← Chapters

စာကို ဖွင့်ကြည့်ခြင်း

Vol. 58 Ch. 858

စာကို ဖွင့်ကြည့်ခြင်း

Vol. 58 Ch. 858

“ အာ….”

ဝမ်ချွေ့ပင်း ဝင်လာခဲ့သည်ကို မြင်တော့ ကျီချင်းရန်နှင့် ကော်နင်ယွဲ့တို့ အေးခဲသွားကြ၏။

ဝမ်ချွေ့ပင်းလည်း သူမတို့ နှစ်ယောက်ကို ကြည့်ရင်း အလားတူ ကြက်သေသေနေလေသည်။

ဝမ်ချွေ့ပင်း လက်ထဲ၌ ယောင်းမ ကိုင်ထားသည်ကို မြင်တော့ ကျီချင်းရန် ကော်နင်ယွဲ့ အနောက်သို့ ထိတ်လန့်စွာဖြင့် ပြေးပုန်းလိုက်သည်။

တကယ်လို့ သူ့ ယောင်းမနဲ့ ခေါင်းလာခေါက်ရင် ဘယ်လိုလုပ်မှာ….

“ နင်တို့ ဒါဘာလုပ်နေကြတာလဲ…” ဝမ်ချွေ့ပင်း မေးလိုက်၏။

“ သမီးတို့ ပစ္စည်းလိုက်ရှာရင်းနဲ့ ဒီရဲ့ ဂွမ်းကပ်ကို တွေ့သွားတာလေ… အဲ့နောက် ဒီစာကို မြင်မိတာပဲ…” ကော်နင်ယွဲ့မှ အပြစ်ကင်းစင်သည့် အမူအရာဖြင့် ပြောလိုက်၏။

“ နင်တို့ နှစ်ယောက်ကတော့ ပစ္စည်းတွေကိုဘယ်လို တူးဆွထုတ်ရမလဲ တော်တော်သိနေကြတယ်… ဒီဟာကိုတောင်မှ တွေ့အောင် ရှာနိုင်ကြတယ်ဆိုတော့..” ဝမ်ချွေ့ပင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

ကျီချင်းရန် မျှော်လင့်ထားသကဲ့သို့ ဘီလူးဆိုင်းတီးသည့် မြင်ကွင်းများ ဖြစ်ပေါ်မလာချေ။

ထိုအခါမှ ကျီချင်းရန် စိတ်သက်သာရာရသွားခဲ့သည်။

ကော်နင်ယွဲ့ ပြောသည့်အတိုင်း သာမန်လူတို့က ယခုလို စည်းမျဉ်းစည်းကမ်းများကို ထွေထူး ဂရုစိုက်မနေချေ။

ဝမ်ချွေ့ပင်း အတွက်တော့ ယခုကိစ္စက သတိပေး ပြစ်တင် ကြိမ်းမောင်းရလောက်အောင် အရေး ကြီးမနေပေ။

ထို့ကြောင့် ကိစ္စများကို ရှုပ်ထွေးအောင် ဇာမချဲ့တော့ချေ။ အထူးသဖြင့် တစ်ဖက်သူက သူမ၏ ချွေးမလောင်းလေး ဖြစ်နေချိန်တွင်ပင်။

သို့သော်လည်း အကယ်၍များ ချမ်းသာသည့် မိသားစု၌သာ ယခုလို သွားလုပ်မိပါက ကမ္ဘာတုန်ဟီးမတတ် ကိစ္စကြီး ဖြစ်ပျက်သွားလိမ့်မည်။

“ အမေ… ခုလောလောဆယ် အဲ့အကြောင်း ဘေးချိတ်ထားလိုက်ဦး…” ကော်နင်ယွဲ့မှ ပြောပြီးနောက် ရှော့ခ်ရနေသည့် လေသံဖြင့် “ အစ်ကို့ကို ပတ်ထားခဲ့တဲ့ ဒီရဲ့ ဂွမ်းကပ်က ဘယ်လောက် တန်ကြေးရှိလဲ အမေသိလား…”

“ ဘယ်လောက်ရှိမှာမို့လို့…” ဝမ်ချွေ့ပင်း မေးလိုက်ပြီး “ ငါ နင်တို့ အဖေနဲ့ ညားတုန်းက သူ့အဘွားလည်း ဒီလိုမျိုး ဂွမ်းကပ် တစ်စုံ လက်ဆောင်ပေးသေးတယ်… ဒီ့ထက်ကြီးပြီး အရည်အသွေးကလည်း ဒီ့ထက်တောင် ကောင်းသေး…”

