← Chapters

မှောင်ခိုစျေးသို့

Vol. 53 Ch. 734

မှောင်ခိုစျေးသို့

Vol. 53 Ch. 734

နဂါးဘုရင်၏ခွန်အားသည် ကွေကြွယ်နှင့် တန်းတူနီးပါးဖြစ်သောကြောင့် သူက ကောင်းကင်နတ်ဆိုးတစ်ကောင်ကို သတ်ခဲ့သော်လည်း ကောင်းကင်မူလကြယ်ရှိ နှစ်ဖက်အခြေအနေက မျှခြေတစ်ခုဖြစ်နေသည်။ အကယ်၍ မီးကုန်ယမ်းကုန်တိုက်ခိုက်ကြလျှင် အနိုင်ရမည့်ဘက်ကိုပြောရန် ခက်ခဲသောကြောင့် ကောင်းကင်နတ်ဆိုးများ မည်မျှကျိန်ဆဲနေပါစေ၊ နဂါးဘုရင်တို့က တျန်းယွမ်မြို့အတွင်းမှ လုံးဝထွက်မလာခဲ့ပေ။ သူ့အတွက် နတ်ဆိုးယာဥ်ဖြင့် လုပ်စရာများစွာရှိနေသောကြောင့် ၎င်းကသာ ပထမဦးစားပေးဖြစ်သည်။

"အစ်ကိုကြီး ဒါက ဘာလဲ"

နင်အာသည် ယာဥ်ပေါ်ရှိ တစ်နေရာမှ အမည်မသိအရာပေါ်တွင် ရေးထားသော မြေပုံတစ်ချပ်ကို တွေ့လိုက်၏။ ၎င်းတွင် အစက်အပြောက်များပါဝင်ပြီး လမ်းကြောင်းများ ရှုပ်ယှက်ခတ်နေသည်။

"ဒါက ငါတို့ရဲ့ကြယ် ဖြစ်ရမယ်။ ဒါကတော့ ကျိယွမ်ကြယ်၊ ဒီမျဥ်းကြောင်းတွေက အချင်းချင်းဆက်သွယ်ထားတဲ့ တည်နေရာပြောင်း လမ်းကြောင်းတွေ ဖြစ်ရမယ်"

ယဲ့ချန်က သေချာစွာစစ်ဆေး၍ အဖြေပေးလိုက်သည်။ သူ၏စကားကို ကြားသောအခါ နတ်အစေခံများ၏အာရုံက ထိုမြေပုံထံ ကျရောက်လာခဲ့သည်။

"အနက်ရောင်ကြယ်တွေက ဘာတွေလဲ။ အဖြူရောင်ကြယ်တွေကရော ဘာကို ကိုယ်စားပြုတာလဲ။ အနီရောင်အပိုင်းကရော ဘာများလဲ"

နင်အာက မြေပုံပေါ်ရှိ အရာများကို စိတ်ဝင်တစား မေးမြန်းလိုက်သည်။

"အနီရောင်အပိုင်းက သွေးပြည်ထောင်ဖြစ်ပြီး အဖြူရောင်ကြယ်တွေက ထာဝရပြည်ထောင်ဖြစ်တယ်။ အနက်ရောင်တွေကတော့ နတ်ဆိုးဘုရင်ပြည်ထောင်ဖြစ်တယ်။ ဒီကြယ်အဖွဲ့အစည်းမှာ ပြည်ထောင်သုံးခုရှိပြီး တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်နေကြတယ်"

ထိုအချိန်တွင် ယဲ့ချန်နှင့် နင်အာရှေ့တွင် ရှင်းဟွမ် ထွက်ပေါ်လာခဲ့ပြီး သိမ်မွေ့စွာ ရှင်းပြလိုက်သည်။

"စကြဝဠာထဲမှာ တိုင်းပြည်တွေ ရှိတာလား"

လူတိုင်းက အံ့သြသွားကြသည်။

"ကျိယွမ်ကြယ်နဲ့ ဆက်သွယ်ထားတဲ့ အနက်ရောင်ကြယ်တွေက ဘာများလဲ"

ယဲ့ချန်က ရှုပ်ထွေးစွာ မေးလိုက်သည်။ သူတို့က ထာဝရပြည်ထောင်မှဖြစ်သောကြောင့် ၎င်းတို့က အဖြူရောင်ဖြစ်နေသင့်သည်။

"ဒီကြယ်တွေကို ရန်သူတွေက သိမ်းပိုက်သွားပြီ"

