← Chapters

နတ်သစ်သီးများဖြင့် ကျင့်ကြံခြင်း

Vol. 53 Ch. 735

နတ်သစ်သီးများဖြင့် ကျင့်ကြံခြင်း

Vol. 53 Ch. 735

ယဲ့ချန်ကျင့်ကြံနေစဥ် နဂါးဘုရင်က ဝိညာဥ်အသိစိတ်ဖြင့် မကြာမကြာလာရောက် စစ်ဆေးတတ်သည်။ အလေးချိန်တန်ချီသော ဆေးပင်များကို စန္ဒကူးနီမီးဖိုအတွင်း လောင်ကျွမ်းစေ၍ ယဲ့ချန်ကျင့်ကြံရန်အတွက် သန့်စင်သော ချီများအဖြစ် ပြောင်းလဲပေးခဲ့သောကြောင့် ကြယ်တစ်ခုလုံးရှိ ဆေးပင်များက သူတစ်ယောက်တည်းအတွက် ဖြစ်ပေသည်။ သူက မီးဖိုအတွင်း ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးများ ရှိနေသည်ကို မသိသောကြောင့် ဆေးပင်များ ထပ်မံပေါင်းစပ်ကာ ယဲ့ချန်ကို စစ်ဧကရာဇ်အဆင့်တစ်ဆယ်သို့ အမြန်ဆုံးရောက်စေရန် ကူညီပေးခဲ့သည်။ နတ်အစေခံအဆင့်သို့ ရောက်ရန်မှာမူ ယဲ့ချန်၏ပါရမီနှင့် သက်ဆိုင်ပေသည်။

သို့သော်လည်း ရက်ပေါင်းများစွာကျော်လွန်၍ ဆေးပင်များစွာ ကုန်ခမ်းသွားသော်လည်း ယဲ့ချန်က အဆင့်ခြောက်၌သာ တစ်ဆို့နေပြီး ကျင့်ကြံနှုန်း အလွန်နှေးကွေးနေသောကြောင့် နဂါးဘုရင်၏နှလုံးကို သွေးယိုစေခဲ့သည်။ ဤမျှများပြားသော ဆေးပင်များနှင့် စန္ဒကူးနီမီးဖို၏ထောက်ပံ့မှုဖြင့်ဆိုလျှင် သာမန်ပါရမီရှင်တစ်ယောက်ပင် အဆင့်တစ်ဆယ်သို့ရောက်ရန် လွယ်ကူပြီး နင်အာနှင့် ထန်တိုက်လင်ဆိုလျှင် နတ်အစေခံအဆင့်သို့ပင် ချိုးဖျက်နိုင်ပေလိမ့်မည်။ သို့သော်လည်း ယဲ့ချန်က အဆုံးမဲ့တွင်းနက်ကြီးပမာ ဆေးပင်များကိုစုပ်ယူပြီး လက်ရှိအဆင့်၌သာ ပိတ်မိနေသဖြင့် လက်ရှိဆေးပင်ပမာဏ၏လေးငါးဆမက လိုအပ်နေပုံပေါ်သည်။ လက်ရှိအခြေအနေအရ ကောင်းကင်မူလကြယ်တွင် ဆေးပင်များကုန်ခမ်းသွားကာ နောက်တစ်သုတ်ရရန်အတွက် စောင့်ဆိုင်းနေရသည်။ အကယ်၌ ၎င်းတို့ကိုပါ ယဲ့ချန်အတွက် အသုံးပြုလိုက်လျှင် မေးခွန်းထုတ်စရာ ဖြစ်လာနိုင်သောကြောင့် နဂါးဘုရင်က အကျပ်ရိုက်နေသည်။ နတ်ဆိုးယာဥ်ဖြင့် မှောင်ခိုစျေးသို့ထွက်ခွာသွားသော နတ်မြေခွေးဘုရင်မမှလွဲလျှင် ယဲ့ချန်က ကြယ်၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သောကြောင့် အဆင့်တက်ရန်အတွက် မျှော်လင့်နေရုံသာ တတ်နိုင်သည်။