“ အွန်း.. ဒါပေမယ့် ခေတ်နောက်ကျလွန်းသွားပြီမလား.. လက်ရှိ ခေတ်ရေစီးကြောင်းကိုတော့ မလိုက်နိုင်ပါဘူး..” ကော်နင်ယွဲ့ပြောလိုက်ပြီး “ ယောင်းမလေး ပြောတာတော့ အစ်ကိုရဲ့ ဂွမ်းကပ်ပေါ်မှာ ထိုးထားတဲ့ ချည်ထည်ပန်းထိုးက စူးကျိုး ချည်ပန်းထိုးတဲ့… အမေ့ရဲ့ ဂွမ်းကပ်နဲ့ မတူဘူး… သူက အနည်းဆုံး ယွမ်တစ်သန်း တန်ကြေးရှိတယ်…”

“ မြတ်စွာဘုရား…. အတည်ကြီးလား.. အဲ့လောက်တောင် တန်ဖိုးကြီးတယ်ပေါ့လေ…”

သိသာစွာပင်။ ဝမ်ချွေ့ပင်းလည်း ယောင်းမကြီး ကိုင်ပြီး ရှော့ခ်ရနေတော့၏။ “ ငါဖြင့် ဒီပစ္စည်းကို အဖိုးတန် ပစ္စည်းလို့ တစ်ခါမှ သဘောမထားဖူးဘူး… အဲ့ဒီ စာကိုပဲ အမှတ်တရ တစ်ခုခုအဖြစ် သိမ်းထားချင်တာ…”

“ အဲ့ဒါကြောင့်ပဲ ခုလေးတင်ယောင်းမလေးနဲ့ ဆွေးနွေးနေတာလေ… ကိုကြီးရီရဲ့ မိသားစုက သေချာပေါက် သူကြွယ် မိသားစုဖြစ်လောက်တယ်လို့….”

“ သေချာပေါက်ပဲပေါ့…” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ ခု ယွမ်တစ်သန်းက ဟိုးတုန်းက ယွမ်တစ်သိန်းလောက်ရှိတယ်… အဲ့လောက် တန်ဖိုးကြီးတဲ့ အရာကို ကလေးစောင်လုပ်တယ်ဆိုတော့ ဒီဘက်ခေတ် ဘီလီယမ်နာတွေတောင် အဲ့လောက်ထိ ချဲ့ကားမယ် မထင်ဘူး…”

ကျီချင်းရန်လည်း တဒင်္ဂခန့် တွေးမြင်ကြည့်လိုက်သည်။ သူမနှင့် လင်းရီ၏ ကြွယ်ဝမှုဖြင့်တောင် အကယ်၍ အနာဂတ်တွင် ကလေးရှိလာမည်ဆိုပါက ထိုမျှ ဈေးကြီးသည့် စောင်ကို အသုံးပြုလိမ့်မည် မဟုတ်ချေ။

ထို့ပြင် ဤသည်က ရှေ့အနှစ် ၂၀ လောက်တုန်းက ဖြစ်၏။

လင်းရီရဲ့ မိသားစုက ဘယ်လောက်တောင် ချမ်းသာနေတာ…

“ အမေ… ခုအဲ့အကြောင်း ဘေးချိတ်ထားဦးလို့…” ကော်နင်ယွဲ့မှ စာအိတ်အဝါကို ကိုင်ထားရင်း “ ခု အမေဒီစာကို သိမ်းထားတာ အနှစ် ၂၀ ကျော်နေပြီ… တစ်ခါမှ ဖွင့်မဖတ်ဖူးသေးဘူးမလား..”

“ အဲ့မှာ ဖယောင်းချိပ်ကြီး နင်မမြင်ဘူးလား.... “

“ ဒါဆို အထဲမှာ ဘာတွေ ရေးထားလဲ အမေ မသိချင်ဘူးလား…” ကော်နင်ယွဲ့ ဖျားယောင်းသည့် လေသံဖြင့် မေးလိုက်သည်။

“ အင်း… ဟိုးတုန်းကတော့ တော်တော်လေး သိချင်ခဲ့တာပေါ့..” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ ဒါပေမယ့် ဒီစာက နင့်အစ်ကိုရဲ့ အမေ ချန်ရစ်ပေးခဲ့တဲ့ စာလေ…. အဲ့ဒီတော့ ငါ့မှာ ဖွင့်ဖတ်ဖို့ အခွင့်အရေး မရှိဘူး… ဒါကြောင့်မို့ မထိရဲတာ… အချိန်တွေ ကြာလာတော့ ဒီလိုပဲ... နေတတ်သွားတာပါပဲ….”

