← Chapters

ချုံခိုတိုက်ခိုက်ခြင်း

Vol. 53 Ch. 740

ချုံခိုတိုက်ခိုက်ခြင်း

Vol. 53 Ch. 740

ညအချိန် ကျရောက်လာသောအခါ မြို့ကောင်းကင်ယံတွင် လရောင်ဖြာကျနေပြီး လမ်းမများနှင့် အဆောက်အအုံများက တိတ်ဆိတ်စွာ ရှိနေကြသည်။ အရာရာက တိတ်ဆိတ်အေးချမ်းနေသော်လည်း အနိမ့်ဆုံး တာအိုနတ်အဆင့်ကျင့်ကြံသူများဖြစ်သော မြို့အစောင့်များက နတ်ဆိုးချပ်ဝတ်ကိုယ်စီဖြင့် ကင်းလှည့်နေကြသည်။ သူတို့၏မျက်နှာထားများက တင်းမာနေပြီး ချဥ်းကပ်လာမည့် အန္တရာယ်ကို သိထားပုံမရချေ။ အနက်ရောင်အရိပ်ကြီးတစ်ခုက ကောင်းကင်ထက်မှ တျန်းယွမ်မြို့တွင်းသို့ စိမ့်ဝင်လာခဲ့သည်။

"နဂါးဘုရင် မရှိဘူး။ မဟုတ်ရင် ငါတို့ကို သိသွားလောက်ပြီ"

ကွေကြွယ်က ကျေနပ်စွာ ပြုံးလိုက်သည်။ တျန်းယွမ်မြို့တွင် ကြောက်စရာအကောင်းဆုံးမှာ မြို့အပြင်ဘက်ရှိ ဓားအစီအရင်များဖြစ်ကာ နတ်အစေခံများကိုပိတ်ဖမ်း၍ သုတ်သင်နိုင်သည်။ သူတို့က မြို့တွင်းသို့ အလွယ်တကူဝင်ရောက်လာနိုင်သောအခါ နဂါးဘုရင် ကျိယွမ်ကြယ်သို့ ရောက်နေကြောင်း သေချာသွားခဲ့သည်။

"ကောင်းကင်က ငါတို့ကို တကယ်ကူညီပေးနေပြီ"

ကွေရင်က သွေးဆာရက်စက်စွာ ရယ်မောလိုက်ခြင်းဖြစ်သည်။ သို့သော် သူတို့မသိသည်မှာ တျန်းယွမ်မြို့တွင်း၌ ကောင်းကင်ထက်တွင် ကျင့်ကြံသူပေါင်းသောင်းချီက နတ်မြေခွေးဘုရင်မ၏ ပုံရိပ်ယောင်အစီအရင်တစ်ခုအတွင်း ပုန်းအောင်းနေခြင်းဖြစ်သည်။ ခေါင်းဆောင်မှာ နဂါးဘုရင်အစစ်ဖြစ်ပြီး ကျိယွမ်ကြယ်သို့ ထွက်ခွာသွားသူက ဟန်ဆောင်ထားသော ထန်းယွမ်ဖြစ်သည်။

"နဂါးဘုရင် သူတို့ကို မြို့ထဲ တကယ်ဝင်ခွင့်ပေးမလို့လား"

ဘုရင်ဝမ်က စိုးရိမ်စွာ မေးလိုက်သည်။ မြို့တွင်း၌ နေထိုင်သူများစွာ ရှိနေသည် မဟုတ်ပါလော။

"ကောင်းကင်နတ်ဆိုးတွေကို သတ်ဖို့အတွက် စတေးရမှာ ထိုက်တန်ပါတယ်။ နတ်မြေခွေးဘုရင်မကို တတ်နိုင်သမျှ လူတွေကယ်ပေးဖို့အတွက် မြို့ထဲမှာ နေရာချပေးထားတယ်။ ငါတို့သာ ရန်သူတွေကို မြို့ထဲမျှားမခေါ်နိုင်ရင် တစ်ယောက်နှစ်ယောက် လွတ်မြောက်သွားရင်တောင် ငါတို့လူတွေ ပိုသေရလိမ့်မယ်"

နဂါးဘုရင်က သက်ပြင်းတစ်ချက်ချ၍ လေးနက်စွာဖြေလိုက်သည်။ ဤကျင့်ကြံသူများက သူနှင့် သေအတူရှင်မကွာ တိုက်ပွဲဝင်ခဲ့သူများဖြစ်သောကြောင့် စွန့်စားရမည်ကို သူက အခက်တွေ့နေခဲ့သည်။ သို့သော် ဘီလီယံချီသော အသက်များနှင့်ယှဥ်လိုက်လျှင် ထိုရဲဘော်ရဲဘက်များက စွန့်စားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

