← Chapters

လှေပေါ် တက်ခြင်း

Vol. 58 Ch. 868

လှေပေါ် တက်ခြင်း

Vol. 58 Ch. 868

ရန်စီ စကားဆုံးတော့ လက်ကောက်မှုတ်သံများနှင့် ဩဘာပေးသံများ ညံသွားခဲ့လေသည်။

၎င်းတို့၏ မျက်ဝန်းများထဲတွင်လည်း အလိုရမ္မက်တို့ ပြင်းပြစွာ ထွက်ပေါ်နေပြီး ဖုံးကွယ်ထားခြင်းလည်း မရှိပေ။

ဖြစ်နိုင်မည် ဆိုပါက သူတို့ ယခုပင် သူမနှင့် အတူ အိပ်စက်ပစ်လိုက်ချင်သည်။

အမျိုးသား တစ်ယောက်အတွက် ဂုဏ်အယူရဆုံးကတော့ လူတိုင်းက စိတ်ကူးယဉ်ရန်သာ တတ်နိုင်ချိန်တွင် လင်းရီကတော့ သူမနှင့်အတူ ချစ်တင်းနှောပြီး ဖြစ်၏။

သို့သော်လည်း သိုသိုသိပ်သိပ် နေတတ်သည့် လင်းရီကတော့ အဆိုပါ ဂုဏ်ယူဖွယ်ရာကို စိတ်ထဲ၌သာ သိမ်းထားလိုက်သည်။

သူ ရပ်နေသည့် နေရာအနားတွင် ဟွာရှလူမျိုး အများအပြား ရှိသောကြောင့် လင်းရီလည်း သူ လက်ရှိရောက်နေသည့် နေရာ၌သာ ဆက်လက် ရပ်နေလိုက်၏။

TV ဌာန၏ အခြားသော ခေါင်းဆောင်များကလည်း မိန့်ခွန်းပြီးတော့ ထွက်မသွားခဲ့ပေ။ ဤနေရာရှိ သက်ဆိုင်ရာ အုပ်စုများထံ အကြောင်းအရာ အသေးစိတ် ရှင်းပြရန်အတွက် ပြင်ဆင်ကြတော့၏။

သူမ လူမျိုးများနှင့် ရင်ဆိုင်ရချိန်တွင်တော့ ရန်စီ သိသိသာသာ စိတ်လက်ပေါ့ပါးနေပြီး “ စာရင်းပေးတဲ့ နေ့တုန်းက လူတိုင်း ကျွန်မကို တွေ့ပြီးလောက်ရောပေါ့.. ကျွန်မနာမည် ရန်စီပါ..”

“ ခုနတုန်းက ရှင်တို့တွေ နားထောင်ပြီးသွားပြီ ဆိုပေမယ့် ကျွန်မအခု သတိပြုရှောင်ကြဉ်စရာတွေကို ထပ်လောင်းပြောသွားပေးမယ်….”

“ ဒီရှိုးရဲ့ ရိုက်ကူးမယ့် အချိန်က ပုံသေ မသတ်မှတ်ထားဘူး… ရှင်တို့ စားနေတုန်းလည်း ရုတ်တရက်ကြီး စချင်စသွားနိုင်တယ်… အိပ်နေတုန်း… ဒါမှမဟုတ် အိမ်သာသွားနေတုန်းတောင် ဖြစ်နိုင်တယ်… ဒါကြောင့်မို့ လူတိုင်းပဲ မျှော်လင့်မထားတဲ့ အခြေအနေမျိုးကို ကိုင်တွယ်ဖို့ ပြင်ဆင်ထားကြပါ…”

“ အတည်ကြီးလား.. အဲ့လောက်တောင် ပြင်းထန်ဖို့ လိုလို့လားဟ… ဘာလို့ စစ်လေ့ကျင့်ရေးနဲ့တောင် ဆင်တူတယ်လို့တောင် ခံစားနေရတာ…” တစ်စုံတစ်ယောက်မှ မေးမြန်းလိုက်၏။

