← Chapters

ကီးဘုတ်ပေါ်ဒူးထောက်ခြင်း! ဒါမဟုတ်သေးဘူး! ၂

Vol. 10 Ch. 144

ကီးဘုတ်ပေါ်ဒူးထောက်ခြင်း! ဒါမဟုတ်သေးဘူး! ၂

Vol. 10 Ch. 144

ကျောက်မိုချင်းက_ ''အစ်ကို... အချိန်မီပဲ... အခုဟင်းပွဲတွေပြင်နေတာ''

ကျောက်မိုယွင်ကပြုံးပြီး ပြောလိုက်သည်_ ''ကောင်းတာပေါ့... ဒီနေ့အလုပ်ရှုပ်နေတော့ ဆာလှပြီ''

လင်းဖန်လည်း သူတို့ကိုနှုတ်ဆက်လိုက်၏_ ''အားလုံးထိုင်ကြဦးလေ... ရှောင်လင်ငါးချက်နေတာ... ရတော့မယ်''

စားပွဲတွင်လူစုံသောအခါ ကျောက်မိုယွင်က ချင်လင်ထုတ်လာသော ဆေးဖက်ဝင်ဝိုင်ပုလင်းကိုမြင်ပြီး_ ''အရင်တစ်ခါဝိုင်ပဲမလား? အဖေ... ကျွန်တော်တို့သောက်ကြမလား?''

အရင်တစ်ခါသောက်ခဲ့ဖူး၍ ဘယ်လိုအာနိသင်ရှိလဲသူသိသည်။

''အင်း'' ကျောက်ရှန်ဟုန်က ဝိုင်ကိုမြင်သောအခါ ခေါင်းညိမ့်လိုက်၏။

နောက်ဆုံး သူ့သမီးနှင့်သားမက်ဖိတ်ခဲ့တုန်းက ဒီဝိုင်ကိုသောက်ပြီး အာနိသင်ကိုသူသိသွားသည်။ သူကအသက်ရလာ၍အားနည်းပြီဖြစ်သော်လည်း အိမ်ပြန်ရောက်သောအခါ သူ့ဇနီးနှင့်အလွန်စိတ်ပါနေခဲ့၏။

အဖေနှင့်သား တစ်ခွက်စီငှဲ့လိုက်သည်။

''အာ... ဒီဝိုင်က အရင်တစ်ခါနဲ့မတူတော့ဘူး'' ကျောက်မိုယွင်က မအံ့သြဘဲမနေနိုင်တော့။

သူ KTV ဖွင့်ပြီးနောက် မဖြစ်မနေ အရက်အကြောင်းသိထားရသည်။ ဒီဝိုင်က အရင်တစ်ခေါက်ထက်အများကြီးသာ၏။

နောက်ပြီး သူအရင်က ၁၅ နှစ်သက်တမ်းရှိမောက်ထိုင်ကိုသောက်ခဲ့ဖူးသည်။ အရသာက ဒီဝိုင်လောက်မကောင်းပေ။

''ငါးရပါပြီ... အားလုံးပဲ မြည်းကြည့်ပါဦး'' ချင်လင်ကချက်ချင်း ငါးဇလုံကြီးယူလာပြီး စားပွဲအလယ်ချလိုက်သည်။

သူဒီညဘာမှကြံကြံဖန်ဖန်မလုပ်ထား။ ငါးအိုးကြီးကြီးတစ်အိုးသာရှိသည်။ အရံဟင်းပွဲများတွင် ငါးရှဉ့်နှပ်လည်းထည့်လိုက်၏။



ဤငါးဇလုံတွင် အရသာ +၃၊ အသား +၃၊ နှုတ်မြိန်ခြင်း +၁ ရှိသည်။

''ဒီငါးချက်က အရသာရှိမယ့်ပုံပဲ... ချင်လင် နင့်ဟင်းချက်လက်ရာဒီလောက်ကောင်းမယ်မထင်ထားဘူး'' လီကျားဝမ်က အစားတလိုင်းဖြစ်၍ ငါးအိုးကြီးမြင်သည်နှင့် ချီးကျူးလိုက်၏။

ကျောက်မိုယွင်၊ ချန်ရှောက်နှင့် ကျောက်ရှန်ဟုန်တို့လည်း ခေါင်းညိမ့်လိုက်သည်။ အမြင်နဲ့တင် ချင်လင်၏ငါးအိုးမှာ စာဖိုမှူးတွေထက် လုံးဝပိုကောင်းမည့်ပုံပေါ်နေ၏။

''ကျားဝမ် စားကြည့်... ချင်လင်ရဲ့ငါးက အရသာရှိတယ်!'' ကျောက်မိုချင်းက ဂုဏ်ယူသံနှင့်ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့ယောက်ျားရဲ့ငါးဟင်းက ဘယ်လောက်ရှိတယ်ဆိုတာ သူမအသိ။

