← Chapters

ထာဝရကြယ်သင်္ချိုင်း

Vol. 53 Ch. 736

ထာဝရကြယ်သင်္ချိုင်း

Vol. 53 Ch. 736

ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်က အလွန်ဆန်းကျယ်ပြီး ၎င်းကို ကျင့်ကြံခြင်းဖြင့် ဒန်တန်က စကြဝဠာကဲ့သို့ ဖြစ်လာမည်ဟု ယဲ့ချန်က ထင်မထားပေ။ သူက ကြယ်ကိုးလုံးအနက် သစ်သားကြယ်ထံ အကြည့်ရောက်သွားသောအခါ မျက်နှာပြင်ထက်တွင် သစ်သားဝိညာဥ်ကောင်များက သစ်ပင်များကဲ့သို့ ပြွတ်သိပ်နေသည်ကို တွေ့ခဲ့ရသည်။ သစ်ပင်အသွင်​ပြောင်းနေသော ဝိညာဥ်ကောင်များကြားတွင် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင်နှင့် တူညီသော အရေအတွက်အနည်းငယ်လည်း ရှိနေသည်။ ကြယ်ကိုးလုံးတိုင်း၏ ဝိညာဥ်ကောင်များက ကွဲပြားပြီး အမျိုးမျိုးသော အသက်အားများကို ပိုင်ဆိုင်ထားသည်။ နဂါးငွေ့တန်း ခေါ် ကြယ်ခါးပတ် ဖြစ်တည်လာသောအခါ သူ၏ကျင့်ကြံဆင့်က စစ်ဧကရာဇ်အဆင့်ရှစ်သို့ တက်သွားခဲ့သည်။

နတ်သစ်သီးငါးလုံးကို စုပ်ယူပြီးနောက် ယဲ့ချန်က စစ်ဧကရာဇ်အဆင့်ရှစ်သို့သာ ရောက်နိုင်ခဲ့ကြောင်း အခြားလူများသိလျှင် နှမြောလွန်းသဖြင့် ရင်ထုမနာဖြစ်ကြပေလိမ့်မည်။ နတ်သစ်သီးတစ်လုံး၏ ဆေးစွမ်းအင်က သာမန်ပါရမီရှင်တစ်ယောက်ကို နတ်အစေခံအဆင့်တစ်သို့ ရောက်စေနိုင်စွမ်းရှိသော်လည်း သူ့အတွက် မလုံလောက်ခဲ့ပေ။ သို့သော် သာမန်လူများက နတ်သစ်သီးတစ်လုံးသာ စုပ်ယူနိုင်ပြီး နှစ်လုံးဆက်တိုက် အသုံးပြုမိလျှင် ပေါက်ကွဲ၍ သေဆုံးသွားနိုင်သည်။ နတ်သစ်သီးငါးလုံး၏ ဆေးစွမ်းအင်က ယဲ့ချန်၏ဒန်တန်အတွင်း ပေါင်းစပ်သွားပြီးနောက် ၎င်းတို့၏အာနိသင်ကို အပြည့်အဝမချေဖျက်နိုင်သေးခင် နောက်ထပ်မသန့်စင်ရဲပေ။ သစ်သီးငါးလုံး၏ စွမ်းအင်ပမာဏက လုံလောက်သည်ထက် ပိုနေခဲ့ပြီး ပေါက်ကွဲသွားလျှင် အန္တရာယ်များလွန်းသောကြောင့် လုံခြုံသည်ဟု မခံစားရမချင်း နောက်ထပ်စုပ်ယူရန် မဖြစ်နိုင်ပေ။