“ ကျွန်မတို့ လိုချင်တာလည်း အဲ့တာမျိုးပဲ…” ရန်စီ ပြောလိုက်ပြီး “ တောနက်ကြီးထဲမှာ အန္တရာယ် အသစ်အဆန်းတွေက ရှင်တို့ ထင်မှတ်မထားတဲ့အချိန်မှာ ရုတ်တရက် ရောက်ချလာတတ်တယ်.. ရှင်တို့ဘက်က အဆင်သင့် ဖြစ်မယ့်အချိန်ကို စောင့်ဆိုင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး… ဘဝဆိုတာ အဲ့လိုမျိုးပဲ.. ဒီတော့ ခုရှိုးပွဲလည်း အတူတူပဲ…”

ပြောပြီးနောက် ရန်စီ ရောက်နေကြသည့် လူတိုင်းကို ကြည့်၍ “ ဒါနဲ့ ပတ်သက်ပြီး တစ်ခြား ဘာမေးစရာ ရှိသေးလဲ…”

မည်သူမျှ ပြန်မဖြေသောကြောင့် ‘ မရှိ ‘ ဟုသာ သတ်မှတ်လိုက်တော့၏။

သူတို့အတွက်တော့ ယခုလို နည်းလမ်းက ပို၍ စိတ်ဝင်စားဖို့ ကောင်းနေလေသည်။ သူတို့ဘက်က အချိန်ပြည့် အသိချပ်ထားပြီး ပြင်ဆင်ထားပါက ယခု စည်းမျဉ်းမှာ သူတို့အတွက် အကျိုးရှိလာပေလိမ့်မည်။

မည်သူမျှ ပြန်မပြောသည်ကို မြင်တော့ ရန်စီမှ ဆက်လက်၍ “ ခု ကျွန်းပေါ်က အခြေအနေတွေကို အကြမ်းဖျဉ်း မိတ်ဆက်ပေးမယ်... ကျွန်းရဲ့ နာမည်က ခရိုခဝ.. ကျွန်းရဲ့ အရွယ်အစားက မသေးဘူး.. ၁,၀၀၀ စတုရန်း ကီလိုမီတာကျော် ရှိတယ်…အဲ့တာက ကျိုးဟိုင်ရဲ့ ခြောက်ပုံ တစ်ပုံပဲ.. ခရိုခဝ ကျွန်းစုရဲ့ အလယ်မှာ ပင်လယ်ရေ မျက်နှာပြင် အထက် မီတာ ရှစ်ရာကျော်မြင့်တဲ့ မီးငြိမ်းတောင် တစ်ခုရှိတယ်… ဒါပေမယ့် မြေပြင်အနေအထားကတော့ တော်တော်လေးကို မတ်စောက်တယ်…. ရှင်တို့က အဲ့ဒီ တောင်ထိပ်ပေါ်ကို တက်နိုင်တာနဲ့ ဒီအစီအစဉ်မှာ အနိုင်ရပြီးတော့ ဆုငွေကို သိမ်းပိုက်ပစ်လိုက်လို့ရပြီ..”

ရန်စီ၏ စကားလုံးများက ပြိုင်ပွဲဝင်များကို ကြိုးစားချင်စိတ်များ တောက်လောင်လာစေသည်။

တောင်ထိပ် ရောက်တာနဲ့ ဆုငွေ ရမယ်… သူတို့ထင်ထားသလောက်လဲ ခက်ခဲမနေပါလားဟ…. တော်တော်လေး ရိုးရှင်းတယ်လို့တောင် ပြောလို့ရတယ်…”

၎င်းကို ကြားပြီးသော်လည်း လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်တို့မှာ တည်တည်ငြိမ်ငြိမ်ပင်။လုံးဝ စိတ်လှုပ်ရှားခြင်း မရှိချေ။

ထုတ်လုပ်ရေး အသင်းမှ ဆုကြေးငွေ အမြောက်အများ ထုတ်ထားပြီးမှတော့ လွယ်လွယ်ကူကူနှင့် ရရှိဖို့ဆိုတာ မည်သို့မျှ မဖြစ်နိုင်ချေ။ သူတို့ ပျော်ရွှင်မည်ဆိုပါက စောရာကျလွန်း၏။

