏။

ချင်လင်က စံအိမ်ထဲဖရဲသီးသယ်လာပြီး ချန်တပေကိုချက်ချင်းခေါ်ကာ အရောင်းစင်တာထဲ အရည်အသွေး ၂ ဖရဲသီးများထည့်ခိုင်းလိုက်သည်။

.

ဒီနေ့အခြေအနေအရ ဤအရည်အသွေး ၂ ဖရဲသီးရောင်းအားမှာ အထူးတက်နေ၏။

…

အချိန်ကုန်လွန်သွားသည်။

အရည်အသွေး ၃ ဖရဲသီးဒုတိယအလုံးကိုလည်း ခရီးသည်များစောင့်စားနေသည့်ကြားတွင်ခွဲလိုက်၏။

နေ့လယ်ပိုင်းမဲပေါက်သူများက ချက်ချင်းကောင်းယောင်ယောင်ဆီတွင် အချက်အလက်အတည်ပြုကာ ဖရဲသီးယူကြသည်။



ချီးမွှမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက် ဖြစ်မြဲပင်။

ဒီတစ်ကြိမ်တွင် ချင်းလင်စံအိမ်ပွဲအောင်မြင်ပြီး ကောင်းကောင်းဖြစ်ခဲ့သည်။

ဒီတစ်ကြိမ်မဲပေါက်သူခရီးသည်များက ဖရဲသီးဘုရင်အကြောင်းကို သူတို့ပတ်ဝန်းကျင်တွင် အချိန်တစ်ခုအထိပြောနေကြဦးမည်။ နောက်ပြီး ဂုဏ်ယူစွာပြောကြမှာက: 'ငါက အယောက် ၆၀၀ ထဲကတစ်ယောက်လေ'ဟူ၍။

စံအိမ်ဝန်ထမ်းစားသောက်ခန်းထဲတွင်_

ချင်လင်လည်း ဖရဲသီးခွံနှပ်ပန်းကန်ကိုကိုင်ပြီး ပါးစပ်ထဲထည့်မြည်းရင်း မယုံနိုင်အောင်ဖြစ်နေသည်။

အရသာရှိလွန်းသောကြောင့်ပင်။ အနံ့နှင့် စားပြီးလျှာပေါ်စွဲကျန်နေပုံက အံ့သြစရာကောင်း၏။

အရည်အသွေး ၂ ဖရဲသီးအရည်အသွေးက ဖရဲသီးအသားတင်မကဘဲ ဖရဲသီးခွံမှာပါရှိနေမည်ဟုထင်မထားမိပေ။

သူ့ဘေးမှ ကျောက်မိုချင်းက မယုံနိုင်ပုံနှင့်_ ''ဒီဖရဲသီးခွံက တကယ်အရသာရှိတာပဲ... ဖရဲသီးခွံစားဖူးတာ ဒါပထမဆုံးပဲ''

လင်းဖန်ကပြုံး၍_ ''ဖရဲသီးခွံက အရင်ကတည်းက စားလို့ရတယ်လေ... တရုတ်တိုင်းရင်းဆေးအဖြစ်သုံးတာတောင်ရှိတယ်... အရင်က ကျေးလက်မှာ ဖျားတဲ့ချောင်းဆိုးတဲ့သူတွေရှိတယ်... သူတို့ကဖရဲသီးခွံနည်းနည်းစားပြီး ပြန်ကောင်းသွားကြတာပဲ''

သူတို့ဘေးစားပွဲဝိုင်းတွင် ကောင်းယောင်ယောင်နှင့်စားပွဲထိုးမလေးများမှာ ဖရဲသီးခွံကို တူနှင့်ဆွဲယူနေကြသည်။ မိန်းကလေးများဖြစ်သည့်အလျောက် တရစပ်စကားပြောကြ၏။

''အိုး ဟိုး... ဖရဲသီးခွံဒီလောက်အရသာရှိမှန်းသိတာ ပထမဆုံးပဲ... နှစ် ၂၀ ကျော်လောက်မစားလိုက်ရတာ နာတယ်ဟာ''

''အင်း... နှမြောစရာ... အရင်စားဖူးတဲ့ဖရဲသီးတွေထက်တောင် ဖရဲသီးခွံကပိုကောင်းနေသလိုပဲ''

''ဟုတ်တယ်နော်... ငါလည်းအဲလိုထင်တယ်''

''ဖရဲသီးကြီးနှစ်လုံးဆိုတော့ ဖရဲသီးခွံအများကြီးပဲ... မနက်ဖြန်လည်း စားလို့ရလောက်တယ်မလား?''

''အစ်မယောင်ယောင်... သူဌေးကိုမေးပေးဦး... ကျွန်မ ဖရဲသီးခွံစားချင်လို့''

“…”

စားသောက်နေရာမှ ဖရဲသီးခွံဆွေးနွေးပွဲဖြစ်သွားလေသည်။

ညပိုင်းတွင် ခရီးသည်များတဖြည်းဖြည်းပါးသွားမှ စံအိမ်ဝန်ထမ်းများ သက်ပြင်းချနိုင်တော့၏။

ဒီနေ့ဖရဲသီးဘုရင်ပွဲကြောင့် စံအိမ်တွင် လူတော်တော်ကျသွားသည်။

ပန်းပင်လယ်လက်မှတ်များကိုကန့်သတ်ထားပြီး အရောင်းစင်တာထဲတွင် တခဏတောင်ထိုင်ခွင့်မရသဖြင့် မြက်ခင်းလျှောတောင် ခရီးသည်များဦးတည်ရာဖြစ်သွား၏။

မြက်ခင်းလျှောနေရာတွင် လူလျှံသွား၍ ထိုအစီအစဉ်ကို နေ့လယ် ၂ နာရီတွင် အရေးပေါ်ပိတ်လိုက်ရလေသည်။

All Chapters