← Chapters

ကီးဘုတ်ပေါ်ဒူးထောက်ခြင်း! ဒါမဟုတ်သေးဘူး!

Vol. 10 Ch. 143

ကီးဘုတ်ပေါ်ဒူးထောက်ခြင်း! ဒါမဟုတ်သေးဘူး!

Vol. 10 Ch. 143

''ထပ်!'' ချင်လင်က ရုတ်တရက်သူ့မျက်နှာသူဖြတ်ရိုက်ချင်သွားသည်။

သူပေါ့ဆတာပဲ။

သူမူးရင် ကားမောင်းရလောက်အောင်တော့ မတုံးသေး။ မူးမူးနှင့်မောင်းပြီး ဒုက္ခရောက်လျှင် နောက်ဆုံးကားမောင်းသူကိုသာ ကံဆိုးစေတတ်သည်။

သူ့ဖုန်းကိုထုတ်၍ ကိုယ်စားမောင်းပေးမည့်သူရှာလိုက်၏။

ကားမောင်းသူရှာရန်ဝင်ကြည့်ခါမှ ခေါင်းကကိုက်လာပြန်သည်။

တကယ်တော့ ဆင်ခြေဖုံးဒေသဖြစ်၍ သူ့တည်နေရာပြသည့်အစီအစဉ်လည်းမရှိပါချေ။

ဒါ…

နောက်ဆုံးတော့ သယ်ယူပို့ဆောင်ရေးအဖွဲ့ကြီးကြပ်သူ ကျောက်လီယွမ်ကိုသာ ခေါ်ရတော့သည်။

''ဥက္ကဌချင်... ကျွန်တော် ခင်ဗျားရဲ့စက်ရုံမှာ ပစ္စည်းသယ်နေပါတယ်... ဘာမှာချင်ပါသလဲ?'' ကျောက်လီယွမ်၏အသံမှာ အရင်ထက်ပိုပြီး တလေးတစားဖြစ်နေ၏။

ချင်းလင်အစားအသောက်ကုမ္ပဏီမှာ သူထင်ထားသည်ထက်မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးနေသည်။ ပထမဆုံးလုပ်ငန်းအတွက် သူတို့ကိုငှားရမ်းခဲ့စဉ်က စက်ရုံတစ်ရုံသာရှိသေး၏။ အခုစက်ရုံအများကြီးစလည်ပတ်နေပြီဖြစ်သည်။

ချင်းလင်အစားအသောက်ကုမ္ပဏီမှ လုပ်ငန်းအငှားနှင့်ပင် သူ့ယာဉ်မောင်းအုပ်စုကိုကောင်းကောင်းထောက်ပံ့နိုင်၏။

''ခေါင်းဆောင်ကျောက်... ခင်ဗျားကိုဒုက္ခပေးရဦးမယ်'' ချင်လင်က မတတ်သာဘဲဆင်ခြေပေးလိုက်ရသည်_ ''ကျွန်တော် ဂိုဒေါင်မှာ ဧည့်သည်တစ်ယောက်နဲ့ နည်းနည်းသောက်လိုက်တာ... ဧည့်သည်ပြန်သွားမှ သတိထားမိတယ်... ကျွန်တော်မမောင်းနိုင်တော့ဘူး... ကိုယ်စားမောင်းဖို့ကားဆရာကိုတောင် နေရာမပြနိုင်တော့ဘူး''

တစ်ဖက်တွင် ကျောင်လီယွမ်မှာ ကြက်သေသေနေ၏။

ဥက္ကဌချင်…

ဥက္ကဌချင်ဘာလို့ဂိုဒေါင်သွားပြီး သူကိုယ်တိုင်မမောင်းနိုင်တဲ့အထိ သူများနဲ့သောက်မှန်းမသိသော်လည်း ဆက်မမေးတော့။ သူကချက်ချင်း ကားပေါ်ဆော့ပုလင်းရွှေ့နေသော လက်အောက်ငယ်သားတစ်ဦးကိုခေါ်၍ ဂိုဒေါင်ဆီသွားလိုက်သည်။