"တျန်းယွမ်မြို့ကို ရောက်လာသူတိုင်းက သေနိုင်တယ်ဆိုတာကို သိထားပြီး နောင်တမရှိဘဲ တိုက်ပွဲဝင်ပါမယ်"

စစ်ဧကရာဇ်တစ်ယောက်က ဦးညွှတ်၍ ပြတ်သားစွာ ပြောလိုက်ခြင်းဖြစ်သည်။ သူက ယုလုံအမည်ရ မြို့စောင့်တပ်မှူးတစ်ယောက်ဖြစ်ကာ နဂါးဘုရင်၏ တိုက်ရိုက်တပည့်တစ်ယောက်လည်း ဖြစ်သည်။ လူတိုင်း၏မျက်ဝန်းများတွင် တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပနေပြီး ရန်သူအားလုံးကို တစ်ချက်တည်းအပြတ်ရှင်းရန် စိတ်အားထက်သန်နေကြသည်။ ရန်သူများက အင်အားအလုံးအရင်းနှင့် ချီတက်လာသော်လည်း သူတို့က တိုက်ခိုက်ရန် အကောင်းဆုံးအခွင့်အရေးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။

"ယဲ့ချန် မင်းထင်ထားတဲ့အတိုင်းပါလား။ ကောင်းကင်နတ်ဆိုးတွေက ငါနဲ့ကျိရင် ညှိုနှိုင်းတဲ့သတင်းကို ကြားတာနဲ့ ပုန်းမနေနိုင်တော့ဘူး"

နဂါးဘုရင်သည် သူ့ဘေးတွင်ရပ်နေသော ယဲ့ချန်ကို ချီးကျူးလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က ဉာဏ်ကောင်းစွာဖြင့် ကျိရင်နှင့် ညှိုနှိုင်းမှုကို အတုလုပ်ကာ မြွေကို တွင်းထဲမှထွက်လာအောင် ခြောက်လှန့်နိုင်ခဲ့သည်။ ကွေကြွယ်က ဤသတင်းကို ကြားသောအခါ စစ်ကူများရောက်လာလျှင် အသတ်ခံရမည်ကို စိုးရိမ်သောကြောင့် စတင်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ထန်းယွမ်က နဂါးဘုရင်အယောင်ဆောင်၍ ကျိယွမ်ကြယ်သို့ ထွက်ခွာသွားသောအခါ ရန်သူများက ချက်ချင်းတိုက်ခိုက်လာကြသည်။ အကယ်၍ တိုက်ပွဲက အခြားနေရာ၌ဆိုလျှင် သူတို့ကို ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများက အနိုင်ရရန် မသေချာဘဲ အများဆုံး နှစ်ဖက်လုံး အထိအခိုက်များသွားရုံသာ ဖြစ်ပေလိမ့်မည်။ သို့သော် တျန်းယွမ်မြို့က နဂါးဘုရင်၏ပိုင်နက်ဖြစ်သောကြောင့် ကွဲပြားသည်။ ၎င်းကို ကြယ်သခင်တျန်းယွမ်က တည်ဆောက်ခဲ့ပြီး ကြယ်သခင်ရှင်းရွှမ်က အပြီးသတ်မွမ်းမံခဲ့သောကြောင့် မပျက်စီးနိုင်လောက်အောင် မာကျောသည်။ ကွေကြွယ်တို့လူစု အတွင်း၌ပိတ်မိသွားလျှင် ထိုးဖောက်ထွက်ပြေးရန် မလွယ်ပေ။ ကျိရင်သာ ရင်ယွမ်ကြယ်မှ ပြန်ရောက်လာချိန်တွင် ကောင်းကင်နတ်ဆိုးအားလုံးကို နဂါးဘုရင်က အနိုင်ယူလိုက်ကြောင်းသိလျှင် ရူးသွပ်သွားပေလိမ့်မည်။ ရင်ယွမ်ကြယ်က သူတို့အပေါ် မကောင်းကြံနေသည်ဖြစ်ရာ အလွယ်တကူ အမြတ်ထွက်ခွင့် မပြုနိုင်ပေ။

ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ တစ်နေရာ၌ နင်အာနှင့် ယဲ့လော့ အတူရှိနေကြောင်း တွေ့လိုက်ရသည်။ နှစ်ယောက်လုံးက အဆင့်ငါးစစ်ဧကရာဇ်များဖြစ်သောကြောင့် တိုက်ပွဲအတွင်း သေချာပေါက် ပါဝင်ပေလိမ့်မည်။ ထန်တိုက်လင်သည်လည်း စစ်ပွဲအတွင်း ပါဝင်ရန် တောင်းဆိုခဲ့သော်လည်း ကြယ်သခင်ကို ကာကွယ်ရမည့် အရေးကြီးတာဝန်ရှိသောကြောင့် နဂါးဘုရင်က ငြင်းငယ်ခဲ့သည်။ သူမက အဆင့်တစ်ဆယ်စစ်ဧကရာဇ်သာဖြစ်သော်လည်း နတ်အစေခံများကို ယှဥ်နိုင်သောကြောင့် ဤတာဝန်နှင့် သင့်လျော်သည်။ နှစ်ဖက်လုံးတွင် အင်အားချင်း မတိမ်းမယိမ်းဖြစ်ပြီး အဓိကစစ်မြေပြင်သည် တျန်းယွမ်မြို့ဖြစ်သည်။ ကောင်းကင်မူလကြယ်တွင် အနိုင်ရရန် အခွင့်အလမ်းများသော်လည်း ရန်သူများတွင် ဝှက်ဖဲများရှိနိုင်သောကြောင့် အသက်များသေဆုံးမည်ကို ရှောင်တိမ်းမရပေ။

ယဲ့ချန်က စိုးရိမ်စွာဖြင့် တစ်မြို့လုံးကို ဝေ့ကြည့်လိုက်သည်။ ရက်စက်လှသော ကျင့်ကြံခြင်းလောကတွင် အသက်များမစတေးရသည့် စစ်ပွဲမျိုး မရှိပေ။ သူက အတွေးများနေစဥ် ဝိညာဥ်အတွင်းပိုင်းအထိ ရင်းနှီးသော ကိုယ်သင်းနံ့လေးကို ရလိုက်သည်။ သူက ပျော်ရွှင်စွာဖြင့် လှည့်ကြည့်လိုက်သောအခါ ပြုံးပြနေသော မျက်နှာလေးတစ်ခုကို မြင်လိုက်ရပြီး နူးညံ့သော ခန္ဓာကိုယ်လေး၏ ပွေ့ဖက်ခြင်း ခံလိုက်ရသည်။

"မမ ဘယ်လိုလုပ် ရောက်လာတာလဲ"

သူက ပျော်ရွှင်စွာ ရေရွတ်လိုက်ခြင်းဖြစ်သည်။

"ဘာလဲ ငါ လာလို့မရဘူးလား"

ပိုလင်းက အရည်လဲ့နေသော မျက်ဝန်းလေးများနှင့် ယဲ့ချန်၏မျက်နှာကို ချစ်မြတ်နိုးစွာ စိုက်ကြည့်နေခဲ့သည်။ သူမက မိုးကြိုးမျှော်စင်အတွင်း ဝင်ရန် ဆုံးဖြတ်ခဲ့သောအခါ သေခြင်းတရားကို မျှော်လင့်ထားခဲ့သည်။ သို့သော် ပုံရိပ်ယောင်ပုလဲက သူမကို ကုသပေးခဲ့ပြီး ဖီးနစ်ဘုရင်၏လက်အောက်တွင် ကျင့်ကြံခွင့်ရခဲ့သည်။ သူမက ယဲ့ချန်အကြောင်း သိသောအခါ သွားတွေ့ချင်စိတ်များ ဖြစ်ပေါ်လာသော်လည်း အနာဂတ်၌ ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို စိုးရိမ်သောကြောင့် ဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် လက်ရှိတွင် သူမက ချစ်သူ၏မျက်နှာကို မြင်ရသရွေ့မ ည်သည့်အရာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ ယဲ့ချန်သည်လည်း ပိုလင်းကို ချစ်ခင်စွာ ပြန်ကြည့်လိုက်သည်။ သူမက အတိတ်ကနှင့်ကွဲပြားနေပြီး တစ်ကိုယ်လုံး လျှပ်စီးများယှက်သန်းနေသဖြင့် မိုးကြိုးနတ်ဘုရားမတစ်ပါးပမာ ထင်မှတ်ရသည်။ အတိတ်တွင်န တ်သားရဲမျိုးနွယ်ဖြစ်ခဲ့သော အိပ်မက်ဆိုးသားရဲမျိုးနွယ်က ခရမ်းမီးတောက်ကြယ်ခြင်္သေ့မျိုးနွယ်နှင့် အဆင့်အတန်းချင်း တူညီသည်။

