← Chapters

ချင်းလင်စံအိမ်က အိမ်အပြန်ဂုဏ်တက်စေတယ်! ၄

Vol. 10 Ch. 149

ချင်းလင်စံအိမ်က အိမ်အပြန်ဂုဏ်တက်စေတယ်! ၄

Vol. 10 Ch. 149

ပန်းချစ်သူမိန်းကလေးကလည်း ဝင်ပြောလိုက်သည်_ ''အင်း... အခုမှာလို့ရပြီလား? စျေးကဘယ်လောက်လဲ?''

''ကျွန်မလည်း တစ်အိုးမှာချင်လို့'' ချန်ရွှဲ့လည်းပြောလိုက်သည်။ တကယ်လို့ အိုး ၁၀၀ ပဲရှိတာဆိုရင် တခြားခရီးသည်တွေလာရင်တောင် မရနိုင်။

''အခုမှာလို့ရပါပြီ... အိုးစိုက်ပင်နှစ်စားရှိပါတယ်... တစ်မျိုးက ယွမ် ၁၀၀... နောက်တစ်မျိုးက ယွမ် ၄၀၀ ပါ... မှာချင်တယ်ဆိုရင်...'' ယွီရွှေ့ကချက်ချင်း တရစပ်ရှင်းပြလိုက်သည်။

ဘေးမှအကူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။ ဦးလေးယွီက သူတို့အကူအညီလိုပုံမရ။ သူ့ဘာသာလုပ်နိုင်မည်ထင်သည်။

အချိန်ကုန်လွန်သည်နှင့်အမျှ ခရီးသည်များရောက်လာ၏။ သူတို့က ဝင်ပေါက်နားမှ သက်တန့်ရောင်သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်များကိုမြင်လျှင် အံ့သြနေကြသည်။

ခရီးသည်အများစုက စိတ်ဝင်စားနေကြ၏။

ဒီနေ့ခေတ်လူအတော်များများက သူတို့လသာဆောင်တွင် အလှဆင်ရန် (သို့) လေသန့်ရန် အိုးစိုက်ပင်များထားကြသည်။

ဒီသက်တန့်ရောင်သုံးပွင့်ဆိုင်ဇီးပန်းပင်တွေက အမြင်အရမ်းလှသည်။ နောက်ပြီး အလည်အပတ်ပြန်လာသည့်အခါ အမှတ်တရလက်ဆောင်တစ်ခုခုတော့ ယူသွားရမည်။

ထို့ကြောင့် အိုးစိုက်ပင်မှာသောသူများ ထူးထူးခြားခြားများနေ၏။

ယွီရွှေ့စိတ်သက်သာရာရသွားသည်။ ဒါအစကောင်းပဲ။



…

ချင်လင်လည်း အိမ်ပြန်ရေမိုးချိုးပြီး ရုံချန်းစီရင်စုအစိုးရရုံးဆီသွားလိုက်သည်။ ချန်လီပြောတဲ့နှစ်ချုပ်အစည်းအဝေးက ဒီမှာကျင်းပမည်ဖြစ်သည်။ အဓိကမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအနှစ်ချုပ်ဖြစ်၏။ စီရင်စုအထွေထွေဌာနမှလူများအပြင် ရုံချန်းစီရင်စုအတွင်းကုမ္ပဏီသူဌေးများလည်းရှိသည်။

''ဥက္ကဌချင်... လာပါ'' ကျုံးလဲ့က ချင်လင်ကိုမြင်လျှင် ရှေ့တိုးသွားပြီး_ ''အကြီးအကဲချန်လည်း ဒီနေ့မိန့်ခွန်းပြောမှာ... သူအခုစာစီနေလို့... ငါ့ကိုလာကြိုခိုင်းထားတာ''

''ဟုတ်ကဲ့!'' ချင်လင်ကခေါင်းညိမ့်ပြီး ကျုံးလဲ့နောက်လိုက်၍ အပေါ်ထပ်ခန်းမကျယ်ကြီးဆီတက်သွားလိုက်သည်။

ခန်းမအရှေ့ပိုင်းတွင် အရင်နှစ်ရုံချန်းစီရင်စုစီးပွားရေးတိုးတက်မှုရလဒ်ကိုကြေညာထားသော ဖန်သားပြင်ကြီးရှိ၏။ အောက်ဘက်စားပွဲများပေါ်တွင် နာမည်တပ်ထားသော နာမည်ကတ်ပြားများရှိသည်။

ဒီနာမည်တွေက ရုံချန်းစီရင်စုအပြင်ဘက်မှာဆို လုံးဝကိစ္စကြီးမဟုတ်။ သို့သော် ရုံချန်းစီရင်စုမှာ နေရာငယ်လေးဖြစ်သည့်အတွက် သူတို့နာမည်တွေဒီမှာသုံးခြင်းက မှတ်တမ်းဝင်နိုင်သည်။

နောက်ပြီး ထိုင်ခုံနေရာစီစဉ်ထားပုံက ထူးခြားသည်။ ဘဏ္ဍာရေးထောက်ပံ့နိုင်မှု၊ အင်အား (သို့) လွှမ်းမိုးနိုင်စွမ်းတစ်ခုခုပေါ် မူတည်ထားသည်။

