← Chapters

နိုင်ငံ့ ကျက်သရေ ဆောင်ကြဉ်းပေးမှာကို လာမတားနဲ့

Vol. 58 Ch. 870

နိုင်ငံ့ ကျက်သရေ ဆောင်ကြဉ်းပေးမှာကို လာမတားနဲ့

Vol. 58 Ch. 870

“ အမ်.... အဲ့တာလား…. အဲ့တာက အမျိုးသမီးတွေအတွက် ကျန်းမာရေးကောင်းစေပြီး နုပျိုလင်းလက်စေတဲ့ ယောဂကျင့်စဉ်တစ်မျိုးလေ…”

“ တကယ်… အဲ့လိုဆို အရမ်းကောင်းတယ်… ဒီကလည်း ဟွာရှကို မရောက်ဖြစ်တာကြာတော့ အဲ့လိုကျင့်စဉ်မျိုးကို မေ့နေတာကြာပြီ… ဒီညတော့ အချောလေးက သေချာလေး ကြီးကြပ်သင်ကြားပေးရမယ်နော်….”

“ ဝမ်းပန်းတသာနဲ့ပါပဲဗျာ…”

လင်းရီ နှုတ်ခမ်းကို ပါးစပ်ချိတ်မတတ် ပြုံးလိုက်၏။

နိုင်ငံခြားသူလေးတွေက အရမ်း ပွင့်လင်းတာပဲ…

လင်းရီနှင့် နိုင်ငံခြားသူလေးတို့ စားသောက်ရင်းဖြင့် ရယ်မောစကားပြောနေသည်ကို မြင်တော့ ချိန်တုန်းကျယ်ဝိုင်းရှိ လူလေးယောက်၏ အမူအရာမှာ ပုံမှန်မဟုတ်တော့ပဲ အေးတိအေးစက် နိုင်လာခဲ့တော့၏။

“ အဲ့ ဟွာရှန့်ကောင်က အရမ်း အင်အားကြီးနေလို့လား…”

လင်းရီကို စိန်ခေါ်ခဲ့သည့် လူမည်းကြီးမှ မေးလိုက်သည်။

ထိုသူကတော့ မာတင်အမည်ရပြီး လေးယောက်အသင်း၏ ခေါင်းဆောင်တစ်ဦးပင်။ တိုက်ခိုက်ရေးတွင်သာမက တောတွင်း ရှင်သန်ခြင်းတွင်လည်း ကျွမ်းကျင်သောကြောင့် နယ်ပယ်နှစ်ခုလုံးတွင် ဆရာတစ်ဆူဖြစ်နေသည်ဟု ဆို၍ရလေသည်။

“ သူက တကယ့်ကို သန်မာတယ်… ကျုပ်တပည့်ကို တစ်ချက်ကန်လိုက်တာ လွင့်တောင် လွင့်ထွက်သွားတယ်…”

မာတင် လီရှန်းကို ဖျတ်ကနဲ တစ်ချက်ကြည့်လိုက်၏။ သူ လီရှန်းအကြောင်း မသိသောကြောင့် စိတ်ထဲတော့ ထားမနေချေ။

“ မင်းဆိုရင်ကော… တကယ်လို့ သူနဲ့ ဖိုက်မယ်ဆိုရင် နိုင်လောက်လား….”

“ ငါးဆယ်ရာခိုင်နှုန်းပဲ…”

“ ဟိုးလီးဂျီဆပ်… မင်းတောင်မှ ၅၀ ရာခိုင်နှုန်းပဲ ယုံကြည်ချက်ရှိတယ်ဆိုတော့ သူက အဲ့လောက်တောင် သန်မာတယ်လား…”

နှစ်ယောက်မှာ ရဲဘော်ရဲဖက်များ ဖြစ်ခဲ့ဖူးသောကြောင့် မာတင် ချိန်တုန်းကျယ်၏ ခွန်အားကို ကောင်းမွန်စွာနားလည်ထားသည်။

သူ့ကို အနိုင်မယူနိုင်သော်ငြား စကေးလယ်ဗယ်ကတော့ အင်မတန် မြင့်မားပေသည်။

“ ငါ ဒီ ပြန်မလာခင်တုန်းက အဆုတ်ကို ကျည်ထိထားခဲ့တော့ အခု ငါ့လက်ရည်က အရင်ကလောက် မစွမ်းတော့ဘူး..” ချိန်တုန်းကျယ်ပြောလိုက်ပြီး “ မဟုတ်လို့ကတော့ အဲ့ကောင် သောက်ချိုးနဲ့တင် သေအောင် ကန်ချိုးပစ်ပြီးပြီ…”