ထပ်တူညီစွာဖြင့် လင်းရီလည်း သမ်းဝေလိုက်ပြီး ကျန်သူများကိုသာ လိုက်အကဲခတ်နေလိုက်သည်။

ချိန်တုန်းကျယ်နှင့် လီရှန်းတို့လို လူစားမျိုးကတော့ အမှန်တကယ်ကို စိတ်လှုပ်ရှားနေကြလေသည်။

သို့သော်လည်း ဆုကြေးငွေကို ထိုမျှ လွယ်လွယ်ကူကူနှင့် ရနိုင်ရန် မဖြစ်နိုင်ဟု ခန့်မှန်းမိကြသည့် အနည်းငယ်သော လူတစ်စုကလည်း ရှိနေသေးသည်။

အမျိုးမျိုးသော အတားအဆီးများ ရှိနေမည်ကတော့ မလွဲဧကန်ပင်။

“ အပျော်မစောကြသေးနဲ့ဦး.. ရှင်တို့ လေးလေးနက်နက် ထားကြမှ ဖြစ်မှာ…” ရန်စီ ပြောလိုက်ပြီး “ မှတ်တမ်းတွေအရဆိုရင် ဒီကျွန်းကြီးက ကျွန်းစုတန်း ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကလွဲရင် လူနေထိုင်ဖူးတဲ့ မှတ်တမ်းမှတ်ရာတွေ မရှိဘူး… ဆိုလိုတာက ရွေးချယ်စရာ လမ်းကြောင်း မရှိပဲ ယှဉ်ပြိုင်သူတွေကပဲ ကိုယ့်လမ်းကိုယ် ဖောက်ရမှာ… ကျွန်မတို့ဘက်က မြေနေရာကို ကြိုတင်လေ့လာကြည့်လိုက်တော့ တောင်က အတော်လေးကို မတ်စောက်တယ်… ဒီတော့ လွယ်လွယ်နဲ့ ရောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”

အဆိုပါ စကားလုံးများက ကြိုးစားချင်စိတ်တို့ လောင်ကျွမ်းနေသည့် ပြိုင်ပွဲဝင်များကို ရေအေးအေး တစ်ပုံးဖြင့် လောင်းချလိုက်သည့် နှယ်ပင်။

“ အစားအသောက်နဲ့ ပစ္စည်းတွေကတော့ ကျွန်မတို့ဘက်က အကုန် ပြင်ဆင်ပေးထားပြီးပြီ… အနည်းဆုံး တစ်ပတ်စာ အထိ လုံလောက်တယ်…. ကျန်တဲ့နေ့တွေကတော့ ဘယ်လိုရှင်သန်မလဲဆိုတာ ရှင်တို့ရဲ့ အစွမ်းအစ အပေါ် မူတည်နေတယ်…”

“ အရင် ဘီတာပြိုင်ပွဲဝင်တွေတုန်းကတော့ ကျွမ်းကျင်သူတွေကတောင် အဲ့ဒီ တောင်ထိပ်ကို ရောက်ဖို့ အနည်းဆုံး တစ်လလောက်တော့ အချိန်ပေးရမယ်လို့ ပြောထားခဲ့တယ်… ဒါကြောင့်မို့ ဒီလိုမျိုးတွေ ကြိုတင်ပြင်ဆင်ထားပေးတာ…”

လူအုပ်ကြီးမှ မည်သည့် ကြားဖြတ်ခြင်းတို့မျှ မရှိပဲ တိတ်ဆိတ်စွာ နားထောင်နေကြသည်။

“ နောက်ပြီးတော့ ခရိုခဝ ကျွန်းက သီးခြားကျွန်းဆိုတော့ သုံးလို့ရမယ့် ဆိပ်ကမ်းတွေကလည်း မရှိဘူး… ဒီတော့ ကြယ်ငါးက ခရိုခဝ ကျွန်းနဲ့ ရေမိုင်တစ်မိုင်လောက် အကွာမှာ ရပ်မယ်… ဒါပေမယ့် အဲ့ဒီအတွက်လည်း အသက်ကယ်လှေ အစင်းငါးဆယ်ကို ပြင်ဆင်ထားပေးပြီးပြီ… ၂၆၀ ကီလိုဂရမ်က အကန့်အသတ်ဆိုတော့ လူ သုံးလေးယောက်အထိတော့ အသာလေး နိုင်ပါတယ်…. ဘယ်သူတွေ ရနိုင်မလဲဆိုတာတော့ ရှင်တို့ အစွမ်းအစ အပေါ် မူတည်နေတာပေါ့….”

