← Chapters

၀ရုန်းသုန်းကား မြင်ကွင်း

Vol. 58 Ch. 865

၀ရုန်းသုန်းကား မြင်ကွင်း

Vol. 58 Ch. 865

“ ဟွန့်… သူများ သမီးကို ပြန်ပေးဆွဲထားပြီးတော့ သူများအမေနား ဟုန်ပေါင်း လိုချင်နေသေးတယ်ဟုတ်လား…. နင့်ကိုယ်နင် မရှက်ဘူးလား…”

“ ဒါ ရှက်သင့်တဲ့ အရာမှ မဟုတ်တာ… အမှန်ဆို ငါ့ကိုတောင် ကျေးဇူးတင်ရမှာ.... ” လင်းရီမှ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပြီး “ တကယ်လို့ ငါကသာ မခေါ်သွားဘူးဆိုရင် ယောက္ခကြီးတို့က မင်းကို ဂရုစိုက်ရင်းနဲ့ အလုပ်ရှုပ်နေတော့မယ်… ငါက သူတို့ပြဿနာကို ကူပြီး ဖြေရှင်းပေးလိုက်တယ်လို့တောင် ပြောလို့ရတယ်… ပိုက်ဆံလေး နည်းနည်းတောင်းတာတော့ မလွန်ပါဘူး… ဟုတ်တယ်ဟုတ်…”

“ ဟွန့်….. ငါ့အပေါ် အခွင့်အရေး ယူပြီးတော့မှများ လူမှန်ကြီးလို ဟန်ဆောင်နေသေး…. ငါက အရူးမဟုတ်ဘူးဟဲ့…”

ကျီမိသားစု၏ နှစ်သစ်ကူး မိတ်ဆုံစားပွဲကတော့ လူချမ်းသာတို့၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ သူတို့က ဟိုတယ်၌ ကျင်းပရန် ရွေးချယ်လိုက်၏။

ဦးစွာအနေနှင့် ၎င်းတို့ဘက်က ပိုက်ဆံကိစ္စ တွေးကူနေရန် မလိုပေ။ ထို့ကြောင့် နှစ်သစ်ကူးည မိတ်ဆုံစားပွဲကို အပြင်၌ ကျင်းပလိုက်၏။

ဝမ်ချွေ့ပင်းမှ အိမ်တွင်း၌သာ ကျင်းပသင့်သည်ဟု ဆိုသော်လည်း အရေးပါဆုံး အကြောင်းပြချက်ကတော့ ပိုက်ဆံချွေတာနိုင်သောကြောင့်ပင်။

ဒုတိယအနေဖြင့် ကျီမိသားစုက လုံးဝ မသေးငယ်ပေ။ အဘိုးကျီ၏ သားနှင့် သမီးအပြင် ၎င်းတို့၏ မျိုးဆက်များကလည်း မနည်းမနော ရှိကြသေးသည်။

နှစ်သစ်ကူးပွဲတော်အတွင်း၌ ၎င်းတို့လည်း ကျီရုံချင်းထံ ဝတ္တရားအရ လာလည်ရင်း တစ်ဖက်၌ စီးပွားရေး အတွက် မိတ်ဖွဲ့ကြပေမည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ကြီးမားကျယ်ဝန်းသည့် ဟိုတယ်ခန်းမတို့၌သာ ကျင်းပလေ့ရှိ၏။

ဤတစ်ကြိမ်တွင်တော့ ကျီချင်းရန်မှ လင်းရီကို ခေါ်ဆောင်လာခဲ့သည်။ အတိုင်းအတာတစ်ခုထိ တွေးကြည့်မည်ဆိုပါက ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို တရားဝင်ကြေညာသည်နှင့်ပင် ဆင်တူလေသည်။

ဟိုကိုရောက်တော့ လင်းရီမှာ လူငယ်မျိုးဆက်သစ်များ၏ ပစ်မှတ်ဖြစ်လာခဲ့တော့၏။

တစ်စုံတစ်ယောက်က ‘ယောက်ဖ’ ဆိုသည်နှင့် နှစ်ခါတွေးတောနေရန်မလို။ သူ ဖန်ခွက်မြှောက်၍ တစ်ခွက်တစ်ဖလား သောက်ပေးရ၏။