အံ့သြဖို့ကောင်းစွာပင် ချင်လင်က သူ့နာမည်ကို ဒုတိယတန်း ပထမခုံတွင် တွေ့လိုက်ရ၏။

ထိုအချိန်တွင် အများစုက သူတို့ထိုင်ခုံများတွင်ထိုင်ပြီး အချင်းချင်းစကားပြောနေကြသည်။ ချင်လင်ကိုအခက်တွေ့စေတာက သူတို့အားလုံးနီးပါးမှာ လူငယ်များမဟုတ်ကြဘဲ သက်လတ်ပိုင်းအမျိုးသားများဖြစ်နေခြင်းပင်။

သူတက်လာတာ နည်းနည်းများရုတ်ချည်းဆန်သွားလား?

အထဲမှလူတချို့က ချင်လင်နှင့်ကျုံးလဲ့ကိုသတိပြုမိသော်လည်း အမှုမဲ့အမှတ်မဲ့သာ။ သူတို့နှစ်ဦးကို စီရင်စုဝန်ထမ်းဟုမှတ်လိုက်သည်။

''ဟေး... ချင်လင်က ဘယ်သူလို့ထင်လဲ?'' သူဌေးတစ်ဦးက သိချင်စိတ်နှင့်မေးလိုက်၏။



နောက်တစ်ယောက်ကလည်း စိတ်ဝင်စားသွားပြီး_ ''သူ့နာမည် အရင်ကမကြားဖူးဘူး... ဒီနှစ် ၁၁ ယောက်မြောက်ပဲ... အရင် ၁၀ ယောက်ကအတူတူဆိုတာထက် ရုံချန်းစီရင်စုစားဆီက တတိယတန်းရောက်သွားတာ တစ်ခုပဲ''

မျက်မှန်နှင့်လူကပြောလိုက်သည်_ ''ငါသိပြီ... ချင်လင်ဆိုတာ ချင်းလင်စံအိမ်နဲ့ ချင်းလင်အစားအသောက်ကုမ္ပဏီရဲ့သူဌေးပဲ!''

ထိုစကားများက ပတ်ဝန်းကျင်ကို လှုပ်လှုပ်ရွရွဖြစ်စေသည်။ သူတို့လုပ်ငန်းအားလုံးမှာ ရုံချန်းစီရင်စုတွင်ဖြစ်၍ ချင်းလင်စံအိမ်နှင့် ချင်းလင်အစားအသောက်ကုမ္ပဏီကို နာမည်ကြီးလွန်းသောကြောင့် သိနေသည်။

အဆက်အသွယ်ကောင်းသူများက သူတို့ကို စီရင်စုက ယွမ်သန်း ၅၀ ကျော်တိုက်ရိုက်ထောက်ပံ့ထားမှန်းသိကြ၏။ စီရင်စုကအလေးထားရုံသက်သက်နှင့်တင် သူတို့ထဲကအများစုထက်သာနေပြီဖြစ်သည်။

''ဥက္ကဌဟူ... ဒီသတင်းအမှန်ပဲလား?'' တစ်ယောက်က သိချင်စိတ်နှင့်ဝင်မေးလိုက်သည်။

ဥက္ကဌဟူက အသေအချာပြောလိုက်၏_ ''အမှန်ပေါ့... ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီက ဥက္ကဌစွန်းကိုသိလား? သူက ချင်းလင်စံအိမ်ဆောက်လုပ်ရေးကိုတာဝန်ယူထားတာပဲ... အရင်က ဥက္ကဌစွန်းပြောတာ ကြားဖူးတယ်... သူ့ကိုလေးစားတယ်လို့တောင်ပြောသေးတယ်''

တစ်ယောက်က ထပ်မေးလိုက်သည်_ ''ချင်းလင်စံအိမ်သူဌေးက ဘယ်လိုပုံလဲ?''

ဥက္ကဌဟူက ရှင်းပြလိုက်၏_ ''အရမ်းငယ်သေးတယ် ပြောတာပဲ... ဥက္ကဌစွန်းလေးစားတယ်ဆိုတာလည်း အဲဒီအချက်ကြောင့်ပဲလေ''

''ဘယ်လောက်ငယ်တာလဲ?'' တစ်ယောက်ကလည်း စပ်စပ်စုစုမေးလိုက်သည်။

ထိုလူများကစကားပြောနေစဉ် ဘွဲ့ရခါစပုံနှင့်လူငယ်လေးတစ်ယောက်ဝင်ထိုင်လိုက်သည့်ခုံကို ရုတ်တရက်အကြည့်ရောက်သွားကြ၏။

ထိုဒုတိယတန်း ပထမဆုံးခုံပေါ်ရှိနာမည်မှာ ချင်လင်။

တခဏချင်း အားလုံးတိတ်ဆိတ်သွားပြီးနောက် တိုးတိုးရေရွတ်သံများထွက်လာသည်။

“သောက်…”

“သူလား?”

“ငယ်ငယ်လေး…”

ချင်လင်၏အသက်မှာ အားလုံးထင်ထားသည်ထက် ပိုငယ်နေသည်!

အရမ်းငယ်သေးတာပဲ!

All Chapters