ယဲ့ချန်ကမူ နဂါးဘုရင်အကျပ်ရိုက်နေသည်ကို သတိမထားမိဘဲ ကျင့်ကြံခြင်းတွင် အာရုံစိုက်၍ နတ်သစ်သီးများကို သန့်စင်နေသည်။ ရက်အနည်းငယ်ကြာသောအခါ သူက ၎င်းတို့၏အာနိသင်ကို ခန္ဓာကိုယ်အတွင်းစုပ်ယူနိုင်ခဲ့ပြီး ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးထံ စိမ့်ဝင်စေခဲ့သည်။ ဒဏ္ဍာရီများအရ နတ်သစ်သီးများဖြင့် ကျင့်ကြံခြင်းက ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို အသက်သွင်းနိုင်သော်လည်း ဆေးစွမ်းအင်များက ပင်လယ်အတွင်း ပစ်ချလိုက်သော ကျောက်ခဲကဲ့သို့ ပျောက်ကွယ်နေသည်။ ကြယ်ကိုးလုံးက ပုံမှန်အတိုင်း လည်ပတ်နေကာ မပြောင်းလဲသောကြောင့် သူက မျက်မှောင်ကြုတ်လိုက်သည်။ ယေဘူယျသဘော​ပြောရလျှင် သူက နတ်သစ်သီးများစွာကို စုပ်ယူခဲ့သဖြင့် တုံ့ပြန်မှု ကြီးကြီးမားမား ဖြစ်ပေါ်လာရပေလိမ့်မည်။ သို့သော် ထိုအချိန်မှာပင် ဆေးစွမ်းအင်များက ဒန်တန်၏နေရာတိုင်းမှ ရေလှိုင်းကြီးများပမာ ထွက်ပေါ်လာ၍ ကြယ်ကိုးလုံးထံ စီးဝင်သွားကာ ပို၍ကြီးမားလာစေခဲ့သည်။

"ဝုန်း"

ဒန်တန်က ပေါက်ကွဲတော့မည်ကဲ့သို့ ခံစားနေရပြီး ယခင်က သူစုပ်ယူဖူးသည့် နတ်သစ်သီးများ၏စွမ်းအင်က ဒန်တန်အတွင်း ပုန်းကွယ်နေရာမှ အပြည့်အဝထွက်ပေါ်လာပြီဖြစ်သည်။ သူက နောက်ထပ်နတ်သစ်သီးများကို ထပ်မံစုပ်ယူလိုက်သောအခါ နောက်ဆုံးတွင် စွမ်းအင်များ ထွက်ပေါ်လာကာ ဒန်တန်တစ်ခုလုံး ပြည့်နှက်သွားပြီး ခန္ဓာကိုယ်က ပေါက်ကွဲလုနီးပါး ဖောင်းကားလာသည်။ နဂါးဘုရင်သည် မီးဖိုအတွင်း မရေမတွက်နိုင်သော ဆေးပင်များပေါင်းစပ်ပေးခဲ့ပြီး ကြယ်ကိုးလုံးက စုပ်ယူခဲ့သော်လည်း တုံ့ပြန်မှုများစွာမရှိပေ။ သို့သော် နတ်သစ်သီးအချို့က ထိုဆေးပင်အားလုံး၏အာနိသင်ထက် သာလွန်နေသဖြင့် စကြဝဠာ၏အစမှ တည်ရှိခဲ့သော ဒဏ္ဍာရီလာရတနာ ဖြစ်ထိုက်ပေသည်။ ယဲ့ချန်က အဆင့်တစ်ဆင့်မြင့်တက်လာတိုင်း သာမန်ကျင့်ကြံသူများနှင့်ကွဲပြားပြီး အဆင့်တက်ရန်ခက်ခဲကာ ကြယ်ကိုးလုံးက မည်မျှဖြည့်တင်းပါစေ၊ မပြည့်နိုင်သော ခွက်ကြီးများသဖွယ်ဖြစ်သည်။ ဆေးပင်များ၏အာနိသင်က ပင်လယ်အတွင်းကျလာသော ရွှံ့ပမာ ပျောက်ကွယ်သွားသော်လည်း နတ်သစ်သီးများကမူ ဒန်တန်ကို လှုပ်ခတ်စေခဲ့သည်။