သူ၏ခွန်အားတိုးတက်မှုက သိသာထင်ရှားနေပြီး လှုပ်ရှားမှုတိုင်းတွင် ကြောက်မက်ဖွယ်အားအင် ပါဝင်နေကာ လက်သီးစွမ်းအားက သာမန်နတ်အစေခံအဆင့်တစ်အောက် မနိမ့်ကျပေ။ နတ်သစ်သီးများ၏ အကျိုးသက်ရောက်မှုက ထူးခြားသောကြောင့် ရက်အနည်းငယ်ကြာလျှင် နောက်ထပ်သန့်စင်လိုက်လျှင် နတ်အစေခံအဆင့်သို့ ချိုးဖျက်နိုင်ချေရှိသည်။ သူက နတ်အစေခံအဆင့်တစ်ဆယ်သို့ရောက်လျှင် ကျောက်စိမ်းနန်းတော်မှ ရတနာများကို ယူနိုင်ခွင့်ရှိပြီး တစ်စိတ်တပိုင်းသာဖြစ်သော်လည်း ကောင်းကင်မူလကြယ်ကို ကာကွယ်ရန် လုံလောက်သည်။ လက်ရှိတွင် ၎င်းက ငြိမ်းချမ်းနေပြီး နတ်ဆိုးယာဥ်ကိုလုယူကာ ကျွန်ပိုးကောင်အများစုက သုတ်သင်ရှင်းလင်းခံခဲ့ရသည်။ ကောင်းကင်နတ်ဆိုးရှစ်ကောင်က အပြင်တိုက်ကြီးလေးခုတွင်သာ နေထိုင်ရပြီး တန်ပြန်တိုက်ခိုက်ရန်အတွက် အခွင့်အရေးကို စောင့်နေကြသည်။ ၎င်းတို့၏ရန်မှ ကာကွယ်ရေးအတွက် ကောင်းကင်မူလတိုက်ကြီး၏ဝင်ပေါက်ကို တင်းကြပ်စွာ ပိတ်ဆို့ထားသည်။

ကောင်းကင်နတ်ဆိုးများသည် တျန်းယွမ်မြို့ကို တိုက်ခိုက်ခဲ့သော်လည်း နဂါးဘုရင်လက်ချက်ဖြင့် နောက်ပြန်ဆုတ်ခဲ့ရသည်။ နတ်သစ်သီးကို အသုံးပြုပြီးနောက် သူ၏ခွန်အားက မြင့်တက်လာကာ ကွေကြွယ်ကို ကျော်တက်သွားသောကြောင့် ရန်သူကို အလွယ်တကူ တွန်းလှန်နိုင်ခဲ့သည်။ သို့သော်လည်း သူတို့က လက်မလျှော့လိုသဖြင့် ဝိညာဥ်အသိစိတ်ဖြင့် တျန်းယွမ်မြို့ကို အချိန်တိုင်းစောင့်ကြည့်နေရာ တိုက်ခိုက်ရန်အတွက် ဟာကွက်များ ရှာဖွေလျက်ရှိသည်။ ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများက အချိန်လုကာ ကြိုးကြိုးစားစားကျင့်ကြံနေကြပြီး ရန်သူများ ထပ်မံရောက်ရှိမလာခင် ခွန်အား တိုးတက်လာချင်နေကြသည်။ နောင်နှစ်အနည်းငယ်အတွင်း အနာဂတ်က မှန်းရခက်ခဲနေသော်လည်း ကြယ်သခင်ရှိသော ရန်ယွင်မြို့ထံ မျှော်ကြည့်လိုက်တိုင်း သူတို့၏ရင်ထဲတွင် မျှော်လင့်ချက်များ ဖြစ်တည်လာကြသည်။

