← Chapters

ချင်းလင်စံအိမ်က အိမ်အပြန်ဂုဏ်တက်စေတယ်! ၃

Vol. 10 Ch. 148

ချင်းလင်စံအိမ်က အိမ်အပြန်ဂုဏ်တက်စေတယ်! ၃

Vol. 10 Ch. 148

ယွီရွှေ့လည်း ချင်လင်ကိုပြောပြလိုက်သည်_ ''သူဌေး... သုံးပွင့်ဆိုင်ဇီးပန်းကိုင်းတွေက အရမ်းအဖြစ်မြန်ပါတယ်... ပန်းပင်လယ်ကို တစ်ပတ်တစ်ခါညှပ်ပေးဖို့လိုပေမဲ့ ဒီကိုင်းကူးတွေကတော့ ကိုင်းသိပ်မထပ်လို့ ပုံဖော်စရာလည်းမလိုဘူး... ထိန်းသိမ်းမယ်ဆိုရင် ဘယ်ကိုင်းကဖြတ်ဖြတ် ဖြတ်စိုက်လို့ရပါတယ်... နေ့တိုင်း တချို့တလေကိုင်းကူးပြီး စိုက်နိုင်ပါတယ်''

''ဒီ ၂.၅ မီတာရှည်တဲ့အပင် ၅၀ က တစ်နေ့ကို အိုး ၂ဝ လောက်ကိုင်းဖြတ်ပြီး စုစုပေါင်း တစ်နေ့ အပင် ၁၀၀၀ ရနိုင်ပါတယ်... ဒီ ၃.၅ မီတာရှည်တဲ့နှစ်ပင်ကတော့ တစ်နေ့ ၃၅ အိုးကိုင်းဖြတ်နိုင်တဲ့အတွက် အိုး ၇၀ ရနိုင်ပါတယ်''

ချင်လင်ကချက်ချင်း သေချာတွက်ဆလိုက်သည်။

အရည်အသွေး ၃၀% တွင် ကိုင်းဖြတ်စိုက်လိုက်သောအပင်များမှာ များစွာလျော့ကျသွားသော်လည်း ၂% တော့ကျန်သေးသည်။ အရင်တစ်အိုးကို ယွမ် ၄၀၀ နှုန်းနှင့် အိုး ၇၀ မှာ ယွမ် ၂၈၀၀၀ ရမည်။

အရည်အသွေး ၂ အိုးစိုက်ပင်ကို ရွှေ့ပြောင်းစိုက်လိုက်ပါက အရည်အသွေးအတော်ကျဆင်းသွားပြီး အရည်အသွေး ၁ သာရှိတော့သည်။ စျေးနှုန်းမှာ အိုးစိုက်ပင်တစ်ပင်ကို ယွမ် ၁၀၀ ဖြစ်၍ အိုး ၁၀၀၀ အတွက် ယွမ်တစ်သိန်းရမည်။

ဒီအိုးစိုက်ပင်တွေကိုရောင်းနိုင်ရင် အဲဒီနေ့စံအိမ်အတွက် ယွမ် ၁၂၈၀၀၀ ယူပေးနိုင်ပြီ။

ဒါမမျှော်လင့်ထားတဲ့အံ့သြစရာပဲ။

ထိုအတွေးနှင့်သူက ကောင်းယောင်ယောင်ကိုဖုန်းခေါ်ပြီး လာခိုင်းလိုက်သည်။

အိုးစိုက်ပင်ပထမအသုတ်ကို ဥယျာဉ်ကထုတ်မည်ဆိုလျှင် တချို့အရာတွေပြင်ဆင်ထားရမည်။ အရောင်းအတွက် ကောင်းယောင်ယောင်က ဝန်ဆောင်မှုပေးသောဝန်ထမ်းများနှင့်ပူးပေါင်းရန်အတွက် စီစဉ်ထားရမည်။

မကြာမီ ကောင်းယောင်ယောင်က သုံးပွင့်ဆိုင်ဇီးပန်းဥယျာဉ်ထဲရောက်လာသည်။

သူမလည်း အကြောင်းရင်းကိုခန့်မှန်းမိပြီးဖြစ်၍ ရောက်ရောက်ချင်း မေးလိုက်၏_ ''သူဌေး... သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်တွေကို ထုတ်တော့မှာလား?''

ချင်လင်ကခေါင်းညိမ့်ပြီး_ ''မနက်ဖြန် ယွီရွှေ့နဲ့အတူလုပ်ဖို့ အရောင်းသမားနှစ်ယောက်ရယ်... တခြားလူတွေက အိုးစိုက်ပင် ၁၀၀ ကိုယူပြီး စမ်းကြည့်ဖို့ စီစဉ်လိုက်ပါ''

ကောင်းယောင်ယောင်ကခေါင်းညိမ့်ပြီး_ ''ကောင်းပါပြီ... ကျွန်မစီစဉ်လိုက်ပါမယ်''

......

