အတွေ့အကြုံ သပ်သပ်
Vol. 58 Ch. 866
လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်သွားခဲ့၏။
“ မင်း ငါ့ကို အဲ့လောက်ထိတောင် ဒီရှိုးထဲ မပါစေချင်ဘူးပေါ့…. ပျားရည်ထောင်ချောက်တောင် သုံးလိုက်သေးတယ်…”
“ မဟုတ်ပါဘူး…”
“ ငါ….. ငါက ဒီတိုင်း ထုတ်လုပ်ရေး အသင်းက ပရော်ဖက်ရှင်နယ် မဆန်ဘူး ခံစားမိလို့… သူတို့က နင် ပါဝင်ဖို့ မထိုက်တန်ပါဘူး….”
လင်းရီ ကျီချင်းရန်ပခုံးကို ဖက်လိုက်ပြီးနောက် သူမလေး၏ ပါးကို ဖျစ်ညစ်လိုက်ကာ “ ဘာမှ မပူနဲ့… ငါ့ရဲ့ အစွမ်းအစနဲ့ဆိုရင်ဒီလူတွေ အကုန်လုံးက ငါ့မျက်လုံးထဲ အမှိုက်သရိုက်တွေချည်းပဲ…”
“ နင်သူတို့ကို အနိုင်ယူနိုင်မှန်း ငါသိတယ်… ဒါပေမယ့် သီးခြားကျွန်းပေါ်မှာ မသိရသေးတဲ့ အန္တရာယ်တွေမှ အများကြီးပဲလေ….အဲ့တာကမှ အရေးကြီးဆုံးပဲ…”
လင်းရီကျီချင်းရန်ကို ပြုံးပြလိုက်ပြီး “ ဒါက အချစ်နဲ့ သွားဆင်တူတယ်လို့ မထင်ဘူးလား…”
“ ဟင်… အချစ်နဲ့ ဘာဆိုင်လို့…”
“ မင်း တစ်စုံတစ်ယောက်ကို မနှစ်သက်ဘူးဆိုရင် သူ ဘာပဲလုပ်လုပ် မှားယွင်းနေတယ်လို့ပဲ မြင်နေတာလေ….”
“ ဟမ်… အဲ့လို ဖြစ်သွားတာလား…..”
“ ဒါကြောင့်မို့ ပြောစကားကို နားထောင်… စိတ်ကို ငြိမ်ငြိမ်ထား…. ဘာဆိုးရွားတာမှ ဖြစ်လာမှာ မဟုတ်ဘူး…” ပြောရင်းဖြင့် လင်းရီ ဖက်ထားသည့် သူ့လက်မောင်းကို အနည်းငယ်တင်းကြပ်လိုက်ကာ “ ပြန်တော့… ငါ လှေပေါ်တက်တော့မယ်…”
“ ပြန်သေးဘူ… နင် လှေပေါ် တက်သွားတာကို ကြည့်ဦးမှာ….”