ယဲ့တန်းရွှမ်က လျင်လျင်မြန်မြန် ကြီးပြင်းလာနေပြီး နှစ်လသားအရွယ်မှာပင် လမ်းလျှောက်နိုင်နေပြီဖြစ်ကာ သူ၏ကစားဖော် ရေလိပ်ပြာကလည်း လျင်မြန်စွာ ကြီးထွားလာနေသည်။ နတ်အစေခံများနှင့် စစ်ဧကရာဇ်အားလုံးက သူ့ကို သားအရင်းကဲ့သို့ စောင့်ရှောက်ကြပြီး စစ်ဧကရာဇ်များစွာက သူတို့၏အိမ်တော်များကို ရန်ယွင်မြို့သို့ ပြောင်းရွှေ့လာကြသည်။ နတ်အစေခံများက ဝိညာဥ်အသိစိတ်ဖြင့် စိတ်ရှိတိုင်း စစ်ဆေးနိုင်သော်လည်း တန်းအာ၏လုံခြုံရေးအတွက် အနည်းဆုံး နတ်အစေခံနှစ်ယောက်က အချိန်တိုင်း စောင့်ရှောက်နေကြသည်။

ညနေခင်းအချိန်တွင် ဝင်လုဆဲဆဲနေရောင်က အနီရောင်သန်းနေကာ စစ်ဧကရာဇ်နန်းတော်အတွင်း၌ ရန်ယွင်မြို့ကို စောင့်ကြည့်နေသော နဂါးဘုရင်က ကြင်နာစွာ ပြုံးလိုက်သည်။ နေရောင်အောက်တွင် တန်းအာ၊ ရေလိပ်ပြာ၊ ရှောင်ရိနှင့် ဝမ်အာတို့က ပြေးလွှားကစားနေသည့် မြင်ကွင်းက အလွန်လှပသည်။ စစ်ပွဲများသာမရှိလျှင် ကောင်းကင်မူလကြယ်က အလွန်အေးချမ်းပြီး ခမ်းနားပေလိမ့်မည်။ သို့သော် လူတိုင်းက ဤငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်အတွက် ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်နေရသည်။

ရက်အနည်းငယ်အကြာတွင် ကောင်းကင်ထက်၌ နတ်ဆိုးယာဥ်က ပြန်လည်ရောက်ရှိလာကာ တျန်းယွမ်မြို့ထံ ဆင်းသက်လာခဲ့သည်။ နဂါးဘုရင်နှင့် အခြားလူများက အာရုံစိုက်လိုက်သောအခါ နတ်မြေခွေးဘုရင်မ၏ အရှိန်အဝါကို ရလိုက်ကြသည်။

"နတ်မြေခွေးဘုရင်မ ပြန်လာပြီ"

နတ်အစေခံများအားလုံး စိတ်လှုပ်ရှားနေကြပြီး နဂါးဘုရင်၏ စိုးရိမ်စိတ်များ လွင့်ပြယ်သွားခဲ့သည်။ သူမက အဝေးရှိမှောင်ခိုစျေးထံ ထွက်ခွာသွားချိန်၌ သူက မတားမြစ်ခဲ့သော်လည်း အလွန်စိတ်ပူနေခဲ့ပြီး လုံခြုံစွာ ပြန်ရောက်လာသောအခါတွင်မှ စိတ်အေးနိုင်ခဲ့သည်။ နတ်ဆိုးယာဥ်က ကောင်းကင်တွင်ရပ်တန့်၍ လှပသော နတ်မြေခွေးဘုရင်မ ထွက်ပေါ်လာသောအခါ လူတိုင်း၏ အာရုံစိုက်ရာဖြစ်ခဲ့သည်။

"ရွှယ်ယွမ် အခြေအနေ ဘယ်လိုရှိလဲ။ မင်း ဘာတွေသိခဲ့ရလဲ"

နဂါးဘုရင်၏စကားသံ ထွက်ပေါ်လာပြီး ကျန်ကျင့်ကြံသူများကလည်း တစ်ဖက်လူ၏အဖြေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။