ပိုလင်းသည် ကောက်ကြောင်းများပေါ်လွင်စေသော ချပ်ဝတ်ကို ဝတ်ဆင်ထားကာ အမို့အမောက်များက ဆွဲဆောင်အားပြင်းလွန်းပြီး အပြုံးလှလှလေးက စာဖြင့်ဖော်ပြမရလောက်အောင် ချစ်စဖွယ်ကောင်းနေသည်။

"မောင်လေးက မမကို မမေ့သေးဘူးမလား"

ပိုလင်းက ပြုံးနေသော်လည်း မျက်ဝန်းများတွင် မျက်ရည်ဝဲနေသည်။

"ဘယ်လိုလုပ်မေ့နိုင်ပါ့မလဲ"

ယဲ့ချန်က ခေါင်းယမ်းလိုက်၏။ ယဲ့တောင်ကြားနှင့် နတ်မိုးကြိုးမြို့တော်မှ အဖြစ်အပျက်များက သူ၏စိတ်အတွင်း နက်ရှိုင်းစွာ စွဲထင်နေသဖြင့် ထိုနေရာများ ပျက်စီးသွားသည့်တိုင်အောင် မေ့မရပေ။

"မောင်လေးက မမနဲ့ဝေးတာ အရမ်းကြာနေပြီဆိုတော့ လိုချင်နေပြီလား။ အခုပဲ ကြမ်းလိုက်တော့မလား"

ပိုလင်းက ယဲ့ချန်အနား တိုးကပ်၍ လည်ပင်းကို နမ်းလိုက်ပြီး ချစ်စဖွယ်အသံလေးနှင့် ဆွဲဆောင်လိုက်သည်။ သူမ၏အပြုအမူက ယဲ့ချန်၏ရင်ထဲရှိ မီးတောက်ကို အပြင်းအထန် လောင်ကျွမ်းစေခဲ့သည်။ သေရေးရှင်ရေးဖြစ်နေချိန်မှာပင် ပိုလင်းက သူ့ကို ဆွဲဆောင်စနောက်နေသောကြောင့် ယဲ့ချန်က ခါးသက်သက် ပြုံးလိုက်မိသည်။

"မောင်လေး တိုက်ပွဲပြီးရင် မမကို လာရှာနော်။ စောင့်နေမယ် သိလား"

ပိုလင်းက သူမကို စိုက်ကြည့်နေသော မိန်းမပျိုနှစ်ယောက်ကို လျစ်လျူရှုကာ ယဲ့ချန်ကို ချိုသာစွာ ပြောလိုက်သည်။ ထို့နောက် သူမက ဖီးနစ်ဘုရင်ထံ ပျံသန်းသွားကာ တိုက်ပွဲအတွက် နေရာယူလိုက်သည်။ ယဲ့ချန်က ထိုနေရာသို့ ကြည့်လိုက်သောအခါ မျက်နှာကို ဇာပဝါဖြင့် ဖုံးကွယ်ထားသော လောင်ရင်ကိုပါ တွေ့လိုက်သည်။ သို့သော် သူမက အလွန်အားနည်းနေပြီး စစ်ဧကရာဇ်အဆင့်တစ် ကျင့်ကြံသူသာ ဖြစ်နေခဲ့သည်။ ပိုလင်းရော လောင်ရင်ပါ စစ်ဧကရာဇ်အဆင့်သို့ ရောက်နိုင်ခဲ့ခြင်းက ယဲ့ချန်နှင့်ပတ်သက်နေပြီး သို့မဟုတ်လျှင် သူတို့၏အိပ်မက်ဆိုးသွေးမျိုးဆက်က နိုးထလာမည် မဟုတ်ပေ။ ပိုလင်း၏အလှကြောင့် သူသည် ရင်ခွင်အတွင်းဆွဲသွင်း၍ အနမ်းမိုးရွာချင်စိတ်ကို မနည်းထိန်းချုပ်နေရသည်။ သို့သော်လည်း လက်ရှိက အချိန်ကောင်းမဟုတ်ပေ။

ယဲ့ချန်က ပိုလင်းထံမှ အကြည့်ရုတ်လိုက်ချိန်တွင် မိန်းကလေးနှစ်ယောက်၏မျက်စောင်းများကို လက်ခံလိုက်ရသည်။

"အစ်ကိုကြီး အမပိုလင်းက အရမ်းလှတယ်နော်"

နင်အာက နှုတ်ခမ်းဆူနေပြီး လေသံက အနည်းငယ်တင်းမာနေသည်။ ယဲ့လော့က စကားတစ်ခွန်းမှမပြောသော်လည်း အေးစက်စွာ ကြည့်နေခဲ့သည်။

"မင်းတို့နှစ်ယောက်ကလည်း ပိုလင်းလောက် လှပါတယ်ကွာ"