“ ဘာကြည့်စရာရှိလို့… ငါလိုက်ပို့ပေးမယ်.. လိမ္မာစမ်းပါ…”
“ ငါနင့်ကို လိုက်ပို့ပေးချင်တယ်လို့…” ကျီချင်းရန်၏ ခေါင်းမာပြီ နွဲ့ဆိုးဆိုးသည့် ဘက်ခြမ်းက ပေါ်ပေါက်လာလေသည်။
“ လူကြီးဖြစ်နေပြီကို ဘာလို့ ကလေးဆိုးကြီးလို လုပ်နေတာ….” လင်းရီ ပြောလိုက်ပြီး “ ကဲ အခု တစ်ခုရွေးလိုက်.. ငါ ပွေ့ပြီး လိုက်ပို့ပေးရမလား…ဒါမှမဟုတ် လမ်းလျှောက်ပြီး ပြန်မလား…”
“ မလုပ်နဲ့ မလုပ်နဲ့..... ငါ့ဘာငါ လမ်းလျှောက်သွားမယ်… ဒီမှာ လူတွေမှ အများကြီးပဲ…”
သို့နှင့် ကျီချင်းရန် ကားထံသို့ မသွားချင် သွားချင်ဖြင့် ထွက်လာခဲ့ရတော့သည်။
ပြောမရသည့် လင်းရီက သူစိတ်ထင်ရာကို အကုန်လျှောက်လုပ်တတ်လေသည်။
ကျီချင်းရန်ကို ကားထံသို့ လိုက်ပို့ပေးပြီးနောက် လင်းရီ သင်္ဘောရှိရာဘက်သို့ လှည့်ထွက်ခဲ့လိုက်သည်။
လူအုပ်ကို ဖြတ်ကျော်လာခဲ့ပြီးနောက် လူအများအပြားမှ အချင်းချင်း တီးတိုး ပြောနေကြကြောင်းလင်းရီ သတိမူမိလိုက်သည်။
သူတို့အားလုံးက အတူတကွ စုရပ်နေကြပြီး တစ်စုံတစ်ရာကို ဆွေးနွေးနေကြသည့်အပြင် ၎င်းတို့၏ အမူအရာက လှေပေါ်တက်ရမည့် အရေးကို အလျင်လိုနေဟန် မပြကြပေ။
အသားအရောင်တူသည့် လူအများစုမှာ အတူတစ်အုပ်စု ဖွဲ့ထားကြသည်ကများ၏။လင်းရီ သူတို့အနား ဖြတ်လျှောက်သွားတော့ နားစွန်နားဖျားမှ နေ၍ ၎င်းတို့၏ စကားဝိုင်းကို တစ်စွန်းတစ်စ ကြားလိုက်ရလေသည်။
ထိုသူတို့က အသင်းဖွဲ့ရန် ဆွေးနွေးနေကြခြင်းပင်။
ဧရာမ ဆုလဒ်ကြီး၏ သွေးဆောင်ဖျားယောင်းမှုအောက်တွင် လူတိုင်းက ကျားကုပ်ကျားခဲ ကြိုးစားရန် မောင်းတင်ထားကြ၏။ အခြေအနေ အများစုတွင်တော့ လူတစ်ဦးတစ်ယောက်တည်းထက် အသင်းအဖွဲ့နှင့် ရှိသည်က ပိုကောင်းလေသည်။
မည်သို့ပင်ဆိုစေ လူတိုင်းက သူကဲ့သို့ စနစ်ရှိနေသည်မျိုး မဟုတ်ချေ။
သို့သော်လည်း လှလှလန်းလန်း ကောင်မလေး တစ်ချို့မှ တောတွင်း ရှင်သန်ခြင်း အစီအစဉ်ကို ဝင်ရောက်လာသည်ကတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်း၏။
အောက်ဘက်ရှိ အခြေအနေတစ်ချို့ကို နားလည်ပြီးနောက် လင်းရီ ကြာကြာစောင့်မနေတော့ပဲ လှေပေါ်တက်ရန် ဟန်ပြင်လိုက်တော့သည်။
TV ဌာနမှ ဝန်ထမ်းများကတော့ တက်မည့် လှေကားနားတွင် နေရာယူထားကြပြီး ၎င်းတို့လက်ထဲ၌ စာရွက်စာတမ်းများထည့်ထားသည့် အိတ်ကိုလည်း အသီးသီးကိုင်ဆောင်ထားကြသည်။
လင်းရီ ရောက်လာတော့ သူကလည်း တစ်ခုရ၏။ အထဲတွင်တော့ စာရွက်စာတမ်းများဖြင့် ပြည့်နှက်နေပြီး လှေပေါ်တွင် ဆောင်ရန် ရှောင်ရန်များနှင့် သတိပြုမှတ်သားထားစရာများကို ရေးသားထားသည်။
