သောက်ရမ်းလက်တွေ့လောက! ဆေးဖက်ဝင်ဝိုင် +၂ အရသာ!
Vol. 10 Ch. 142
ချင်လင်က ထိုသို့တွေးမိသည်နှင့် ရုံချန်းစီရင်စုထဲတန်းမောင်းသွားလိုက်သည်။ အိမ်ရောက်ရောက်ချင်း သူ့အခန်းထဲကကွန်ပျူတာဖွင့်၍ လိုင်းပေါ်မှလက်စွပ်ပုံစံများကိုကြည့်လိုက်၏။
လိုင်းပေါ်တွင် ပုံစံများစွာရှိပြီး 'အနန္တပုံရိပ်ကွန်ရက်' ကဲ့သို့ ပုံစံအသုံးပြုခွင့်အထူးရောင်းသည်လည်းရှိသည်။ ဒီဇိုင်နာအသီးသီးဆီမှဝယ်ထားသော မူပိုင်ခွင့်ဝဘ်ဆိုက်လည်းရှိ၏။
ချင်လင်က ဒီဇိုင်းတစ်ခုကိုပေါ့ပေါ့ပါးပါးရွေးပြီး သူဝယ်လာသောအိမ်သုံးမိတ္တူစက်နှင့် ကွန်ပျူတာမှထုတ်လိုက်သည်။
သူကဒီဇိုင်းပုံစံယူပြီး ဂိမ်းထဲဝင်ကာ ဂိမ်းဇာတ်ကောင်နေရာအစားထိုးဝင်လိုက်၏။ သူကပုံစံကို အိမ်အတွင်းသေတ္တာထဲထည့်လိုက်သည်။
ဂိမ်းထဲမှပြန်ထွက်လာပြီးနောက် သူ့စိတ်ထဲမှဂိမ်းကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်ကို သေတ္တာဆီသွားစေလိုက်၏။
(အမည်မသိဒီဇိုင်းပုံ။ Sebara ပန်းပဲဖိုတွင် စစ်ကြည့်နိုင်သည်!)
ပုံစံငယ်နေရာတွင် သူမိတ္တူဆွဲလာသောလက်စွပ်ပုံစံဖြစ်သည်။
ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်ကို ပန်းပဲဖိုသွားပြီး Sebara ကိုရှာစေလိုက်၏။
(ပုံသွင်းလိုသောကျောက်မျက်ပုံစံကိုရွေးပါ!)
ချင်လင်ကစာရင်းကိုနှိပ်လိုက်ရာ လက်စွပ်ရွေးစရာထပ်ပေါ်လာသည်။
ဒီတစ်ကြိမ်တွင်သူက ပုံစံငယ်ကိုတန်းရွေးပြီး Sebara ထံအပ်လိုက်သည်။ ထို့နောက် နောက်ထပ်ချက်ချင်းပေါ်လာ၏:
(ပုံသွင်းလိုသောပစ္စည်းကိုရွေးပါ!)
ချင်လင်ကချက်ချင်း အဝါရောင်ကျောက်သတ္တုနှင့်ရွှေသတ္တုကို ပစ္စည်းအဖြစ်ရွေးလိုက်သည်။
(လက်ရှိပစ္စည်းများနှင့် လက်စွပ်တစ်စုံပုံသွင်းနိုင်သည်။ ပုံသွင်းမည့်အရွယ်အစားရွေးလိုပါသလား?)