ရှင်းဟွမ်၏ စိတ်ဓာတ်ကျဖွယ်စကားကြောင့် သူက ကျိယွမ်ကြယ်မှ ကျင့်ကြံသူများအား ထိုကြယ်များနှင့်ဆက်သွယ်နေသော တည်​နေရာပြောင်းအစီအရင်များကို ဆက်လက်မပြုပြင်ရန် တားမြစ်ရပေလိမ့်မည်။ ကျိယွမ်ကြယ်က ဤကြယ်အဖွဲ့အစည်းတွင် အဓိကကျပြီး အနည်းဆုံး ကြယ်ဆယ်လုံးကျော်ဖြင့် ဆက်သွယ်ထားကာ ၎င်းတို့က ကြယ်ပေါင်းရာချီဖြင့် ထပ်မံဆက်သွယ်ထားသည်။ ၎င်းတို့က အဖြူရောင်ဖြစ်သင့်သော်လည်း အများစုက အနက်ရောင်များဖြစ်နေကြသောကြောင့် ကောင်းကင်နတ်ဆိုးများလက်ထဲ ကျရောက်သွားသည့် အချက်သာရှိသည်။ ထိုကြယ်များပေါ်တွင် ဘီလီယံချီသော အသက်များရှိခဲ့သော်လည်း လက်ရှိတွင် ကွယ်ပျောက်သွားမည်ဖြစ်သည်။ အကြောင်းမှာ နတ်ဆိုးများက အားနည်းသူများကိုဝါးမျို၍ သန်မာသူများကို နတ်ဆိုးမျိုးစေ့ချကာ ကောင်းကင်နတ်ဆိုးများအဖြစ် ပြောင်းလဲပစ်လိုက်သောကြောင့်ပင်ဖြစ်သည်။ အနက်ရောင်အပိုင်းက ကောင်းကင်မူလကြယ်အနား နီးကပ်နေသောကြောင့် ယဲ့ချန်၏စိတ်ထဲတွင် စိုးရိမ်စိတ်များ ဖြစ်လာသည်။ ဤကြယ်က မလုံခြုံတော့သဖြင့် သူ၏မျိုးနွယ်ဝင်များကို ကာကွယ်ရပေလိမ့်မည်။ အကယ်၍ သူသာ ကောင်းကင်မူလကြယ်မှ ထွက်ခွာသွားလျှင် အပြောကျယ်လှသော စကြဝဠာအတွင်း လုံခြုံသောနေရာရှိမရှိက မေးခွန်းတစ်ခုဖြစ်နေခဲ့သည်။ ကျိယွမ်ကြယ်ကလည်း မလုံခြုံနိုင်သောကြောင့် သူတတ်နိုင်သည်မှာ ကောင်းကင်မူလကြယ်ကို ကာကွယ်ရန်သာဖြစ်သည်။ သို့မဟုတ်လျှင် သူ၏မျိုးနွယ်ဝင်များနှင့် ချစ်ခင်ရသူများက ရန်သူများလက်ထဲတွင် ဆိုးရွားစွာ အဆုံးသတ်သွားနိုင်သည်။

"ဒီယာဥ်နဲ့ဆိုရင် မင်းတို့က ဒီအပိုင်းကို သွားနိုင်တယ်"

ရှင်းဟွမ်က ကြယ်အဖွဲ့အစည်း၏အတွင်းပိုင်းရှိ ၊ကောင်းကင်မူလကြယ်ထက် ပို၍လုံခြုံသော အဖြူရောင်အပိုင်းကို ညွှန်ပြလိုက်သည်။ သူမက ပွင့်လင်းစွာမပြောခဲ့သော်လည်း ယဲ့ချန်နှင့် အခြားကျင့်ကြံသူများ ထွက်သွားချင်လျှင် ထိုနေရာက လုံခြုံစိတ်ချရကြောင်း ရည်ရွယ်ခြင်းဖြစ်သည်။

"ဒီယာဥ်က ကြယ်အဖွဲ့အစည်းထဲမှာ ခရီးသွားဖို့အတွက် ပြဿနာမရှိဘူး။ တကယ်လို့ မင်းတို့က ဒီကြယ်အဖွဲ့အစည်းကနေ ထွက်သွားချင်ရင်တော့ ပိုခက်ခဲလိမ့်မယ်။ ကြယ်အဖွဲ့အစည်းနှစ်ခုကြားမှာ အရမ်းအန္တရာယ်များပြီး ကြယ်သခင်တွေတောင် ပေါ့ပေါ့ဆဆသွားလို့ မဖြစ်ဘူး"