ကံကောင်းစွာဖြင့် လင်းရီ၏ အရက်ခုခံနိုင်စွမ်းက မြင့်မားနေခဲ့ကာ တစ်ချီတည်းနှင့် ကျီချင်းရန်၏ ဝမ်းကွဲမောင်နှမ ငါးယောက်လုံးကို အမှောက်သိပ်လိုက်လေသည်။

နောက်ဆုံးတွင်တော့ မိသားစု ညစာစားပွဲမှာ တဖြည်းဖြည်းနှင့် ဆယ်နာရီသို့ ရောက်ရှိလာခဲ့၏။

ထို့ပြင် လင်းရီ ဟုန်ပေါင်း ယွမ် 18,888 ယွမ်ကိုလည်း လက်ခံရရှိလိုက်သေးသည်။ ယင်းက အတိတ်နိမိတ်ဆောင်၍ ပေးခြင်းဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ ဒီရေအလား ကြီးပွားတိုးတက်ပါစေဟူသည့် အဓိပ္ပာယ်ကို ဆောင်ကြဉ်းလေသည်။

ထိုနောက်ပိုင်းတွင်တော့ ချင်းဟန်တို့ဘက်ကမှ လင်းရီကို ဘားတစ်ခုသို့ ဖိတ်ခေါ်လိုက်ပြီး နှစ်သစ်ကူးပါတီပွဲကို ကောင်းကောင်းပေးကြတော့သည်။

အံ့အားသင့်ဖို့ကောင်းစွာဖြင့် ကျီချင်းရန်ကလည်း သူ့ကို မနက် အရုဏ်တက်သည်အထိ အဖော်ပြုပေးခဲ့လေသည်။

နောက်တစ်နေ့နံနက် သူတို့နှစ်ယောက် အိပ်ရာနိုးတော့ မွန်းလွဲနှစ်နာရီပင် ထိုးနေပြီး ဖြစ်၏။ သူတို့အတွက် နှစ်သစ်ကူးအားလပ်ရက်ကို အတူဆင်နွှဲရသည်က ရှားပါးလွန်းလှသည်။

သို့သော်လည်း လင်းရီ အိပ်ရာက နိုးတော့ လွဲချော်သွာသည့် ဖုန်းခေါ်ဆိုမှုပေါင်း သုံးခု ရှိနေပြီး အကုန်လုံးကလည်း ရန်စီထံမှပင်။

ထို့ပြင် ဝီချက်ထဲ၌ စာတိုများကလည်း ရောက်ရှိနေလေသည်။

“ ဒီစာကိုတွေ့ရင် ငါ့ဆီ ဖုန်းပြန်ခေါ်လှည့်…”

“ အေး.. ဘာကိစ္စလဲ..” လင်းရီ ဖုန်းပြန်ခေါ်လိုက်သည်။

“ ငါတို့ ရိုက်ကူးရေး စတော့မှာနော်… နင် မေ့တော့မမေ့ဘူးမလား… ပြင်ဆင်တာတွေ အခြေအနေဘယ်လိုရှိလဲ…”

“ မရှိဘူး…စချင်ရင် အချိန်မရွေးပဲ..”

“ အိုး…. ငါ့ဘက်က တစ်ခုရှိသေးတယ်… ထုတ်လုပ်ရေး အသင်းရဲ့ ခေါင်းဆောင်ပိုင်းတွေ ဆွေးနွေးပြီးသွားပြီ… သူတို့ ဝမ်ကျန်းဆိပ်ကမ်းက နင့်လှေကို ငှားဖို့ ဆုံးဖြတ်လိုက်တယ်… အဲ့တာ နင် ဈေးချိုချိုလေး ထားပေးလို့မရဘူးလား…”

“ ရတယ်လေ.... သူတို့က လူဘယ်လောက် ရှိမှာ... ဘယ်လောက်လဲပေးမှာ…”

“ ယှဉ်ပြိုင်တဲ့သူတွေနဲ့ ဝန်ထမ်းတွေရယ်ဆို အားလုံးပေါင်း လူတစ်ထောင်ကျော်တယ်.. ကြယ်ငါးနဲ့ဆို အတော်ပဲ… အဲ့တာ တစ်လလောက် ငှားဖို့ အထက်ကြီးပိုင်းတွေက ဘတ်ဂျက် သုံးသိန်း ချပေးလိုက်တယ်..”

