← Chapters

ထောင်ချောက်

Vol. 53 Ch. 741

ထောင်ချောက်

Vol. 53 Ch. 741

တျန်းယွမ်မြို့၏ အမှောင်ကောင်းကင်ကို အားပြု၍ ကွေကြွယ်တို့က မြို့အလယ်သို့ ချဥ်းကပ်လာကြသည်။ မြို့တွင်း၌ မည်သည်ကိုမှ အာရုံမခံမိဟန်ဖြင့် တိတ်ဆိတ်နေခဲ့သည်။

"သခင်ကွေ ဒီကောင်တွေကို သတ်လိုက်မလား"

"မြို့စောင့်တပ်တွေကို မသတ်ကြနဲ့။ အရင်ဆုံး သူတို့ကို ထိန်းချုပ်ပြီး နတ်ဆိုးမျိုးစေ့ကို ထည့်ရမယ်"

ကွေကြွယ်က မောက်မာစွာ ရယ်မောလိုက်သည်။ ထို့နောက် အနက်ရောင်အရှိန်အဝါတစ်ခုက မြို့စောင့်စစ်သည်များကို ဝါးမျိုသွားခဲ့သည်။ နတ်ဆိုးမျိုးစေ့ ထည့်သွင်းခံလိုက်ရလျှင် သူတို့က ကွေကြွယ်၏ရုပ်သေးများ ဖြစ်လာပေလိမ့်မည်။ ကင်းလှည့်နေသော စစ်သည်များမှာ တိတ်တဆိတ်ချဥ်းကပ်လာသော နတ်ဆိုးချီများကြောင့် ရုတ်တရက်လဲကျသွားကာ နာကျင်စွာ အော်ဟစ်နေကြသည်။ ထိုအချိန်၌ အနက်ရောင်အရိပ်တစ်ခုက မြေခွေးသဏ္ဍာန်ဖြင့် ထွက်ပေါ်လာကာ အနက်ရောင်အရှိန်အဝါကို ခုန်အုပ်လိုက်သည်။

"နတ်မြေခွေးဘုရင်မ"

ကွေကြွယ်၏မျက်နှာက အေးစက်သွားပြီး နှာခေါင်းရှုံ့၍ လက်သည်းဖြင့် ကုတ်ချလိုက်သည်။

"ဘုန်း"

ဤတိုက်ကွက်တွင် အဆောက်အအုံတစ်ခုက ကြေမွသွားသော်လည်း နတ်မြေခွေးဘုရင်မက ပျောက်ကွယ်သွားခဲ့သည်။ သူမက ကွေကြွယ်အောက် အားနည်းသော်လည်း ပုံရိပ်ယောင်ပညာ၌ ထူးချွန်သောကြောင့် အထိအခိုက် မရှိပေ။

"သူမကို သတ်စမ်း။ နတ်အစေခံတစ်ယောက်ကို အရင်ဆုံးသတ်ရမယ်။ မလွတ်စေနဲ့"

သူက ဒေါသတကြီး အမိန့်ပေးလိုက်သောအခါ ကျန်ကောင်းကင်နတ်ဆိုးများကလည်း သွေးဆာစွာဖြင့် ရှေ့တက်လာကာ ပစ်မှတ်ကို ရှာဖွေလိုက်ကြသည်။ သူမက အဆောက်အအုံများအကြား ပြေးလွှားနေရင်း ကိုယ်ပွားသောင်းချီ ကွဲထွက်သွားသဖြင့် အစစ်က လုံးဝပျောက်ကွယ်နေသည်။

"လှည့်ကွက်လေးတွေ"

ကွေကြွယ်က နှာခေါင်းရှုံ့လိုက်ပြီး နတ်ဆိုးချီကို ထုတ်ဖော်ကာ တစ်မြို့လုံးသို့ ဖြန့်ကျက်လိုက်သည်။ ၎င်းက မြွေများကဲ့သို့ နတ်မြေခွေးဘုရင်မ၏ ပုံရိပ်ယောင်များနောက်သို့ လိုက်သွားခဲ့သည်။ ထိုအချိန်တွင် မြို့ပြင်ရှိ လူတိုင်းက ကျယ်လောင်သော တုန်ခါသံများကို ဆက်တိုက်ကြားနေရသဖြင့် တိုက်ပွဲပြင်းထန်နေပြီဖြစ်ကြောင်း သိလိုက်ကြသည်။ တစ်မြို့လုံးကို နတ်ဆိုးချီများ ဖုံးလွှမ်းနေသဖြင့် မည်းမှောင်နေပြီး နတ်မြေခွေးဘုရင်မက ကောင်းကင်နတ်ဆိုးရှစ်ကောင်လက်မှ ပြေးလွှားနေရသည်။