“ ဒါပေမယ့် အစ်ကိုကြီးက အသက်နှစ်ဆယ်တောင် ကျော်နေပြီ မဟုတ်ဘူးလား… ဘာလို့ မပေးသေးတာ…”

“ နင့်အမေက နေ့တိုင်း အသက်တောင် မနည်းလုရှူနေရတာကို ဒီကိစ္စ သတိရဖို့ ဘယ်မှာ အချိန်ရှိမှာ…” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ အစကတော့ ဒီစာကို နင့်အစ်ကို အလုပ် အကိုင် အတည်တကျနဲ့ တစ်အိုးတစ်အိမ် ထူထောင်တဲ့ အချိန်ကျမှ ပေးမလို့… နောက်တော့ ဒါကြီးကို လုံးလုံးမေ့သွားခဲ့တာ.. နင်တို့ ရှာတွေ့သွားလို့ပေါ့…”

“ ကျွတ် ကျွတ် ကျွတ်..” ကော်နင်ယွဲ့ စုတ်သပ်လိုက်ပြီး “ အမေ… ကိုကြီးနဲ့ ယောင်းမလေးကြား ဆက်ဆံရေးက လုံးဝ ခိုင်မာနေပြီလေ.. နောက်လည်း အနှေးနဲ့ အမြန် မိသားစုတွေ ဖြစ်လာကြတော့မှာကိုပဲ ဒီတော့ ဘာလို့ ခု ဖွင့် မဖတ်ကြည့်ကြမှာ….”

“ မရဘူး… ခု နင့်အစ်ကိုက ဒီမှာ ရှိနေတာ မဟုတ်ဘူး…. သူမပါဘဲ ဘာလို့ ဖွင့်ဖတ်ရမှာ….”

“ ယောင်းမလေး ရှိနေတယ် မဟုတ်ဘူးလား… နောက်ဆို လက်တောင်ထပ်တော့မှာကို ခု ဖွင့်ကြည့်လည်း အဆင်ပြေပါတယ်..”

“ မရဘူးဆို မရဘူးပဲ..” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ တကယ်လို့ နင် အရမ်း သိချင်နေတယ်ဆိုရင် နင့်အစ်ကို ပြန်လာတာကို စောင့်.. ပြီးမှ အတူတူဖတ်…”

“ အမေ… အစ်ကိုကြီးက ဒီကို လသား အရွယ်လောက်ကနေ စပို့ခံထားရတာနော်.. သူ့မှာ ဒီစာ ဖတ်ချင်စိတ် ရှိမယ်လို့ ထင်လား…” ကော်နင်ယွဲ့ ဖိန့်လုံးသုံးလိုက်ပြီး “ သမီးစိတ်အတိုင်းသာဆိုလို့ကတော့ အရင်ဖွင့်ဖတ်ကြည့်မယ်.. ပြီးလို့ ဘာမှ စိုးရိမ်စရာ မရှိဘူးဆိုမှ အစ်ကိုကြီးဆီ ပေးလိုက်မယ်… အဲ့လိုဆို ဘာမလိုလားအပ်တာတွေမှ ဖြစ်လာစရာ အကြောင်း မရှိတော့ဘူး…”

“ အင်း…….. အဲ့တာလည်း ဟုတ်သားပဲ….” ဝမ်ချွေ့ပင်း နားဝင်သွားခဲ့ပြီး “ မှတ်မိပါသေးတယ်.. အရင်တုန်းက သူ့မိဘတွေ အကြောင်းပြောတော့ ကြီးကြီးမားမား တုံ့ပြန်ချက်ကြီးတွေ ပေးလာခဲ့သေးတယ်… ကောင်းပြီ… ငါအခု ဆုံးဖြတ်မယ်… ငါတို့ သုံးယောက် ဒီစာကို အတူတူ ဖတ်ကြမယ်…”

“ ခစ်ခစ်.. သဘောတူတယ်…”

ဝမ်ချွေ့ပင်းထံတွင် ပူပင်ကြောင့်ကြမဲ့သည့် စိတ်နေစရိုက်နှင့် ရှေးရိုးစွဲထက်သန်သည့် စိတ်ဓာတ်ကိုပိုင်ဆိုင်ထားသည်။

‘ တကယ်လို့ ငါလုပ်သာ မှားမယ်ဆိုရင်တောင် ငါက သူ့အမေပဲလေ… ငါ့ကိုတော့ ဒေါသ မထွက်လောက်ဘူးမလား…’

