Chapters

ရှုမျှော်ခင်း 4A အတွက်လျှောက်လွှာ? စီရင်စုတောင်းဆိုချက်!

Vol. 10 Ch. 150

ရှုမျှော်ခင်း 4A အတွက်လျှောက်လွှာ? စီရင်စုတောင်းဆိုချက်!

Vol. 10 Ch. 150

ချင်လင်က ဒီလိုဖြစ်မယ်မှန်းသိထားသည်။

ဒီလိုအချိန်အခါမျိုးတွင် သက်လတ်ပိုင်းလူအုပ်စုကြားမှာ လူငယ်ကိုသေချာပေါက်အာရုံစိုက်ကြပေလိမ့်မည်။

သူက လူကြီးများကို ယဉ်ယဉ်ကျေးကျေးသာ ခေါင်းညိမ့်ပြလိုက်သည်။

''ရောက်လာပြီလား... ဥက္ကဌချင်'' ရင်းနှီးနေသောအသံတစ်ခုထွက်လာသည်။

စွန်းမင်လည်း ဝင်လာ၏။ ချင်လင်က ချန်လီနှင့် ချန်လီဆီမှခဏခဏကြားဖူးနေသော စွန်းရှန်ကိုတွေ့လိုက်ရသည်။

စွန်းရှန်မှာ ရုံချန်းစီရင်စုတွင်လူသိများပြီး ပြည်သူများ၏ရင်ထဲတွင်လည်း နာမည်ကောင်းရှိသူဖြစ်၏။

စွန်းရှန်ရောက်မလာခင်က ရုံချန်းစီရင်စုမှာ အလွန်နွမ်းပါးသည်။ အမြန်လမ်းမမရှိ၊ ဘူတာမရှိ၊ စီးပွားရေးစျေးကွက်ရယ်လို့မရှိ... ပျော်စရာရွှင်စရာအလွန်ရှားပါးခဲ့သည်။

အရင်ကစီရင်စုမှာ ယွမ်ဘီလီယံ ၂၀ ကျော်အကြွေးတင်နေဆဲဟုပြောကြသည်။ အကြွေးဘယ်လောက်တင်သည်ဖြစ်စေ ဘယ်သူမှမသိ။ ဘာပဲဖြစ်ဖြစ် ထိုအချိန်က ဘာမှအတည်တကျလုပ်ခဲ့ခြင်းလည်းမရှိပေ။

သို့သော် စွန်းရှန်ရောက်လာပြီးနောက်ပိုင်း အမြန်ရထား၊ ဘူတာရုံနှင့် စီးပွားရေးစျေးကွက်များရှိလာသည်။ နောက်ပြီး လူနေမှုဘဝမြန်မြန်တိုးတက်ပြီး သာယာပျော်ရွှင်စေရန် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်း+ အစီအစဉ်ကို အသေအချာဆွဲထားသည်။

ရုံချန်းစီရင်စုပြည်သူများ အမှန်တကယ်ခံစားသိမြင်နိုင်သည့်အရာများရှိသည်။

တကယ်တော့ စီးပွားရေးအနှစ်ချုပ်မှာ အလွန်ရိုးရှင်းသည်။ တရားဝင်အရည်အချင်းချပြပွဲဖြစ်၏။ မနှစ်က ကုမ္ပဏီအသီးသီး၏အောင်မြင်မှုနှင့် စီရင်စုတွင်ပါဝင်ဆောင်ရွက်မှုများကို အကြမ်းဖျင်းဖော်ပြကြသည်။ ထို့နောက် စီရင်စု၏စွမ်းဆောင်ချက်များဖြစ်သည်။

ချင်းလင်စံအိမ်နှင့်ချင်းလင်အစားအသောက်ကုမ္ပဏီ၊ အထူးသဖြင့် ချင်းလင်စံအိမ်ကိုလည်း ဖော်ပြသွားသည်။