"အလုံးစုံဓားအစီအရင်ကို အသက်သွင်း။ ဒီကောင်တွေကို ချောင်ပိတ်ဖမ်းကြမယ်"

နဂါးဘုရင်က အော်ဟစ်လိုက်ပြီး ရန်သူများကို အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်၏။

"တျန်းယွမ်မြို့ကို အသက်နဲ့ရင်းပြီး ကာကွယ်ကြမယ်"

လူတိုင်းက ပြိုင်တူအော်ဟစ်လိုက်ကြသည်။ သူ၏ကာကွယ်မှုဖြင့် စစ်ဧကရာဇ်များက တျန်းယွမ်မြို့ပတ်လည်တွင် စိုက်ထူထားသော မျှော်စင်၁၆ခုကို သိမ်းပိုက်လိုက်သည်။ သူတို့က နေရာတကျဖြစ်သွားသောအခါ အစီအရင်ကို အသက်သွင်းလိုက်ကြပြီး မျှော်စင်ထိပ်ဖျားများက လင်းလက်လာကာ တောက်ပသောလများကဲ့သို့ ထွက်ပေါ်လာ၏။ မျှော်စင်၁၆ခု လင်းလက်လာသောအခါ တစ်မြို့လုံးက ဖရိုဖရဲဖြစ်နေသော်လည်း သန်းချီသောဓားများက နေရာအနှံ့မှထွက်ပေါ်လာကာ ကောင်းကင်တွင် နေရာယူလိုက်ကြသည်။ ဓားများက ဓားပင်လယ်တစ်ခုကဲ့သို့ စုစည်းသွားကာ အလွန်အစွမ်းထက်သော ချီများက တစ်မြို့လုံးကို ဖြန့်ကျက်သွားခဲ့သည်။ နတ်မြေခွေးဘုရင်မက ခန့်မှန်းရခက်ခဲပြီး အမိဖမ်းနိုင်ရန် ခက်ခဲသောကြောင့် ကွေကြွယ်တို့လူစုက ဒေါသထွက်နေကြသည်။ ရုတ်တရက် အစွမ်းထက်သော အရှိန်အဝါတစ်ခုက သူတို့ကို ပစ်မှတ်ထားလာသောကြောင့် သားရဲကြီးတစ်ကောင် စိုက်ကြည့်နေသည့်ပမာ ခံစားလိုက်ရသည်။ သူတို့က ကောင်းကင်သို့ မောကြည့်လိုက်သောအခါ တိမ်များအကြားတွင် အေးစက်စက်လင်းလက်နေသော ဓားပင်လယ်ကြီးကို မြင်လိုက်ရသည်။

ဤဓားအစီအရင်၏စွမ်းအားသည် သူတို့မြင်ခဲ့ဖူးသော ဓားအစီအရင်များထက် ပိုမိုသာလွန်ပြီး မြို့တွင်း၌ အစီအရင်တစ်ခုရှိနေမည်ဟု ထင်မထားခဲ့ပေ။ သူတို့က တျန်းယွမ်မြို့အပြင်ဘက်ရှိ ဓားအစီအရင်ကိုသာ ရင်ဆိုင်ဖူးသောကြောင့် ကွေကြွယ်က မျက်နှာပျက်သွားခဲ့သည်။ မြို့တော်၏အတွင်းပိုင်း၌ ဤမျှအစွမ်းထက်လွန်းသော ဓားအစီအရင်တစ်ခုရှိနေကြောင်း သူက လုံးဝမကြားဖူးခဲ့ပေ။ သူက နဂါးဘုရင်၏ထောင်ချောက်အတွင်း ကျရောက်သွားပြီဖြစ်သည်။ ဤသို့သောအစီအရင်မျိုးကို မည်သူမှသတိမထားမိခင် အသက်သွင်းနိုင်ရန်က လွယ်ကူသော အလုပ် မဟုတ်ပေ။

"အောက်တန်းကျလိုက်တဲ့ လူသားတွေ"