“ ဒေါ်လာလား.. ယူရိုလား…”

“ အာ….” ရန်စီ ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး ရှက်ရွံ့နေသည့် လေသံဖြင့် “ ယွမ်…”

“ ဒီကိစ္စ မင်းဘက်က စေတနာ့ဝန်ထမ်းကြီး လုပ်တာလား…ဒါမှမဟုတ် မင်းတို့ ခေါင်းဆောင်က သူတို့ကိုယ်စား ငါနဲ့ လာဆွေးနွေးခိုင်းတာလား…”

“ ကိုယ်စား လာဆွေးနွေးခိုင်းတာ..” ရန်စီမှ အမှန်အတိုင်း ဖြေလိုက်သည်။

“ ငိုးမ …ဒါဆို ယီးဈေးတွေ လာပေးနေတာလား… အဲ့လောက်ငွေနဲ့ ဆီတစ်ခါဖြည့်ဖို့တောင် မလောက်ဘူးရယ်..”လင်းရီ ပြောလိုက်ပြီး “ ဘာလဲ…. ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သိလို့ သူတို့က မင်းကို ချဉ်းကပ်ခိုင်းလိုက်တာလား…”

“ ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့…” ရန်စီ ပြောလိုက်ပြီး “ TV ဌာနရဲ့ ရန်ပုံငွေက တအား ကြပ်တည်းနေတာ…. ယွမ်သုံးသိန်းဆိုတာ လုံးဝကို သေးငယ်တဲ့ ပမာဏ မဟုတ်ဘူးဟဲ့….”

“ ဒါဆို ပိုက်ဆံ အရင်တောင်းလိုက်… ငါ သင်္ဘောကို အလကား ငှားပေးမယ်… အဲ့ သုံးသိန်းကတော့ မင်းဘာမင်းပဲ သိမ်းထားလိုက်…. ကားအသစ်ဝယ်ဖို့တော့ လောက်မှာပါ…”

“ မလိုချင်ပါဘူး…. နင့် ဆီဖြည့်တဲ့အခါ ပေးဖို့ သုံးလိုက်ပေါ့..”

“ မင်း မယူရင် လှေလည်း မရဘူး… တခြားတစ်ယောက်ဆီ သွားငှားလိုက်…”

“ နင်ဘာလို့ အဲ့လိုလုပ်နေတာလဲ…” ရန်စီမှ ပြစ်တင်မောင်းမဲလိုက်ပြီး “ ငါ ပိုက်ဆံ မလိုချင်ဘူး..”

“ ဟုတ်ချင်ဟုတ်မှာပေါ့..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် မင်းတစ်ခု နားလည်ထားရမှာက ငါနဲ့ အတူအိပ်ခဲ့ပေးလို့ ယွမ်သုံးသိန်းပေးတာ.. အတူအိပ်ပေးလို့ ယွမ်တစ်ထောင်ပေးတဲ့ မင်းလို မဟုတ်ဘူး…”

“ အာ….”

ဖုန်းတစ်ဖက်တွင်တော့ ရန်စီမှာ စက္ကန့်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် ပြုံးလိုက်ကာ “ ဒီလောက်ကြာနေပြီကို နင်က အရမ်းမှတ်ထားပါလား..”

“ ဒါပေါ့ကွ..”

“ ဒါဆို နင်ငါ့ကို အရမ်း ရက်ရောလွန်းနေပြီ… ငါက အဲ့လောက် တန်ကြေးမရှိပါဘူး…”

“ အင်း.. အဲ့ညက ယွမ် ရှစ်ဆယ်လောက်ပဲ တန်တာ.. ကျန်တာက မင်းအတွက် ဟုန်ပေါင်း…. “

“ လင်းရီ… ငါနင့်ကို သတ်မယ်….”

