← Chapters

မိမိုက်သလို လာလုပ်ရင် ဈာပနာပွဲဖြစ်သွားမယ်

Vol. 58 Ch. 856

မိမိုက်သလို လာလုပ်ရင် ဈာပနာပွဲဖြစ်သွားမယ်

Vol. 58 Ch. 856

“ ဥက္ကဌလင်းက ဒီပရောဂျက်ကို ယူချင်တာ သေချာပြီလား…”

လျိုဝန်ချန် မဝံ့မရဲလေး မေးမြန်းလိုက်သည်။

“ ငါ ဖုန်းထဲမှာ သဘောတူပြီးသွားပြီ… ဆိုတော့ သေချာပေါက် လက်ခံမှာပေါ့…”

“ အဲ့တာဆို လုံး၀ လွယ်ကူမှာတော့ မဟုတ်လောက်ဘူး… ကျုပ် အထင် ဝူရှီလည်း မကြာခင် ဒီကိစ္စ သိသွားလောက်တယ်..” လျိုဝန်ချန် ပြောလိုက်ပြီး “ ဒီညတော့ ကျုပ်ကို မေးခွန်းသတ်ပြီနဲ့တူတယ်…”

“ မင်းကို မေးခွန်းသတ်မယ်..”

“ အင်း.. ဒီနေ့က သူ့အသက် ခြောက်ဆယ်ပြည့် မွေးနေ့ပွဲဆိုတော့ လူတွေ ဖိတ်ထားတာမှ အများကြီးပဲ… ကျုပ်လည်း အဲ့ဒီထဲက တစ်ယောက်ပေါ့… တကယ်လို့ သူသာ ဒီအကြောင်း သိသွားခဲ့ရင် သေချာပေါက် ကျုပ်နဲ့ စကားလာပြောမှာပဲ… ဆိုတော့ မသွားတော့ဘူး…”

“ ဘာလို့ မရသွားမှာ…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ မင်း ဒီနေ့ မသွားဘူးဆိုလည်း အဲ့အဘိုးကြီးက နောက်ရက် လာမရှာဘူးလို့ မင်းပြောနိုင်လား.. လူမိုက်အိုကြီးက မင်းနား ပလာစတာလို တွယ်ကပ်နေမှာ… မင်းဘက်က မခွာထုတ်ပစ်ရင် နောင်ကျ ဒုက္ခအများကြီး ပေးလာနိုင်တယ်ကွ…”

အစည်းအဝေးခန်းထဲရှိ အမှုဆောင် အရာရှိ အဖွဲ့ဝင်များအားလုံး တိတ်တဆိတ် ရှော့ခ်ရသွားခဲ့ကြ၏။

ဥက္ကဌကျီကို သိမ်းပိုက်ထားနိုင်တဲ့ ယောက်ျားဆိုတဲ့အတိုင်း သူ့ရဲ့ စိတ်နေစရိုက်က တကယ့်ကို အကြမ်းပတမ်း ရှိတာပဲ..

“ အဓိက အကြောင်းရင်းက တစ်ခုခုဖြစ်မှာစိုးလို့ မသွားချင်တာ…” လီဝေ့ချန်း မပျော်မရွှင် ဖြစ်နေသည့် အမူအရာဖြင့် ပြောလိုက်၏။

“ အဆင်ပြေတယ်.. ငါ ဒီည မင်းနဲ့ လိုက်ခဲ့မယ်…” လင်းရီ ပြောလိုက်၏။

“ အဲ့တာဆို ကျုပ် လူတွေ ထပ်ခေါ်လိုက်ရမလား… နှစ်ယောက်တည်း ဆိုတော့ နည်းနည်း‌လေး....”

“ မလိုဘူး..” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ပြီဆိုရင် မင်း ကြည့်ထိန်းထားလိုက်… အဲ့ချိန် ငါ အကူတွေ သွားခေါ်လိုက်မယ်..”