ကျောက်လီယွမ်ရောက်လာဖို့ ချင်လင်အကြာကြီးမစောင့်လိုက်ရပေ။



''ငါ့ကားကိုပြန်မောင်းသွားလိုက်'' ကျောက်လီယွမ်က ကားထဲမှထွက်ထွက်ချင်း လူငယ်ကိုညွှန်ကြားလိုက်သည်။ ထို့နောက် ချင်လင်ဆီလျှောက်သွားကာ အပြုံးနှင့်_ ''ဥက္ကဌချင်... အခုဘယ်သွားမှာလဲ? ဒီနေ့လယ်ပိုင်း ခင်ဗျားရဲ့ဒရိုင်ဘာလုပ်ပေးမယ်''

လူတိုင်းကိုတော့ ဒီလိုမောင်းပို့တဲ့အခွင့်အရေးဘယ်ပေးမလဲ။

ဒါက သူတို့ပေါင်းသင်းဆက်ဆံရေးတိုးတက်လာဖို့အခွင့်ကောင်း။ သူလက်လွှတ်မခံနိုင်။

ချင်းလင်အစားအသောက်ကုမ္ပဏီက နောင်လည်းဖွံ့ဖြိုးလာမည်ဆိုတာ သူကောင်းကောင်းသိထားပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းငှားရမ်းခြင်းမှာ သေချာပေါက်ကျယ်ပြန့်လာဦးမည်။ သူတစ်ယောက်တည်းမဖြစ်နိုင်တော့။ အထက်တန်းကုမ္ပဏီတစ်ခုက သယ်ယူပို့ဆောင်ရေးအတွက် ကုမ္ပဏီတစ်ခုတည်းကိုပဲငှားရမ်းမည်မဟုတ်ချေ။

ကျောက်လီယွမ်က ကားဆီလျှောက်လာကာ ချင်လင်ကိုတံခါးဖွင့်ပေးလိုက်သည်။ ချင်လင်ကားထဲဝင်ပြီးလျှင် သူကကားမောင်းသူနေရာဝင်ထိုင်လိုက်၏။

ချင်လင်က ကားထဲဝင်ပြီးနောက်_ ''ရုံချန်းစီရင်စုကို သွားကြတာပေါ့... ကျွန်တော်ပစ္စည်းတချို့ပြန်ပို့ချင်လို့''

''ကောင်းပါပြီ!'' ကျောက်လီယွမ်က ချက်ချင်းကားစက်နှိုးပြီး စီရင်စုထဲမောင်းသွားလိုက်သည်။

ရုံချန်းစီရင်စုထဲရောက်လျှင် ချင်လင်က အားလုံးအိမ်ထဲပို့ပြီး ကျောက်လီယွမ်ကို စံအိမ်လိုက်ပို့ခိုင်းသည်။ သူတို့ရောက်သောအခါ ကားထဲမှထွက်လိုက်ပြီး_ ''ခေါင်းဆောင်ကျောက်... ဒုက္ခပေးမိတာ အားနာပါတယ်''

ကျောက်လီယွမ်ကချက်ချင်းပင်_ ''ဥက္ကဌချင်... ဘာလို့အရမ်းအားနာနေတာလဲ? နောင်ကိုဒါမျိုးဖြစ်ခဲ့ရင်လည်း ခေါ်ဖို့လိုတယ်ထင်ရင် ခေါ်သာခေါ်လိုက်''

''ဟုတ်ကဲ့ပါ!'' ချင်လင်ကပြုံးပြီး ခေါင်းညိမ့်လိုက်သည်။

ကျောက်လီယွမ်ဘာတွေးနေလဲ သူသိသည်။ တစ်ဖက်လူက အမှားမလုပ်မချင်း သူစာချုပ်ကို အဆုံးသတ်မည်မဟုတ်ပေ။

သူတို့စံအိမ်ထဲဝင်လာသည်နှင့် ချင်လင်ထံ ချန်လီဆီမှဖုန်းဝင်လာသည်။

သူကဖုန်းကိုင်လိုက်ပြီး_ ''အကြီးအကဲချန်... ဘာများညွှန်ကြားမလို့ပါလဲ?''

