← Chapters

ငါ အရှုံးပေးတယ်

Vol. 58 Ch. 864

ငါ အရှုံးပေးတယ်

Vol. 58 Ch. 864

“ မင်း ဘယ်သူ့ကို ဒီလို စကားမျိုး လာပြောနေတာတုန်းကွ…”

ဝူကျင်းစုန့် ဆက်လက်သည်းမခံနိုင်တော့ပဲ လင်းရီထံ ပြေးဝင်လာခဲ့တော့သည်။

ဖြောင်း…

ကျယ်လောင်သည်ြ မြည်သံနှင့် အတူ လင်းရီ ရှောင်ရှားလိုက်ရုံသာမက ဝူကျင်းစုန့်၏ မျက်နှာကိုလည်း မိမိရရ ရိုက်နှက်နိုင်လိုက်သေး၏။

တစ်ဖက်သူမှတော့ အချိန်မှီ မတုံ့ပြန်နိုင်ပဲ လင်းရီ၏ ခွန်အားဖြင့် ကြမ်းပြင်သို့ မှောက်သွားခဲ့လေတော့သည်။ သူ၏ မျက်နှာမှာလည်း ဖူးရောင်ကိုင်းသွားခဲ့ကာ နီရဲ တောက်ပနေသည့် လက်ငါးချောင်းရာကြီးက မျက်နှာပေါ်တွင် အမှတ်တံဆိပ်သဖွယ် ဖြစ်ပေါ်နေလေသည်။

အံ့အားသင့်သွားခြင်း …

ကြက်သေသေသွားကြခြင်း…

အစရှိသည်ဖြင့် အဆိုပါ မြင်ကွင်းကို မြင်လိုက်ကြရသူတိုင်း အမူအရာကိုယ်စီနှင့် ဖြစ်ပျက်သွားကြတော့သည်။

ကျောက်ကွမ်လီရဲ့ လက်အောက်ကငယ်သားကို ရိုက်နှက်လိုက်တယ်ဆိုတာကတော့ ထားပါတော့… အဲ့တာက တစ်ကဏ္ဍ… ဒါပေမယ့် သူက တကယ်ကြီး ဝူရှီရဲ့သားကို အရှိုးရာထင်အောင် ပါးချလိုက်တယ်…

သူ ဒီနေရာကနေ အသက်ရှင်လျက် ပြန်မထွက်သွားချင်တော့လို့များလား…

“ ငိုးပဲ… မင်း ” ကျောက်ကွမ်လီ ကျိန်ဆဲလိုက်ပြီး “ ကျိုးဟိုင်က ကောင်လေး… မင်းက ရန်ချိန်ကိုလာပြီး ဆရာကြီးလို လာလုပ်နေတယ်လား… မင်းထင်နေတာ ငါ … ကျောက်ကွမ်လီက သူရဲဘောကြောင်တယ်များ မှတ်နေလားကွ…”

မာန်မဲလျက် ကျောက်ကွမ်လီ သူ့ရှပ်အင်္ကျီနောက်ကျောကို လှန်လိုက်ပြီး ခါးကြားထိုးထားသည့် ဓားမြောင်ကို ထုတ်၍ လင်းရီထံ ဝှေ့ကာရမ်းကာဖြင့် ပြေးဝင်လာလေသည်။

“ မစ္စတာလင်း.. သတိထား…” ချွီပင်း စိုးရိမ်အားကြီးစွာဖြင့် အော်ဟစ် သတိပေးလိုက်သည်။

လင်းရီ ပြန်ဖြေနေခြင်း မရှိ။ သူ ကျောက်ကွမ်လီ၏ လက်မောင်းကို အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး သူ့လက်ထဲမှ ဓားမြောင်ကို လုလိုက်သည်။ ထို့နောက် လက်ကောက်ဝတ်ကို ကျောနောက်ကပ်ထားပြီး ခြေထောက်အောက်ပိုင်းကို ကွေးညွတ်သွားအောင် ကန်လိုက်၏။