ထိုသို့ ပြောပြီးနောက် ရန်စီ ဖုန်းချပစ်လိုက်သည်။ လင်းရီကတော့ များများတွေး၍ စိတ်ပူမနေချေ။ ကိုယ်လက် အညောင်းအညာဆန့်ရင်း ထမင်းစားရန် ဟန်ပြင်လိုက်သည်။

နောက်နှစ်ရက်အထိ ရန်စီဘက်မှ သတင်းအချက်အလက်များနှင့် သတိပြုရမည်များကို ပေးပို့ပေးလာခဲ့သည်။ သွယ်ဝိုက်၍ ညစ်ပတ်နေသည်ဟုတောင် ဆို၍ ရလေသည်။

သို့တိုင်အောင် လင်းရီကတော့ အာရုံစိုက်မနေချေ။

အဘယ်ကြောင့်ဆိုသော် စနစ်မစ်ရှင်ကို ပြီးမြောက်ရန်အပြင် သူကိုယ်၌ကလည်း တောတွင်း ရှင်သန်ခြင်း အစီအစဉ်က စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားနေရသောကြောင့်ဖြစ်၏။

ထို့ကြောင့် အကယ်၍ သူ့ဘက်မှ အကုန်သိနေပါက အဓိပ္ပာယ်မရှိ ဖြစ်သွားနိုင်လေသည်။

ချင်းဟန်နှင့် ကျန်သူများက သတင်းကြားတော့ သူတို့အားလုံး လက်ခုပ်လက်ဝါးတီး၍ အားပေးလိုက်ကြပြီး လင်းရီ TV စခရင်ပေါ် ရောက်လာမည့် အချိန်ကို စောင့်မျှော်နေကြသည်။ သို့သော်လည်း ကျီချင်းရန်ကတော့ လင်းရီ ထိုသို့ ဆင်နွှဲမည်ကို ဘဝင်မတွေ့၊ အတန်ကြာအောင် စောဒကတက်လို့နေသည်။

' သူ့ဘာသူ ဘဝအတွေ့အကြုံ ခံစားတာ ခံစားလေ… ဒါပေမယ့် ဘာကိစ္စ တောတွင်းရှင်သန်ခြင်း အစီအစဉ်မှာ ဝင်ပါမှာ… ပြီးတော့ ကျင်းပတဲ့ နေရာကလည်း သီးခြားကျွန်းတစ်ကျွန်းမှာတဲ့… ထုတ်လုပ်ရေး အဖွဲ့တောင် အာမ မခံနိုင်တဲ့ အန္တရာယ်တွေမှ အများကြီးပဲ.. တောကြီးမျက်မည်းထဲမှာ ဘယ်သူကများ တစ်သမှတ် တွက်ချက်နိုင်မှာမို့လို့…. မပြောကောင်း မဆိုကောင်း တကယ်လို့များ တစ်ခုခု ဖြစ်ပျက်လာပါပြီရဲ့… ဘယ်သူက တာဝန်ယူပေးမှာ….’

လင်းရီလည်း အချိန်အတော်ကြာအောင် ကတိအထပ်ထပ်ပေးရင်း ချော့မော့ပြောဆိုလိုက်ကာမှ ကျီချင်းရန် အင်တင်တင်ဖြင့် သဘောတူလိုက်လေသည်။

လှေပေါ်တက်ရမည့် အချိန်က ငါးရက်မြောက်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအထိဖြစ်၏။ သို့သော်လည်း ကျီချင်းရန်ကတော့ ငါးနာရီကျော်သည်အထိ တမင်တကာ စောင့်ဆိုင်းပြီးခါမှ လင်းရီနှင့်အတူ ဝမ်ကျန်းဆိပ်ကမ်းသို့ ထွက်လာခဲ့သည်။

ဆောင်းရာသီတွင် ဝမ်ကျန်းဆိပ်ကမ်း၌ နိုင်ငံခြားသား လာရောက်လည်ပတ်သူတို့ အင်မတန် နည်းပါးလှပြီး ဆိပ်ကမ်း၏ တစ်ဝက်ကျော်မှာ အတော်လေးကို လစ်လပ်နေလေ့ရှိ၏။

သို့သော်လည်း ယနေ့တွင်တော့ ခြွင်းချက် တစ်ခုဖြင့် အင်မတန် လူစည်ကားနေတော့သည်။

လှေပေါ် လှေအောက် လူမျိုးပေါင်းစုံက စုဝေးနေကြပြီး မတူကွဲပြားသည့် ဘာသာစကားမျိုးစုံကို ပြောဆိုနေကြသည်။ မြင်ကွင်းမှာတော့ တော်တော်လေးကို ဝရုန်းသုန်းကား ဖြစ်နေတော့၏။

“ သင်္ဘောက ခဏဆို ထွက်တော့မှာကို ဘာလို့ အဲ့လောက်ထိ ဆူညံနေတာ… ခုအတိုင်းတာဆို ညခြောက်နာရီရောက်တောင် ထွက်နိုင်သေးမှာ မဟုတ်ဘူး… ပြီးတော့ ဒီရှိုးကလည်း ပရော်ဖက်ရှင်နယ်ဆန်တဲ့ ပုံလည်း မပေါက်ပါဘူးဟယ်.. နင် မသွားပါနဲ့လား..”