နောက်ဆုံး ပုံစံငယ်မှာ အမှန်တကယ်သုံးနိုင်မှန်းသိတော့မှ ချင်လင်ကပြုံးလိုက်ပြီး 'မရွေးပါ'ကိုနှိပ်လိုက်၏။
သူက ဒီပုံစံနှင့်စမ်းသပ်ကြည့်ခြင်းသာဖြစ်သည်။ ပုံစံက အရမ်းရိုးနေ၏။
သူကဂိမ်းထဲမှထွက်၍ အနန္တပုံရိပ်ကွန်ရက်ထဲဝင်လိုက်သည်။ သူကလက်စွပ်ရွေးစရာများကိုနှိပ်လိုက်ရာ စာမျက်နှာပေါ်တွင် လက်စွပ်ပုံစံတွေတသီကြီးထွက်လာ၏။
ကျေက်စိမ်းလက်စွပ်ဒီဇိုင်းမှာ ကျောက်စိမ်း၏ပုံစံအပေါ်မူတည်သည်။ သို့သော် လက်စွပ်အရှေ့ပိုင်းကိုကျောက်စိမ်းနှင့်လုပ်ပြီး ဘေးအနားကိုတခြားသတ္တုနှင့်ဝန်းရံလျှင် ဒီဇိုင်းပုံစံအမျိုးမျိုးထုတ်နိုင်၏။
တချို့ကျောက်စိမ်းအပြည့်လုပ်သည်ရှိသော်လည်း ပုံတုံးကြီးဖြစ်နေမည်။
ချင်လင်က ပုံစံငယ်များကိုကြည့်ရင်း ရုတ်တရက် လက်စွပ်ပုံစံတစ်ခုကို စိတ်ဝင်စားသွားသည်။
သူ့ပုံစံက ရွှေနှင့်ကျောက်စိမ်းအတိလုပ်ထားခြင်းဖြစ်၏။ အလယ်တွင် ကျောက်စိမ်းထား၍ ရွှေနှင့်ပတ်ထားသည်။ လူကြီးလူငယ်ပုံစံများလည်းရှိသည်။
ဒီဇိုင်းလက်ရာသေသပ်ပြီး လုံးဝမျက်စိကိုဖမ်းစားထား၏။
အဓိကအချက်မှာ ဒီဇိုင်နာက လက်စွပ်အပြင်ပိုင်းတွင် နာမည်နှင့်အချိန်နေရာထည့်ရန်လည်း ချန်ထားခြင်းပင်။ လက်စွပ်စိတ်တိုင်းကျလုပ်လိုသူက နာမည်နှင့်အချိန်ကို ထိုပေါ်တွင်ထွင်းနိုင်သည်။
နောက်ပြီး ဤဒီဇိုင်းပုံစံငယ်ကိုဝယ်ပြီးလျှင် ကိုယ်ထည့်သွင်းလိုသောနာမည်ကိုရိုက်ကြည့်ပြီး နမူနာပုံစံတန်းထုတ်ပေးနိုင်၏။
ဤသည်က အနုပညာဆိုသည်ထက် ထူးထူးခြားခြားအမှတ်တရပိုဆန်သော ဒီဇိုင်းပုံဖြစ်သည်။ စျေးလည်းသက်သာပြီး ပုံတူကူးခယွမ် ၅၀၀ သာကျ၏။
ချင်လင်က ချက်ချင်းဝယ်ပြီး ''ချင်လင် ၂၀၁၈.၆.၁၃ ကျောက်မိုချင်း'' ဟုရိုက်ကြည့်လိုက်သည်။ ထိုစာလုံးများမှာ ဒီဇိုင်းပုံ၏ကွက်လပ်နေရာတွင်ပေါ်လာသည်။
၂၀၁၈.၆.၁၃ မှာ သူနှင့်ကျောက်မိုချင်းချစ်သူစဖြစ်သောနေ့ဖြစ်၏။
နမူနာပုံကိုကြည့်ပြီး ချင်လင်က ပုံစံငယ်ကိုထုတ်ရန်ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူ့အမေနာမည်နှင့်မွေးနေ့ကိုရိုက်ကြည့်လိုက်၏။ လက်စွပ်ပေါ်ကစာလုံးများပြောင်းသွားသည်။
နောက်ထပ်မိတ္တူထုတ်လိုက်သည်။
လက်ရှိဂိမ်းထဲတွင်ကျောက်မျက်သတ္တုသုံးခုသာရှိသည်ကိုတွေးမိသဖြင့် ကျောက်မိုချင်းမိဘများ၏နာမည်နှင့်မွေးနေ့ကိုသီးခြားလုပ်ရန်မဖြစ်နိုင်တော့ပေ။
သူက ကျောက်မိုချင်းကိုဖုန်းခေါ်လိုက်သည်။
ကျောက်မိုချင်းအသံထွက်လာ၏။
''ချင်လင်... ဘာဖြစ်လို့လဲ?''