“ ဥက္ကဌလင်း… ကျုပ်... ကျုပ်ကို အဲ့လိုတော့ မနောက်ပါနဲ့လား…” လျိုဝန်ချန် မျက်ရည်စမ်းစမ်းဖြင့် ပြောလိုက်၏။

သူ့ကြည့်ရသည်မှာ အတည်ပေါက်ကြီး ငိုချတော့မည့် အသွင်ပင်။

“ အဆင်ပြေပါတယ်… ဘယ်လို အခက်အခဲတွေပဲရင်ဆိုင်ရ ရင်ဆိုင်ရ… ငါတို့က မိတ်ဆွေတွေ ဖြစ်နေတုန်းပါပဲကွာ…”

လင်းရီ၏ စကားလုံးမျာက အစည်းအဝေးခန်းထဲရှိ လူတိုင်းကို ရယ်မောသွားစေသည်။ လေထုမှာလည်း နဂိုကလောက် လေးလံသိပ်သည်းမနေတော့ချေ။

“ ကောင်းပြီ… ဒီနေ့ အစည်းအဝေးက ဒီလောက်ပဲ…” ကျီချင်းရန် သူမလက်ထဲရှိ စာရင်းစာအုပ်ကို ပိတ်လိုက်ရင်း “ ဥက္ကဌလျို… ရှင်သွားပြီး ကျွန်မတို့ ကုမ္ပဏီရဲ့ အောင်မြင်မှုမှတ်တမ်းနဲ့ ဒီ့အရင် ပြီးမြောက်ခဲ့တဲ့ ပရောဂျက်တွေကို အိတ်တစ်ခုနဲ့ ပြင်ဆင်ထားလိုက်… အနည်းဆုံး တစ်ဘီလီယမ် ရှိတဲ့ ပရောဂျက် ဖြစ်ပါစေ… ပြီးရင် မြို့တော်ဝန်ဝူနဲ့ အသေးစိတ် ဆွေးနွေးကြမယ်…”

“ ဟုတ်ကဲ့… နားလည်ပါပြီ ဥက္ကဌကျီ… ကျုပ်အခုချက်ချင်း သွားပြင်ဆင်လိုက်ပါ့မယ်…”

နာရီဝက်ကြာပြီးနောက် သုံးယောက်သား ဝူကျောင်းယိုထံသို့ သက်ဆိုင်ရာ အထောက်အထားများဖြင့် သွားရောက်တွေ့ဆုံလေသည်။

လင်းရီ ရောက်နေကြောင်း သိတော့ တစ်ဖက်သူမှာ အလွန်အမင်း စိတ်ဇောသန်သွားခဲ့ပြီး လုပ်လက်စ အလုပ်များ အားလုံးကို ပစ်ချပြီး လင်းရီကို ကြိုဆိုလက်ခံတော့၏။ မွန်းလွဲပိုင်းရောက်တော့ နေ့လည်စာပင် လိုက်လံ ဧည့်ခံပေလိုက်သေးသည်။

သို့သော်လည်း အဆုံးတွင်တော့ ကျီချင်းရန်ကသာ ဘေလ်ရှင်းသူ ဖြစ်သွားခဲ့လေသည်။ အပြန်အလှန် တတ်သိနားလည်မှုတို့ဖြင့် နေ့လည်စာ ထမင်းဝိုင်းမှာ အောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့၏။

မွန်းလွဲ ညနေ လေးနာရီလောက်ရောက်တော့ လေးယောက်သား စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။

ဝူကျောင်းယိုမှ နောက်ထပ် တစ်နေရာသို့ ဖိတ်ခေါ်ချင်သေးပါသော်လည်း လင်းရီမှ အကြောင်းပြချက် ပေးကာ ငြင်းဆန်လိုက်သည်။

ယခုလို လူစုံတက်စုံ လူမှုရေး ပွဲများ၌ သင့်ဘက်မှ ရပ်တန့်မှု မပြုပါက မိုးလင်းပေါက်အထိ တာသွားပေလိမ့်မည်။

ယနေ့ည သူ မွေးနေ့ပွဲ တက်စရာလည်း ရှိသေးသောကြောင့် ဝူကျောင်းယို၏ စေတနာကို သွယ်ဝိုက်ပြီး ငြင်းဆန်လိုက်၏။

“ မွေးနေ့ပွဲက ညဘယ်အချိန်လဲစမှာ…”

ဝူကျောင်းယိုထံမှ ထွက်ခွာလာပြီနောက် လင်းရီ မေးမြန်းလိုက်သည်။

လျိုဝန်ချန် သူ့နာရီကို ငုံ့ကြည့်လိုက်ရင်း “ ည ခြောက်နာရီ စမှာ… ခု ငါးနာရီထိုးတော့မှာဆိုတော့ ခုချိန်လောက်သွားမှ ကွက်တိသွားကျမှာပဲ…”