သူမက သတိပေးလိုက်ပြန်သည်။ ကောင်းကင်မူလကြယ်မှ ထွက်သွားလျှင်လည်း အလုံးစုံလုံခြုံသော နေရာမျိုးမရှိနိုင်ဘဲ ကောင်းကင်နတ်ဆိုးများနှင့် ထပ်မံတိုက်ခိုက်ရမည်ဖြစ်သောကြောင့် ယဲ့ချန်က စိတ်ပိုင်းဖြတ်လိုက်သည်။ လက်ရှိတွင် ကောင်းကင်မူလကြယ်ကို ရန်သူများက အာရုံမစိုက်သောကြောင့် အလောတကြီးထွက်ခွာသွားရန် မလိုအပ်ပေ။ ကျောက်စိမ်းနန်းတော်အတွင်းရှိ မရေမတွက်နိုင်သော ရတနာများက သူတို့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်နိုင်သည်။

"ကောင်းကင်မူလကြယ်အတွက် တိုက်ခိုက်ပေးဖို့ ကျင့်ကြံသူတွေကို ဘယ်လိုငှားလို့ရမလဲ"

သူက ရှင်းဟွမ်ကို မေးလိုက်သည်။ ကောင်းကင်မူလကြယ်၏ခွန်အားက ပထမဦးစားပေးဖြစ်ပြီး ရင်ယွမ်ကြယ်၏လုပ်ရပ်ကြောင့် ရှင်းဟွမ်များလည်း မစည်းလုံးကြောင်း သူက နားလည်ထားသည်။ ထို့ကြောင့် ကောင်းကင်မူလကြယ်ကို အခွင့်ကောင်းယူချင်သော အပြင်လူများရန်မှလည်း ကာကွယ်ရပေလိမ့်မည်။ သူ၏စကားအရ ကောင်းကင်မူလကြယ်မှ ထွက်ခွာသွားမည့်ပုံမပေါ်သောကြောင့် ရှင်းဟွမ်က လေးနက်စွာ စိုက်ကြည့်လာခဲ့သည်။

"ဒီနေရာမှာ မှောင်ခိုစျေးတစ်ခု ရှိတယ်။ ထာဝရပြည်ထောင်ရဲ့ ဖျက်ဆီးခံလိုက်ရတဲ့ ကြယ်တွေက ကျင့်ကြံသူအချို့ဟာ အိမ်ခြေရာမဲ့တွေ ဖြစ်လာကြတယ်။ သူတို့ကို ငှားရမ်းနိုင်ပေမယ့် ကုန်ကျစရိတ် ကြီးမားလိမ့်မယ်။ ထာဝရပြည်ထောင်ရဲ့ အဓိကငွေကြေးက ကြယ်ရတနာတွေဖြစ်ပေမယ့် ငါတို့မှာ ဆည်းဆာရွှေ၊ မိစ္ဆာရွှေနဲ့ ခရမ်းရောင်ရွှေတွေသာ အများကြီးရှိတယ်။ ချမ်းသာတဲ့ကြယ်တွေက နတ်အစေခံတွေ အများကြီးငှားရမ်းနိုင်ပေမယ့် ငါတို့ကြယ်က အရမ်းဆင်းရဲနေတယ်"

ရှင်းဟွမ်က မြေပုံပေါ်ရှိ တစ်နေရာကို ထောက်ပြလိုက်သည်။ ကောင်းကင်မူလကြယ်တွင် တန်ဖိုးအရှိဆုံးအရာမှာ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးဖြစ်သော်လည်း ၎င်းကို လူသိရှင်ကြားရောင်းချမရပေ။ ၎င်းက မလိုလားအပ်သော အန္တရာယ်များကို ဖိတ်ခေါ်နိုင်သဖြင့် သူတို့အတွက် ပိုမိုကြီးမားသော ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရနိုင်သည်။

"မှောင်ခိုစျေး"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သည်။

"နတ်အစေခံအဆင့်နဲ့အထက် ကျင့်ကြံသူတွေသာ အဲ့ဒီကို သွားခွင့်ရှိတယ်။ မှောင်ခိုစျေးမှာ ရတနာတွေရောင်းဝယ်နိုင်ပေမယ့် လမ်းတလျှောက် အန္တရာယ်များလွန်းတယ်။ ကောင်းကင်နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရတာလည်း ဖြစ်နိုင်တယ်"