''မိုချင်း... မင်းမိဘတွေလက်ထပ်တာ ဘယ်နေ့လဲ?''
''ရုတ်တရက်ကြီး ဘာလို့မေးတာလဲ?''
“အရင်ဖြေစမ်းပါ!”
စံအိမ်ထဲတွင်_

ကျောက်မိုချင်းက ချင်လင်ဘာဖြစ်ပြန်ပြီလဲဟု ဇဝေဇဝါဖြစ်နေသော်လည်း သူမမိဘတွေမင်္ဂလာနှစ်ပတ်လည်နေ့ကိုပြောပြလိုက်သေးသည်။
သိပ်မကြာခင် ချင်လင်ကပုံစံငယ်သုံးခုကိုဂိမ်းထဲယူသွားပြီး ဂိမ်းဇာတ်ကောင်နေရာဝင်ကာ ပုံစံငယ်များကို သေတ္တာထဲထည့်လိုက်၏။
နောက်ဆုံးပုံမှာ ကျောက်မိုချင်းမိဘများ၏နာမည်နှင့် သူတို့မင်္ဂလာနှစ်ပတ်လည်နေ့ပင်။
ထို့နောက်ဂိမ်းထဲမှပြန်ထွက်ပြီး ဂိမ်းဇာတ်ကောင်ကို သေတ္တာထဲမှပုံစံငယ်သုံးခုထုတ်ခိုင်းလိုက်သည်။ ပြီးလျှင် ပန်းပဲဖိုမှ Sebara ကိုသွားရှာလိုက်၏။
…
(လက်ရှိပစ္စည်းများနှင့် လက်စွပ်တစ်စုံပုံသွင်းနိုင်သည်။ ပုံသွင်းမည့်အရွယ်အစားရွေးလိုပါသလား?)
ချင်လင်က အဝါရောင်ကျောက်မျက်သတ္တုကိုရွေးပြီးနောက် အသိပေးစာထပ်ပေါ်လာသည်။ ပုံသွင်းမည်ကိုနှိပ်ပြီး အရွယ်အစားရွေးလိုက်၏။
သူက တစ်ကွင်းကို ဆိုဒ် ၁၂၊ နောက်တစ်ကွင်းကို ဆိုဒ် ၁၅ ရွေးလိုက်သည်။
မိုချင်းက နံပါတ် ၁၂ လက်စွပ်နှင့်တော်လောက်၏။
၁၅ ကသူ့အတွက်ပင်။
လက်စွပ်တစ်စုံကို မြန်မြန်ဆန်ဆန်ပုံသွင်းပြီးသွားသည်။
သူကဂိမ်းဇာတ်ကောင်ကို ပုံဆက်သွင်းခိုင်းလိုက်၏။
သူ့အမေ၏လက်စွပ်အရွယ်အစားကို သူသိပြီးသား။ ကျောက်မိုချင်းမိဘတွေအတွက်လက်စွပ်ကိုလည်း သူမနှင့်အတူလိုက်ဝယ်ဖူးသည်။ သူမ၏ပထမဆုံးလစာကို သူမမိဘတွေအတွက် လက်စွပ်တစ်စုံဝယ်ပေးခဲ့၏။
ခဏအကြာ ဂိမ်းဇာတ်ကောင်ကျောပိုးအိတ်ထဲ လက်စွပ်သုံးစုံရောက်လာသည်။
ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံထဲပြန်စေပြီးနောက် ချင်လင်ကဂိမ်းထဲထပ်ဝင်လိုက်၏။
စိုက်ပျိုးရေးမွေးမြူခြံအပြင်ဘက်တွင် ပေါ်လာစရာမရှိဘဲ စားကျက်မြေသို့ဝင်ရခြင်းမှာ စိုက်ပျိုးမွေးမြုရေးခြံတွင် ခြံတံတိုင်းကဲ့သို့လေထုအတားအဆီးအမြဲရှိသောကြောင့်ဖြစ်သည်။
(အဝါရောင်ကျောက်မျက်လက်စွပ်: အရည်အသွေး ၁)
(အဝါရောင်ကျောက်နှင့်အဓိကလုပ်ထားသောလက်စွပ်ဖြစ်သည်။ လက်ရာသေသပ်မှု +၁၊ အနုပညာ +၁၊ အရည်လဲ့ခြင်း +၁)
မှတ်ချက်များမှာ ဆွဲသီး၊ လက်ကောက်တို့နှင့် တထပ်တည်းဖြစ်သည်။ အသွင်အပြင်၊ အနုပညာ၊ အရည်လဲ့ခြင်းအားလုံး +၁ ဖြစ်၏။
