← Chapters

ကီးဘုတ်ပေါ်ဒူးထောက်ခြင်း! ဒါမဟုတ်သေးဘူး! ၃

Vol. 10 Ch. 145

ကီးဘုတ်ပေါ်ဒူးထောက်ခြင်း! ဒါမဟုတ်သေးဘူး! ၃

Vol. 10 Ch. 145

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး အရင်သူတို့သမီးကို ချင်လင်နှင့်အတင်းမခွဲမိတာ အလွန်ဝမ်းသာသွားသည်။ မဟုတ်ရင် ဘယ်အိမ်ရဲ့သမီးက ဒီလိုသားမက်ကောင်းလေးကိုရသွားမလဲမသိ?

''အမေ အဖေ... ကျွန်မကိုပြပါဦး'' လီကျားဝမ်က ချန်ရှောက်နှင့်ကျောက်ရှန်ဟုန်လက်ထဲမှလက်စွပ်ကို စပ်စပ်စုစုယူကြည့်လိုက်သည်_ ''ဝိုး... ဒါအဖေနဲ့အမေရဲ့နှစ်ပတ်လည်နေ့ပဲ... ချင်လင် ဟုတ်လှချည်လား... မိုချင်း နင့်ကိုမနာလိုဘူး... နင့်ယောက်ျားက အရမ်းစိတ်ကူးကောင်းတာပဲ... နင့်အစ်ကိုလိုမဟုတ်ဘူး... သူကနည်းနည်းလေးမှစိတ်ကူးမရှိဘူး''

''အခုလေးတင်မင်းပဲပြောတာ... ကိုယ်ကအတော်ဆုံးဆို...'' ကျောက်မိုယွင်က ပွစိပွစိပြောလိုက်သည်။ ထို့နောက် ချင်လင်ကိုစိမ်းစိမ်းဝါးဝါးကြည့်လိုက်၏။ သူပြင်ဆင်ထားတော့လည်း မဟုတ်သေးပြန်ဘူး။

သူ့ယောက်ဖက လုပ်တတ်ကိုင်တတ်ပဲ။ ကြည့်ရတာ နောက်ဆိုသူ့ဆီကအကြံတောင်းရမယ့်ပုံ။ နောက်တစ်ခါပွဲရှိရင် သူ့စိတ်ကူးကောင်းကောင်းလေးတွေမျှယူရမည်။ မဟုတ်ရင် အနှေးနဲ့အမြန် ကီးဘုတ်ပေါ်ဒူးထောက်နေရဦးမည်။

...

နောက်တစ်နေ့တွင်_

ချင်လင်စံအိမ်ရောက်ရောက်ချင်း ပန်းပင်လယ်ထဲတစ်ချက်သွားကြည့်လိုက်သည်။ ကျန်းကွေ့ကျူရောက်လာပြီးနောက် သူမက ခရီးသည်များရောက်လာပြီးမပြန်ခင် ပန်းပင်လယ်ထဲ၌ ရှဉ့်များနှင့်အဖော်ပြုပေးလိမ့်မည်။ ထို့အတူ ရှဉ့်အိမ်သုံးအိမ်ကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပေးမည်။

သူမစကားအရ ရှဉ့်အိမ်ထဲမှထင်းရှူးသီးစေ့ကို မိုးရွာပြီးနောက်တစ်နေ့ ချက်ချင်းသန့်ရှင်းပေးတာအကောင်းဆုံးဟုဆိုသည်။ ဒီလိုစက်ရုံထုတ်ထင်းရှူးသီးစေ့များမှာ စိုစွတ်လျှင်ပျက်စီးလွယ်ပြီး ရှဉ့်များကိုဖျားနာစေ၏။

ပြီးတော့ ရှဉ့်များက ဒီလိုအသိမရှိ။

ချင်လင်အရင်က ဒါကိုသတိမထားမိသော်လည်း ရှဉ့်တွေထင်းရှူးသီးစေ့အများကြီးယူသွားပြီး ဘာမှမဖြစ်ခဲ့သောကြောင့် ဝမ်းသာရသေးသည်။



ချင်လင် ပန်းပင်လယ်အလယ်နေရာရောက်သောအခါ ကျန်းကွေ့ကျူက အံ့သြစွာနှင့်_ ''ဥက္ကဌချင်... ရှင်က ရှဉ့်တွေကိုအရမ်းတော်အောင် လေ့ကျင့်ပေးထားတာပဲ... ဒီထဲကနှစ်ကောင်က အမှိုက်ရှိမရှိကြည့်တတ်တယ်''

သူမက စာရွက်သေးသေးကိုလုံးလိုက်ပြီး မြေပေါ်ချလိုက်သည်။ မွေးနီကမလှုပ်။ သို့သော် ရှဉ့်ရိုင်းနှစ်ကောင်က ပြေးဆင်းလာပြီး စက္ကူလုံးကိုလုယူကြသည်။

နောက်ဆုံး တစ်ကောင်ကနိုင်သွားပြီး စက္ကူလုံးနှင့် အမှိုက်ပုံးဆီပြေးသွားကာ ပစ်လိုက်သည်။ သူကပြန်ပြေးလာပြီးလျှင် မွေးနီကိုတောင်တကျွိကျွိအော်လိုက်သေး၏။

ကျန်းကွေ့ကျူက နောက်ထပ်စက္ကူလုံးပစ်ကြည့်လိုက်သည်။ ဒီတစ်ကြိမ်တွင် စောစောကရှုံးထားသောကောင်က အခွင့်အရေးအမိအရယူပြီး ပြေးကောက်လိုက်၏။

ဤမြင်ကွင်းကြောင့် ချင်လင်လည်း နည်းနည်းအံ့သြသွားသည်။

သူက ရှဉ့်ရိုင်းများတွင် ဒီလိုအရည်အချင်းရှိမှန်းမသိပေ။

ကြည့်ရတာ ရှဉ့်ရိုင်းများကို မွေးနီလေ့ကျင့်ပေးတဲ့နည်းက အလွန်ထိရောက်ပုံရသည်။

ကျွိကျွိ!