စွမ်းအင်များက ဒန်တန်ကိုဗဟိုပြု၍ တစ်ကိုယ်လုံးသို့ လည်ပတ်သွားကာ စမှတ်သို့ ပြန်လည်စီးဆင်းနေကြသည်။ ဤစက်ဝန်းက ရုပ်ခန္ဓာကိုသန်မာစေပြီး ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို စတင်အသက်ဝင်လာစေသည်။ ကိုယ်တွင်းရှိ သွေးကြောဆုံချက်များတွင် စွမ်းအင်ဝဲများဖြစ်ပေါ်နေကာ ကြွက်သားတိုင်းကို သန်မာလာစေသည်။ နတ်သစ်သီးစွမ်းအင်ဖြင့် သန့်စင်ခံလိုက်ရသော ဆဲလ်တိုင်းက အသစ်ဖြစ်တည်လာသကဲ့သို့ သန့်စင်နေကာ သလင်းကျောက်ပမာ စင်ကြယ်လာကြသည်။ ဤဖြစ်စဥ်အတွင်း သန့်စင်ခံလိုက်ရသော ခန္ဓာကိုယ်က ကြေးညိုရောင်တောက်ပလာကာ အညစ်အကြေးများ ကင်းစင်သွားသောအခါ ဆေးစွမ်းအင်များက အရိုး၊ အရေနှင့် ဆဲလ်တိုင်းကို အားဖြည့်ပေးခဲ့ကြသည်။ အရိုးများက အသစ်ပြန်လည်ဖြစ်တည်လာပြီး သိပ်သည်းဆမြင့်လာသဖြင့် အလွန်မာကျောလာကြသည်။

ဆေးစွမ်းအင်များကို စုပ်ယူနေစဥ် တစ်စိတ်တပိုင်းက ကျောဘက်ရှိ ဆေးမင်ထံ စီးဝင်သွားကြောင်း ယဲ့ချန်က သတိထားမိလိုက်သဖြင့် ခြင်္သေ့ကြီးက စုပ်ယူနေခြင်းဖြစ်နိုင်သည်။ နောက်ဆုံးတွင် ၎င်းတို့ကအား ပျော့သွားကာ ဒန်တန်နှင့် ဆေးမင်၏ အပြည့်အဝစုပ်ယူခြင်းခံလိုက်ရပြီး ကျောတွင် ခရမ်းရောင်မီးတောက်တစ်ခု ဖြစ်ပေါ်လာသည်။ ကျယ်လောင်သော မြည်သံနှင့်အတူ အစွမ်းထက်အရှိန်အဝါတစ်ခုက သူ၏ကိုယ်တွင်းမှ ထွက်ပေါ်လာကာ ခရမ်းရောင်မီးတောက်က တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့သည်။

"ဆရာခြင်္သေ့က တကယ်ပဲ စစ်ဧကရာဇ်အဆင့် ဟုတ်ပါ့မလား။ ဒီခရမ်းရောင်မီးတောက်ရဲ့ အရှိန်အဝါမှာ ဘာကြောင့် နတ်သစ်သီးအငွေ့အသက်တွေ ပါဝင်နေတာလဲ။ ဆရာရဲ့ မျိုးဆက်သွေးက ထူးခြားနေတာလား"