အိုးစိုက်ပင် ၁၀၀ မှာအလွန်များသည်။ ဘေးချင်းကပ်စီလျှင်တောင် နေရာအတော်ယူဦးမည်။

နောက်တစ်နေ့တွင် ချင်လင်က ဂိမ်းထဲမှအပင်ရင့်များကို စံအိမ်သယ်လာရာ ယွီရွှေ့မှာ သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင် ၁၀၀ ကို စံအိမ်ပေါက်ဝနားနေရာလွတ်တွင် ရွှေ့ထားပြီးဖြစ်သည်။

ပန်းအိုးငါးအိုးတွင် သုံးပွင့်ဆိုင်ဇီးပန်းပင်များထည့်စိုက်လိုက်၏။ တစ်ချက်ကြည့်ရုံနှင့်ပင် ကွာခြားချက်ကိုမြင်နိုင်သည်။ တခြားအိုးများယှဉ်လျှင် ထင်းထွက်နေ၏။

အနီးမှစားပွဲထိုးနှစ်ယောက်လည်း တွတ်တွတ်တွတ်တွတ်ပြောလိုက်သည်:

''...ဒါ တို့စံအိမ်မှာ သေချာစိုက်ထားတဲ့ သက်တန့်ရောင်သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်ပဲ... စီရင်စုထဲမှာဆို တို့စံအိမ်မှာပဲရှိတာ... ပြီးတော့ ဒီသုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်တွေကို ဂရုစိုက်ရင်စိုက်သလို တစ်နှစ်ပတ်လုံးပွင့်နိုင်တယ်တဲ့...''

သူက သူမဖြေနိုင်သည်များကို ခရီးသည်များမေးခဲ့သည်ရှိသော် ရှင်းပြနိုင်ရန် ရေရွတ်နေခြင်းပင်။

''သူဌေး... ရောက်လာပြီလား?'' ယွီရွှေ့က ချင်လင်ကိုချက်ချင်းနှုတ်ဆက်လိုက်သည်။

''အလုပ်ဆက်လုပ်ပါ'' ချင်လင်က သူ့ကိုခေါင်းညိမ့်ပြပြီး ခန်းမထဲဝင်ကာ ကောင်းယောင်ယောင်ကိုညွှန်ကြားစရာရှိသည်များပေးပြီးသည်နှင့် စံအိမ်မှထွက်၍ စီရင်စုထဲပြန်လာခဲ့သည်။

ပြီးရင် စီရင်စုမှာ နှစ်ချုပ်အစည်းအဝေးတက်ရဦးမည်။ သူအိမ်ပြန် ရေမိုးချိုးကာ အဝတ်အစားလဲရမည်။

ယွီရွှေ့က ချင်လင်ထွက်သွားသည်ကိုကြည့်ရင်း နည်းနည်းစိတ်လှုပ်ရှားနေသည်။

အခုသူက သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်တာဝန်ခံဖြစ်ပြီး သူ့လက်အောက်တွင် လူဆယ်ယောက်ကျော်လည်းရှိနေပြီ။ ဒီနေ့ဒီအိုးစိုက်ပင်တွေရောင်းမထွက်ရင် သူမျက်နှာပျက်ရလိမ့်မည်။ တခြားသူများရှေ့တွင် လုံးဝခေါင်းဖော်နိုင်မည်မဟုတ်ပေ။

ပိုဆိုးပါက စံအိမ်တွင်အိုးစိုက်ပင်ဥယျာဉ်ထားစရာမလိုဘဲဖြစ်သွားနိုင်လေသည်။

မကြာမီ_

စံအိမ်က ယနေ့ခရီးသည်များကို ကြိုဆိုနေသည်။ ကားပါကင်ဆီ တက္ကစီအများအပြားရောက်လာပြီး လူငယ်အုပ်စုတစ်စုထွက်လာ၏။

''ကျောင်းသားတို့... ဒါချင်းလင်စံအိမ်ပဲ'' ချန်ရွှဲ့ (အခန်း ၃၅) က သူ့တက္ကသိုလ်ကျောင်းသားများကို ကားပေါ်မှဆင်းဆင်းချင်း မိတ်ဆက်ပေးလိုက်သည်။

အရင်တစ်ခါအိမ်ပြန်ရင်း ချင်းလင်စံအိမ်လိုနေရာကောင်းကို မမျှော်လင့်ဘဲတွေ့ခဲ့ရ၏။ ပန်းပင်လယ်ဗီဒီယိုတချို့ကို အဆောင်မှသူငယ်ကောင်းများအဖွဲ့ထဲပို့ခဲ့သေးသည်။ သူမကျောင်းပြန်တက်တော့ ထိုအဆောင်သူငယ်ချင်းသုံးယောက်နှိပ်စက်တာကိုခံခဲ့ရသည်။ မွေးရပ်မြေမှာ ဒီလိုလှတဲ့နေရာရှိတာ ကိုယ့်သူငယ်ချင်းတွေကို နှစ်နှစ်အတွင်း တစ်ခေါက်လေးတောင်မခေါ်ရကောင်းလားဟု ပြောကြ၏။