“ ကောင်းပြီလေ… ဒါဆိုလည်း နောက်တစ်ပွဲဆက်တာပေါ့ကွာ…”

“ ရီ... ငါ လိုက်ခဲ့ရင်ကော…” ကျီချင်းရန်မှ အကြံပြုလိုက်၏။

“ မလိုဘူး… မင်းလိုက်ခဲ့ရင်တောင် ကူညီဖော်ရမှာ မဟုတ်ဘူး..” လင်းရီ ပြောလိုက်ပြီး “ မင်းက ဂေဟာမှာရှိတဲ့ ကင်မရာတွေကို စစ်ဆေးကြည့်လိုက်… တကယ်လို့ လုပ်တဲ့သူကို တွေ့ရင် ငါ့ဆီ ပုံပို့လိုက်… ဟုတ်ပြီလား...”

“ မလိုအပ်ဘူးဆိုတာ သေချာလို့လား…” ကျီချင်းရန် ထပ်မံ မေးမြန်းရင်း သူမ၏ စိုးရိမ် ပူပန်မှုကို ထုတ်ပြလိုက်သည်။

လင်းရီ ကျီချင်းရန် နားအနားသို့ တိုးကပ်လိုက်ပြီး အတွင်းသို့ လေနွေးတစ်ချို့ မှုတ်ထုတ်၍ ကျီစယ်လိုက်ကာ “ လိုအပ်တယ်… ဒါပေမယ့် ခုချိန်တော့ မဟုတ်သေးဘူး..”

လင်းရီ၏ ကျီစယ်မှုက လက်စွမ်းပြကာ ကျီချင်းရန်၏ နှလုံးခုန်သံကို ကဆုန်စိုင်းသွားစေသည်။ အရှက်ပြေ မျက်စောင်းခဲရင်း လင်းရီ၏ ခါးကို မသိမသာ ဆွဲဆိတ်လိုက်၏။

လင်းရီကတော့ စပ်ဖြီးဖြီး လုပ်နေကာ “ သွားစို့ … ငါမင်းကို အရင် ချပေးခဲ့မယ်… ပြီးမှ ငါနဲ့ လျိုကြီးတို့ ဟိုကို သွားကြမယ်..”

“ အွန်း..”

ထို့နောက် သုံးယောက်သား လျိုဝန်ချန်၏ မာစီးတီးကားပေါ်သို့ တက်လိုက်ပြီး ကျီချင်းရန်ကို ဂေဟာ၌ ချပေးကာ လင်းရီနှင့်အတူ မွေးနေ့ပွဲသို့ ဦးတည်လိုက်ကြသည်။

“ ဥက္ကဌလင်း.. ဝတ်စုံ မဝတ်တော့ဘူးလား…”

“ ဝတ်စုံ… မင်္ဂလာဆောင်သွားမှာမှ မဟုတ်တာ ဘာလုပ်ဖို့ ဝတ်ရမှာ…”

“ ဒီနေ့က ဝူရှီရဲ့ အသက်ရှစ်ဆယ်ပြည့် မွေးနေ့ပွဲ… ဆိုတော့ ပွဲလာတက်သူတွေ အကုန်လုံးကပဲ သူကောင်းမျိုးတွေလိုမျိုး ဝတ်စားခဲ့ကြမှာ… ဥက္ကဌလင်းရဲ့ ဒီလို သာမန် အဝတ်အစားနဲ့ မလိုက်ဖက်မှာကို စိုးရိမ်လို့ပါ…”

“ တကယ်လို့ အဲ့အဘိုးကြီး ငါ့ရှေ့မှာ မိမိုက်သလို လာမလုပ်ဘူးဆိုရင်တော့ ငါသူ့ကို မွေးနေ့ပွဲ ကျင်းပခိုင်းလိုက်မယ်… ဒါပေမယ့် လာပြီး မိမိုက်သလို လုပ်နေလို့ကတော့ သူ့ရဲ့ဈာပနာပွဲ ဖြစ်သွားစေရမယ်..”

လျိုဝန်ချန် ကျောစိမ့်တက်သွားခဲ့၏။

ထင်ထားတဲ့အတိုင်း ဘော့စ်လင်းကို သွားရှုပ်လို့ မရဘူးပဲ…

…..