စျေးနှုန်းလည်း အဖိုးနည်းမည်မထင်။
ချင်လင်က လက်စွပ် ၆ ကွင်းနှင့်အတူ အတွေးနှင့်ဂိမ်းထဲမှထွက်လိုက်သည်။ ထို့နောက် လက်စွပ်များကိုတန်ဖိုးဖြတ်ရန် ကျောက်စိမ်းထည်မျှော်စင်သို့ဦးတည်သွားလိုက်၏။
ကျောက်စိမ်းထည်မျှော်စင်ရောက်သောအခါ အရှေ့ခုံတွင် အရင်တစ်ခေါက်ကမိန်းကလေးမဟုတ်တော့ဘဲ လူကြီးကိုယ်တိုင်ဖြစ်နေသည်ကို ချင်လင်တွေ့လိုက်ရသည်။
''မင်္ဂလာပါ... ထပ်ရောက်လာပြန်ပြီနော်'' လူကြီးက ချင်လင်ကိုမှတ်မိသည်။ ဘာပဲဖြစ်ဖြစ် ဒီလူငယ်လေးက သူ့ကိုအထင်ကြီးစေခဲ့သည်လေ။
ချင်လင်ကပြုံးပြီး_ ''ဆရာကြီး... ဒီလက်စွပ်တွေ ရဲ့တန်ဖိုးကြည့်ပေးပါဦး''
''လူကြီးမင်း... ဒီဘက်ကြွပါ'' လူကြီးက ချင်လင်ကိုစားပွဲတစ်လုံးဆီခေါ်ပြီး ထိုင်လိုက်သည်။
ချင်လင်လည်း လက်စွပ် ၆ ကွင်းထုတ်လိုက်၏။
လူကြီးက တစ်ချက်ကြည့်ရုံနှင့် ထိုလက်စွပ်များမှာ အလွန်အရည်လဲ့ကြောင်းသိလိုက်သည်။ တန်ဖိုးနည်းမည်မဟုတ်။
နောက်ပြီး ထိုပေါ်ကစာလုံးများအရ နှစ်သစ်ကူးနေ့ သူ့မိသားစုအတွက် လက်ဆောင်ဖြစ်မည်ဟု သဘောပေါက်လိုက်သည်။
ဒီလူငယ်လေးက တကယ်စိတ်ကူးကောင်းတာပဲ။
သူ့မြေးမသာ ဒီလိုကောင်လေးမျိုးရှာနိုင်ရင် သူစိတ်အေးရပြီ။ အခုတော့ သူ့မြေးမရဲ့ကောင်လေးက ကြည့်ကောင်းတာကလွဲပြီး ဘာမှသုံးစားမရချေ။
လက်စွပ် ၆ ကွင်းကိုတန်ဖိုးဖြတ်ပြီးနောက် လူကြီးက_ ''လူကြီးမင်း... ဒီစိတ်တိုင်းကျလုပ်ထားတဲ့လက်စွပ်တွေက တန်ဖိုးမနည်းဘူး... အားလုံးက ရေခဲအမျိုးအစား... အရည်အသွေးအရမ်းကောင်းတယ်... စျေးအကြီးဆုံးက အဝါရောင်ကျောက်နဲ့လက်စွပ်ပဲ ယွမ် ၂၀၀၀၀ ရှိတယ်... ကျောက်စိမ်းနဲ့မဟူရာလက်စွပ်ကတော့ ယွမ် ၁၀၀၀၀ လောက်ရှိတယ်... ဒီစျေးနဲ့ဆိုရင်တော့ မင်းရဲ့စိတ်တိုင်းကျလုပ်ထားတဲ့လက်စွပ်က မရှုံးပါဘူး''
တန်ဖိုးက ဆွဲသီး၊ လက်ကောက်တွေနဲ့စာရင် သိသိသာသာကွာနေသည်။
အဓိကအချက်မှာ Sebara ကိုရှာပြီး လက်ကောက်နဲ့လက်စွပ်ပုံသွင်းခြင်းက အစုံလိုက်ရသော်လည်း စျေးနှုန်းကွာဟချက်က များလွန်းသည်။ ရုတ်တရက် Sebara သူ့ကို လှည့်စားသွားသလိုခံစားရ၏။
လူကြီးကပြုံး၍ ထပ်မေးလိုက်သည်_ ''လက်စွပ်လက်ဆောင်ဘူး ၆ ဘူးရော?''