ချန်လီ၏ရယ်သံကိုကြားရသည်_ ''ညွှန်ကြားစရာမရှိပါဘူး... အသိပေးစရာပဲရှိတယ်... နှစ်သစ်ကူးပြီးရင် စီရင်စုမှာ လုပ်ပြီးသမျှအနှစ်ချုပ်နဲ့ ရှေ့ရေးအစီအစဉ်ရှိတယ်... သူတို့က စီရင်စုနဲ့ပူးပေါင်းတဲ့အခွင့်ထူးခံတွေကိုဖိတ်ကြားလိမ့်မယ်... ဒီသတ်မှတ်ချက်ကို လွန်ခဲ့တဲ့သုံးလကတည်းက ဆုံးဖြတ်ထားတာ... ဒီတစ်ကြိမ်စွန်းရှန်က မင်းကိုသေချာပေါက်လာဖို့ ညွှန်ကြားလိမ့်မယ်''

ချင်လင်က ပူးပေါင်းအခွင့်ထူးခံဆိုသောသူများကိုသိသည်။ သူတို့မှာ စီရင်စုထဲတွင်အင်အားကြီးသောသူဌေးကြီးများဖြစ်မည်။

လွန်ခဲ့သော ၃ လက သူ့မှာ ဒီလိုအနှစ်ချူပ်အစည်းအဝေးမျိုးတက်ရန် အရည်အချင်းမပြည့်မီခဲ့ပေ။

အခုတော့ ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်တောင်တန်းစံအိမ်၏အရှိန်ကြောင့် အရည်အချင်းမီသွားပြီ!

အချိန်ကုန်လွန်သွား၏။

ကျောက်မိုချင်းမိဘများနှင့် နှစ်သစ်ကူးဆုံရန်ချိန်းထားခြင်းကြောင့် ချင်လင်၊ သူ့အမေနှင့် ကျောက်မိုချင်းက ညနေပိုင်းစံအိမ်မှစောစောထွက်ပြီး ရုံချန်းစီရင်စုပြန်၍ စီစဉ်ကြသည်။

ဒီနေ့ချင်လင်ကိုယ်တိုင် ငါးချက်မည်ဖြစ်၏။

ငါးဘယ်လိုချက်ရမလဲလေ့လာပြီးနောက် အချိန်နှင့်အမျှ လက်စွမ်းပြရမည်။

ချင်လင်က ငါးအရင်စကိုင်သည်ကိုမြင်သောကြောင့် ကျောက်မိုချင်းက ပြုံး၍စလိုက်သည်_ ''နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ငါးထပ်လုပ်ကျွေးတော့မယ်ပေါ့... အရင်တစ်ခေါက်က ကျွန်မသိသွားလို့မလား? ကျွန်မကိုချက်မကျွေးရင် အပြောခံရမှာစိုးလို့မလား?''

သူမပြောချင်တဲ့အဓိပ္ပါယ်ကို ချင်လင်နားမလည်ဘဲနေမလား?_ ''နောင်လည်း အချိန်ရရင် မင်းကိုချက်ကျွေးပါ့မယ်'' ဟု သူကချက်ချင်းပြောလိုက်သည်။

''ဟွန့်!'' ကျောက်မိုချင်း၏မျက်နှာလှလှလေးမှာ ကျေနပ်သွားသလို စိတ်ကြီးဝင်သွားသလိုဖြစ်သွား၏။

လင်းဖန်ဝင်လာပြီး_ ''မိုချင်း... မင်းမိဘတွေဘယ်အချိန်ရောက်မလဲ မေးလိုက်ပါဦး''