“ ဘာပြောလိုက်တယ်… ဒီလိုမျိုး စည်းမျဉ်းကလည်း ရှိသေးတာပဲလားဟ…. ထောက်ပံ့ရေး ပစ္စည်းတွေအတွက်တောင် ယှဉ်ပြိုင်ရဦးမယ်ပေါ့…”

“ အင်း… အဲ့လို ပြောလို့ရတယ်…” ရန်စီ ပြောလိုက်ပြီး " ပြီးတော့ မတူကွဲပြားတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို မတူညီတဲ့ အခြေအနေတွေမှာ ပေးအပ်သွားမှာ… အဲ့ခါကျရင် သပ်သပ်စီ အသိပေးသွားမယ်…”

ရန်စီ၏ ပြောကြားချက်ကို နားထောင်ပြီးနောက် ရန်စီမှာ အတွေ့အကြုံရှိသည့် ဒါရိုက်တာ တစ်ဦးဖြစ်သည်ဟု လင်းရီ ခံစားလိုက်ရသည်။ သူမ၏ ရှိုးက ဆန်းကြယ်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။

ကြည့်ရှုသူများ ဂရုစိုက်သည်ကလည်း တောတွင်း ရှင်သန်မည့် မြင်ကွင်းများကို မဟုတ်ပဲ ပြင်းထန်သည့် ပဋိပက္ခများနဲ့ တိုက်ခိုက်ရေး မြင်ကွင်းများပင်။

မဟုတ်ပါက ဒရာမာ အခန်းဆက်များက ကြည့်ရှုသူ အများအပြားကို ဆွဲဆောင်ထားနိုင်လိမ့်မည် မဟုတ်ချေ။

“ ကျွန်မဘက်က ပြောစရာ ရှိတာ အဲ့တာ အကုန်ပဲ… ခုချိန်ထိတော့ လူတိုင်း လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်… ရှင်တို့က အနာဂတ် အခြေအနေတွေအတွက် ပြင်ဆင်ထားချင်တယ်ဆိုလည်း သဘောပဲ…. နားမလည်တာရှိရင် ဝန်ထမ်းတွေကို မေးကြ… ဒါပဲ.. လူစုခွဲမယ်..”

အမိန့်ပေးပြီးနောက် လူတိုင်း လူစုခွဲသွားခဲ့ကြ၏။

လင်းရီလည်း လှည့်ထွက်လာ၍ သူ့ပေးထားသည် သင်္ဘော အခန်းထဲ ဝင်သွားလိုက်သည်။

တစ်ဖက်တွင်တော့ ရန်စီမှာ လင်းရီ နောက်ကျောကို စူးစိုက်ကြည့်ရင်း ရင်ဘက်ထဲ၌ ယခုလို ရေရွတ်လိုက်၏။

‘ ငါ ဝတ်ထားတာကပဲ မလှလို့လား… ဘာလို့ နောက်တစ်ခေါက်လေးတောင် ပြန်လှည့်မကြည့်သွားတာ…’

သူတို့ သင်္ဘောခန်းထဲ ရောက်တော့ လီဂျန်းနီမှ လင်းရီကို ဆွဲခေါ်လိုက်ပြီး သုံးယောက်သား အတူထိုင်လိုက်ကြလေသည်။

“ မစ္စတာလင်း…. ထုတ်လုပ်ရေး အသင်းရဲ့ စည်းမျဉ်းတွေအရဆိုရင် ကျွန်မတို့ဘက်က အချိန်မရွေး ကျွန်းပေါ် ရောက်သွားနိုင်တယ်… ဒီတော့ ကြိုတင်ပြင်ဆင်ထားမှ ဖြစ်မှာ…”

“ ဘာတွေ လောနေတာ…” လင်းရီ ပြောလိုက်ပြီး “ ဒီလောက် နောက်ကျနေပြီကို ညစာအရင်သွားစားကြစို့..”