ပြီးလျှင် ဓါးကို လက်ထဲ၌ ကျွမ်းကျင်စွာ တစ်ပတ်လှည့်ကစားပြီး ဝမ်းဗိုက်သို့ စိုက်ချလိုက်လေသည်။

ကျောက်ကွမ်လီ၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့ပြီး ပါးစပ်အပြည့် သွေးတစ်လုတ် မှုတ်ထုတ်လိုက်၏။ သူ့လည်ပင်းရှိ သွေးကြောကြီးများပင် ထိုးထောင်လို့နေသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ကြမ်းပြင်ပေါ်၌ လှုပ်ရှားမှု ကင်းမဲ့သွားခဲ့ကာ ဇီဝိန်ချုပ်ငြိမ်းသွားပြီလော ဆိုတာတော့ စမ်းကြည့်မှသာ သိမည့် အရာပင်။

လင်းရီ ဓားကို အေးအေးလူလူ ပြန်လည် ဆွဲထုတ်လိုက်၏။ နီရဲ လတ်ဆတ်နေသည့် သွေးတို့မှာ ပန်းထွက်လာခဲ့ပြီး လူတိုင်းကို ဆံပင်အဖျားလေးများ ထောင်မတ်သွားစေခဲ့တော့၏။

ဒီ…. ဒီကောင် တကယ်ကြီး ကျောက်ကွမ်းလီကို ဓားနဲ့ထိုးပစ်လိုက်တယ်..

လင်းရီ သွေးစက်လက်ကျနေသည့် ဓားမြောင်ဖြင့် ဝူထျန်းဖူရှေ့ ရောက်လာပြီး လည်ပင်းပေါ် ဓားဖြင့် ထောက်ထားလိုက်သည်။

“ အဘိုးကြီး… ခင်များ ခု ပရောဂျက်ကို လိုချင်သေးလား…”

ပွဲခန်းမကြီး တစ်ခုလုံး အပ်ကျသံ ကြားရလောက်သည်အထိ ငြိမ်သက်သွားခဲ့ပြီး နှလုံးခုန်သံ တဒိတ်ဒိတ်ကိုသာ ကြားနေရသည်။

သူတို့အားလုံး ဝူထျန်းဖူ မည်သို့ တုံ့ပြန်လာမလဲဆိုတာကို စောင့်မျှော်နေကြလေသည်။

“ ငါ ဒီနေ့ ရှုံးနိမ့်ကြောင်း ဝန်ခံတယ်… “ ဝူထျန်းဖူ ပြောလိုက်ပြီး “ စီးပွားဇုန်သစ် ပရောဂျက်ကို မလိုချင်တော့ဘူး…”

“ ကောင်းတယ်…အစကတည်းကရင် ဒီလိုဖြစ်နေရမှာ..” လင်းရီ ပြုံးလိုက်ပြီး “ ဒါပေမယ့် တစ်ခု သတိပေးလိုက်ဦးမယ်… ခင်များ အချိုးပြေပြေနေပြီးတော့ လက်စားပြန်ချေမယ့်အတွေးတွေ ယောင်လို့တောင် မတွေးမိစေနဲ့… ကျုပ်က ကျိုးဟိုင်မှာဆိုရင်တောင် ခင်များလို လမ်းဘေးလူမိုက်လောက်ကတော့ ဖုန်းတစ်ချက် ဆက်ရုံနဲ့ ကိစ္စပြီးတယ်… ဆိုတော့… ကိုယ့်ဘာကိုယ် စဉ်းစားပေါ့…”

ဝူထျန်းဖူ ဘာမျှမပြော နှုတ်ဆိတ်၍သာနေသည်။

“ အဘိုးကြီး … နားပင်းနေတာလား.... ဘာလို့ ဘာမှ ပြန်မပြောတာ .. ကျုပ်ပြောတာကို နားမလည်လို့လား…” လင်းရီ ပြောရင်းဖြင့် လည်ပင်းပေါ် ထောက်ထားသည့် သူ့ဓားကို သိသိသာသာ အားထည့်လိုက်လေသည်။

“ ငါနားလည်တယ်.. ငါနားလည်ပါတယ်..”