သို့သော် သူမအထင်လွဲခံရခြင်းသာ။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ဒီလိုစံအိမ်မျိုးရှိမှန်း သိတောင်မသိခဲ့ချေ။

ဒီနေရာကို အရင်က ဖုဟိုင်စံအိမ်ဟုခေါ်ကြောင်း စီးပွားသိပ်မဖြစ်ကြောင်းသာ ကြားဖူးသည်။

ဘာပဲဖြစ်ဖြစ် စီးပွားမဖြစ်တဲ့နေရာကို အရမ်းနာမည်ကျော်လာအောင်လုပ်နိုင်သော ချင်းလင်စံအိမ်သူဌေးကို သူမတကယ်လေးစားမိသည်။

ချင်းလင်စံအိမ်နာမည်ကြီးလေလေ သူ့အခင်ဆုံးသူငယ်ချင်းသုံးယောက်က ပိုပြီးနားပူနားဆာလုပ်လေလေ။ ထို့ကြောင့်လည်း ရုံချန်းစီရင်စုမှာ အတန်းထဲတွင် အလွန်နာမည်ရလာသည်။

ချင်းလင်စံအိမ်က ရုံချန်းစီရင်စုထဲရှိသောကြောင့်ပင်။

ချင်းလင်စံအိမ်က သူမမွေးရပ်မြေကိုဂုဏ်တက်စေသည်။

အတန်းထဲမှကျောင်းသားတွေက ချင်းလင်စံအိမ်ကို သူမမွေးရပ်မြေမှာရှိမှန်းသိလျှင် တစ်နေ့ချင်းလင်စံအိမ်ကိုလာလည်ပြီး သူမကိုလမ်းညွှန်လုပ်ပေးရန်ထောက်ခံကြ၏။

ချန်ရွှဲ့က သူမအတန်းသားတွေကို စံအိမ်ထဲခေါ်လာသည်။ သူတို့အုပ်စုက ဝင်ဝင်ချင်း သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်များထားသောနေရာကိုမြင်သွား၏။

အရည်အသွေး ၂ သက်တန့်ရောင်သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်များတွင် ခမ်းနားခြင်း +၂၊ အလှစိုက်ပင် +၂ နှင့် ဧည့်ကြို +၁ အရည်အသွေးများရှိသည်။

အရည်အသွေး ၁ သက်တန့်ရောင်သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်များတွင်လည်း ခမ်းနားခြင်း +၁ အရည်အသွေးအလားအလာကောင်းရှိ၏။

ထို့ကြောင့် ထိုအုပ်မှာ သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်များ၏ညှို့ယူခြင်းကိုခံလိုက်ရသည်။

''ချန်ရွှဲ့... ဒီအိုးစိုက်ပင်က အရမ်းလှတာပဲ... ချင်းလင်စံအိမ်မှာ ဒီလိုသက်တန့်ရောင်သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်တွေရောင်းတာ ဘာလို့မပြောတာလဲ?'' စကတ်တိုတို ဆွဲသားဘောင်းဘီထူထူနှင့် မိန်းကလေးက အနားရောက်လာ၏။

နောက်ထပ်မိန်းကလေးတစ်ယောက်ကလည်း_ ''ဟုတ်ပါ့... သေးသေးလေးနဲ့ သပ်သပ်ရပ်ရပ်လေး... ဒီအိုးက အရင်ငါစိုက်ဖူးတဲ့အိုးစိုက်ပင်တွေထက်တောင် ပိုလှသေးတယ်... ပန်းစိုက်ရတာကြိုက်တဲ့သူဆိုတော့... ချန်ရွှဲ့ ငါတို့ပြန်ရောက်မှနင့်ကိုအမှတ်ပေးရဦးမယ်''

ချန်ရွှဲ့အထင်လွဲခံရပြန်သည်။ အရင်တစ်ခါသူမလာတုန်းက ဒီအိုးစိုက်ပင်တွေ လုံးဝမရှိ။ ပြီးတော့ ဒီအိုးစိုက်ပင်တွေက တကယ်လည်းလှသည်။ သူမတောင် တစ်ပင်ဝယ်ပြီး အဆောင်မှာထားချင်သည်။

ထိုအချိန်တွင် ယွီရွှေ့က ချန်ရွှဲ့ကိုရှင်းပြလိုက်၏_ ''အားလုံးပဲ... ဒါကတော့ စံအိမ်မှာအထူးစိုက်ပျိုးထားတဲ့ သက်တန့်ရောင်သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်ပါ... ဒီနေ့မှစတင်တာပါ... အရင်ကမရောင်းပါဘူး''

ပထမမိန်းကလေးက ချက်ချင်းပြေးလာပြီး_ ''ဦးလေး... ဒါတွေဒီနေ့မှရောင်းတာလား? အခုတစ်အိုးမှာလို့ရလား?'' ဟုမေးလိုက်သည်။

All Chapters