“ဟုတ်ကဲ့!” ချင်လင်ခေါင်းညိမ့်လိုက်၏။
အဝါရောင်ကျောက်လက်စွပ်က သူနဲ့ကျောက်မိုချင်းအတွက်။
မဟူရာကျောက်က ကျောက်မိုချင်းမိဘတွေအတွက်။ မဟူရာကျောက်မှာ ထင်းထင်းကြီးမဟုတ်၍ ကျောက်မိုချင်းအဖေလည်း ချဝတ်နိုင်သည်။
ကျောက်စိမ်းလက်စွပ်နှစ်ကွင်းမှာ သူ့အမေအတွက်ဖြစ်၏။ နှစ်ကွင်းလုံး သူမမွေးနေ့နှင့်နာမည်ထိုးထားသည်။
ချင်လင်ကလက်ဆောင်ဘူးဝယ်ပြီး လက်စွပ်ကိုအထဲထည့်လိုက်၏။ ကျောက်စိမ်းထည်မျှော်စင်မှထွက်လာပြီး အိမ်အရင်ပြန်ကာ လက်စွပ်ထည့်ထားသောလက်ဆောင်ဘူးကိုဖွက်ထားလိုက်သည်။ နှစ်သစ်ကူးနေ့မှထုတ်ရမည်။
ပြီးလျှင် စံအိမ်ပြန်မောင်းခဲ့သည်။ ကားပါကင်ရောက်ပြီး ကားထဲမှထွက်ထွက်ချင်း မုတ်ဆိတ်မွေးစစနှင့် မျက်တွင်းကျနေသောလူတစ်ယောက် ကားထဲမှထွက်လာသည်ကိုတွေ့ရသည်။
သူက ခရီးသည်အရွယ်စုံ၊ ပုံစံအမျိုးစုံတွေ့ဖူးပြီဖြစ်၍ ထိုလူမှာ ဝမ်းနည်းစရာဇာတ်လမ်းရှိမည်ဟု တစ်ချက်ကြည့်ရုံနှင့်သိလိုက်၏။
နောက်တစ်ယောက် ကားထဲမှထွက်လာပြီး သူက ထိုမုတ်ဆိတ်မွေးငုတ်တိုနှင့်လူပခုံးပေါ် လက်တင်လိုက်ကာ_ ''ငါမင်းကို လုစီရင်စုကနေ မင်စီရင်စုတစ်လျှောက်လုံးမောင်းပေးခဲ့တာ... မင်းကိုယ်မင်း တည်တည်ငြိမ်ငြိမ်ဖြစ်အေင်အရင်လုပ်ဦး... လောလောဆယ် အဲဒီမိန်းမနဲ့ရှောင်နေ''

မုတ်ဆိတ်မွေးနှင့်လူက ထိုစကားကြားလျှင် ဝမ်းနည်းရိပ်သမ်းလာပြီး_ ''သောက်ရမ်းအတယ်... ဖောက်ပြန်ခဲ့တာသူလေ... ဒါပေမဲ့ ဒီနေ့လိုင်းပေါ်မှာ စီရင်စုအထက်ဥပဒေက သူဖောက်ပြန်ခဲ့တယ်ဆိုတာနဲ့ ကွာရှင်းခိုင်းလို့မရဘူးတဲ့လား? တရားရုံးမြင်သာအောင် ငါဘယ်လိုလုပ်ရမလဲ?''