"ငါက ကြယ်အဖွဲ့အစည်းရဲ့အလယ်မှာရှိတဲ့ မှောင်ခိုစျေးကို ရောက်ခဲ့တယ်။ ဒါက အရမ်းခမ်းနားကြီးကျယ်ပြီး အစွမ်းထက်ချပ်ဝတ်နဲ့ လက်နက်တွေကို ဝယ်နိုင်တဲ့အပြင် စစ်ဧကရာဇ်တွေနဲ့ နတ်အစေခံတွေကို ငှားရမ်းနိုင်တယ်။ အဆင့်နှစ်မျိုးနွယ်ဝင်တွေကိုတောင် ခေါ်လာလို့ရတယ်။ ဒါပေမယ့် ကောင်းကင်မူလကြယ်ရဲ့ ပိုင်ဆိုင်မှုနဲ့ဆိုရင် အများဆုံး နတ်အစေခံနှစ်ယောက်သာ ငှားနိုင်တယ်။ ဒီအရေအတွက်က ရန်သူတွေကို အနိုင်ယူဖို့ လုံးဝမလုံလောက်ဘူး"

နတ်မြေခွေးဘုရင်မက စိတ်ဓာတ်ကျနေဟန်ဖြင့် ခေါင်းယမ်းပြီး အကျိုးအကြောင်း ရှင်းပြလိုက်သည်။ မှောင်ခိုစျေးက အလွန်ကြီးမားကျယ်ဝန်းကာ ဖုံးကွယ်ထားသော ရတနာများကို စိတ်ကြိုက်ဝယ်ယူနိုင်သော်လည်း တစ်ခုခုလိုချင်လျှင် ငွေအလုံအလောက် ရှိရပေလိမ့်မည်။ ကောင်းကင်မူလကြယ်က အမှန်တကယ် ဆင်းရဲနေသောကြောင့် လူတိုင်း သက်ပြင်းချလိုက်မိသည်။ ကောင်းကင်မူလကြယ်ကို လက်ရှိအခြေအနေမှ ဆွဲထုတ်နိုင်ရန်အတွက် ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီးက သော့ချက်ဖြစ်သော်လည်း အပြင်လူများသိသွားလျှင် နောက်ထပ်ကပ်ဘေးတစ်ခုကို ဆွဲဆောင်သွားမိပေလိမ့်မည်။

"အခြားကြယ်တွေကနေ အကူအညီတောင်းခဲ့ပေမယ့် သူတို့ကိုလည်း ကောင်းကင်နတ်ဆိုးတွေ တိုက်ခိုက်နေကြတယ်။ သူတို့က အင်အားခွဲ မပေးနိုင်ဘူး။ ရင်ယွမ်ကြယ်လိုမျိုး ကြယ်အနည်းငယ်သာ ဒီစစ်ပွဲကနေ လွတ်မြောက်နေကြတယ်"

နတ်မြေခွေးဘုရင်မက ဆက်ပြောလိုက်သည်။ ကောင်းကင်မူလကြယ်အပြင် အခြားကြယ်များကလည်း ကိုယ့်အရေးနှင့်ကိုယ်ဖြစ်နေပြီး ရင်ယွမ်ကြယ်ကဲ့သို့ ကြယ်များကလည်း အောက်တန်းကျသော အကြံကိုယ်စီ ရှိနေကြသည်။ နတ်မြေခွေးဘုရင်မ ယူဆောင်လာသော သတင်းများအရ ကောင်းကင်မူလကြယ်၏ မျှော်လင့်ချက်များ ကွဲအက်ပျက်စီးသွားရသည်။

"ဒီကြယ်အဖွဲ့အစည်းက လေ့လွင်သူတွေက ထာဝရကြယ်သင်္ချိုင်းတွေထဲကို စွန့်စားဖို့ ဝင်ရောက်သွားတယ်လို့ သတင်းကြားတယ်။ အဲ့ဒီကနေ ရတနာတစ်ခုနှစ်သာ ရလာလျှင် မှောင်ခိုစျေးမှာရောင်းချပြီး ငွေအမြောက်အများ ရှာနိုင်တယ်"