“ မင်းကကော ဘာလို့ အလျင် လိုမနေတာ..” ဟွမ်ယွင်ဟန်မှ မေးလိုက်ပြီး “ ဒါရိုက်တာ ပြောတာ ရှိုးက အချိန်မရွေး စနိုင်ပါတယ်ဆိုနေမှ တကယ်လို့ ထမင်းစားနေတုန်း စရင် ငါတို့ဘက်က အကောင်းဆုံး အခွင့်အရေးနဲ့ လွဲချော်သွားနိုင်မယ် မဟုတ်ဘူးလား..”

“ မစ္စတာလင်း…. ကျွန်မတို့ ပိုပြီး လေးလေးနက်နက်ထားတာ ကောင်းမယ်နော…” လီဂျန်းနီလည်း ပြောလိုက်သည်။

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး “ ရန်စီက သင်္ဘောကို ရေမိုင် တစ်မိုင်လောက် အကွာမှာ ရပ်မယ်လို့ ပြောပြီးပြီလေ.. မင်းတို့ မကြားလိုက်တာလား…”

“ အဲ့တာနဲ့ ဘာဆိုင်လို့….”

“ သတင်း အချက်အလက်တွေ အရဆိုရင် ကျိုးဟိုင်နဲ့ ခရိုခဝ(kyokawa)ကျွန်းက ရေမိုင် ၉၀၀ လောက် ဝေးတယ်… ကီလိုမီတာနဲ့ဆို ၁,၇၀၀ကျော်… ကြယ်ငါးလို အမြန်စား ဇိမ်ခံသင်္ဘောကြီးက တစ်နာရီကို ငါးဆယ်ကီလိုမီတာ မောင်းလို့ရတယ်… နောက်တစ်နည်းနဲ့ပြောရရင် ငါတို့ ကျွန်းပေါ်ကို ရောက်ဖို့ ၃၆ နာရီလောက် လိုသေးတယ်…. ဘာလို့ အဲ့လောက် အလျင်လိုနေတာ… မင်းထင်နေတာ သူတို့က မင်းကို သမုဒ္ဒရာကြီးထဲ ပစ်ချမယ်လို့ ထင်နေတာလား…”

လင်းရီ၏ စကားကို ကြားတော့ နှစ်ယောက်လုံး အဓိပ္ပာယ်ရှိသည်ဟု ခံစးမိလိုက်သည်။

“ ဆိုတော့ ခု အရင်ဆုံး ဗိုက်သွားဖြည့်ကြစို့… နောက်မှ အေးဆေးဆွေးနွေးလို့လည်း ရတယ်…”

“ အသက်ကယ်လှေနဲ့ ပတ်သက်ပြီးတော့ကော ပြင်ဆင်စရာတွေ မလိုဘူးလား…”လီဂျန်းနီ ပြောလိုက်ပြီး “ အချိန်မရွေး ပေးလာနိုင်တယ်လေ…”

“ လှေကိစ္စ မင်း စိတ်ပူစရာ မလိုဘူး… ငါတို့ သေချာပေါက် တစ်စင်း ရလိမ့်မယ်..”

“ ဟင်… သေချာလို့လား…”

“ သေချာတာပေါ့ကွ…” လင်းရီ ထူးမခြားနားစွာ ပြောဆိုလိုက်သည်။

သာမန် ကစားသမား အုပ်စုက သူ့လို ကြယ်ငါး တစ်ခုလုံ ပိုင်ထားတဲ့သူနဲ့ ဘယ်နှိုင်းယှဉ်လို့ရမှာ…

ကြယ်ငါးက သူ့အပိုင်လေ… အသက်ကယ်လေး တစ်စင်းတောင် မရနိုင်လို့ကတော့ သူ့မျက်နှာ ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား….

All Chapters