“ အင်း… သိရင်ပြီးရော….”

ဓားမြောင်ကို အဝေးသို့ ကောက်ပစ်လိုက်ပြီးနောက် လင်းရီ လျိုဝန်ချန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး “ သွားမယ်လေ… ဘာစောင့်နေတာ..”

“ ဟုတ် ဟုတ်… လာပါပြီ ဥက္ကဌလင်း…”

နှစ်ယောက်သား ထွက်ခွာသွားခဲ့သည်ကို မြင်တော့ ချွီပင်းလည်း ကြာကြာဆက်မနေရဲတော့ပဲ ၎င်းတို့၏ ခြေလှမ်းအတိုင်း ထွက်ခွာသွားခဲ့လေသည်။

ကျန်ရစ်ခဲ့သည့် ပွဲခန်းမကြီးထဲတွင်တော့ လေထုမှာ ကိုးရို့ကားယား ဖြစ်နေတော့၏။ လူတိုင်း၏ အကြည့်က ဝမ်ထျန်းဖူထံ ကျရောက်နေလေသည်။

ထို့ပြင် သူ့ လည်ပင်းပေါ်ရှိ သွေးစင်းရာ အမှတ်အသားကိုလည်း အထင်းသား မြင်တွေ့နေနိုင်သည်။

သို့သော်လည်း ဝူထျန်းဖူကသာလျှင် သူ့လည်ပင်းပေါ်ရှိ အစင်းရာက ဓားပေါ်ရှိ သွေးစများကြောင့် မဟုတ်ပဲ အရေပြားပြတ်ရှ ဒဏ်ရာကြောင့်သာဖြစ်ကြောင်း သိလေသည်။

ကျိုးဟိုင်က လာတဲ့ကောင်… သူတကယ်ကြီး လုပ်ရဲတာပဲကွ…

…………….

ဟိုတယ်အပြင်ဘက်သို့ ထွက်လာခဲ့ရင်း လတ်ဆတ်သည့် လေရူးများ တိုက်ခတ်သွားသည့် အခါမှသာ ချွီပင်းနှင့် လျိုဝန်ချန်တို့ ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များက အိပ်မက်မဟုတ်ကြောင်း သတိမူမိသွားခဲ့တော့၏။ ၎င်းက စစ်မှန်သည့် လက်တွေ့ပင်။

' လင်းရီက ရန်ချိန်ရဲ့ မရေမတွက်နိုင်တဲ့ လူတွေရှေ့မှာ ဒိတ်ဒိတ်ကျဲ ဝူရှီကို သင်ခန်းစာပေးခဲ့တယ်…

သူ့ကိုယ်ပိုင် ခွန်အားနဲ့ ဖိနှိပ်လိုက်တာများ တစ်ဖက်သူ လှုပ်တောင် မလှုပ်ရဲဘူး..'

“ ဥက္ကဌလင်း.. ဒီကိစ္စက အောင်အောင်မြင်မြင်နဲ့ ဖြေရှင်းပြီးသွားပြီဆိုတော့ ဝူထျန်းဖူ ကျုပ်တို့ကို ပြဿနာ လာမရှာလောက်တော့ပါဘူးနော…”

“ အဲ့အုပ်စုက အမှိုက်ကောင်တွေနဲ့ ဖွဲ့စည်းထားတာ…. သူတို့မှာ လုပ်ရဲတဲ့ သတ္တိ မရှိပါဘူးကွာ…”

အမှန်လည်း ဟွာရှ၌ ဒေသ အရှင်သခင်ဟု ခေါ်စမှတ်ပြုရလောက်သူများ ရှိကြလေသည်။

သူတို့တွင် ငွေကြေးနှင့် ဩဇာလွှမ်းမိုးမှုများရှိ၏။ သာမန်အတိုင်း ရပ်နေရုံမျှနှင့် လူအများက ကြောက်ရွှံ့ ရိုသေစိတ်များ ဖြစ်ပေါ်နေလိမ့်ပေမည်။