ယဲ့ချန်က ခါးသက်သက်ပြုံး၍ အလျင်အမြန် ဖြေလိုက်ရသည်။ အလှတရားတွင် သူ၏ဇနီးလေးယောက်လုံးက ကိုယ်ပိုင်အသွင်အပြင်များ ပိုင်ဆိုင်ထားကာ အလွန်လှပသူများဖြစ်ကြသည်။ ထိုလေးယောက်အနက် မည်သည့်တစ်ယောက်ကိုမဆို သိမ်းပိုက်နိုင်လျှင် ကြီးမားသော ကောင်းချီးဖြစ်သည်။ သို့သော်လည်း မိန်းမလှလေးယောက်ကို တစ်ယောက်တည်းက ပိုင်ဆိုင်နေသောအခါ ပွတ်တိုက်မှုအချို့ ရှိလာသည်။

"မြွေပွေးမ အစ်ကိုကြီးကို အမြဲတမ်း မြှူဆွယ်နေတယ်"

နင်အာက ခြေဆောင့်၍ မကျေမနပ်ရေရွတ်လိုက်ပြီး ယဲ့ချန်ကို ကြာပစ်နေသည့် ပိုလင်းကို မကျေနပ်ကြောင်း ဖော်ပြလိုက်သည်။ ယဲ့လော့က နှုတ်ဆိတ်နေသော်လည်း သိမ်မွေ့သော မျက်ဝန်းများအတွင်းမှ အေးစက်မှုကြောင့် ယဲ့ချန်၏ဦးခေါင်းပင် ကျိန်းစပ်သွားခဲ့သည်။ သို့သော်လည်း ဤကမ္ဘာတွင် သူတို့က သာမန်မိန်းမများကဲ့သို့ အမြင်ကျဥ်းသူများ မဟုတ်ကြပေ။ ဤတိုက်ပွဲတွင် ပိုလင်း၊ နင်အာ သို့မဟုတ် ယဲ့လော့ တစ်ယောက်ယောက်သာ အန္တရာယ်ကျရောက်သွားလျှင် ကျန်နှစ်ယောက်က သေချာပေါက် ကယ်တင်ပေလိမ့်မည်။ သူ၏ဇနီးလေးယောက်က အတွင်းကြိတ်ပြိုင်ဆိုင်မှုများရှိသော်လည်း ယုတ်မာသူများမဟုတ်ရာ တစ်မျိုးတဖုံ စိတ်လှုပ်ရှားစရာပင်ဖြစ်သည်။

တိုက်ပွဲတွင် အားသာချက်ရရန်အတွက် ကျိယွမ်ကြယ်မှ နတ်အစေခံသုံးယောက် တိတ်တဆိတ် ပြန်ရောက်နေသည့်အပြင် သစ်တောစောင့်မျိုးနွယ်၏ စစ်ဧကရာဇ်သုံးယောက်လည်း လိုက်ပါလာကြသည်။ ကျိယွမ်ကြယ်နှင့် ကောင်းကင်မူလကြယ်က စည်းလုံးညီညွှတ်ပြီး အနာဂတ်၌ ရောက်လာမည့်ရန်သူများကို ရင်မဆိုင်ခင် လက်ရှိရန်သူများကို ရှင်းလင်းရန် သဘောတူထားသည်။

"ကောင်းကင်မူလကြယ်ကို လာကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယဲ့ချန်က မုလောင်နှင့် အကြီးအကဲနှစ်ယောက်ကို လက်သီးဆုပ်၍ ဂါရဝပြုလိုက်သည်။

"ဒါက ငါ လုပ်သင့်တာပါ။ ကောင်းကင်မူလကြယ်နဲ့ ကျိယွမ်ကြယ်က ထာဝရသစ္စာရှိ မဟာမိတ်တွေ ဖြစ်ပါလိမ့်မယ်"

မုလောင်က တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ သူက အစိမ်းရောင်အသားအရေနှင့် သာမန်အဘိုးအိုတစ်ယောက်ဟု ထင်ရသော်လည်း အလွန်သန်မာသူဖြစ်သည်။ ကောင်းကင်မူလကြယ်တွင် နတ်အစေခံကိုးယောက်ရှိပြီး သစ်တောစောင့်မျိုးနွယ်မှ အဆင့်တစ်ဆယ်စစ်ဧကရာဇ်များကလည်း သာမန်အဆင့်တစ်နတ်အစေခံအောက် အားမနည်းပေ။ ထို့ကြောင့် အောင်ပွဲ၏ချိန်ခွင်လျှာက သူတို့ဘက်သို့ ယိမ်းနေခဲ့လေသည်။

All Chapters