“ အင်း… ငါနားလည်တယ်….” မာတင် ပြောလိုက်ပြီး “ ပရိုဂရမ်ရဲ့ စည်းမျဉ်းက ဒီမှာ တိုက်ခိုက်ဖို့ ခွင့်မပြုထားတာ နှမြောစရာပဲ.. မဟုတ်လို့ကတော့ ငါသွားပြီး မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးလိုက်တယ်…”

“ ကြည့်ရတာတော့ ဒီကောင်တွေက အေးအေးချမ်းချမ်းနဲ့ နေတာကြာသွားတော့ အပြင်ဘက် တစ်ချို့နေရာတွေက ဘယ်လောက်ထိ ရက်စက်ကြမ်းတမ်းလဲဆိုတာ မသိတော့ဘူးနဲ့ တူတယ်…”

မာတင်၏ အဖော်၊ နောက်ထပ် နိုင်ငံခြားသား တစ်ဦးဖြစ်သည့် ဘရောင်းမှ ပြောလိုက်သည်။

“ ဘယ်သူသိမှာ…” မာတင် ပခုံးတွန့်လိုက်ပြီး “ ငါတော့ အဲ့စည်းမျဉ်းက သူ့အသက်ကို ကယ်တင်သွားတယ်လို့ပဲ ထင်တယ်… မဟုတ်လို့ကတော့ ခုချိန်လောက်ဆို ဒူးထောက်ပြီး သက်ညှာပေးပါ လုပ်နေရလောက်ပြီ…”

“ ငါတို့ကောင်တွေ စည်းကမ်းအရ လုပ်ခွင့်မရှိဘူးဆိုရင်တောင် ကွယ်ရာမှာ မလုပ်နိုင်ဘူးလို့ မဆိုလိုဘူးလေ…” လီရှန်းပြောလိုက်လေသည်။

“ မင်းမှာ ဘာအကြံဉာဏ်ရှိလို့….”

“ ညကျရင် … ငါတို့ကောင်တွေ ကိုယ့်ဘာကိုယ် ရုပ်ဖျက်ပြီးတော့ သူ့အခန်းထဲ ခိုးဝင်ကြမယ်… ပြီးတာနဲ့ အဲ့ကောင်ကို သင်ခန်းစာပေးကြမယ်…” လီရှန်း အကြည့်တို့ တောက်လောင်စွာဖြင့် ပြောလိုက်ပြီး “ တကယ်လို့ သူငါတို့ကို ထုတ်လုပ်ရေး အသင်းဆီ တိုင်တောရင်တောင် သက်သေမရှိရင် ဘာမှ လုပ်မရဘူးလေ…. ငါတို့ ဝန်မခံသရွေ့ ဘာပြဿနာ ရှိနိုင်မှာလဲ ဟုတ်တယ်မလား….”

“ မဆိုးဘူး… ငါတို့စမ်းကြည့်လို့ရတယ်…” မာတင်လည်း မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားခဲ့၏။

………………..

စားသောက်ဆိုင်၏ တစ်ဘက်ခြမ်းတွင်တော့ ခုံနေရာလွတ် စောင့်ဆိုင်းနေကြသည့် လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်တို့မှာလည်း လင်းရီ ချိန်တုန်းကျယ်တို့နှင့် စကားများနေသည်ကို မြင်တွေ့လိုက်ရလေသည်။

သို့သော်လည်း နာမည်စာရင်းပေးသည့် နေ့တုန်းက နှစ်ယောက်လုံးမှာ အထူးဖိတ်ကြားခြင်း ခံရသူများဖြစ်၍ လင်းရီတို့ကြားရှိ ရန်ငြိုးရန်စများကိုတော့ မသိရှိလိုက်ချေ။