လီကျားဝမ်က ဟိတ်ဟန်ထုတ်မနေ။ သူမကငါးတုံးကိုယူပြီး ပါးစပ်ထဲထည့်လိုက်သည်။ သူမမြိုမချရသေးခင် အရသာရှိလွန်းသောကြောင့် မနေနိုင်ဘဲ နောက်တစ်တုံးကိုလှမ်းဆွဲလိုက်၏။

စားသောက်ဆိုင်ကြီးတွေက စားဖိုမှူးတွေတောင် ဒီလောက်အရသာရှိတဲ့ငါးဟင်းမျိုးမချက်နိုင်။

ကျောက်မိုယွင်က သူ့မိန်းမကိုကြည့်ပြီး တူနှင့်ငါးတုံးဆွဲယူလိုက်သည်။ စားပြီးနောက်သူက မယုံနိုင်ပုံနှင့်_ ''ချင်လင်... မင်းနဲ့သိတာ ဒီလောက်ကြာပြီ... မင်းဟင်းချက်ကောင်းမှန်းမသိပါလား... ဒီငါးကအရသာရှိလိုက်တာ''

ဤသည်ကို ချန်ရှောက်နှင့်ကျောက်ရှန်ဟုန်မြင်လျှင် သူတို့လည်းတူကောက်ကိုင်ကာ မြည်းကြည့်လိုက်သည်။ သူတို့နှစ်ဦးမှာ ငါးအရသာကိုစွဲသွားကြပြီး ချင်လင်ကိုသားမက်တော်ရတာ ပိုကျေနပ်သွားလေသည်။

သားမက်နှင့်သင့်မြတ်လာသည်နှင့်အမျှ ပိုပိုပြီးအကျိုးများကြောင်းတွေ့လာရ၏။

ထမင်းဝိုင်းမှာ မိသားစုနှစ်ခုလုံးအတွက် ထမင်းမြိန်သွားသည်။

တစ်အိုးကြီးချက်ထားသောငါးဟင်းမှာ ပြောင်သလင်းခါသွား၏။

''ဒါနဲ့... ဒီနေ့ကျွန်တော်အားလုံးအတွက် လက်ဆောင်ပြင်ခဲ့တယ်'' ကျောက်မိုယွင်က ရုတ်တရက်ပြောလာသည်။ ထို့နောက်သူက စောစောကယူလာခဲ့သောအိတ်ကိုဖွင့်ပြီး လက်ဆောင်ဘူးလေးများဝေပေးလိုက်သည်။ အရင်ဆုံး လီကျားဝမ်၊ နောက် ချန်ရှောက်၊ ကျောက်ရှန်ဟုန်နှင့် ကျောက်မိုချင်း။

နောက်ဆုံးသူက လင်းဖန်ကိုလည်းမမေ့_ ''နှစ်သစ်မှာ ပျော်ရွှင်ပါစေ အန်တီ''

''ကလေးရယ်... လာတယ်ဆိုရင်ပဲ ရပါပြီ... ဘာလို့လက်ဆောင်ပေးနေရတာလဲ?'' လင်းဖန်မှာ အားတုံ့အားနာဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် ကျောက်မိုယွင်ကသူ့ကို နှစ်ကူးလက်ဆောင်ပေးစရာမှမလိုဘဲလေ။



''အားလုံးဖွင့်ကြည့်လိုက်ပါဦး... ကျွန်တော်သေချာရွေးလာတာ'' ကျောက်မိုယွင်က ပြုံးပြီးပြောလိုက်သည်။ ခရစ်စမတ်နေ့က သူ့ယောက်ဖချင်လင်ကြောင့် ဒုက္ခရောက်ခဲ့၏။ အိမ်ပြန်ရောက်သောအခါ ကီးဘုတ်ပေါ်တောင်ဒူးထောက်ခဲ့ရသည်။ ထို့ကြောင့် ဒီနေ့စောစောစီးစီးလက်ဆောင်ရွေးလာခဲ့ခြင်းပင်။

ချန်ရှောက်နှင့်လီကျားဝမ်က လက်ဆောင်ဘူးကိုဖွင့်ကြည့်လိုက်ရာ အထဲမှရွှေဆွဲကြိုးကိုတွေ့ရသည်။ ကျောက်မိုချင်းနှင့်လင်းဖန်၏ဘူးမှာလည်း ရွှေဆွဲကြိုးဖြစ်၏။ ကျောက်ရှန်ဟုန်တစ်ဦးတည်းသာ နာရီဖြစ်သည်။

''ယောက်ျား... ရှင်အတော်ဆုံးပဲ!'' လီကျားဝမ်က ကျောက်မိုယွင်ကိုဖက်နမ်းလိုက်၏။

''ဒီလက်ဆောင်ကို ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ...'' လင်းဖန်က အားနာသွားသည်။

သို့သော် ချန်ရှောက်ကချက်ချင်းပင်_ ''လင်းဖန်... ကျွန်မသားရဲ့လက်ဆောင်ကိုယူထားလိုက်စမ်းပါ... ရှင်လက်မခံရင် ကျွန်မမျက်နှာကိုမထောက်တာပဲ... ရှင်နဲ့တူတူ စျေးဝယ်မထွက်တော့ဘူး... လာ ငါဝတ်ပေးမယ်''

