Chapters

လက်တွေ့လက်ဝတ်ရတနာပုံစံ! ၃

Vol. 10 Ch. 141

လက်တွေ့လက်ဝတ်ရတနာပုံစံ! ၃

Vol. 10 Ch. 141

??

သူမအရင်တွေ့ဖူးသောရှဉ့်များနှင့် လုံးဝမတူပေ။

အမွေးလေမှုတ်ပြီးနောက် ဘီးနှင့်ဖြီးကာ အဝတ်လေးများဝတ်ပေးလိုက်သည်။ မွေးနီ၏ပုံစံမှာ သိသိသာသာအရောင်ထွက်လာသည်။

သူ့ကိုချလိုက်သည်နှင့် ရှဉ့်ရိုင်းများရောက်လာပြီး စပ်စပ်စုစုဝိုင်းနေကြ၏။

ကျန်းကွေ့ကျူက နောက်ရှဉ့်ရိုင်းတစ်ကောင်ကို ဂရုတစိုက်ကိုင်လိုက်သည်။ ရှဉ့်ရိုင်းက သတိလက်လွတ်ရုန်းလိုက်သော်လည်း နောက်ဆုံးကျန်းကွေ့ကျူက သူ့ကိုရေဇလုံထဲထည့်လိုက်နိုင်၏။

ကျန်းကွေ့ကျူက ပထမဆုံးရှဉ့်ရိုင်းကို အောင်အောင်မြင်မြင်သန့်စင်ပေးနိုင်တော့မှ ချင်လင်က သက်ပြင်းချလိုက်သည်။

ကျန်းကွေ့ကျူမှာ အလွန်ပညာသားပါပြီး ကျွမ်းကျင်ကြောင်းသိနိုင်လေသည်။

အနည်းဆုံးတော့ အိမ်မွေးကိုင်တွယ်သူအတွက် စိတ်ချလက်ချထားနိုင်တော့မည်။

ချင်လင်က ကျန်းကွေ့ကျူအလုပ်များနေသည်ကိုထားခဲ့ပြီး ဘေးမှာသွားထိုင်လိုက်သည်။ သူ့စိတ်ထဲမှဂိမ်းကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်ကို သတ္တုတွင်း၌ ထပ်တူးစေလိုက်၏။

မနက်ဖြန်ညပြီးရင် နှစ်သစ်ကူးနေ့ရောက်တော့မည်။ အခုသူ့လက်ထဲမှာ အဝါရောင်ကျောက်မျက်လေးသာရှိသေး၏။ ကျောက်မိုချင်းနှင့်သူ့အမေအတွက် လက်ဆောင်မလုပ်ရသေး။

နှစ်သစ်ကူးပွဲက သူ့အတွက်နည်းနည်းထူးခြားသည်။ အခုကျောက်မိုချင်းက မိသားစုဝင်ဖြစ်နေပြီ။ ကျောက်မိသားစုကို နှစ်သစ်ကူးဆုံစည်းရန်ဖိတ်ဖို့စီစဉ်ထားပြီး ကျောက်မိုချင်းမိဘများအတွက် လက်ဆောင်လည်းပေးချင်သည်။

ထို့ကြောင့် သတ္တုတွင်းမှာတူးရမည်။

ဒီနေ့မိုးရွာချပြီး သူ့လုပ်ငန်းဆုံးရှုံးခံထားရသဖြင့် ကောင်းကင်ဘုံက ပြန်အစားပေးပုံရ၏။ ဒီတစ်ကြိမ်တွင် အရင်လောက်ကြာကြာမတူးလိုက်ရဘဲ ဂိမ်းအသိပေးစာရလိုက်သည်:

(ကျောက်စိမ်းရသည့်အတွက် ဂုဏ်ယူပါတယ်: အရည်အသွေး ၁)

(ရွှေပြားအတွက်ရောင်းနိုင်သည့် ကျောက်စိမ်းသတ္တုဖြစ်သည်။ ကျောက်မျက်ပုံသွင်းရန် ပန်းပဲဖိုမှ Sebara ကိုလည်း ရှာနိုင်သည်!)

ချင်လင်ကချက်ချင်းဂိမ်းဇာတ်ကောင်ကို ကျောက်စိမ်းယူစေလိုက်သည်။ ယူပြီးသည်နှင့် သူကပိုတက်ကြွလာပြီး သူ့ဂိမ်းဇာတ်ကောင်ကို ဆက်တူးစေလိုက်၏။

''ချင်လင်... ဘာတွေတွေးပြီး ငေးနေတာလဲ?'' ကျောက်မိုချင်းရောက်လာပြီး ချင်လင်ဘေးဝင်ထိုင်လိုက်သည်။

ချင်လင်က အာရုံပြန်ယူလိုက်ပြီး ပြုံးကာ_ ''မင်းအကြောင်းတွေးနေတာပေါ့''

ကျောက်မိုချင်းက_ ''ဟွန့်... ရှင်ဘယ်တုန်းက ဒီလောက်စကားတွေတတ်သွားတာလဲ?''