“ ဒါပေမယ့် ဒီစာကို နင်မဖွင့်နဲ့… နင့် ယောင်းမလေးကို ဖွင့်ခိုင်းလိုက်…” ဝမ်ချွေ့ပင်း ပြောလိုက်သည်။

“ အာ… မလိုဘူးထင်တယ်နော… အကုန်လုံးက တစ်မိသားစုတည်းသားချင်းတွေကိုပဲ.." ကော်နင်ယွဲ့မှ ပြောလိုက်ပြီး “ တကယ်လို့ ယောင်းမလေးက ဖျက်ဆီးပစ်မယ်ဆို ကိုကြီး ဖျက်ဆီးပစ်တာနဲ့ မခြားဘူးလေ…”

“ မဟုတ်သေးပါဘူး…” ကျီချင်းရန်ပြောလိုက်ပြီး “ အမေတို့က သမီးကို အချောင်၀င်ခံခိုင်း မလို့လား…”

“ယောင်းမနဲ့ အစ်ကိုကလည်း တစ်မိသားစုတည်းသားချင်းတွေပဲလေ… ဘာကိစ္စ အချောင်ဝင်ခံခိုင်းရမှာ..”

“ ဘာပဲဖြစ်ဖြစ် စာက ငါ့ဟာမှ မဟုတ်တာ…”

“ ယောင်းမလေးက ဒီလိုပြောပြီး အပြင်လူလိုမျိုး ပြုမူနေတာလား… အစ်ကိုနဲ့ လက်ထပ်လိုက်ရင် တစ်မိသားစုတည်းတွေ ဖြစ်လာမှာကိုပဲ… အစ်ကိုပိုင်တဲ့ ပစ္စည်း ယောင်းမပိုင်တယ်… စာကို ဖွင့်ဖတ်လိုက်လို့လည်း ဘာပြဿနာမှ မရှိဘူး…”

“ ရှောင်ယွဲ့ပြောတာ မှန်တယ်..” ဝမ်ချွေ့ပင်း ပြောလိုက်ပြီး “ သမီးက ရီလေးကို လက်ထပ်ဖို့ထိ မရည်ရွယ်ထားဘူးဆိုရင်တော့ တစ်မျိုးပေါ့…”

သားအမိနှစ်ယောက်မှာ ချောင်ပိတ်သွင်းထားလိုက်၏။

“ မဟုတ်ပါဘူး… အဲ့သဘောမျိုး ဆိုလိုချင်တာ မဟုတ်ပါဘူး…”

“ အဲ့တာဆို ဖွင့်လိုက်လေ…”

“ တကယ်လို့ လင်းရီ စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မှာ…”

“ သူလုပ်ဝံ့မှာလား..” ဝမ်ချွေ့ပင်း ပြောလိုက်ပြိး “ တကယ်လို့ အဲ့ကောင် ငါ့သမီးကို ဒေါသထွက်ရဲရင် သူ့ခြေထောက် ရိုက်ချိုးပေးမယ်…”

၎င်းကိုကြားတော့ ကျီချင်းရန် ရွေးချယ်စရာ မရှိပဲ သူမကံတရားကို သက်ပြင်းချ လက်ခံလိုက်ရလေသည်။

“ ယွဲ့ယွဲ့ … ကတ်ကြေး သွားယူခဲ့ပေးဦး.. ငါ ဖယောင်းချိတ်ကို အကောင်းအတိုင်းလေး ထားချင်တယ်…”

“ အွန်း… ခဏစောင့်နော် … အံ့ဆွဲထဲမှာ ရှိတယ်…”

ကော်နင်ယွဲ့ တစ်ဖက်သို့ လှည့်ပြီး ကတ်ကြေးကို ယူလိုက်၏။ ကတ်ကြေး ရလာပြီးနောက် ကျီချင်းရန် ဖယောင်းချိတ် အနီးတစ်ဝိုက်ကို ဂရုတစ်စိုက်ဖြင့် ညှပ်လိုက်သည်။

ထို့နောက် အထဲရှိ စာကို ညင်ညင်သာသာလေး ဆွဲထုတ်လိုက်၏။

ဝမ်ချွေ့ပင်းကဲ့သို့ ကြမ်းတမ်းသူပင် တစ်ခုခု ဖြစ်သွားမည်ကို စိုးရွံ့သည့်အလား အသက်ရှုမဝချင်သလိုလို ထင်ယောင်ထင်မှား ဖြစ်နေမိတော့သည်။