“ မြင်လား.. ငါဘာပြောထားလဲ.. သူ့ရဲ့ မောက်မာတဲ့ စရိုက်နဲ့ဆိုရင် သေချာပေါက် ရန်သူတွေကို ဆွဲဆောင်မှာပါလို့.. ငါတို့ နည်းနည်းလေးပဲ နောက်ကျလိုက်တာ သူက တခြားသူတွေနဲ့ ထိုးမယ် ကြိတ်မယ်တောင် ဖြစ်နေပြီ… တကယ်လို့ ပရိုဂရမ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့်သာမဟုတ်ရင် အဲ့ကောင် ခုချိန်လောက်ဆို ဒီကောင် အရေးပေါ်ခန်းထဲ ရောက်နေလောက်ပြီ….” ဟွမ်ယွင်ဟန်မှ ပြောလိုက်သည်။

“ အဲ့တာကတော့ သူ့ဗီဇကိုး… ငါတို့လည်း ဘာတတ်နိုင်မှာ…..”လီဂျန်းနီ ပြောလိုက်ပြီး “ ဘာပဲ ပြောပြော သူ့ကို ဒါရိုက်တာကိုယ်တိုင် ဖိတ်ကြားထားတာဆိုတော့ သေချာပေါက် စကေးတစ်ချို့တော့ ရှိမှာပဲ… မဟုတ်ရင် ခုနကလို သတင်းအချက်အလက်တွေ အများကြီးကို ဒက်ကနဲ ဒက်ကနဲ ပြောသွားနိုင်မှာ မဟုတ်ဘူး…”

“ ငါစဉ်းစားမိတာတော့ သူက အဲ့ဒီ ဒါရိုက်တာ မိန်းကလေးနဲ့ ဘာညာ ကိစ္စတွေ ရှိပြီးတော့ ဒီပရိုဂရမ်ထဲ ရောက်လာတာများလို့…မင်းကော ဘယ်လိုထင်လဲ….” ဟွမ်ယွင်ဟန် မေးမြန်းလိုက်သည်။

“ သူပြောသလိုမျိုး ဒါက TV ရှိုးတစ်ခု…. ဆိုတော့ rating က အရေးကြီးဆုံးအရာပဲလေ..” လီဂျန်းနီ ပြောဆိုနေခြင်းကို ရပ်တန့်လိုက်ပြီး “ အဲ့လိုပဲ ဖြစ်လောက်မှာပါ… ဒါပေမယ့် အဲ့တာက ငါတို့ အရေးစိုက်ရမယ့် အရာ မဟုတ်ဘူး… ငါတို့က ဒီတိုင်း အပြန်အလှန် အသုံးချနေကြတာပဲ မဟုတ်ဘူးလား…တကယ်လို့ သူက နင်ထင်သလိုမျိုး ဆိုးရွားနေတယ်ဆိုရင်လည်း လမ်းခွဲဖို့ နောက်မကျသေးပါဘူး..”

“ ဘာပဲဖြစ်ဖြစ်ကွာ... ငါတော့ အဲ့ကောင်အရိုက်ခံရရင် ဝင်ကူပေးမှာ မဟုတ်ဘူး..” ဟွမ်ယွင်ဟန် ပြောလိုက်ပြီး “ သူ ရှုပ်ထားတဲ့ ဇယားတွေကို လိုက်ရှင်းပေးဖို့ ငါ့မှာ အချိန်မရှိဘူး…”

“ ကောင်းပြီ… ဒီအကြောင်း ဆက်မပြောကြစို့… ဟိုနားမှာ ထိုင်ခုံလွတ်တယ်… သွားစားကြစို့..”

“ အင်း သွားစို့….”

ပဋိပက္ခ အသေးစားလေးမှာ လျင်မြန်စွာဖြင့် ကွယ်ပျောက်သွားခဲ့ပြီး အထဲရှိလူတိုင်းက စားရင်းသောက်ရင်းဖြင့် ကျွန်းပေါ်သို့ ရောက်ရှိပြီးနောက် ဘာတွေ ဆက်လုပ်မလဲဆိုတာကို တိုင်ပင်ဆွေးနွေးနေကြသည်။

“ အချောလေး…. နင် စားလို့ဝပြီလား.. အဆင်ပြေရင် ငါတို့ တစ်နေရာမှာ စကားကောင်းကောင်း ပြောလို့ရတယ်နော်…” လှပသည့် နိုင်ငံခြားသူလေးမှ လင်းရီကို မြှူဆွယ်ဖျားယောင်းသည့် လေသံဖြင့် အထာပေးလာခဲ့၏။

“ အင်း… ကောင်းသားပဲ…”

ကလင် ကလင် ကလင် ….