သူမက အရေးကြီးသတင်းတစ်ခုကို ထုတ်ပြောလာခဲ့သည်။

"ထာဝရကြယ်သင်္ချိုင်း"

နဂါးဘုရင်က မျက်မှောင်ကြုတ်လိုက်၏။

"ထာဝရကြယ်သင်္ချိုင်းက အလွန်အန္တရာယ်များတဲ့ ရှေးဟောင်းစစ်မြေပြင်တစ်ခု ဖြစ်တယ်"

နတ်မြေခွေးဘုရင်မက ရှင်းပြလိုက်သည်။ ထိုအချိန်၌ စန္ဒကူးနီမီးဖိုအတွင်း ကျင့်ကြံနေသော ယဲ့ချန်သည်လည်း ထိုစကားဝိုင်းကို နားထောင်နေခဲ့သည်။ သူက ကြယ်သခင်ရှင်းထံမှ ထိုနေရာအကြောင်းကြားဖူးပြီး ဆည်းဆာနတ်ဓားကိုလည်း တစ်စုံတစ်ယောက်က ထိုနေရာမှ ယူဆောင်လာခြင်းဖြစ်သည်။ ထာဝရကြယ်သင်္ချိုင်းက ကြယ်အဖွဲ့အစည်း၏ အစွန်အဖျားတွင်ရှိကာ ရှေးခေတ်ဟောင်းမှ မဟာစစ်ပွဲကြီးအတွင်း သောင်းချီသော ရှင်းဟွမ်များသေခဲ့ကာ မရေမတွက်နိုင်သော ကြယ်များ အသက်ဓာတ် ကင်းမဲ့ခဲ့ရသည်။ ကောင်းကင်နတ်ဆိုးများလည်း ထိုနေရာ၌ ခြေချင်းလိမ်နေသောကြောင့် မည်သူမှခြေမချရဲသည့် ကန့်သတ်နယ်မြေတစ်ခု ဖြစ်လာသည်။ ထိုနယ်မြေအတွင်း အဖိုးတန်ရတနာများစွာ ကျန်ရစ်ခဲ့သောကြောင့် လေလွင့်ကျင့်ကြံသူများက စွန့်စွန့်စားစား ဝင်ရောက်တတ်ကြသည်။

နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးငါးရာရောက်ရှိလာလျှင် ကောင်းကင်မူလကြယ်က သေချာပေါက် ပျက်စီးသွားနိုင်သောကြောင့် နဂါးဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။ ထာဝရကြယ်သင်္ချိုင်းက အခွင့်အရေးတစ်ခုဖြစ်သော်လည်း လက်ရှိ၌ ရန်သူကောင်းကင်နတ်ဆိုးရှစ်ကောင်က ကောင်းကင်မူလကြယ်ကို စောင့်ကြည့်နေပြီး နတ်အစေခံများသာ ထွက်ခွာသွားလျှင် အန္တရာယ်ပေးပေလိမ့်မည်။

"ထာဝရကြယ်သင်္ချိုင်းက ဘယ်လိုနေရာမျိုးလဲ"