မည်သို့ပင်ဆိုစေ သင်္ဘောပေါ်တွင် ရက်အနည်းငယ်ခန့်လောက် နေပြီးမှ ကျွန်းပေါ် အခြေချရမည် ဖြစ်သောကြောင့် ခရီးအတွက် စားရေးသောက်ရေးနှင့် နေရာထိုင်ခင်းတို့ကို စနစ်တကျ စီစဉ်ထားရပေမည်။
“ အချောလေး အချောလေး…”
ကြည်သာသည့် အသံတစ်သံကို ကြားလိုက်ရပြီး လင်းရီ လှည့်ကြည့်လိုက်တော့ ကျစ်ဆံမြီးနှစ်ခွနှင့် မိန်းကလေးမှ သူ့ထံ သွက်သွက်လေး လျှောက်လာနေကြောင်း မြင်တွေ့လိုက်ရသည်။
သူမအနောက်တွင်တော့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ကပ်လျက် လိုက်ပါလာခဲ့ကာ အကုန်လုံးက ပရော်ဖက်ရှင်နယ်ဆန်စွာ ဝတ်စားဆင်ယင်ထားကြပြီး သင်္ဘောပေါ် တက်တော့မည့် အသွင်ပင်။
လင်းရီ သူတို့သုံးယောက်ကို မြင်တော့ တစ်နေရာရာတွင် တွေ့ခဲ့ဖူးသကဲ့သို့ ရင်းနှီးနေသည့် ခံစားချက်မျိုး ခံစားလိုက်ရ၏။
ဂရုတစိုက်နှင့် စဉ်းစားကြည့်တော့မှ TV ဌာနတွင် ပထမဆုံး နာမည်စာရင်းပေးသည့် ရက်က တွေ့ခဲ့ဖူးကြောင်း လင်းရီ သတိရသွားခဲ့သည်။
ဆံပင်နှစ်ခွနှင့် မိန်းကလေးမှာ လင်းရီထံ ရောက်လာခဲ့ပြီး “ အချောလေး.. နင်ငါ့ကို မှတ်မိသေးတယ်မလား…. ငါတို့ အရင်က TV ဌာနမှာ တွေ့ခဲ့ဖူးတယ်လေ…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။
“ အင်း… စမ်းတဝါးဝါးတော့ မှတ်မိပါတယ်…”
“ ဟီးဟီး…. ငါတို့ အရင်ကလည်း တစ်ကြိမ်တွေ့ဖူးတယ်… ခုလည်း နောက်တစ်ခေါက် တွေ့ကြပြန်ပြီ…” ဆံမြီးနှစ်ခွနှင့် မိန်းကလေးမှ ပြောလိုက်ပြီး “ ဒီလောက်ထိ ရေစက်လာဆုံနေမှတော့ အသင်းဖွဲ့လိုက်ရင် ပိုမကောင်းဘူးလား… အဲ့လိုဆို ပိုကောင်းသွားလောက်တယ်…”
“ မဖွဲ့ဘူး…”
“ အာ… ဘာလို့လဲ… နင် ငါ့ကို နှစ်ခါကြီးများတောင် ငြင်းထားတာနော်….” ဆံမြီးနှစ်ခွနှင့် မိန်းကလေးမှ နှုတ်ခမ်းဆူလိုက်ပြီး “ ငါက ချစ်ဖို့မကောင်းလို့လား…”
“ ချစ်ဖို့ကောင်းတာက ဆက်ဆီဆန်တာနဲ့ ယှဉ်ရင် အလကားပဲ….”
“ အာ….. ဆိုတော့ နင်ငါ့ကို ငြင်းဆန်ရခြင်းရဲ့ အကြောင်းပြချက်က အဲ့တာပေါ့….”
“ အင်း… မင်းက အရမ်းငယ်သေးလို့…”
“ ငါက ၂၃ ရှိနေပါပြီနော်…. ကောလိပ်ကနေလည်း ဘွဲ့ရထားပြီးသား…. ရင်ခွင်မှီ အရပ်လေးနဲ့ ချစ်စရာလေးမို့သာ လူက ငယ်သလို ဖြစ်နေတာ….”
“ ငါပြောတာ မင်းရဲ့ အရွယ်အစားကို ပြောနေတာ… အသက်အရွယ်ကို ပြောနေတာ မဟုတ်ဘူး…” လင်းရီ သူမ ရင်ဘက်ကို မျက်စိဖြင့် ညွှန်ပြလိုက်ပြီး “ မင်းလို မိန်းကလေးက လက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်တာတွေ လျော့သင့်ပြီ…”
“ ဟွန့်….” မိန်းမငယ်လေးမှ ရင်ကိုကော့၊ လက်ကိုပိုက်လိုက်ပြီး “ နင်… နင် ဘယ်လိုသိတာ…. အဲ့တာက ငါ့လျှို့ဝှက်ချက်ကိုပဲ…”
“ ဘာမှမဆန်းပါဘူး… အတွေ့အကြုံ သပ်သပ်ပဲ..”