သို့သော်လည်း ဝူထျန်းဖူကတော့ ထိုအဆင့်သို့ မရောက်သေးချေ။

မဟုတ်ပါက ဝူကျောင်းယိုမှာ လင်းရီကို စိတ်ကျေနပ်စေရေးအတွက် ဝူထျန်းဖူ မျက်စိကျနေသည့် ပရောဂျက်အား ကမ်းပေးဝံ့လိမ့်မည် မဟုတ်ချေ။

ဆိုလိုသည်က ဝူကျောင်းယိုမှ သူ့အား ခေါင်းထဲပင် မထည့်ဟူသည့် သဘောပင်။

ထို့ပြင် ပရောဂျက်က ယွမ် နှစ်ဘီလီယမ်မျှသာ တန်ကြေးရှိသော်လည်း ဝူထျန်းဖူမှာ ကျားကုပ်ကျားခဲ ပြိုင်ဆိုင်နေလေသည်။

အကယ်၍ အဆင့်အတန်း မြင့်သူ တစ်ဦးဆိုပါက ထိုမျှ ငွေပမာဏလေးကို မက်မောနေလိမ့်မည် မဟုတ်ချေ။

“ ဥက္ကဌလင်း အဲ့လိုပြောတော့ ကျုပ် စိတ်ချသွားပါပြီ…”

“ ကောင်းပြီ.. ငါ ပြန်တော့မယ်…”

“ မစ္စတာလင်း… ကျွန်မ လိုက်ပို့ပေးရင်ကော… ကျွန်မလည်း အဲ့လမ်းကနေ ဖြတ်သွားရမယ့်အတူတူပဲလေ…” ချွီပင်း ပြောလိုက်သည်။

“ အဆင်ပြေတယ်… ဘယ်သူနဲ့ပဲ လိုက်စီးရ လိုက်စီးရ ပြဿနာ မရှိဘူး..”

လျိုဝန်ချန် မျက်လုံးလှိမ့်လိုက်ပြီး လိမ္မာ ပါးနပ်စွာဖြင့် “ ဥက္ကဌလင်း… ဒါဆို ကျုပ် အရင် ပြန်နှင့်လိုက်တော့မယ်..”

“ အင်း... ဂရုစိုက်…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ချွီပင်း၏ မာစီးတီးထဲသို့ ဝင်သွားလိုက်သည်။ ထို့နောက် ဂေဟာဆီ ဦးတည်လိုက်လေသည်။

“ မစ္စတာလင်း.. ရှင် သူတို့နှစ်ယောက်ကို ဘယ်လိုထင်လဲ..”

“ ဘာထင်ရမှာ…. သူတို့နှစ်ယောက်က မလိုက်ဖက်ဘူးဆိုရင်တောင် ငါ ဝင်စွက်ဖက်လို့မှ မရတာ…. နှစ်ယောက်လုံး ပျော်မယ်ဆို ပြီးတာပဲလေ…”

“ ကျွန်မတို့ အန်တီနဲ့ ဆွေးနွေးပြီးသွားပြီ… တကယ်လို့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဒီကြားထဲ ပြဿနာ မရှိဘူးဆိုရင် နောက်နှစ်လောက်ကျ မင်္ဂလာဆောင်ပေးဖို့ စဉ်းစားထားတယ်… ခန်းဝင်လက်ဖွဲ့အတွက် အထူး တောင်းဆိုစရာတွေများ ရှိမလား…”

“ မရှိဘူး…” လင်းရီ ပြေလိုက်ပြီး “မင်းတို့ ချွီမိသားစုရဲ့ အခြေအနေက ကောင်းတယ်ဆိုပေမယ့် ငါတို့ကလည်း ဆိုးမနေပါဘူး… တကယ်လို့ သူတို့ မင်္ဂလာဆောင်ပြီးသွားရင် ငွေရေးကြေးရေး ပူပင်စရာ မလိုဘူး… ဆိုတော့ ခန်းဝင်လက်ဖွဲ့အတွက်လည်း စိတ်ပူနေစရာ မလိုဘူး…”

“ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ဘက်က ပေးရမယ့် ဝတ္တရားတော့ ရှိသေးတာပဲလေ…” ချွီပင်း ပြောလိုက်ပြီး “ ကျွန်မတို့ မိသားစုရဲ့ အကြံက ဒေါ်လာတစ်သန်း လက်ဖွဲ့မလို့… တကယ်လို့ မစ္စတာလင်းက မကန့်ကွက်ဘူးဆိုရင် အဲ့ဒီ ပမာဏအတိုင်းပဲ သွားမယ်…”

“ အင်း.. သဘောလေ… အသေးမွှား ကိစ္စလေးပဲ…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ မင်းတို့ ကုမ္ပဏီက ငါ့အကူအညီ လိုတယ်ဆိုရင် ငါတို့ကုမ္ပဏီရဲ့ COO ချီရှန်းကျောက်ကို ခေါ်ပြီး ငါ့နာမည် ပြောလိုက်…”

“ ကောင်းပါပြီ.. ကျေးဇူးတင်ပါတယ် မစ္စတာလင်း..”

ချွီပင်း အရမ်း မြန်မြန်ကြီး မမောင်းနှင်ခဲ့ပေ။ သူမ ဘေး၌ ထိုင်နေသည့် အမျိုးသားကို ကြည့်ရင်း သူမစိတ်ထဲ လေးစာသည့် စိတ်တို့ ပိုမိုတိုးပွားလာရ၏။

ဟင်း… ဆိုင်သူရှိနေတာလေး တစ်ခုပဲ ဝမ်းနည်းဖို့ ကောင်းတယ်.. မဟုတ်ရင် ငါ့မှာ အခွင့်အရေး ရှိလောက်ဦးမှာ…

မကြာမီ ဂေဟာသို့ ရောက်လာခဲ့၏။ လင်းရီ သူမကို နှုတ်ဆက်ပြီးနောက် အိမ်ထဲသို့ ဝင်လာခဲ့လိုက်သည်။

“ ကိုကြီး… ပြန်လာပြီလား… စားကော စားခဲ့ပြီလား…” ကော်နင်ယွဲ့မှ မေးလိုက်၏။

“အင်း…. ပြီးခဲ့ပြီ.. ငါ့အတွက် စိတ်မပူနဲ့…”

“ ဟီးဟီး….ဟုတ်… ဒါနဲ့ ဘာမှလည်း မဝယ်ခဲ့ဘူးလား….”

“ ဘာဝယ်ခဲ့ရဦးမှာ…. မင်းလည်း ဘာမှမမှာပဲနဲ့…”

ကျီချင်းရန် လင်းရီဂျက်ကတ်ကို ကူချွတ်ပေးလိုက်ပြီး အဝတ်ချိတ်သည့် နေရာသို့ တင်လိုက်သည်။

“ နင့်ကိစ္စကော … ဘာပြဿနာမှမရှိခဲ့ဘူးမလား….”

“ အင်း … အကုန်ပြီးခဲ့ပြီ…” လင်းရီ ပြောလိုက်ပြီး “ တစ်လက်စတည်း ငါ့ရဲ့ လွှမ်းမိုးမှုကိုလည်း ပြခဲ့တယ်.. အနာဂတ်ကျ ရန်ချိန်မှာ စီးပွားရေးဖြန့်ကျက်မယ်ဆိုရင် ပြဿနာရှိမှာ မဟုတ်တော့ဘူး… ကျိုးဟိုင်တစ်ခုတည်း မှီခိုနေရတာက အရမ်း နှေးကွေးလွန်းတယ်..”

“ နင် အင်တာနက် နယ်ပယ်က ကြီးထွားနှုန်းနဲ့တော့ သွားယှဉ်လို့ ဘယ်ရမှာ.. ငါတို့နယ်ပယ်က ဖြည်းဖြည်းချင်း အခြေခံခိုင်အောင် လုပ်ပြီးတော့ တည်ဆောက်ရမှာလေ.. အဲ့တော့ နှေးကွေးမှာ သေချာပေါက်ပဲပေါ့….”