လင်းဖန်ကထိုစကားကြားလျှင် ပြုံးလိုက်ပြီး ချီတုံချတုံဖြစ်မနေတော့ချေ။ ချန်ရှောက်စိတ်တိုင်းကျနေပေးလိုက်သည်။

''ဒါနဲ့... ကျွန်တော်လည်း အားလုံးအတွက်လက်ဆောင်ပြင်ထားပါတယ်'' ထိုမြင်ကွင်းကိုကြည့်ရင်း ချင်လင်ကပြုံးလိုက်၏။ သူလည်းမတ်တပ်ထပြီး အခန်းထဲလျှောက်သွားကာ သူပြင်ဆင်ထားသောလက်ဆောင်ကိုယူလာခဲ့သည်။

သူကအရင်ဆုံး ကျောက်မိုချင်း၊ လင်းဖန်။ ထို့နောက် ကျောက်ရှန်ဟုန်နှင့်ချန်ရှောက်ကိုပေးလိုက်ပြီး_ ''အဖေ အမေ... ဒါကအဖေတို့အတွက် အထူးလက်ဆောင်ပါ''

ချန်ရှောက်နှင့်ကျောက်ရှန်ဟုန်မှာ သူတို့သားမက်ကလည်း သူတို့အတွက်လက်ဆောင်ပြင်ထားမည်ဟု ထင်မထားပေ။ နောက်ပြီး ဘယ်သားမက်ကမှ ဒါမျိုးလုပ်ပေးတာ မတွေ့ခဲ့ဖူး။

သူတို့မျက်နှာတွင် အံ့သြသွားပုံမှာ အထင်းသား။ သားမက်လုပ်သူက ဘာပဲပေးပေး သားသမီးတာဝန်ကျေပွန်သည့်သဘောပင်။ ဘယ်လောက်သိတတ်လိုက်လဲ။

သူတို့နှစ်ဦးမှာ မိဘအနေနှင့် သူတို့သမီးအတွက် အမှန်တကယ်ဝမ်းသာမိသည်။

''ကျွန်မမိဘတွေရဲ့မင်္ဂလာနှစ်ပတ်လည်အတွက် ရှင်အထူးအဆန်းလုပ်ပေးချင်တယ်ဆိုတာ ကျွန်မသိတယ်'' ကျောက်မိုချင်းက ထိုသို့ပြောပြီးနောက် ချင်လင်ကိုသိချင်စိတ်နှင့်မေးလိုက်၏_ ''အထဲမှာ ဘာလဲ?''

“ဖွင့်လိုက်လေ'' ချင်လင်က ပြောလိုက်သည်။

''ဟမ်... ရှင်က ထူးဆန်းအောင်လုပ်နေပြန်ပြီ'' ကျောက်မိုချင်းကထေ့ပြီး မစောင့်နိုင်တော့ဘဲ လက်ဆောင်ဘူးကိုဖွင့်လိုက်၏။ သေသပ်လှပသောအဝါရောင်ကျောက်မျက်လက်စွပ်မှာ သူမမျက်လုံးထဲ စွဲထင်သွားလေသည်။

ချန်ရှောက်၊ လင်းဖန်နှင့် ကျောက်ရှန်ဟုန်တို့က လက်ဆောင်ဘူးကိုဖွင့်ကြည့်လိုက်ရာ အထဲမှ လက်ရာမြောက်သောလက်စွပ်ကို အံ့သြစွာတွေ့ရ၏။

''လှလိုက်တာ... စာလုံးတောင်ထွင်းထားတယ်!'' ကျောက်မိုချင်းက အံ့သြကြည်နူးသွားသည်။ သူမကလက်စွပ်ကိုထုတ်ကြည့်ပြီး စာလုံးကိုမြင်လျှင် မနေနိုင်တော့ဘဲ ချင်လင်ကိုဖက်နမ်းလိုက်၏။

ချင်လင်လည်းပြုံးပြီး သူ့လက်စွပ်ကိုထုတ်ဝတ်လိုက်သည်။ သူကကျောက်မိုချင်းလက်ကိုစွပ်ပေးလိုက်ပြီး_ ''စုံတွဲလက်စွပ်သဘောကျလား?''

''အင်း!'' ကျောက်မိုချင်းက ပြုံးပြုံးရွှင်ရွှင်နှင့် ကျေးဇူးတင်ခေါင်းညိမ့်လိုက်၏။ ချင်လင်က တစ်ညလုံးချစ်ပေးဖို့တောင်းဆိုပြီး သူမလည်း ဆုချဖို့သဘောတူလိုက်သည်။

ကျောက်ရှန်ဟုန်နှင့်ချန်ရှောက်က သူတို့လက်စွပ်ပေါ်တွင် ထွင်းထားသောစာလုံးများကိုမြင်ရ၏။ ထိုစာလုံးများမှာ သူတို့မင်္ဂလာနှစ်ပတ်လည်နေ့ပင်။

All Chapters