ယဲ့ချန်၏စိတ်အတွင်း အတွေးများစွာ ဖြစ်ပေါ်လာကာ အရာရာတိုင်းက အညိုရောင်အဘိုးအိုနှင့် ဆက်စပ်နေပုံပေါ်သည်။ ကျောက်စိမ်းနန်းတော် ၊ဓားပျံနှင့် ကောင်းကင်ကြယ်တာရာတံဆိပ်နှစ်ခုကြားတွင် ဆက်နွယ်မှုများ ရှိနေခဲ့သည်။ အညိုရောင်အဘိုးအိုက နတ်အစေခံမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးခဲ့သော်လည်း ခြင်္သေ့ကြီးကို ချုပ်လှောင်ရုံသာ အပြစ်ပေးခဲ့ခြင်းတွင် အကြောင်းပြချက်တစ်ခု ရှိပေလိမ့်မည်။ ထို့နောက် သူ၏ကျင့်ကြံဆင့်အတားအဆီးက ပေါက်ကွဲသွားကာ စစ်ဧကရာဇ်အဆင့်ခုနစ်သို့ တက်ရောက်သွားခဲ့သည်။ သူ၏ရုပ်ခန္ဓာက အလွန်သန်မာလာပြီး အပေါ်ယံတွင် ပြောင်းလဲမှုများစွာမရှိသော်လည်း လက်တစ်ချက်ယမ်းရုံနှင့် ကြောက်မက်ဖွယ်ခွန်အားများ ထွက်ပေါ်လာနိုင်ကြောင်း သူက ခံစားနေရသည်။ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးက သူ၏ရုပ်ခန္ဓာကို ပြောင်းလဲပေးခဲ့ပြီး လက်မောင်းနှစ်ဖက်တွင် ကြေးညိုရောင်တောက်ပနေကာ မပျက်စီးနိုင်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေသည်။ သူက လက်သီးတစ်ချက် ထိုးလိုက်သောအခါ လေထုက ရွှီးခနဲကွဲထွက်သွား၍ မီးဖိုကြီးတစ်ခုလုံး တုန်ခါသွားခဲ့သည်။

"အစွမ်းထက်တယ်။ ဒါက ဒဏ္ဍာရီလာ နတ်ခန္ဓာများလား"

ယဲ့ချန်က သူ၏ခွန်အားကို စမ်းသပ်နေစဥ် စစ်ဧကရာဇ်နန်းတော်အတွင်း ကျင့်ကြံနေသည့် နဂါးဘုရင်၏မျက်လုံးများ ပွင့်လာခဲ့သည်။ သူက မီးဖိုအတွင်းမှ သန်မာသောအရှိန်အဝါကို အာရုံခံမိသဖြင့် ဝိညာဥ်အသိစိတ်ဖြင့် ချက်ချင်းစစ်ဆေးလို​က်သည်။ ယဲ့ချန်၏ကျင့်ကြံနှုန်းက အလွန်နှေးပြီး စစ်ဧကရာဇ်အဆင့်ခုနစ်သာဖြစ်သော်လည်း အရှိန်အဝါက အဆင့်တစ်ဆယ်အောက် မနိမ့်သောအခါ သူ့ကို နားမလည်နိုင် ဖြစ်သွားစေခဲ့သည်။ ထို့အပြင် အရှိန်အဝါက ထူးဆန်းနေပြီး ရှေးခေတ်ဟောင်းမှ အငွေ့အသက်မျိုးထွက်ပေါ်နေကာ နတ်သစ်သီး၏အရှိန်အဝါနှင့် ဆင်တူနေသည်။ ယဲ့ချန်သည် ကျိယွမ်ကြယ်၏ရှင်းဟွမ်ကို ကူညီခဲ့သောကြောင့် နတ်သစ်သီးများ ရရှိလာခြင်းဖြစ်သည်ဟု သူက သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူက ညာလက်ဝါးပေါ်တွင် တစ်စိတ်တပိုင်း အသက်ဝင်နေပြီဖြစ်သော နတ်သစ်သီးတစ်လုံးကို ထွက်ပေါ်လာစေသည်။

"ဒီအရာကို သန့်စင်လိုက်ရင် ငါရော နတ်ခန္ဓာ ပိုင်ဆိုင်လာနိုင်မလား"

အကယ်၍ ဒဏ္ဍာရီလာနတ်ခန္ဓာကို ကျင့်ကြံနိုင်လျှင် ရန်သူများကို တိုက်ခိုက်ရာ၌ အကျိုးရှိနိုင်သောကြောင့် နဂါးဘုရင်က ခပ်တိုးတိုး ရေရွတ်လို​က်သည်။ သစ်သားစိမ်းဘုရင်၊ နတ်မြေခွေးဘုရင်မနှင့် သိုင်းဘုရင်တို့က ကျိယွမ်ကြယ်မှ ပြန်ရောက်လာချိန်တွင် ၎င်းကို သူမက လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ သူမ ထွက်ခွာသွားချိန်တွင် သူက မတားမြစ်ခဲ့သော်လည်း တစ်ဖက်လူ၏မေတ္တာတရားကို ရိပ်စားမိသောကြောင့် တည်ကြည်သော မျက်နှာထက်တွင် အလွမ်းအငွေ့အသက်တို့ ဖြစ်ပေါ်လာသည်။ ထို့နောက် သူက တင်ပျဥ်ခွေထိုင်၍ နတ်သစ်သီးကို အသုံးပြုကာ စတင်ကျင့်ကြံခဲ့သည်။