ဤသည်ကြောင့် ထိုသူဌေးများက ချင်လင်ကို တတန်းတည်းမြင်သွားစေ၏။

မွန်းတည့်ခါနီးတွင် နှစ်ချုပ်အစည်းအဝေးပြီးသွားသည်။ စီရင်စုက အားလုံးအတွက် ဘူဖေးစားသောက်ဆိုင်တွင် နေ့လယ်စာစားရန်လည်း ပြင်ပေးထားသည်။

တခြားအချိန်ဆိုလျှင် ထိုသူဌေးများမှာ သေချာပေါက်စားသောက်ဆိုင်တွင် သွားစားမည်မဟုတ်။ သို့သော် ဒီနေ့အခါသမယက ထူးခြားသည်။ သူတို့ကအချင်းချင်းစကားပြောရင်း စားသောက်ဆိုင်သို့ လျှောက်သွားကြသည်။ ဒီနေ့စီရင်စုစားသောက်ဆိုင်တွင် စားနိုင်ခြင်းမှာ စီရင်စုအတွင်း သူတို့ဂုဏ်ပုဒ်ကိုကိုယ်စားပြုလေသည်။

ဒီနေ့ စီရင်စုက ခါတိုင်းအစားအသောက်စာရင်းအတိုင်း မချက်။ အပြင်မှစာဖိုမှူးငှားပြီး အထူးပြင်ဆင်ထားသည်။

ဒါမှ လိုက်လျောညီထွေဖြစ်မည်။

''ဥက္ကဌချင်... ဟိုဘက်မှာထိုင်ပြီး စံအိမ်လုပ်ငန်းအကြောင်းပြောရအောင်'' စွန်းမင်က ချင်လင်ကို စားသောက်ဆိုင်ထဲဖိတ်လိုက်သည်။

''ကြွပါ... ဥက္ကဌစွန်း'' ချင်လင်ကခေါင်းညိမ့်ပြီး စွန်းမင်နောက်လိုက်ကာ စားပွဲဆီသွားလိုက်၏။

စွန်းမင်ကထိုင်လိုက်ပြီး_ ''ဥက္ကဌချင်... ခင်ဗျားစံအိမ်ဆောက်လုပ်ရေးနဲ့ စီရင်စုရဲ့ထောက်ပံ့ငွေက အကြမ်းဖျင်းပြီးပြီ... အကုန်လတ်စသတ်နေတာ... ခင်ဗျား စလည်ပတ်လို့ရပြီ''

ချင်လင်ခေါင်းညိမ့်လိုက်သည်။ စီရင်စုထောက်ပံ့ငွေလုပ်ငန်းထဲတွင် ရွက်လွင့်ခြင်း၊ သတို့သမီးခန်း၊ ဝန်ထမ်းအဆောင်၊ စားသောက်ဆိုင်နှင့် ကျယ်ဝန်းသောပန်းပင်လယ်များပါသည်။

ကျယ်ဝန်းသောပန်းပင်လယ်မှာ ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီတင်မဟုတ်ဘဲ စိမ်းလန်းရေးကုမ္ပဏီသုံးခုနှင့်ပါ စာချုပ်ချုပ်ထားသည်။ ပြီးဖို့အချိန်ယူရဦးမည်။ ဘာပဲဖြစ်ဖြစ် ပန်းပင်အများစုမှာ ရာသီဥတုလိုအပ်ချက်ရှိ၏။

အခု ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူထားသောအပိုင်းပြီးပြီဖြစ်၍ သူတို့စံအိမ်ကိုစလည်ပတ်နိုင်တော့မည်။ သည်လိုနှင့် အစမ်းစစ်ဆေးခြင်း စံမီလျှင် လဝက်အတွင်း အသုံးချနိုင်မည်။

စွန်းမင်ကဆက်၍_ ''ပြီးတော့ အပန်းဖြေစံအိမ်အောက်ခြေကို ဥက္ကဌချင်လိုချင်တဲ့အတိုင်း ပုံစံချထားပါတယ်... မွေးမြူရေးခြံနဲ့ပတ်သက်ပြီးတော့ရော ဥက္ကဌချင်မှာ ဘာအကြံဉာဏ်များရှိလဲ?''