အထဲမှာ ဘာတွေ မှတ်တမ်းတင်ထားလဲဆိုတာ မည်သူကမျှ မသိ။ အမေတစ်ယောက်က သူမသားဖြစ်သူအတွက် မည်သို့သော သတင်းစကားမျိုးကို ချန်ထားခဲ့လိမ့်မည်နည်း။

ကျီချင်းရန် စာကို ဂရုတစိုက်ဖြင့် ဖတ်ကြည့်လိုက်၏။

အထဲတွင်တော့ ပြေပြစ်စွာ ရေးသားထားသည့် လက်ရေးလှစာလုံးများကို သပ်ရပ်စွာ မြင်တွေ့နိုင်ပေသည်။ တစ်စုံတစ်ဦးက ခိုင်မာသည့် အခြေခံ မရှိထားဘူးဆိုလျှင် ထိုကဲ့သို့ လှပသည့် စုတ်ချက် စကားလုံးများအား ရေးသားနိုင်လိမ့်မည် မဟုတ်ချေ။

လေးစားရပါသော အစ်မ ဝမ်ချွေ့ပင်း

“ ကျန်းမာပါစေလို့ ဦးစွာ တောင်းဆုပြုပေးလိုက်ပါတယ်… “

“ ကျွန်မက တာဝန် မကျေပွန်တဲ့ မိခင်တစ်ယောက်ပါ… တစ်ချို့သော မလွှဲသာ မရှောင်သာ ကိစ္စရပ်လေးတွေကြောင့် သူ့ကို ပြည့်စုံနွေးထွေးတဲ့ မိသားစုတစ်ခု မပေးနိုင်သလို သူ ရသင့်ရထိုက်တဲ့ ချစ်ခြင်း မေတ္တာကိုလည်း မပေးစွမ်းနိုင်တော့ဘူး… ဒါက ကျွန်မရဲ့ ဝတ္တရား ပျက်ကွက်မှု… တစ်ဘဝလုံး သူ့အပေါ်တင်ရှိနေမည့် အကြွေးတွေလို့လည်း ပြောလို့ရပါတယ်... "

“ ကျွန်မ သေချာမေးမြန်းစုံစမ်းပြီးတဲ့ နောက်မှာ လန်ထျန်း ဂေဟာအကြောင်း သိလိုက်ရပြီး အစ်မရဲ့ လေးစားဖွယ် ဂုဏ်သတင်းတွေကိုလည်း အံ့ချီးမွမ်းဖွယ် ကြားသိလိုက်ရပါတယ်… ဒါကြောင့်မို့ ကျွန်မသားလေးကို ပျိုးထောင်ပေးဖို့ အစ်မရဲ့ လက်ထဲကို ယုံယုံကြည်ကြည်နဲ့ အပ်ခဲ့ပါရစေ… “

“ ဒီနေရာမှာ သူ့ကို အရွယ်ရောက်သူ တစ်ယောက်ဖြစ်အောင်ပဲ ပျိုးထောင်ပေးဖို့ အလေးအနက် မေတ္တာရပ်ခံပါတယ်… သူ ချမ်းသာတဲ့ သူဌေးကြီး မဖြစ်ရင်နေပါ… အေးချမ်းပျော်ရွှင်ပြီး သာမန်လူတွေလိုမျိုး အိမ်ထောင်ပြု၊ သားသမီးတွေ ရှိလာနိုင်မယ်ဆိုရင်ကိုပဲ ကျွန်မအတွက် လုံလောက်နေပါပြီ..”

“ သားလေးက လင်းမိသားစုရဲ့ ဆင်းသက်လာသူဆိုတော့ လူဆိုးတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးဆိုတာတော့ ကျွန်မ အခိုင်အမာ ယုံကြည်တယ်..”

“ သူက မွေးစားမိဘတွေရဲ့ ပျိုးထောင်ခြင်း ခံရမယ်ဆိုရင်တောင် အစ်မတို့ လင်မယားနှစ်ယောက် အသက်ကြီးလာတဲ့အခါ သေချာပေါက် ဝတ်ကြီးဝတ်ငယ် မငြိုမငြင် ပြုစုပါလိမ့်မယ်… အကယ်၍များ … သူတစ်နေ့ ကျွန်မတို့အကြောင်း‌ မေးလာခဲ့ရင် အက်စီးဒင့်ဖြစ်ပြီး ဆုံးသွားခဲ့တယ်လို့ပဲ ပြောပြလိုက်ပါ… “

“ အလောတကြီး ထွက်လာခဲ့ရတော့ ကျွန်မလည်း ပိုက်ဆံ အများကြီး မပါလာခဲ့ဘူး… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ…”

“ ခင်မင်စွာဖြင့် … ချင်…”

All Chapters