← Chapters

ချင်းလင်စံအိမ်က အိမ်အပြန်ဂုဏ်တက်စေတယ်! ၂

Vol. 10 Ch. 147

ချင်းလင်စံအိမ်က အိမ်အပြန်ဂုဏ်တက်စေတယ်! ၂

Vol. 10 Ch. 147

စိုက်ပျိုးမွေးမြူရေးခြံထဲပေါ်လာသောအခါ သူ့မှာပန်းကန်ပြားကိုင်လျက်သားဖြစ်သွား၏။

ဝု!

ဝမ်ချိုင်ဟောင်သံကို သူ့နားထဲကြားနေရသည်။ ခွေးက သူ့လက်ထဲမှပန်းကန်ပြားကိုကြည့်ပြီး ဆော့ချင်သလိုလို ပတ်လည်ခုန်ပေါက်နေသည်ကိုတွေ့လိုက်ရ၏။

ဤသည်ကို ချင်လင်မြင်သောအခါ သူ့လက်ကိုရမ်းပြီး ပန်းကန်ပြားကိုပစ်လိုက်သည်။ ခွေးလည်း ပန်းကန်ပြားနောက်လိုက်ရန် တဟုန်ထိုးပြေးသွား၏။

ပန်းကန်ပြားပြန်ကျလာသည်နှင့် ခွေးကခုန်ပြီး လှမ်းကိုက်လိုက်သည်။ မြန်ဆန်ပြီး တိကျ၏။ ထို့နောက် သူ့ဆီပြန်ပြေးလာပြီး အနားရောက်လျှင် ပါးစပ်ထဲမှပန်းကန်ပြားကို သူ့လက်ထဲကမ်းပေးသည်။

ချင်လင်ပန်းကန်ပြားကိုယူလိုက်လျှင် ခွေးကထပ်ခုန်ပြပြန်၏။ သူ့ဆော့ချင်သေးကြောင်း သိသာနေသည်။

သူကပန်းကန်ပြားကို ထပ်ပစ်လိုက်၏။

ဒီတစ်ကြိမ်တွင် သူအားပိုသုံးလိုက်သည်။ ပန်းကန်ပြားက ပိုဝေး ပိုပြေးသွားသော်လည်း ခွေးက စောစောကထက်ပိုမြန်လာပုံရ၏။ သူကခုန်ဖမ်းလိုက်ရာ ပန်းကန်ပြားကိုတိတိကျကျမိသွားသည်။

ခွေးက ပန်းကန်ပြားကို သူ့လက်ထဲပြန်ပေး၏။

နောက် ချင်လင်က နည်းမျိုးစုံနှင့် ပန်းကန်ပြားကိုပစ်ကြည့်သည်။ မြန်မြန် နှေးနှေး မြင့်မြင့် နိမ့်နိမ့် အကြိမ်တိုင်း ခွေးက ပန်းကန်ပြားကိုတိတိကျကျကိုက်နိုင်သည်ချည်းပင်။

အခု ခွေးက နည်းနည်းတော့အံ့သြစရာကောင်းနေသည်။

အဓိကအချက်မှာ ခွေးကဒီအရည်အချင်းကိုသင်ယူဖို့ အချိန်သိပ်မပေးရခြင်းပင်။ မိနစ်ပိုင်းမျှသာကြာလိုက်သည်။

ခွေးလေ့ကျင့်ပေးသူတွေသာသိရင် ပါးစပ်အဟောင်းသားဖြစ်သွားနိုင်၏။

......

ခွေးနှင့်နည်းနည်းထပ်ဆော့ပြီးနောက် သူဆော့ချင်သေးသည်ကိုအဖက်မလုပ်တော့ဘဲ ဂိမ်းအပြင်ပြန်ခေါ်လာပြီး ဂိုဒေါင်ဆီပြန်ရောက်လာသည်။

ဝု... ဝု!



ခွေးကဆက်ဆော့ချင်သေးသဖြင့် ချင်လင်ကိုအူလိုက်သည်။

ချင်လင်က ခွေးကိုဂရုမစိုက်ဘဲ ကားဆီတန်းတန်းလျှောက်သွားလိုက်၏။

ထို့ကြောင့်ခွေးမှာ စိတ်ပျက်လက်ပျက်ပုံနှင့် ချက်ချင်းလိုက်လာရလေသည်။

ချင်လင်က ကားစမောင်းလိုက်ပြီး မကြာခင်စံအိမ်ပြန်ရောက်လာသည်။ သို့သော် သူကားထဲမှထွက်မည်အပြု 'ကလစ်'ဟူသောအသံကိုကြားလိုက်ရ၏။ သူကလှည့်ကြည့်လိုက်ရာ ဝမ်ချိုင်မှာ အမှန်ပင်ကားတံခါးကိုဖွင့်၍ ပန်းကန်ပြားကိုက်ပြီး ကားပေါ်မှပြေးဆင်းသွားသည်ကို မယုံနိုင်အောင်တွေ့လိုက်ရလေသည်။

''ဘာလဲဟ?'' ချင်လင်ကြောင်သွားသည်။

ခွေးက သူ့ဘာသာတံခါးဖွင့်လိုက်တာလား?