''ဖောက်ပြန်တယ်ဆိုတာ သစ္စာမရှိတာသက်သက်ပဲ... ငါတို့ကွဲတာမဟုတ်ဘူးတဲ့... အဲဒါဘာသဘောလဲ?''
''ပြောချင်တာကကွာ... သူသတင်းတွေတွေ့ပြီးတော့ သူတကယ်ငါ့ဆီလာပြီး ကွာရှင်းစာချုပ်လက်မှတ်ထိုး... ပိုင်ဆိုင်မှုတွေလာခွဲရဲလား?''
တစ်ဖက်လူက ငြိမ်ကျသွားသည်။
အခုသူလက်ထပ်ဖို့ စဉ်းစားနေရပြီ။
''...'' ချင်လင်မှာ ပွဲကြည့်ပရိသတ်ဖြစ်သွား၏။
ယောက်ျားနှစ်ယောက်ကြားစကားဝိုင်းက သူ့ကိုတောင်မယုံနိုင်ဖြစ်စေသည်။
ကြည့်ရတာ လွန်ခဲ့တဲ့အနှစ် ၂၀ လုံးလုံး သူအသက်ရှင်ခဲ့တာ ဘာမှမဟုတ်ခဲ့သလိုပင်။ တရားမျှတမှုကိုရှာဖွေပြီး အမှုကိုအနိုင်ရသည်မှာ တီဗွီတွေ ဇာတ်ကားတွေထဲက ဇာတ်လမ်းဖြစ်ပုံရသည်။
ဘာလို့ တကယ့်ဘဝမှာဥပဒေက ကွာရှင်းပေးလို့မရတာလဲ? ဒါက တီဗွီတွေဇာတ်ကားတွေထက်တောင် ပိုပြီးဇာတ်ဆန်မနေဘူးလား?
ဒီအကြောင်းတွေးကြည့်မှ အိမ်ထောင်ပြုပြီးတဲ့အမျိုးသမီးက ဖောက်ပြန်ခံရမှာမကြောက်ရင် အိမ်ထောင်ပြုထားတဲ့အမျိုးသားက ဖောက်ပြန်ခံရမှာမကြောက်ရင် ဘာတွေဖြစ်ကုန်မလဲ?
ဒါတချို့လူတွေအတွက် လက်ထိပ်ဖြုတ်ပေးတာမဟုတ်လား?
နေရာတိုင်းတော့ ဒီလိုမဟုတ်ဟုလည်း သတိရသွားသည်! အရင်ရုံချန်းစီရင်စုမှာ နောက်မီးလင်းမှုကိုတရားစွဲနိုင်သောသူများရှိခဲ့၏။ ဖောက်ပြန်ခြင်းမှာ ပြန်လည်ညှိနှိုင်းမရအောင် ဆက်ဆံရေးပျက်စီးရခြင်း၏အခြေခံအကြောင်းရင်းပင်။
စီရင်စုအထက်ဥပဒေ...
