Chapters

ဖရဲသီးခွံလည်း အရသာရှိတယ်! ငါစိတ်မထိန်းနိုင်! ၃

Vol. 10 Ch. 138

ဖရဲသီးခွံလည်း အရသာရှိတယ်! ငါစိတ်မထိန်းနိုင်! ၃

Vol. 10 Ch. 138

နောက်ဆုံး ကျောက်မိုချင်းက ချင်လင်ကိုစာရင်းပေးလိုက်သည်_ ''ဒီနေ့စုစုပေါင်းမဲနှိုက်တာက ၁၈၃၂၄ စောင်ရှိတယ်... ခရီးသည်ဦးရေက ၅၀၈၆ ယောက်... အများစုက ဖရဲသီးဘုရင်အတွက်လာကြတာ... ပျမ်းမျှတစ်ယောက်ကို မဲ ၃.၆ စောင်နှုန်းရှိတယ်''

ချင်လင်က စာရင်းရသောအခါ အရည်အသွေး ၃ ဖရဲသီးနှစ်လုံး၏အကျိုးကို သြချမိတော့သည်။

ဒါထင်ထားတာထက် များနေပြီ။

ကန့်သတ်ထားတဲ့ခရီးသည်ဦးရေက ၁၅၀၀။ နောက်ဆုံးသူတို့ရခဲ့တာ လူ ၅၀၀၀ ကျော်။ လုံးဝလျှံထွက်တော့မတတ်။

ဖြစ်ချင်တော့ ပန်းပင်လယ်လက်မှတ်ကို သူစိတ်ပိုင်းဖြတ်ပြီး ကန့်သတ်ခဲ့၍သာ တော်တော့သည်။

မဲ ၁၈၃၂၄ စောင်ကို ယွမ် ၅၀ နှုန်းနှင့် အနည်းဆုံးဝင်ငွေ ၉၁၆၂၀၀ ဖြစ်နေပြီ။ အဓိကရောင်းအားမှာ အရည်အသွေး ၂ ဖရဲသီးနှင့် လင်ဖုန်းတို့တင်သွင်းသူများ၏ကုန်ပစ္စည်းများဖြစ်လေသည်။

ဂိမ်းထဲမှထုတ်လာသောပစ္စည်းများမှာ တစ်ရက်ပင်မခံချေ။ နောက်ပိုင်းအခြေအနေကို ထိုတင်သွင်းသူများ၏သာမန်ထုတ်ကုန်များနှင့်သာ တည်းထားခဲ့ရသည်။

ဝင်ငွေ ၉၁၆၀၀၀ ယွမ်ထိရောက်ခဲ့သော်လည်း တစ်ဦးချင်းသုံးစွဲငွေမှာ ယွမ် ၁၈၀ မျှသာရှိ၏။

တစ်နေ့လူ ၅၀၀၀ ရှိသော နာမည်ကျော်ခရီးသွားဆွဲဆောင်မှုနေရာတစ်ခုအနေနှင့်ကြည့်လျှင် ဤတစ်ဦးချင်းသုံးစွဲငွေပမာဏမှာ အထင်သေးစရာဖြစ်နေမည်။ မင်းဆီလူတွေထိုးပေးတာတောင် မင်းက ငွေထွက်အောင်မလုပ်နိုင်ဘူးဆိုတဲ့သဘော။

သို့သော်လည်း မတတ်နိုင်။ ငွေသုံးစရာအစီအစဉ်တွေမှ အလုံအလောက်မရှိသေးဘဲလေ။ တချို့ခရီးသည်တွေက မဲနှိုက်ဖို့ ယွမ် ၅၀ တောင် ဘယ်မှာသုံးရမလဲမသိချေ။ မဟုတ်ရင် မြက်ခင်းလျှောကိုပဲ ဆက်စီးနေမှာမဟုတ်။

နောက်ပြီး စံအိမ်ဝန်ထမ်းတွေက မနိုင်ဝန်ကြောင့် အားလုံးခြေကုန်လက်ပမ်းကျကုန်ကြ၏။ ကောင်းယောင်ယောင်မှာ အသံဝင်နေသည့်တိုင် မိုက်ခရိုဖုန်းနှင့် ဆက်အော်နေရသည်။

သို့သော်လည်း ပွဲအထမြောက်ခဲ့သဖြင့် ပျော်ရွှင်ရစမြဲပင်။ ချင်လင်လည်း ကျောက်မိုချင်းကိုညွှန်ကြားလိုက်သည်_ ''အားလုံး ဒီနေ့အလုပ်ကြိုးစားခဲ့ကြတာ... ဝန်ထမ်းတစ်ယောက်စီကို ဟုန်ပေါင်း ယွမ် ၁၀၀ ပေးလိုက်ပါ''

''ကောင်းပါပြီ... ကျွန်မစီစဉ်လိုက်မယ်'' ကျောက်မိုချင်းခေါင်းညိမ့်လိုက်သည်။ ဝန်ထမ်းတွေက အလုပ်ကြိုးစားခဲ့သောကြောင့် ဆုချကိုချရမည်။ အားလုံးဒီနေ့ တကယ်ပင်ပန်းခဲ့ကြ၏။

......