ခဏလေးအတွင်း ဝမ်ချိုင်က စံအိမ်ထဲဝင်သွားပြီဖြစ်သည်။

ချင်လင်နည်းနည်းအံ့အားသင့်သွား၏။ ဝမ်ချိုင်အရင်က ဒါမျိုးမလုပ်တတ်မှန်း သူသေချာသိသည်။ ဒီခွေးက ဂိမ်းထဲမှာတက်လာတဲ့အရည်အချင်းတွေနဲ့ ပိုတော်သွားတာလား?

တကယ်ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် သူ့ကိုယ်ခံအားလည်း စွမ်းအားပင်အသီးစားပြီး တက်လာတာပဲလေ။

ဝမ်ချိုင်ကစံအိမ်ထဲပြေးဝင်သွားပြီး လင်းဖန်ခြေထောက်နားရောက်သွားသည်။ သူကပန်းကန်းပြားကိုက်ပြီး သူမကိုခေါ်လိုက်၏။

သူ့ပိုင်ရှင်ကောင်လေးက မဆော့မှတော့ နောက်ပိုင်ရှင်တစ်ယောက်ကိုရှာမှာပေါ့။

ပိုင်ရှင်ကောင်လေးမရှိတာနဲ့ ဘာလို့ပန်းကန်ပြားမဆော့နိုင်ရမှာလဲ?

လင်းဖန်က ခွေးပါးစပ်ထဲကပန်းကန်ပြားကိုမြင်လျှင် ပြုံးလိုက်ပြီး_ ''ဒီပန်းကန်ပြားက ရှောင်လင်ဝယ်ပေးတာလား?''

ပန်းကန်ပြားက ဘာအတွက်မှန်း သူမသိသည်။ သူမကယူပြီး အသာအယာပစ်လိုက်၏။ ခွေးကချက်ချင်းခုန်ပြီး ပန်းကန်ပြားကိုကိုက်လိုက်သည်။

ဤသည်က လင်းဖန်ကိုအံ့သြသွားစေသည်။

ခွေးမှာ ဒီလိုအရည်အချင်းရှိလား?

ဝု!

လင်းဖန်က သူနှင့်ကစားချင်ပုံပေါက်သဖြင့် ဝမ်ချိုင်ကစိတ်လှုပ်ရှားစွာဟောင်လိုက်သည်။

ခန်းမထဲမှာ သိပ်ပျော်စရာမကောင်းမှန်း သူသိပုံရသည်။ သူကမဖွင့်ရသေးသော အနောက်ဘက်ခြံဝင်းထဲ တန်းသွားလိုက်၏။ တံခါးနားရောက်လျှင် လင်းဖန်ကိုလိုက်လာခဲ့ဖို့တိုက်တွန်းသလိုလို ဟောင်လိုက်သေးသည်။



အံ့သြဖို့ကောင်းစွာပင် လင်းဖန်က ခွေး၏သဘောကိုနားလည်ပြီး အနောက်ဘက်ခြံဝင်းဆီပြေးသွားလိုက်သည်။

ခွေးကတစ်ခုခုထူးခြားနေမှန်း သူမခံစားမိသည်။ သူနည်းနည်းတော်နေသည်။

ချင်လင်ခန်းမထဲပြန်ရောက်သောအခါ ယွီရွှေ့က သူ့ကိုလာရှာပြီး အစီရင်ခံ၏_ ''သူဌေး... ဥယျာဉ်ထဲမှာ သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင် ပထမအသုတ်ရှိနေပါပြီ''

သုံးပွင့်ဆိုင်ဇီးပန်းပင်ကိုအိုးနှင့်စိုက်ခြင်းမှာ ယွီရွှေ့တာဝန်ယူထားသော အိုးနှင့်ရွှေ့ပြောင်းစိုက်ပျိုးသည့်အပိုင်းဖြစ်သည်။

ယွီရွှေ့မှာ အိုးစိုက်ဥယျာဉ်တာဝန်ခံဖြစ်ပြီး ဥယျာဉ်မှူးဆယ်ယောက်ကျော်ကျော်ကို တာဝန်ယူထားရ၏။

လွန်ခဲ့သောနှစ်ပတ်အတွင်း အိုးစိုက်ပင်ပထမအသုတ်ကို အောင်အောင်မြင်မြင်ရွှေ့ပြောင်းစိုက်ပျိုးနိုင်ခဲ့သည်။

သုံးပွင့်ဆိုင်ဇီးပန်းပင်ကို အိုးနှင့်စစိုက်စဉ်က စီးပွားဖြစ်မဟုတ်သော်လည်း ရှုမျှော်ခင်းနေရာအတွက် ခရီးသွားလက်ဆောင်အဖြစ် အသုံးချလိုက်၏။