ရှင်းဟွမ်က သတိပေးလိုက်သည်။

"မှောင်ခိုစျေးကိုရောက်ရင်တောင် ငါတို့ ဘာလုပ်နိုင်မှာလဲ။ ငါတို့မှာ ကျင့်ကြံသူတွေ ငှားရမ်းဖို့အတွက် ပိုက်ဆံမရှိဘူးလေ"

နတ်အစေခံများက စိတ်ထဲမှ ခါးသက်သက် ရယ်မောလိုက်မိကြသည်။ သူတို့၏အမြင်အရ ကောင်းကင်မူလကြယ်တွင် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးမှလွဲလျှင် ရတနာများ မရှိပေ။ သို့သော် ၎င်းကလည်း ဖုံးကွယ်ထားရမည့် ရတနာဖြစ်နေခဲ့သည်။

"ငါ့ကို သွားခွင့်ပေး"

နတ်မြေခွေးဘုရင်မက ပြတ်ပြတ်သားသားဆုံးဖြတ်၍ တစ်ချက်လောက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူမက ပုံရိပ်ယောင်ပညာကို အသုံးပြုနိုင်သောကြောင့် ရှင်သန်နိုင်စွမ်းတွင် အခြားနတ်အစေခံများထက် ပို၍သန်မာသည်။ စစ်ဧကရာဇ်များသာ သွားခွင့်ရှိလျှင် ယဲ့ချန်ကလည်း တုံ့ဆိုင်းခြင်းမရှိ လိုက်ပါသွားပေလိမ့်မည်။

"လက်ရှိမှာ မှောင်ခိုစျေးက ဘယ်လိုဖြစ်နေမယ်ဆိုတာကို ငါ မသိဘူး။ တစ်ချက်လောက်တော့ သွားကြည့်သင့်ပါတယ်"

ရှင်းဟွမ်က သဘောတူလိုက်သည်။ ထိုအကြောင်းကို ကြားသောအခါ နဂါးဘုရင်က တိတ်ဆိတ်သွားခဲ့ပြီး သူနှင့် နတ်မြေခွေးဘုရင်မကြားတွင် ဆက်ဆံရေးတစ်ခုရှိနိုင်ကြောင်း ယဲ့ချန်က ရိုးတိုးရိပ်တိတ် သတိပြုမိလိုက်သည်။ နဂါးဘုရင်၏ဇနီးသည်က ထန်းယွမ်ကိုမွေးဖွားပြီး ကွယ်လွန်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ နတ်မြေခွေးဘုရင်မအတွက် မှောင်ခိုစျေးခရီးက အလွန်အန္တရာယ်များပြီး ပြန်မလာနိုင်ခြင်းဖြစ်နိုင်သော်လည်း နဂါးဘုရင်က တစ်ခွန်းမှမပြောခဲ့ပေ။ ထို့နောက် သူမက ဆည်းဆာရွှေ၊ မိစ္ဆာရွှေနှင့် ခရမ်းရောင်ရွှေများစွာကို သယ်ဆောင်၍ ယာဥ်အတွင်းဝင်ရောက်ကာ အာသာခရီးသွားခြင်းကို အသက်သွင်း၍ ကောင်းကင်မူလကြယ်၏ကောင်းကင်၌ ပျောက်ကွယ်သွားခဲ့သည်။

ရှေးဟောင်းတျန်းယွမ်မြို့အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ကွေကြွယ်တို့နတ်ဆိုးတစ်စုမှာ သူတို့၏ယာဥ်က လေဟာနယ်ကို ဖွင့်လှစ်၍ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရ၏။ သူတို့က ဒေါသထွက်လွန်းသဖြင့် မျက်လုံးများ နီရဲလာကြသည်။ သူတို့၏ယာဥ်က လုယူခံလိုက်ရရုံသာမက တစ်ဖက်လူက ကောင်းမွန်စွာ အသုံးချနိုင်နေခဲ့သည်။ သို့သော်လည်း သူတို့အတွက် တျန်းယွမ်မြို့ကို တိုက်ခိုက်ရန်နှင့် ယာဥ်ကိုတားမြစ်ရန်က မဖြစ်နိုင်သောကြောင့် လက်မှိုင်ချနေရသည်။ အာကာသခရီးသွားခြင်းကို အသက်သွင်းထားသော ယာဥ်၏အမြန်နှုန်းကို နတ်အစေခံများ လိုက်မမီချေ။ ထို့ကြောင့် သူတို့က ကောင်းကင်မူလကြယ်၏တိုက်ကြီးများတွင် နေထိုင်ရန်သာ တတ်နိုင်သည်။ ထို့အပြင် နဂါးဘုရင်က သူတို့ကို အလစ်ချောင်းလုပ်ကြံ၍ တစ်ယောက်ချင်း အမှည့်ချွေမည့်ရန်ကလည်း ရှိနေသည်။