ဤအစီအစဉ်ကို အင်မတန် မုန်းတီးနေသည့် ကျီချင်းရန်မှာတော့ အခွင့်အရေး တွေ့သည်နှင့် စတင် စောဒကတက်ပြီး လင်းရီ စိတ်ပြောင်းသွားကာ ပြန်လှည့်ထွက်နိုင်လိမ့်မည်လို့ မျှော်လင့်နေရှာသည်။

သို့သော်လည်း လင်းရီ၏ အတွေးများက တခြားနေရာသို့ ရောက်ရှိနေခဲ့ကာ ကျီချင်းရန်၏ စကားကို အာရုံမရှိလိုက်ပေ။

သူ အာယာနဲ မစ်ဆူနဲ့ နောက်ဆုံးတွေ့ခဲ့သည့် အချိန်မှ ယနေ့ထိဆို ဆယ်ရက်ရှိနေပြီ။ သို့တိုင်အောင် တစ်ဘက်ခြမ်းမှ မည်သည့် လှုပ်ရှားမှု အရိပ်အယောင်တို့မျှ ထွက်ပေါ်မလာခဲ့ချေ။ ထို့ကြောင့် လင်းရီ စိတ်ထဲ တစ်ခုခု မူမမှန်ဖြစ်နေသည်ဟု ခံစားနေရ၏။

၎င်းအပြင် သူ Intel ကို ပေးထာသည့် အချိန်အကန့်အသတ်ကလည်း ရက်ပိုင်းလောက်မျှသာ ကျန်ရှိတော့သည်။ သို့သော် တစ်ဖက်ဆီမှ မည်သည့်အကြောင်းကြားစာတို့မျှ ရောက်မလာချေ။ သူ အဝေးရောက်နေသည့် အချိန်ရောက်မှ ၎င်းတို့ လှုပ်ရှားလာလေမလား လင်းရီ မပြောတတ်…”

“ ရီ… နင်ငါပြောနေတာကိုကော နားထောင်နေရဲ့လား….”

“ နားထောင်နေပါတယ်ဟ..” လင်းရီ အလိုအလျောက် တုံ့ပြန်လိုက်ပြီးမှ “ ဒါက သာမန်ပဲ…. ခုဟာက TV ဌာနကနေပြီးတော့မှ စီစဉ်တာ… ပြီးတော့ နိုင်ငံပေါင်းစုံက လူတွေလည်း အများကြီးပဲ…. သူတို့ကြားမှာ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဘာသာစကား အတားအဆီးတွေဆိုတာ ရှိကို ရှိမှာ.. ဒီလိုမျိုး ပရမ်းပတာ ဆူညံနေတာကြီးက နားလည်ပေးလို့ရပါတယ်ကွာ…”

“ ဒါပေမယ့်လည်း အဲ့ဒါကိုက ပြဿနာတစ်ခုဆိုတာ သွယ်ဝိုက်ပြီး ပြောနေတာ မဟုတ်ဘူးလား…. ထုတ်လုပ်ရေး အသင်းက ဒါလေးတောင် မကိုင်တွယ်နိုင်ရင် လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်လာရင် ပိုလို့တောင် ဗရုတ်သုတ်ခ နိုင်နေဦးမယ်.. ငါ့အထင်တော့ နင်မသွားတာ ပိုကောင်းလိမ့်မယ် ထင်တယ်နော…” ကျီချင်းရန် ပြောလိုက်ပြီး “ တကယ်လို့ နင်သာ ငါ့ စကားနားထောင်ပြီး မသွားတော့ဘူးဆို နောက်အပတ်ထိ နင်နဲ့အတူ ဖက်အိပ်ပေးမယ်လေ…”

All Chapters