တစ်ချိန်တည်း၌ ကျီချင်းရန် ဂေဟာသို့ အိတ်လွယ်လျက်သား ရောက်ရှိလာလေသည်။

“ အမ်… ချွေးမလေး… ဘာလို့ တစ်ယောက်တည်း လာခဲ့တာတုန်း… ဟိုကောင်က ဘယ်လဲ သွားခဲ့တာ…” ဝမ်ချွေ့ပင်း သူမလက်ထဲရှိ အလုပ်များကို ကမန်းကတမ်း ပစ်ချ၍ မေးလိုက်သည်။

“ လင်းရီ သူ ဒီည လူမှုရေး ပွဲတစ်ပွဲ တက်စရာရှိလို့တဲ့…. သမီးကတော့ သူနဲ့ မလိုက်သွားချင်လို့ ဒီမှာပဲ ချထားခိုင်းခဲ့လိုက်တာ..”

“ ကောင်းတယ်… ကောင်းတယ်… အဲ့လိုမျိုး ပကာသနပွဲတွေ သွားမနေနဲ့… အမေနဲ့ ဒီမှာ စကားပြောလည်း ရနေတာပဲ…”

“ အွန်း…” သူမ အိတ်ကို ချလိုက်ပြီး “ ဟင်းချက်‌နေတာလား.... သမီးကူညီပေးမယ်လေ…”

“ အို... မလုပ်ပါနဲ့ကွယ်… သမီး လက်နုနုလေးတွေက ဒီအလုပ်နဲ့ မလိုက်ဖက်ပါဘူး.. လက်တွေ ရှကုန်မှဖြင့် .... ” ဝမ်ချွေ့ပင်း ရပ်တန့်လိုက်ပြီး “ စကားမစပ် ရှောင်ယွဲ့လည်း ဒီရာက်နေတာ… သမီးကို ရုံးခန်းထဲမှာ စောင့်နေတယ်… သူနဲ့ ခဏသွားနေလိုက်နော်…မေမေဝမ် ထမင်းစားတဲ့အချိန်ကျမှ ခေါ်လိုက်မယ်..”

“ ဟုတ်.. အဲ့တာဆို သမီးသွားနှင့်တော့မယ်..”

“ အေးကွယ်… သွားသွား…”

မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီးနောက် ကျီချင်းရန် ဝမ်ချွေ့ပင်း ရုံးခန်းထဲသို့ ဦးတည်လိုက်၏။

ဤနေရာရှိ ဆိုဖာက ကုတင်အဖြစ် ခေါက်ပြုနိုင်သောကြောင့် အပြင်လူများမရှိပါက လင်းရီနှင့် ကော်နင်ယွဲ့တို့မှာ ယခုလို ရုံးခန်းထဲ၌ နေရသည်ကို နှစ်သက်ကြလေသည်။

“ ယောင်းမ.. ပြန်လာပြီလား.. ဒါနဲ့… အစ်ကိုကော…” လင်းရီကို မမြင်သောကြောင့် ကော်နင်ယွဲ့ ခြေဖျားထောက် နောက်သို့ မျှော်ကြည့်ရင်း မေးမြန်းလိုက်သည်။

“ သူ ဒီည ပွဲတက်စရာလေး ရှိလို့ ငါနဲ့ ပြန်လိုက်မလာဘူး…”

“ ကောင်းတယ်.. ဒါဆို ညီမတို့ စကားလွတ်လွတ် လပ်လပ် ပြောလို့ရတာပေါ့…”

ကျီချင်းရန် ပြုံးလိုက်ပြီး “ တကယ်လို့ လင်းရီသာ ကြားသွားခဲ့လို့ကတော့ နင့်ကို ကောင်းကောင်းကြီး သင်ခန်းစာပေးလောက်တယ်..”

“ မကြောက်ပေါင်..”

“ စကားမစပ်.. ငါနင့်ကို မေးဦးမယ်..” ကျီချင်းရန် ဆံပင်ကို နောက်သို့ ဖြီးသပ်လိုက်ရင်း “ ဂေဟာရဲ့ ကင်မရာတွေကို ဘယ်ကနေ စောင့်ကြည့်တာ…”

“ အမေ့အခန်းထဲမှာလေ..” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် ဂေဟာမှာ ထွေထူး ကိစ္စတွေ သိပ်မရှိဘူးဆိုတော့ ကွန်ပျူတာတောင် ဖွင့်ခဲတယ်… အလုပ်လုပ်သေးလားတောင် မပြောတတ်ဘူး…”

“ ငါ အဲ့ ကင်မရာကို စစ်ဆေးကြည့်ချင်လို့ … ဒါပေမယ့် မေမေဝမ်ကိုလည်း မသိစေချင်ဘူး.. ဘယ်လိုလုပ်ရင် ကောင်းမလဲ..”