ခရီးသွားအမှတ်တရမှာ ခရီးသည်များအတွက် ထူးထူးခြားခြားအဓိပ္ပါယ်ရှိသလို ရှုမျှော်ခင်းနေရာအတွက်လည်း အလွန်အရေးပါသည်။

ခရီးသည်များက ဤသုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်ကိုဝယ်ပြီးလျှင် ပန်းချစ်သူများမှာ နေ့စဉ်အိုးစိုက်ပင်တစ်ပင်အတွက် ခံစားချက်ကောင်းကောင်းရမည်ဖြစ်သည်။

အမှန်တကယ်ပန်းအိုးနှင့်စိုက်သူမှသာ ဤခံစားချက်ကိုနားလည်ပေမည်။

ထိုလူများက ချင်းလင်စံအိမ်ထုတ် သက်တန့်ရောင်သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်ကို နေ့တိုင်းကြည့်နိုင်သည်။ သူတို့အားလပ်သည့်အခါ အမှတ်တမဲ့ချင်းလင်စံအိမ်အကြောင်းတွေးမိနိုင်သည်။

သူတို့အပြင်ထွက်လည်ပတ်ချင်သည့်အခါ ပထမဆုံးသူတို့တွေးမိသည့်နေရာက ချင်းလင်စံအိမ်ဖြစ်လာမည်။

ဤသည်ကလည်း ခရီးသွားဆွဲဆောင်မှုနေရာများတွင် ခရီးသွားလက်ဆောင်ရောင်းရခြင်း၏နောက်ထပ်အကြောင်းရင်းတစ်ချက်ဖြစ်လေသည်။

''တစ်ချက်ကြည့်ရအောင်!'' ချင်လင်က ထိုသတင်းကြားလျှင် ယွီရွှေ့နောက်လိုက်ပြီး အိုးစိုက်ဥယျာဉ်ဆီသွားလိုက်သည်။

အိုးစိုက်ဥယျာဉ်မှာ အရင်ကနှင့်လုံးဝမတူတော့။ အပြင်ပိုင်းတွင် သစ်သားခြံစည်းရိုးပုံစံကာထားပြီး ထိုခြံစည်းရိုးပေါ်တွင် စက္ကူပန်းပင်များပိန်းပိတ်အောင်နွယ်တက်နေသည်။

ထိုအပင်များမှာ နွယ်စက္ကူပန်းဖြစ်၏။ သာမန်စက္ကူပန်းနှင့်မတူဘဲ နွယ်စက္ကူပန်းများမှာ ပန်းပင်လယ်လုပ်ရန်ခက်သည်။ သို့သော် နွယ်တက်နိုင်သဖြင့် အလှဆင်ရန်သုံးနိုင်သည်။

ယခု အိုးစိုက်ဥယျာဉ်ပတ်လည်ခြံစည်းရိုးတွင် နွယ်များ၊ သုံးပွင့်ဆိုင်ဇီးပန်းပင်များနှင့် ကာထား၏။ နည်းနည်းလှသည်။ သို့သော် ရေစက်လက်များကြောင့် ပိုကြည့်ကောင်းနေ၏။

အထဲဝင်လိုက်ပြီးနောက် အရည်အသွေး ၂ သက်တန့်ရောင်ဇီးပန်းပင် ၅၀ နှင့် အရည်အသွေး ၃ သက်တန့်ရောင်ဇီးပန်းပင်နှစ်ပင်ကို ခပ်လှမ်းလှမ်းမှတွေ့ရသည်။

ပန်းပင်လယ်ထဲတွင် သေသေချာချာပုံဖော်ထားသော သုံးပွင့်ဆိုင်ဇီးပန်းပင်များလို အရွက်သိပ်သိပ်သည်းသည်းမရှိဘဲ ဤသုံးပွင့်ဆိုင်ဇီးပန်းပင်များမှာ နည်းနည်းအလေ့ကျဆန်နေ၏။ ဘာပဲဖြစ်ဖြစ် သူတို့မှာ သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်ရွှေ့ပြောင်းစိုက်ခြင်းကိုအသားကျရုံမျှရှိသေးသည်။

အလယ်နေရာတွင် ကန်တစ်ခုဖော်ထား၏။ ဆည်မြောင်းရေပေးစနစ်လို ရေပိုက်များလည်းသွယ်ထားသည်။ ထိုရေပိုက်များဘေးတွင် သပ်သပ်ရပ်ရပ်ဇီးပန်းစိုက်အိုးများရှိသည်။

ပန်းအိုးများအားလုံးတွင် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ပုံနှင့် 'ချင်းလင်စံအိမ်'ဟူသောစာလုံးများပါသည်။

ထိုစာလုံးများကလည်း ခရီးသည်များအမှတ်တမဲ့ဝယ်ချင်စိတ်ပေါက်အောင် လွှမ်းမိုးနိုင်ပေမည်။

ချင်လင်က ယွီရွှေ့အား_ ''အိုးစိုက်ပင်ရွှေ့ပြောင်းစိုက်တဲ့အကြောင်းပြောပြပါဦး''

All Chapters