ဤအချင်းအရာများ ဖြစ်ပျက်ပြီးနောက် တျန်းယွမ်မြို့တော်က တည်ငြိမ်အေးချမ်းသွားကာ သစ်သားစိမ်းဘုရင်၊ ဘုရင်ဝမ်နှင့် ဘုရင်ဖန်တို့က ကျိယွမ်ကြယ်သို့ ထွက်ခွာသွားကာ ကျန်နတ်အစေခံများသာ ကြယ်ကိုစောင့်ကြပ်ရန် ကျန်ရစ်ခဲ့သည်။ ကောင်းကင်မူလကြယ်၏အင်အားက မလုံလောက်သော်လည်း ရှင်းဟွမ်၏အမိန့် ဖြစ်နေသောကြောင့် နဂါးဘုရင်က သဘောမတူလိုသော်လည်း မဆန့်ကျင်နိုင်ပေ။ နတ်အစေခံသုံးယောက်အပြင် လူသားများနှင့် သားရဲများကိုလည်း ရှင်းဟွမ်က ကျိယွမ်ကြယ်သို့ ပို့ဆောင်လိုက်သောအခါ သူက စိတ်ရှုပ်သွားခဲ့သည်။ အလေးအနက်စဥ်းစားပြီးနောက် ရှင်းဟွမ်များကြားတွင် ကျိယွမ်ကြယ်၏ရှင်းဟွမ်က အဆင့်အတန်းအလွန်မြင့်သောကြောင့် ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်က ကာကွယ်နေခြင်းဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ ဤရှင်းဟွမ်နှစ်ယောက်က အချင်းချင်းထောက်ပံ့ပေးနေပြီး ကိုင်းကျွန်းမီကျွန်းကိုင်းမီ သဘောတရားကို နားလည်လိုက်သောအခါ သူက များစွာဆန့်ကျင်မနေတော့ပေ။

ယဲ့ချန်က စစ်ဧကရာဇ်နန်းတော်အတွင်းပိုင်းတွင် စန္ဒကူးနီမီးဖိုအတွင်း ဆက်လက်ကျင့်ကြံနေပြီး ဆေးစွမ်းအင်များက သူ၏ခန္ဓာကိုယ်အတွင်း ပေါင်းစပ်နေခဲ့သည်။ နဂါးဘုရင်ထောက်ပံ့ပေးသော ဆေးပင်များအပြင် ယဲ့ချန်က အပြည့်အဝအသွင်မပြောင်းရသေးသော ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးများကိုလည်း မီးဖိုအတွင်း ပေါင်းစပ်လိုက်၏။ နင်အာသည်လည်း မီးဖိုဘေးတွင် စောင့်ကြပ်၍ ကျင့်ကြံခြင်းတွင် အာရုံစိုက်နေခဲ့သည်။ ပုံရိပ်ယောင်ပုလဲက သူမကို လှည့်ပတ်ပျံသန်းနေရင်း ခန္ဓာကိုယ်ထက်သို့ အဖြူရောင်အလင်းများ ဖြာကျစေခဲ့သည်။ ၎င်းအလင်းများကြောင့် သူမ၏ ပြစ်မျိုးမှဲ့မထင်လှပသော မျက်နှာလေးထက်တွင် မြင့်မြတ်မှုတို့ ထင်ဟပ်နေသည်။

ကျိယွမ်ကြယ်မှ ယဲ့ချန်တစ်ယောက်ကလည်း ထန်တိုက်လင်နှင့် တန်းအာကို စောင့်ရှောက်ရန် ပြန်ရောက်လာခဲ့ပြီး ကြယ်ခန်းမတပည့်များနှင့် ယဲ့မျိုးနွယ်ဝင်များကို ကျင့်ကြံခြင်း၌ ကူညီပေးနေခဲ့သည်။ အန္တရာယ်ပတ်လည်ဝိုင်းနေသော ကောင်းကင်မူလကြယ်တွင် လူတိုင်းက သန်မာလာရန်အတွက် ကြိုးကြိုးစားစားကျင့်ကြံနေကြပြီး ကပ်ဘေးကို အနိုင်ယူကျော်ဖြတ်ရန် စိတ်အားထက်သန်နေကြလေသည်။

All Chapters