“ ပြီးတော့ စီးပွားရေး တိုးတက်လာတာနဲ့အမျှ အိမ်ခြံမြေဈေးတွေလည်း ကျသွားခဲ့တော့မှာ… ငါလည်း တစ်ခြားအလုပ် ပြောင်းချိန်တန်ရင်တော့ ပြောင်းရတော့မှာပဲ…”

“ ဘာတွေ ရှည်ရှည်ဝေးဝေး စဉ်းစားနေတာ…. လင်းယွမ်အုပ်စုကို လာခဲ့လိုက်ရင် ရနေပြီကိုပဲ…”

“ အဲ့တာကတော့ ငါ့စိတ်အခြေအနေပေါ် မူတည်တယ်လေ….”

လင်းရီပြုံးလိုက်သည်။

ကျီချင်းရန်ကတော့ တကယ့်ကို မာနခဲလေးပဲ….

“ ဒါနဲ့ အမေကော…” လင်းရီ မေးလိုက်ပြီး “ ငါပြန်လာကတည်းကရင် ဘယ်ပျောက်နေတာ…”

“ မနက်ဖြန်က နှစ်သစ်ကူးညမလား… အဲ့တာကြောင့် မီးဖိုချောင်ထဲမှာ ချက်ရင်းပြုတ်ရင်း အလုပ်ရှုပ်နေပါသတဲ့လေ…. တကယ်လို့ မနက်ဖြန်မှ စပြီး ချက်ပြုတ်မယ်ဆို အရမ်းနောက်ကျသွားတော့မှာတဲ့….”

“ အမေ့ကို မလုပ်နဲ့တော့လို့ ပြောလိုက်…. ငါတို့မနက်ဖြန် အပြင်မှာ သွားစားကြမယ်…”

“ အွန်း… ဟုတ်ပြီလေ…”

သူမတို့ အပြင်ထွက် စားကြမည်ကို သိတော့ ဝမ်ချွေ့ပင်း သဘောမတူချေ။

သူမစိတ်ထဲ၌ နှစ်သစ်ကူးပွဲတောမှာ ဟွာရှ၏ ရှေးရိုးရာ အစဉ်လာ ပွဲတော်တစ်ရပ်ဖြစ်၏။ ထိုပွဲတော်ချိန်၌ ပွဲတော်၏ အငွေ့အသက်ကို ပိုမိုအသက်ဝင်စေရန် အိမ်တွင်သာ စားသောက်ရန် လိုလေသည်။

သို့သော်လည်း လင်းရီ၏ တင်းခံနေမှုကြောင့် မတတ်သာ သည့်အဆုံး လက်မြောက်ပေးလိုက်ရတော့သည်။

နောက်တစ်နေ့တွင်တော့ လင်းရီ ကြယ်ငါးပွင့် ဟိုတယ်တစ်ခု၌ ဘွတ်ကင်လုပ်ပြီး ကလေးများနဲ့အတူ သွားရောက် စားသောက်ကြသည်။ အားလုံးပြီးစီးသွားပြီးမှသာ ကျီချင်းရန်နှင့်အတူ ကျိုးဟိုင်သို့ ပြန်လာခဲ့လိုက်၏။

လေယာဉ်ပေါ်မှ ဆင်းပြီးနောက် လင်းရီ သူ့နာရီကို ငုံ့ကြည့်လိုက်ပြီး

“ ခု ညနေ လေးနာရီရှိပြီဆိုတော့ မင်းအိမ်မှာ ညစာစားဖို့ အချိန်ကောင်းပဲ… ယောက္ခမလောင်းကြီးက ဘယ်လောက်ထိ ကြီးတဲ့ ဟုန်ပေါင်းပေးမလဲဆိုတာ တော်တော်လေး စိတ်ဝင်စားနေပြီ..”

All Chapters