ယဲ့ချန်က အတွေးနက်နေခဲ့ပြီး ကောင်းကင်မီးလက်မောင်းကာအတွင်း သိမ်းဆည်းထားသော ဆည်းဆာနတ်ဓားကို တစ်ချက်ကြည့်လိုက်မိသည်။ နတ်မြေခွေးဘုရင်မသည် သူမ၏လမ်းခရီးတလျှောက် သိခဲ့ရသောအရာများကို ဝေမျှပေးခဲ့သည်။ ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများက စကြဝဠာအတွင်း မသွားလာဖူးသောကြောင့် အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေခဲ့ပြီး စကြဝဠာ၏အခြေအနေကို မသိပေ။ ထို့ကြောင့် သူမ၏အတွေ့အကြုံက လူတိုင်းကို အမြင်ကျယ်စေခဲ့သည်။ စကြဝဠာက အဆုံးမရှိကျယ်ဝန်းပြီး ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းတစ်ခုတည်းကပင် အလွန့်အလွန် ကျယ်ဝန်းနေခဲ့သည်။ ရင်ယွမ်ကြယ်က ကောင်းကင်မူလကြယ်နှင့် ဝေးကွာပြီး ၎င်း၏ခွန်အားနှင့် ချမ်းသာမှုက ထိပ်တန်းအဆင့်ဝင်သော်လည်း အစွမ်းအထက်ဆုံးမဟုတ်ကြောင်း သူမက သိခဲ့ရသည်။ သူမ၏အဆိုအရ ကောင်းကင်နတ်ဆိုးများကို ရင်ဆိုင်ခုခံရန်အတွက် ကြယ်သခင်ရာချီက မဟာမိတ်တစ်ခုဖွဲ့စည်းကာ နေမီးတောက်ကြယ်ဟူသော နေရာတစ်ခုတွင် နှစ်တစ်ရာတိုင်း အစည်းအဝေး ကျင်းပတတ်ကြသည်။

"ကြယ်သခင်အစည်းအဝေး"

သမိုင်းမှတ်တမ်းများအရ ရှင်းရွှမ်သည် ကောင်းကင်မူလကြယ်မှ နောက်ဆုံးထွက်ခွာခဲ့သော ခရီးက ကြယ်သခင်အစည်းအဝေးတက်ရန် ဖြစ်သည်။ သို့သော် သူက ချုံခိုတိုက်ခိုက်ခံရပြီး ဝိညာဥ်သာ ပြန်လည်ရောက်ရှိလာကာ စီစဥ်စရာရှိသည်များ စီစဥ်ပေးပြီးနောက် လုံးဝပြန်မလာနိုင်ခဲ့ပေ။ သူ့အကြောင်း တွေးမိလိုက်သောအခါ နတ်အစေခံများက ဝမ်းနည်းသွားကြပြီး ကြယ်သခင်ရှင်းသာမသေခဲ့လျှင် ကောင်းကင်မူလကြယ်က ဤအခြေအနေအထိ နိမ့်ကျနေစရာ အကြောင်းမရှိပေ။

"ငါတို့ရဲ့ကြယ်သခင်က ငယ်သေးတယ်။ အနာဂတ်မှာ အစည်းအဝေးတက်ရောက်ဖို့ အခွင့်အရေးရှိတယ်ဆိုရင်တောင် သေချာပေါက် သတိထားသင့်တယ်"

နဂါးဘုရင်က တွေးတွေးဆဆ ပြောလိုက်ခြင်းဖြစ်သည်။ ကြယ်သခင်ရှင်း၏ နောက်ဆုံးသတင်းများအရ သူက ကောင်းကင်နတ်ဆိုးများလက်ထဲတွင် သေဆုံးခဲ့ရခြင်း မဟုတ်ပေ။ သူ့ကို အောက်တန်းကျယုတ်မာသူအချို့က အကွက်ချကြံစည်ခဲ့ခြင်းဖြစ်သည်။ ရှင်းရွှမ် အသက်ရှင်နေစဥ် ကောင်းကင်ကြယ်မူလကြယ်က အလွန်အစွမ်းထက်ပြီး ပတ်ဝန်းကျင်တွင် သူက ကြယ်သခင်များအကြား ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ ထိုအချိန်တွင် နက်ရှိုင်းသော တောင်ကြားတစ်ခုအတွင်း ပုန်းအောင်းနေသော နတ်ဆိုးနောက်လိုက်များစွာအကြားရှိနေသော ကောင်းကင်နတ်ဆိုးရှစ်ကောင်က တျန်းယွမ်မြို့ကို ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းခဲ့ပြီး သူတို့၏ယာဥ်ကြီး ပြန်ရောက်လာကြောင်း သိလိုက်ရလေသည်။

All Chapters