ချင်လင်ကပြုံး၍ သူ့စိတ်ထဲကဂိမ်းကိုအာရုံပြန်စိုက်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်ကိုဆက်တူးစေ၏။ ဒီနေ့သူတကယ်ကံကောင်းနေပုံရသည်။ မကြာမီ နောက်ထပ်အသိပေးစာရလိုက်၏။

(မဟူရာကျောက်ရသည့်အတွက် ဂုဏ်ယူပါတယ်: အရည်အသွေး ၁)

(မဟူရာကျောက်သတ္တုဖြစ်သည်။ ရွှေပြားအတွက်ရောင်းနိုင်သည်။ ကျောက်မျက်ပုံသွင်းရန် ပန်းပဲဖိုမှ Sebara ကိုလည်း ရှာနိုင်သည်!)

သို့သော် ဒီနေ့သူ့ကံက ဒီအထိသာဖြစ်၏။ နောက် သူ့ဂိမ်းဇာတ်ကောင်ကို သတ္တုတွင်းသုံးလွှာကျန်နေရာအားလုံးနှင့် လေးလွှာဝင်ပေါက်ရောက်သည်အထိ ဆက်တူးခိုင်းရာ ဟုတ်တိပတ်တိဘာမှမရတော့ချေ။

နောက်ပြီး ဂိမ်းဇာတ်ကောင်ကို လေးလွှာထဲဝင်ခိုင်းလိုက်သည်တွင် အဆင့်ကန့်သတ်ထားကြောင်း အသိပေးစာရလိုက်သည်။ နောက်ထပ်ဝင်နိုင်ရန် အဆင့်ထပ်တက်မှဖြစ်မည်။

ချင်လင်က သတ္တုတွင်းတူးခြင်းကို လက်လျှော့လိုက်ရ၏။ စိုက်ပျိုးမွေးမြူရေးခြံသတ္တုတွင်းတည်ဆောက်ပုံအရ အထူးသတ္တုနှင့်ပစ္စည်းများကို ပထမဆုံးတူးရမှသာ ပေါ်လာမည်ဖြစ်သည်။ နောက်ထပ်တူးဖို့မဖြစ်နိူင်။

.

သူကဂိမ်းဇာတ်ကောင်ကို Sebara ပန်းပဲဖိုသွားစေပြီး ပုံသွင်းမည့်စာရင်းကိုနှိပ်လိုက်သည်။ ဒီတစ်ကြိမ်တွင် လက်စွပ်လုပ်ဖို့ရည်ရွယ်ထား၏။

(သင်ပုံသွင်းချင်သော လက်စွပ်ပုံစံကိုရွေးပါ!)

(ဆွဲထားသောပုံစံရှိလျှင်လည်း ပေးနိုင်သည်!)

ချင်လင်က ဂိမ်းထဲမှလက်စွပ်ပုံစံများကိုကြည့်လိုက်သည်။ ဆွဲသီးပုံစံတုန်းကလို တစ်ခုမှအဆင်ပြေမည့်ပုံမပေါ်။ သူနည်းနည်းစိတ်ပျက်သွားမိသည်။

သူများကို ထူးထူးခြားခြားလက်ဆောင်ပေးချင်ကာမှ ပုံစံကိုဖြစ်သလိုတော့မလုပ်ချင်။

သို့နှင့် ဒုတိယအချက်ကို ချက်ချင်းစိတ်ရောက်သွား၏။

Sebara ကို သူ့မှာရှိတဲ့ပုံစံပေးနိုင်သည်တဲ့။ အခုဂိမ်းဇာတ်ကောင်ရဲ့ဘားပေါ်မှာ ဘာပုံစံငယ်မှရှိမနေ။

လက်တွေ့ဘဝကဆွဲထားတဲ့ပုံစံကို ဂိမ်းထဲယူလာရင်ရော? သူဂိမ်းထဲကိုယူလာတဲ့ပုံစံအတိုင်း Sebara ကိုကျောက်မျက်ပုံသွင်းခိုင်းလို့ရမလား?

ဒီလိုသာဆိုရင် မူလရနိုင်တဲ့ပုံစံတွေနဲ့ အနည်းနဲ့အများတော့ အပြောင်းအလဲရှိသွားနိုင်သည်။