“ အမ်…” တစ်ဖက်မိန်းကလေးမှ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့လေသည်။
သူက အရမ်းချောတယ်ဆိုတော့ ဒီလိုစကားမျိုးပြောတာ ယုတ္တိရှိတယ်…
“ အချောလေး.. နင် နားလည်မှုလွဲနေပြီ… တကယ်တော့ နင်နဲ့ အသင်းဖွဲ့ချင်နေတာ ငါ မဟုတ်ဘူး.. ငါ့အစ်မ…” ကောင်မလေးမှ ပြော၍ သူမ အစ်မကို လက်ပြလိုက်ပြီး “ ငါ့ကိုယ်ငါ အရင်ဆုံး မိတ်ဆက်ပေးမယ်… ငါ့နာမည်က လီကျားလော့…. အနောက်က ငါ့အစ်မ…. လီဂျန်းနီ… နောက်ဆုံး တစ်ယောက်ကတော့ ငါ့အစ်ကို… ငယ်ကတည်းကနေ ကစားဖော် ကစားဖက်ပေါ့… သူ့နာမည်က ဟွမ်ယွင်ဟန်…ဒီတစ်ခေါက် ဝင်ပြိုင်မှာက သူတို့နှစ်ယောက်.. ငါက ဒီတိုင်း သူတို့နှစ်ယောက်ကို လိုက်ပို့ပေးတာ… ပြီးတာနဲ့ ကျိုးဟိုင်မှာ လျှောက်လည်တော့မှာလေ…”
“ 38C … အရည်အချင်း ပြည့်မှီတယ် ဆိုရုံလေးပဲ…”
လီဂျန်းနီ “ ?? “
သူ့မှာ ဒီလောက်ထိ ထက်ရှတဲ့ မျက်လုံးကို ပိုင်ဆိုင်ဖို့ ဘယ်နှစ်စုံလောက် ကိုင်တွယ်ခဲ့ဖို့ လိုလိုက်မလဲ…
“ ဒီတော့ နင် သဘောတူပြီလား…” လီကျားလော့ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါ့အမနဲ့ အစ်ကိုကလည်း တော်တော်လေး အရည်အချင်းရှိပါတယ်…ဒါပေမယ့် တောတွင်း ဗဟုသုတနဲ့ ပတ်သက်လာရင်ကျ ခေါင်းပါးတယ်ပဲ ဆိုရမလား… ဘာမှကို နားမလည်တာ… တကယ်လို့ နင်သာ သူတို့နဲ့ အုပ်စုဖွဲ့လိုက်မယ်ဆိုရင် ကျားကိုအတောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားမှာပဲ…. ရလဒ်ကောင်းရဖို့ စိတ်ပူစရာ မလိုတော့ဘူး…”
“ ဟမ်…. ငါက တောတွင်း ကျွမ်းကျင်တဲ့သူဆိုပြီး မင်း ဘယ်လိုများ ကောက်ချက်ချလိုက်တာ….”
“ နင့်ရဲ့ ပုံပန်း သဏ္ဌာန်ကြောင့်ပဲလေ…” လီကျားလော့ ပြောလိုက်ပြီး “ နင်က အသားဖြူပြီး သန့်လည်း သန့်တယ်… အရမ်းလည်း ချောတယ်… ဆိုတော့ ကျွမ်းကျင်သူတစ်ယောက်ဆိုတာ လုံးဝသေချာတယ်…”
လင်းရီ ပြောစရာစကား ကင်းမဲ့သွားတော့၏။
“ ကောင်းပြီ… မင်းဘာမင်း ဘာပဲပြောပြော.. ငါလည်း တစ်ယောက်တည်းနေရမှာ ပျင်းနေတာနဲ့ အတော်ပဲ…”
“ ဒါဆို အတည်ဖြစ်သွားပြီနော်… အောင်မြင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်…”
“ အင်း.. ကျေးဇူးပဲ..”