နှစ်ယောက် အတူ ထွက်ခွာတော့မည့် အချိန်တွင် လင်းရီဖုန်းသံ မြည်လာခဲ့၏။

မူလက ကျီချင်းရန်ထံမှ ဖြစ်မည်ဟု တွေးထင်ထားခဲ့သော်လည်း မျှော်လင့်မထားစွာဖြင့် ဆက်သွယ်လာသူက ရန်စီ ဖြစ်နေလေသည်။

“ နင် အားလား… ငါ့အခန်းထဲ လာခဲ့ဦး… ငါနင်နဲ့ တိုင်ပင်စရာလေးရှိလို့….”

“ အာ… ခု အရေးကြီး ကိစ္စ ဆွေးနွေးနေလို့.. နှစ်နာရီလောက်ကြာပြီးမှပဲ လာဖြစ်တော့မယ်…”

“ နင်အခု စားသောက်ဆိုင်မှာ မဟုတ်ဘူးလား..” ရန်စီ ပြောလိုက်ပြီး “ ခရစ်စတင်းက ABC TV သတင်းထောက်နော်… နင် သူနဲ့ ဘာတွေ ဆွေးနွေးစရာ ရှိလို့… “

“ အာ… မင်း မြင်နေရတယ်လား…”

“ အစောကြီးကတည်းကရင် နင့်ကို မြင်နေတာ..”

“အဲ့တာဆို နှစ်နာရီလောက် ထပ်စောင့်လိုက်ကွာ… ငါဒီ နိုင်ငံခြားသူလေးနဲ့ စကားပြောပြီးရင် လာခဲ့မယ်..”

“ အပိုတွေ မပြောနဲ့.. ခုလာ မလား မလာဘူးလား… မလာရင် နင့် ဂျိုးတိုပါစေ…”

“ သေစမ်း…. မင်း စကားအကောင်းလေး ပြောလို့မရဘူးလား…”

“ မြန်မြန်လာခဲ့… ငါ အခု အခန်း 6003မှာ… ငါနင့်ကို ပြောစရာရှိလို့..”

“ ကောင်းပြီလေ… ငါအခု လာနေပြီ..”

“ ဟင်း... အလှလေးရေ… ကိစ္စကလည်း အချိန်ကောင်းရောက်မှ ပေါ်လာတယ်… နောက်မှပဲ ဝိဉာဏ်ချင်းပေါင်းစည်းတဲ့ ယောဂကျင့်စဉ်ကို သေချာသင်ပေးတော့မယ်..”

“ အင်းပါ.. စောင့်နေမယ်နော်…”

လင်းရီ စားပွဲပေါ်မှ ထထွက်သွားခဲ့ပြီး အခန်း 6003 သို့ လျင်မြန်စွာ ရောက်ရှိလာလေသည်။

ဒေါက် ဒေါက် ဒေါက်…

မကြာမီ ရန်စီ တံခါး လာဖွင့်ပေး၏။ သူမကတော့ ယခင် အလုပ် ယူနီဖောင်းကိုသာ ဝတ်ဆင်ထားပြီး စားပွဲပေါ်တွင် တစ်ဝက် စားသောက်ထားသည့် နေလည်စာဘူးကလည်း ရှိနေလေသည်။

“ ဘာလုပ်ဖို့ ငါ့ကို ရှာနေတာ…” လင်းရီ ပြောလိုက်ပြီး “ မင်း ငါ နိုင်ငံကို ဂုဏ်ကျက်သရေ သယ်ဆောင်လာမှာကို တားဆီးချင်နေတယ်လို့တော့ လာမပြောနဲ့…”

“ ထိပ်သီးညီလာခံမှာ ပထမဆုံး တက်ရောက်နိုင်တာနဲ့တင် နိုင်ငံကို လုံလောက်တဲ့ ဂုဏ်ကျက်သရေတွေ သယ်ဆောင်လာခဲ့ပေးနိုင်လိမ့်မယ်….”