“ မသိစေချင် မပြောနဲ့ပေါ့ .. ခု သွားကြစို့…”

“ အာ… မေမေဝမ်ရဲ့ ခွင့်ပြုချက်ကို တောင်းဖို့ မလိုတော့ဘူးလား…”

“ ယောင်းမလေး… ချမ်းသာတဲ့ ဆွေကြီး မျိုးကြီး အသိုင်းအဝိုင်းတွေမှာပဲ အဲ့လိုမျိုး တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရှိတာ… ညီမတို့က သာမန် လူတန်းစားပဲ… ဒီတိုင်းဝင်သွားလို့ရတယ်… မေမေဝမ်လည်း အဲ့လိုလုပ်တာကို ပုံကြီးချဲ့ပြီး စကားလုပ်ပြောနေမှာ မဟုတ်ဘူး… အဲ့ဒီတော့ သွားကြစို့…”

ကော်နင်ယွဲ့ အိပ်ရာပေါ်မှ ထထိုင်လိုက်ပြီး ကျီချင်းရန်ကို ဝမ်ချွေ့ပင်း၏ အခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။

ကျီချင်းရန်ကတော့ အတော်လေးကို စိုးရိမ်ထိတ်လန့်နေမိသည်။

တကယ်လို့ မေမေဝမ်သာ ငါ ဒီလို ခွင့်မတောင်းပဲ သူ့အခန်းထဲဝင်တာကို သိသွားခဲ့ရင် ဘယ်လောက်တောင် ကိုးရို့ကားယား နိုင်လိုက်မလဲနော်…

ငါ့ကို ကျင့်ဝတ်မသိတတ်တဲ့ မိန်းကလေးဆိုပြီး အထင်များ သေးသွားလေမလား…

ကော်နင်ယွဲ့ ရှေ့မှ ဦးဆောင်၍ တံခါးဖွင့်လိုက်ပြီး ကျီချင်းရန်ကတော့ နောက်မှ သူခိုးတစ်ယောက်ကဲ့သို့ ခြေဖျားထောက်၍ ခပ်သွက်သွက်လေး ဝင်လိုက်ပြီး တံခါးကို ညင်သာစွာ ပြန်ပိတ်ထားလိုက်သည်။

“ အာ… ထူးဆန်းတယ်… အမေတကယ်ကြီး ကင်မရာတွေ ဖွင့်ထားတကယ်ကော… ဟိုဘက် ကင်မရာဆို ပျက်နေတာ ကြာပြီ.. ခုကျတော့ အလုပ်လုပ်နေပါလား….”

“ ကင်မရာ အသစ်နေမယ်…” ကျီချင်းရန် ပြောလိုက်၏။

“ အွန်း… ဖြစ်နိုင်တယ်..” ကော်နင်ယွဲ့လည်း ထောက်ခံလိုက်ပြီး “ အစ်ကို့ ပိုက်ဆံနဲ့ ကင်မရာအသစ်တွေ လဲပစ်လိုက်တာနဲ့တူတယ်.. ခု အရည်အသွေးက တော်တော်လေးကို ကြည်လင် ပြတ်သားလာပြီ.. မဆိုးဘူး မဆိုးဘူး…”

“အရမ်းကောင်းတယ်..” ကျီချင်းရန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး “ ရှေ့ အပတ် တနင်္ဂနွေနေ့လောက်က မှတ်တမ်းကို ကူရှာပေးစမ်းပါ..”

“ အိုကေ…”

ကော်နင်ယွဲ့ ကွန်ပျူတာကို စတင်ကိုင်တွယ်ပြီး ကော်ပီကူးထားသည့် ဗွီဒီယိုမှတ်တမ်းကို စတင်ရှာဖွေတော့သည်။

“ အာ…… ဒီမှာဘာလို့ တနင်္လာနေ့ကနေပဲ စပြီးတော့ မှတ်တမ်းတင်ထားတာတွေပဲ ရှိနေတာ…”

All Chapters