လီဂျန်းနီ လီကျားလော့ထံ ရောက်လာခဲ့ပြီး “ လော့လော့ .. ငါတို့ သင်္ဘောပေါ် တက်တော့မယ်.. နင် ဟိုတယ်ကောင်းကောင်း တစ်ခု ရှာပြီး ငါတို့ ပြန်လာမှာကို စောင့်နေ…. လျှောက်ပြီးတော့လည်း လည်မနေနဲ့ဦး..”
“ အွန်း အွန်း…. မမ… ကြိုးစားထား…”
“ တစ်စိတ်လောက်ပါ တစ်စိတ်လောက်ပါ…”
ညီအစ်မနှစ်ယောက် လမ်းခွဲစကား ပြောနေစဉ် သူတို့နောက်မှ အလောတကြီး အော်သံ တစ်သံကို ကြားလိုက်ရသည်။
သူတို့ နောက်လှည့်ကြည့်လိုက်တော့ လူ ဆယ်ဦးထက်မနည်း နောက်မှ ပြေးတက်လာကြောင်း မြင်တွေ့လိုက်ရလေသည်။
လီဂျန်းနီ မတုံ့ပြန်နိုင်မှီ ဘေးသို့ တွန်းထုတ်ခံလိုက်ရ၏။
လူဆယ်ဦးကျော်မှာ လူတစ်ယောက်ကို ၀န်းရံရင်းသူမကို တောင်းပန်ရန် ရည်ရွယ်ချက် မရှိ၊ သာမန်အတိုင်း ဖြတ်လျှောက်သွားကြလေသည်။
“ အိုးမိုင်ဂေါ့…. တကယ်ကြီး လီချိန်ရှင်းလား…” လီကျားလော့၏ မျက်ဝန်းလေးများက တလက်လက် ဖြစ်သွားခဲ့၏။
“ ဟင်.. “ ဂျန်းနီ ရေရွတ်လိုက်ပြီး “ နင် သူ့ကို သိတယ်လား…”
“ သိတာပေါ့..” လီကျားလော့ စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်ပြီး “ ခု မျက်နှာဖုံး တပ်ထားတဲ့သူက ဟွာရှရဲ့ ထိပ်တန်း ဆယ်လီ လီချိန်ရှင်းလေ… အနုပညာ နယ်ပယ်မှာ အရမ်းကို နာမည်ကြီးတယ်.. မမ… နင် သူ့ကို မသိဘူးဆိုတာ ယုံတောင် မယုံနိုင်ဘူး…သူက အရမ်း ထူးချွန်တာ..”
“ ဒါပေမယ့် ဘာလို့ မိန်းမဆန်ဆန် ရုပ်ပေါက်နေတာ….”
“ မမ နားမလည်ပါဘူး…သူ့ကို ‘ ပန်းလိုလှတဲ့ ယောက်ျားလေး’ ဆိုပြီး ဖန်တွေက နာမည်အလှ ပေးထားကြတာ… သူ့မှာ ယင်နဲ့ ယန်ရဲ့ အလှတရားတွေ ရှိတယ်… ပြီးတော့ သူက သီချင်းလည်း ဆိုနိုင်တယ်.. ကတာလည်း ကျွမ်းတာ… rap ရွတ်တာကော .. ဘတ်စကက်ဘော ကစားတာကော.. အကုန်ရ…. သူက လုံးဝကို အရည်အချင်းရှိတဲ့ စွယ်စုံရ အိုင်ဒေါပဲ..” လီကျားလော့မှ အသက်ပင် မရှူ၊ တရစပ် ပြောသွားခဲ့ပြီး “ ဒါပေမယ့် ဘာလို့ ဒီရှိုးမှာ ပါဝင်လာလဲမသိဘူး… ကြုမ်းကြုတ်ခက်ထန်တဲ့ ယောက်ျားသားတွေရဲ့ လမ်းကို လျှောက်တော့မလို့များလား….”