မြင်းကိုပြေးစေချင်ရင် မြင်းစာကျွေးရမယ်တဲ့။ ဟုန်ပေါင်း ယွမ် ၁၀၀ က အလုပ်ကြိုးစားခဲ့တဲ့ဝန်ထမ်းတွေကို တစ်ညလုံးပျော်နေစေမယ်ဆိုတာ သူလုံးဝယုံကြည်သည်။

ချင်လင်ကထွက်လာမည်အပြု ချန်လီဆီမှဖုန်းဝင်လာ၏။

''အကြီးအကဲချန်... ဒီအချိန်ကြီးမှဘာဖြစ်လို့လဲ?''

''သူဌေးချင်ရဲ့ပွဲအောင်မြင်ခဲ့တာ ဂုဏ်ပြုရမယ်လေ မဟုတ်ဘူးလား? ဒါနဲ့ ဒီနေ့စံအိမ်လက်ခံစာရင်း မေးပါရစေဦး... ဒီနေ့စံအိမ်လာတဲ့ခရီးသည်တွေက လမ်းမကြီးပိတ်တဲ့အထိဖြစ်သွားတယ်ဆို''

''စီရင်စုယာဉ်ထိန်းရဲတွေကို ကျေးဇူးတင်ရမှာပဲ... စံအိမ်က ဒီနေ့ ၅၀၈၆ ယောက်ရခဲ့တယ်''

ချင်လင်က သူလက်ခံရရှိတဲ့ဧည့်သည်အရေအတွက်ကို ဖုံးကွယ်မထား။

တဖက်တွင် ချန်လီကဖုန်းချပြီး စွန်းရှန်အား အံ့သြစွာပြောလိုက်သည်_ ''စွန်းရှန်... ချင်းလင်စံအိမ်မှာ ဒီနေ့လူ ၅၀၈၆ ယောက်ရခဲ့တာတဲ့''

ချင်းလင်စံအိမ်၏ဖရဲသီးဘုရင်ပွဲမှာ အလွန်နာမည်ကြီးနေသဖြင့် စီရင်စုကအာရုံစိုက်နေခဲ့သည်။

''ပွဲကြောင့် ၅၀၀၀ ကျော်သွားတာလား?'' စွန်းရှန်က ဖင်တကြွကြွဖြစ်လာ၏။

တစ်နေ့လူ ၅၀၀၀ ရှိသော နာမည်ကြီးရှုမျှော်ခင်းနေရာတစ်ခုမှာ အရေးပါမှန်းသိထားကြသည်။ နာမည်ကျော်ဝူတောင်တန်းရှုမျှော်ခင်းနေရာမှာ မနှစ်ကခရီးသည် ၅၀၀၀ သာရခဲ့၏။

ရုံချန်းစီရင်စုအတွင်း ဘယ်ရှုမျှော်ခင်းနေရာမှ ဒီလောက်လူမများပေ။

ချင်းလင်စံအိမ်က ဒီပွဲကြောင့် လူ ၅၀၀၀ ကျော်သာရခဲ့သော်လည်း နောင်အလားအလာရှိသေးသည့်သဘောပင်။

စွန်းရှန်က အလျင်စလိုမှာလိုက်သည်_ ''လောင်ချန်... သက်ဆိုင်ရာပစ္စည်းတွေမြန်မြန်ပြင်ဆင်ထား... ချင်းလင်စံအိမ်မှာ တခြားလုပ်ငန်းတွေတရားဝင်ဖွင့်တာနဲ့ မင်းအဆင်သင့်ဖြစ်နေမှရမယ်... သူဌေးချင်ကိုချက်ချင်းသတင်းပို့ပြီး အဆင့် 4A ရှုမျှော်ခင်းနေရာလျှောက်ခိုင်းလိုက်... အချိန်ကျရင် ငါတို့စီရင်စုက အချက်အလက်တွေထောက်ခံပေးဖို့ ကူညီရမယ်''

''ကောင်းပါပြီ!'' ချန်လီက ချက်ချင်းခေါင်းညိမ့်လိုက်သည်။

ဒီနေ့ချင်းလင်စံအိမ်ရခဲ့တဲ့ခရီးသည်အရေအတွက်က ခါတိုင်းတည်တည်ငြိမ်ငြိမ်နေတတ်သောစွန်းရှန်ကို ကိုင်လှုပ်လိုက်လေသည်။