ချင်လင်ကတိတ်တိတ်လေးပွဲကြည့်နေတာမကောင်းဟုခံစားရသဖြင့် မြန်မြန်ထွက်လာခဲ့သည်။
စံအိမ်ခန်းမထဲရောက်သောအခါ ကျန်းကွေ့ကျူမှာ ရှဉ့်များသန့်စင်ပြီးဖြစ်၏။ ရှဉ့်ရိုင်းများကိုရေချိုး၍ အမွေးဖြီးပေးထားသည်။ အဝတ်အစားဝတ်ပေးပြီးလျှင် ပို၍ခံညားသွားသလိုတောင်ဖြစ်နေသည်။
''''ဘာလို့ ကျွန်မမိဘတွေရဲ့မင်္ဂလာနေ့ကို ဖုန်းဆက်မေးတာလဲ?'' ကျောက်မိုချင်းကလျှောက်လာပြီး မေးလိုက်၏။
''လျှို့ဝှက်ချက်!'' ချင်လင်က အပြုံးနှင့်ပြောပြီး_ ''သန်ဘက်ခါညကျရင် မင်းမိဘတွေကို ညစာစားဖို့ဖိတ်လိုက်နော်''
''လျှို့ဝှက်ချက်!'' ကျောက်မိုချင်းက မျက်စောင်းထိုးပြီး ဆက်မမေးတော့ချေ။ သူမမိဘတွေအတွက် ချင်လင်ဘာအံ့သြစရာတွေပြင်ဆင်ထားမလဲဆိုတာ သူမမှန်းနိုင်သည်။
ထို့နောက်သူမက_ ''ဒါနဲ့ ကျန်းကွေ့ကျူပြောတာတော့ နေ့ပိုင်းခရီးသည်တွေကို စံအိမ်မှာဧည့်ခံပေးရမှာဆိုတော့ သူ့အတွက်နားနေခန်းစီစဉ်ပေးရင်ကောင်းမယ်တဲ့... နောက်ကျရင် ရှဉ့်တွေကိုသန့်ရှင်းပေးဖို့က ခရီးသည်တွေပြန်တဲ့အထိစောင့်ရမှာမလို့ ဒီမှာနေမှဖြစ်မယ်တဲ့''
ချင်လင်ကခဏတွေးလိုက်ပြီး_ ''လောလောဆယ်တော့ နားနေခန်းအပိုမရှိသေးဘူး... အရင်ဆုံး ကောင်းယောင်ယောင်နဲ့နေခိုင်းလိုက်မယ်... ဝန်ထမ်းအဆောင်မှာ ခဏတော့နေလို့ရတာပေါ့''
ကျောက်မိုချင်းကခေါင်းညိမ့်လိုက်သည်_ ''နောက်မှ သူတို့ကိုပြောလိုက်မယ်''
…
နောက်နှစ်ရက်တွင် ရာသီဥတုကြည်လင်သွားပြန်သည်။ နှစ်သစ်ကူးနေ့ရောက်ခါနီး ရာသီဥတုမှုန်မှိုင်းနေ၍မဖြစ်ဟု နတ်ဘုရားများသိပုံရ၏။
ချင်လင်ကမနက်စောစောနိုးလာပြီး ဂိုဒေါင်ဆီသွားလိုက်သည်။ သူ့ပစ္စည်းများကို ဂိမ်းထဲမှထုတ်ပြီး စံအိမ်ပို့လိုက်ကာ အိတ်တချို့နှင့်စံအိမ်ပြန်လာ၍ ဂိမ်းထဲထပ်ဝင်လိုက်၏။ ထို့နောက် သူပြင်ဆင်ထားသည်တချို့ကို အိတ်ထဲထည့်လိုက်သည်။
အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်၊ အရည်အသွေး ၂ ကန်စွန်းဥ၊ အရည်အသွေး ၂ ရုံးပတီသီး၊ အရည်အသွေး ၂ ခရု၊ အရည်အသွေး ၂ ငါးရှဉ့်၊ အရည်အသွေး ၂ သဘာဝငါး၊ အရည်အသွေး ၂ စတော်ဘယ်ရီ၊ အရည်အသွေး ၂ ဖရဲသီး!