မွေးနီက ရှဉ့်ရိုင်းများထဲဝင်မပါချင်ပုံနှင့် ချင်လင်၏ပခုံးပေါ်ခုန်တက်လိုက်သည်။

ကျန်းကွေ့ကျူက တခြားရှဉ့်များကို ထင်းရှူးသီးစေ့နှင့်စနေ၏။ သူမကဒီအလုပ်နှင့်အသားကျနေပုံမှာ သိသိသာသာပင်။

ချင်လင်က မွေးနီခေါင်းကိုပွတ်သပ်လိုက်ပြီး ပန်းပင်လယ်ထဲမှပြန်ထွက်မလာခင်အထိ ကောင်လေးနှင့်ဆော့နေလိုက်သည်။

ဧည့်ခန်းကောင်တာပြန်ရောက်သောအခါ ကျောက်မိုချင်းလည်းစံအိမ်ရောက်နေပြီမှန်း သိလိုက်၏။ သူမက ဘဏ္ဍာရေးအချက်အလက်တွက်ချက်ရန် အကူလေးယောက်ခေါ်ထား၍ သူမကိုမနှောင့်ယှက်တော့။



နှစ်သစ်ကူးနေ့ဖြစ်၍ အတော်များများစာရင်းတိုက်ရမည်။

သူကထိုင်ချလိုက်ပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုအာရုံစိုက်ကာ ဂိမ်းကစားလိုက်၏။

သူကဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်သွားစေလိုက်သည်။ ဒီတစ်ကြိမ်တွင် ပန်းခြံရောက်သောအခါ ပန်းခြံကြော်ငြာဘုတ်ရှေ့တွင်ရပ်နေသော အရပ်ရှည်ရှည်နှင့် NPC ကိုတွေ့လိုက်ရ၏။

သူက သတ္တုမြို့တော်၏မြို့တော်ဝန် သောမတ်ဖြစ်လေသည်။

အရင်ပုံစံဟောင်းထဲတွင် မြို့တော်ဝန်သောမတ်မှာ ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်သွားပြီး စိုက်ပျိုးမွေးမြူရေးခြံဆက်ခံရန် သတင်းပေးသူ (သို့) NPC ကိုယ်တိုင် လုပ်ငန်းကိုတာဝန်ယူပြီး ပွဲဆောင်ရွက်သူဖြစ်သည်။ သူက သတ္တုမြို့တော်တွင်နေထိုင်သူများ၏ကိစ္စအဝဝကို အမြဲထည့်သွင်းစဉ်းစားလေ့ရှိ၏။

ချင်လင်က ဂိမ်းဇာတ်ကောင်ကို ကြော်ငြာဘုတ်ဆီသွားစေလိုက်ရာ မှတ်ချက်ပေါ်လာသည်ကိုတွေ့ရသည်:

(စည်ပင်ဝပြောမှုတိုးတက်စေရန်အတွက် သတ္တုမြို့တော်က ခွေးပန်းကန်ပြားဖမ်းပြိုင်ပွဲကျင်းပရန် စီစဉ်ထားသည်။ အိမ်မွေးကုန်သည်က ခွေးပန်းကန်ပြားဖမ်းသင်တန်းဖွင့်ထားပြီဖြစ်သည်။ မည်သူမဆို ကိုယ့်ခွေးကိုယ်ခေါ်လာပြီး စွမ်းရည်လေ့ကျင့်နိုင်သည်။ ပြိုင်ပွဲစလျှင် လူတိုင်းခွေးခေါ်လာပြီး ပါဝင်နိုင်သည်။ _ သောမတ်ကြေညာချက်!)

ခွေးပန်းကန်ပြားဖမ်းပြိုင်ပွဲ?

အရင်ပုံစံအဟောင်းထဲတွင် ဒီပြိုင်ပွဲအတွက် ဆုရှိကြောင်း ချင်လင်သတိရသွားသည်။ ထိုထဲတွင် စွမ်းအားပင်အသီးလည်းပါ၏။

နောက်ပြီး ခွေးပန်းကန်ပြားဖမ်းပွဲအပြင် မြင်းပြိုင်ပွဲလည်းရှိသည်။ ထိုအတွက် ဆုများနှင့် စွမ်းအားပင်အသီးလည်းရှိ၏။

တစ်ခုခုတော့မှားနေပြီ။

ချင်လင်က ရုတ်တရက်တွေးမိသွားသည်။

ဘယ်မှာလဲ ခွေးက?

သူ့ဂိမ်းထဲမှာ ခွေးရှိလို့လား?

NPC တစ်ယောက်ယောက်က ခွေးလာပေးမှာလား?

ဒါဆို NPC ကရော?

All Chapters