ကျောက်မိုချင်းက_ ''အခုပဲခေါ်လိုက်တာ... မကြာခင်ရောက်မယ်တဲ့''

သူမပြောနေစဉ် မီးဖိုချောင်ထဲမှဆန်အမွှေးနံ့ထွက်လာသည်။

ဤအနံ့မှာ အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်ချက်ထားသောအနံ့ဖြစ်လေသည်။

…

ရုံချန်းစီရင်စုပထမတန်းခရိုင်အတွင်း_

ကျောက်ရှန်ဟုန်ကကားပါကင်ထိုးပြီး ထွက်လာသည်။

အခုတလော သူစိတ်ကြည်လင်နေ၏။ သူ့သားအိမ်ထောင်ကျပြီး သူ့သမီးကလည်း ယောက်ျားကောင်းရခဲ့သည်။ သူ့သားမက်က ဘယ်လောက်ကတိတည်ကြောင်း အားလုံးလည်းအသိ။

သူ့ကလေးတွေအတွက် ထပ်ပြီးစိတ်ပူစရာမလိုတော့။ ကျောင်းမှာလည်း နောက်တစ်ဆင့်ထပ်တက်တော့မည်။

ချန်ရှောက်လည်း ကားထဲမှ လီကျားဝမ်နှင့်အတူ ထွက်လာသည်။

''မိုယွင် ဘယ်အချိန်လာမလဲ?'' ကျောက်ရှန်ဟုန်က သူ့ချွေးမကိုမေးလိုက်၏။

လီကျားဝမ်က_ ''အဖေ... ဒီနေ့နှစ်သစ်ကူးဆိုတော့ KTV မှာ တစ်နေကုန်အလုပ်ရှုပ်နေတာ... သူအရင်စီစဉ်ပြီးမှ လာခဲ့မယ်တဲ့''

ကျောက်ရှန်ဟုန်က ခေါင်းညိမ့်လိုက်ပြီး_ ''အရင်တက်ကြတာပေါ့!''

လင်းဖန်က တံခါးခေါင်းလောင်းသံကြားကြားချင်း တံခါးကိုချက်ချင်းဖွင့်လိုက်သည်။ သူတို့သုံးယောက်ကိုမြင်လျှင် ပျော်ပျော်ရွှင်ရွှင်နှင့်_ ''ချန်ရှောက် ခမည်းခမက် ရှောင်ဝမ်... အထဲမြန်မြန်ဝင်လေ... ခဏနေဆိုထမင်းကျက်တော့မယ်''

''အန်တီ... ကျွန်မအနံ့ရတယ်... ရှန်းရွှေလက်ဆောင်ဆန်မလား?'' လီကျားဝမ်က အပြုံးနှင့်ဆိုလိုက်၏။ သူမသွားရည်ကျနေပြီ။

ချင်လင်ဆီတွင် ရှန်းရွှေလက်ဆောင်ဆန်စားပြီးကတည်းက အပြင်ဆန်များနှင့် အလွန်ကွာခြားသည်ဟုခံစားမိသည်။

ချင်လင်ပေးလိုက်သောဆန်အိတ်လေးမှာ ဘယ်နှစ်နပ်မှမစားလိုက်ရဘဲ ကုန်သွား၏။

သူတို့သုံးယောက်ကို နေရာချပေးထားသည်။

အစားအသောက်များအဆင်သင့်ဖြစ်ခါနီးတွင် ကျောက်မိုယွင်လည်း အိတ်တစ်လုံးနှင့် ထူးထူးဆန်းဆန်းရောက်လာ၏။ အထဲဝင်လာပြီးနောက် သူကတောင်းတောင်းပန်ပန်နှင့်_ ''အလုပ်လေးနည်းနည်းရှုပ်နေလို့... နောက်မကျသေးဘူးမလား?''

All Chapters