ဒါတွေကို အိမ်သယ်ရမည်။
ကျောက်မိုချင်းမိဘတွေကို နှစ်သစ်ကူးညစာစားရန်ဖိတ်ထားသောကြောင့် အစစအရာရာ သူပြင်ဆင်ထားရမည်။
ဂိမ်းထဲမှအားလုံးရွှေ့ပြီးနောက် ချင်လင်ကဂိမ်းထဲထပ်ဝင်ပြီး ဝိုင်ပုလင်းအလွတ်တစ်လုံးကို ဝိုင်စိမ်သည့်ခွက်ဆီယူသွားလိုက်သည်။
အချိန်အချိုးအရ ပထမဝိုင်စိမ်ခွက်ထဲမှဝိုင်မှာ နှစ် ၂၀ သက်တမ်းရှိပြီဖြစ်၏။
ချင်လင်က ဝိုင်ပုလင်းအဝကိုချိန်၍ ဝိုင်ဖြည့်လိုက်သည်။ သူ့လက်ထဲကိုင်ထားရင်း အာရုံစိုက်ကြည့်လိုက်ရာ မှတ်ချက်ကိုတွေ့ရ၏။
(ချင်းလင်ဆေးဖက်ဝင်ဝိုင်: အရည်အသွေး ၂)
(အထူးဆေးဖက်ဝင်ဝိုင်ဖြစ်သည်။ အထူးအာနိသင်ရှိသည်။ သွေးနှင့်အသက်ခွန်အားတိုးစေခြင်း +၂၊ ကျောက်ကပ်အားဖြည့်ခြင်းနှင့် ခန္ဓာကိုယ်သန်မာစေခြင်း +၂၊ ဆီးမကြာခဏသွားခြင်းကိုသက်သာစေခြင်း +၂ နှင့် အထိအတွေ့ +၂!)
ချင်လင်က မှတ်ချက်ကိုကြည့်လိုက်ရာ အရင်နှင့်စာလျှင် အရည်အသွေးတစ်ခုတိုးလာကြောင်းသိလိုက်သည်။
၄င်းမှာ အတွေ့အထိ +၂ ပင်။
.
အရင်က ချင်လင်၏ဆေးဖက်ဝင်ဝိုင်မှာ ဘာအထိအတွေ့အရည်အသွေးမှမရှိသော်လည်း ယခုမူ အထိအတွေ့ +၂ အရည်အသွေးရှိနေသည်။
သူကချက်ချင်း တခြားဝိုင်နှစ်ခွက်ကိုစစ်ကြည့်လိုက်၏။
ထင်ထားသည့်အတိုင်း လတ်လတ်ဆတ်ဆတ်စိမ်ထားသောဝိုင်တွင် မည်သည့်အထိအတွေ့အရည်အသွေးမှမရှိဘဲ ဒုတိယမြောက်စိမ်ထားသောဝိုင်တွင် အထိအတွေ့အရည်အသွေး +၁ ရှိနေသည်။
ချင်လင်က ဝိုင်ကိုယူပြီး တစ်ငုံသောက်လိုက်၏။ တစ်ငုံတည်းနှင့် သူ့မျက်လုံးများအရောင်တောက်သွားသည်။
သူက အသောက်တလိုင်းမဟုတ်။
သို့သော်လည်း အရည်အသွေး ၂ ရှိပြီး နူးနူးညံ့ညံ့မွှေးပုံမှာ ပြောပြ၍မရနိုင်။ အထက်တန်းကျသည်!
ချင်လင်က ဂိမ်းအပြင်ဘက်သို့ ဝိုင်တစ်ပုလင်းထုတ်လိုက်၏။ ဒီနှစ် နှစ်သစ်ကူးညစာမှာ လုံးဝလိုက်မမီအောင်ကောင်းမည်ဟု သူယုံကြည်ထားသည်။
ချန်ရှန်းဖေ၊ မာလဲ့ဝမ်နှင့် ဤတစ်နပ်စာ၏ အတိုင်းအတာကိုသိသော တခြားသူဌေးကြီးများမှာ ဖုန်းတစ်ချက်ဆက်လိုက်ရုံနှင့် အပြေးရောက်လာနိုင်လေသည်။
သို့သော် ထိုပစ္စည်းများကားပေါ်တင်ပြီး မောင်းသူနေရာဝင်ထိုင်ကာ စက်နှိုးလိုက်သည်နှင့် ရုတ်တရက်သူစိတ်ပျက်မိတော့သည်။
သူအရက်မူးနေပြီ!