“ ဒါဆိုလည်း ဘာလုပ်ဖို့ ငါ့ကို ရှာနေတာ…”

ရန်စီ ပခုံးတွန့်လိုက်ပြီး “ တကယ်တော့ ငါလည်း ဘာဖြစ်နေမှန်း နားမလည်ဘူး… သူဌေးက ခုလေးတင် ငါ့ဆီ ဖုန်းဆက်ပြီး အားကိုးလို့ရလောက်မယ့် လူတစ်ချို့လောက်ကို အစည်းအဝေးခန်းထဲ ခေါ်လာခဲ့ပေးပါတဲ့…. ငါလည်း နင်က လွဲပြီး ကျန်တဲ့သူကို စဉ်းစားမရလို့… ဒါကြောင့်မို့ နင့်ကို ဒီခေါ်လိုက်တာ..”

“ အဲ့ ဘိုးတော်က ဘာတွေ ကြံစည်နေတာ..”

“ သိဘူးလေ… ရလဒ်ကောင်း ရအောင်လုပ်ဖို့ စီစဉ်နေတာ နေမှာပေါ့…” ရန်စီ ပြောလိုက်ပြီး “ ဘာပဲပြောပြော ငါတို့ ဟွာရှက အိမ်ရှင်လေ… တကယ်လို့မှ ပထမ မရဘူးဆိုရင် ရှက်စရာကြီး …”

“ တစ်ခုခုတော့ မူမမှန်တာတွေ ဖြစ်တော့မယ်ဆိုတာ သိသားပဲ….”

“ အဲ့တာက အရေးမကြီးပါဘူး… အဓိကက နင့်အတွက် အကျိုးရှိတယ်… အခွင့်အရေး ရရင် မယူစရာ အကြောင်း မရှိဘူး… ဟုတ်တယ်မလား…”

လင်းရီ ရန်စီကို အစုန်အဆန် စေ့စိုက်ကြည့်လိုက်ပြီး “ မှန်တယ်… အခွင့်အရေးရနေလျက်နှင့် မယူလို့ကတော့ မိုက်မဲရာကျတာပေါ့….”

“ တည်တည်ကြည်ကြည်နေစမ်း..” ရန်စီ မတ်တပ်ရပ်လိုက်ပြီး လင်းရီကို တံခါးဝသို့ တွန်းသွားကာ “ နင်က အမြဲတမ်း ပေါက်တတ်ကရလောက် လျှောက်လုပ်နေတာပဲ…”

“ ကောင်းပြီလေ….. ငါတို့ဒီည စကားကောင်းပြောကြတာပေါ့..”

ရန်စီ လင်းရီကို မျက်လုံးလှိမ့်လိုက်သည်။ သို့သော်လည်း ဘာမျှ မပြောပေ။

ရန်စီ၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်မှာ အပေါ်ထပ်ရှိ အစည်းအဝေးခန်းထဲသို့ ရောက်ရှိလာလေသည်။

အထဲတွင်တော့ ထိုင်နေသည့် လူသုံးယောက် ရှိ၏။ ဘေးနှစ်ဖက်တွင် ထိုင်နေသည့် လူငယ်များကတော့ အလွန်ဆုံး အသက်သုံးဆယ်ခန့်လောက်သာ ရှိသေးသည့် လူငယ်များသာ ဖြစ်သည်။ အလယ်တွင် ထိုင်နေသည့် လူကတော့ ၎င်း၏ ဆံပင်စတိုင်အရ သက်လတ်ပိုင်း ဖြစ်ဖို့ များလေသည်။

“ ဘေးနှစ်ဖက်မှာ ထိုင်နေတဲ့ သူတွေက ဒီရှိုးရဲ့ လက်ထောက်ဒါရိုက်တာတွေ.. သူတို့နာမည်က ကျူးရွေ့နဲ့ စွန်းလျန်…. အလယ်က တစ်ယောက်ကျတော့ ငါတို့ ဌာနရဲ့ လက်ထောက် ခေါင်းဆောင်… ဝူဝန်းရှူ….”

“ ရှောင်ရန်… သူက မင်း ရှာလာခဲ့တဲ့ လူလား..” ဝူဝန်းရှူ လင်းရီကို ထူးဆန်းဟန် ကြည့်၍မေးလိုက်သည်။

“ ဟုတ်တယ်… သူ့နာမည်က လင်းရီ… တော်တော်လေးလည်း အရည်အချင်းရှိတယ်….”

“ သူ့ ကိုယ်ကာယနဲ့ ပတ်သက်ပြီးတော့ ပြဿနာမရှိဘူးဆို‌တာ သေချာပါတယ်နော…”

All Chapters