ထိုအချိန်၌ မီးဖိုအတွင်းရှိနေသော ယဲ့ချန်သည် မျက်မှောင်ကြုတ်၍ အတွေးနက်နေသည်။ သူ၏ရုပ်ခန္ဓာက တိုးတက်လာသော်လည်း ဒဏ္ဍာရီလာပြိုင်ဘက်ကင်းနတ်ခန္ဓာနှင့် အလှမ်းကွာဝေးနေသည်ဟု ခံစားနေရသည်။ ထိုအရာက အဆင့်တစ်မျိုးနွယ်၏ ရုပ်ခန္ဓာနှင့် ခွန်အားချင်းတူညီသောကြောင့် ဤမျှမကနိုင်ပေ။ ထို့နောက် သူ၏ခန္ဓာကိုယ်မှ စွမ်းအင်ကို ဆာလောင်စိတ် ပြင်းထန်စွာ ဖြစ်ပေါ်လာကာ ငတ်ပြတ်နေသူတစ်ယောက်ကဲ့သို့ မီးဖိုအတွင်းမှ ဆေးပင်များ၏စွမ်းအင်ကို အရူးအမူးစုပ်ယူလိုက်သည်။ ၎င်းတို့က လျင်မြန်စွာ စုပ်ယူခံလိုက်ရသော်လည်း သူ၏လိုအပ်ချက်ကို မဖြည့်ဆီးပေးနိုင်သောကြောင့် ခန္ဓာကိုယ်က ဟာလာဟင်းလင်းပမာ ဆာလောင်နေခဲ့သည်။ ထို့ကြောင့် လိုအပ်နေသည်မှာ နတ်သစ်သီးဖြစ်ရမည်ဟု သူက နားလည်လိုက်သောကြောင့် ကောင်းကင်မီးလက်မောင်းကာအတွင်းမှ နတ်သစ်သီးတစ်လုံးကို ထုတ်ယူကာ မီးဖိုအတွင်း ပစ်ထည့်လိုက်သည်။ အချိန်ခဏအကြာတွင် ၎င်းက စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရုပ်ခန္ဓာအတွင်း ပေါင်းစပ်လာခဲ့သည်။

စစ်ဧကရာဇ်အဆင့်ခုနစ်သို့ ရောက်ပြီးနောက် ယဲ့ချန်၏ဒန်တန်က ထပ်မံကျယ်ပြန့်လာသောကြောင့် နတ်သစ်သီးတစ်လုံး၏ စွမ်းအင်ကို ကြယ်များက စုပ်ယူလိုက်သောအခါ တုံ့ပြန်မှုမရှိပေ။ ၎င်းတို့က အဆုံးမဲ့တွင်းနက်များပမာ စွမ်းအင်ကို ငတ်မွတ်နေသောကြောင့် သူက နတ်သစ်သီးငါးလုံးအထိ ထပ်မံအသုံးပြုလိုက်သောအခါတွင်မှ ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာခဲ့သည်။ ကြယ်များပေါ်ရှိ ဝိညာဥ်ကောင်အရေအတွက်က များစွာတိုးပွားလာပြီး အသိဉာဏ် ပို၍မြင့်မားလာကာ ကြယ်ကိုးလုံးကြားရှိ စကြဝဠာတွင် ကျောက်စိမ်းနန်းတော်၏ ခုနစ်ထပ်ရှိ နဂါးငွေ့တန်းကဲ့သို့ အရာတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းက မြစ်တစ်စင်းပမာ ကြယ်ကိုးလုံးအကြားတွင် ရွေ့လျားနေပြီး ဝိညာဥ်ကောင်များက ၎င်းအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားကြသည်။ ယဲ့ချန်သည် ထိုနဂါးငွေ့တန်းက အစွမ်းထက်ဝိညာဥ်ကောင်တစ်ခုကို မွေးမြူနေကြောင်း ခံစားလိုက်ရလေသည်။

All Chapters