ကွေကြွယ်က ဒေါသတကြီးဖြင့် ဆဲဆိုကျိန်ဆဲနေသည်။ သူက နောက်တစ်ကြိမ် အကွက်ဆင်ခံလိုက်ရပြန်သည်။ ကောင်းကင်နတ်ဆိုးများက ရန်သူများကို တိုက်ခိုက်လျှင် အရင်ဆုံး ကျွန်ပိုးကောင်များစွာ စေလွှတ်တိုက်ခိုက်လေ့ရှိသည်။ ထို့နောက် နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးများစွာက ဆက်လက်တိုက်ခိုက်ပြီး ကြယ်သခင်တစ်ယောက်လျှင် ကြယ်သခင်အဆင့် ကောင်းကင်နတ်ဆိုးဆယ်ကောင်မှ နှစ်ဆယ်အထိ အင်အားသုံးတိုက်ခိုက်ကြခြင်းဖြစ်သည်။ သူတို့က ပစ်မှတ်ကို အားကုန်အောင်ပြုလုပ်ပြီးလျှင် ကောင်းကင်နတ်ဆိုးအဖြစ် ပြောင်းလဲပစ်တတ်ကြသည်။ သို့သော် သူတို့က တစ်ယောက်ချင်း ထိပ်တိုက်ရင်ဆိုင်ရာတွင် အားနည်းသောကြောင့် တျန်းယွမ်မြို့တွင်းတိုက်ပွဲ၌ အားသာချက် မရှိပေ။ ကောင်းကင်ရှိ ဓားပျံများကြောင့် ယနေ့မလွတ်မြောက်နိုင်တော့ကြောင်း ကောင်းကင်နတ်ဆိုးရှစ်ကောင်က သဘောပေါက်သွားကြသည်။

"လူတိုင်း ငါ့နောက်လိုက်ခဲ့"

ကွေကြွယ်က အမိန့်ပေး၍ နောက်လိုက်များကို ဦးဆောင်ကာ အဆောက်အအုံများကို အကာအကွယ်ယူ၍ ဓားအစီအရင်၏တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်သည်။ နောက်ဆုံးတွင် ကျိရင်နှင့် နဂါးဘုရင်၏ ညှိုနှိုင်းမှုဆိုသည်မှာ သူတို့ကိုမျှားခေါ်ရန် အတုအယောင်ဖြစ်ကြောင်း ကွေကြွယ်က သဘောပေါက်သွားခဲ့သည်။ တစ်ဖက်လူ၏ခွန်အားဖြင့် ဤမျှအစွမ်းထက်လွန်းသော ဓားအစီအရင်ကို ခင်းကျင်းနိုင်မည်မဟုတ်ရာ ကြယ်သခင်နှစ်ယောက်၏လက်ရာ ဖြစ်ပေလိမ့်မည်။ သူက ၎င်းအကြောင်း သတင်းလုံးဝမရဖူးသောကြောင့် နဂါးဘုရင်တစ်ယောက်တည်းသာ သိထားခြင်း ဖြစ်ပေလိမ့်မည်။

"နတ်မြေခွေးဘုရင်မနဲ့ ကျင့်ကြံသူတွေ မြို့ထဲမှာရှိနေကြတယ်။ အလုံးစုံဓားအစီအရင်နဲ့ ရာနှုန်းပြည့်တိုက်ခိုက်လို့ မဖြစ်ဘူး။ သစ်သားစိမ်းဘုရင် မင်းက အစီအရင်ကိုထိန်းချုပ်ပြီး ထောက်ပံ့ပေးဖို့ နေခဲ့ပါ။ ကျန်တဲ့သူတွေက ငါနဲ့အတူ တိုက်ပွဲဝင်ကြမယ်"

နဂါးဘုရင်က အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

"ကောင်းပြီ"

သစ်သားစိမ်းဘုရင်က ခေါင်းညိတ်၍ မျှော်စင်တစ်ခုထိပ်ဖျားတွင် နေရာယူလိုက်သည်။ သူက တျန်းယွမ်မြို့တစ်ခုလုံးကို အထက်စီးမှမြင်နိုင်ပြီး နဂါးဘုရင်တို့ကို အချိန်မရွေးကူညီနိုင်ရန် အသင့်ပြင်ထားသည်။

"သတ်ကြ"

နဂါးဘုရင်က ဓားတစ်လက်ဆွဲထုတ်၍ တျန်းယွမ်မြို့တွင်းသို့ ဦးဆောင်ချီတက်သွားခဲ့ကြသည်။

"ကောင်းကင်နတ်ဆိုးတွေကိုသတ်ပြီး ကောင်းကင်မူလကြယ်ကို ကာကွယ်ကြ"

နတ်အစေခံများနှင့် စစ်ဧကရာဇ်များကလည်း လက်နက်ကိုယ်စီဆွဲကိုင်၍ အကြောက်အလန့်မရှိ ပြေးတက်သွားကြသည်။ ယဲ့ချန်က ဇနီးသုံးယောက်ထံ ကြည့်လိုက်သောအခါ စိတ်ချင်းဆက်နေသည့်အလား သူတို့ကလည်း ပြန်ကြည့်လာကြသည်။ သူတို့က တစ်ယောက်စိတ်ကို တစ်ယောက် နားလည်စွာဖြင့်ပြုံးလိုက်ပြီး တိုက်ပွဲအတွင်း တုံ့ဆိုင်းခြင်းမရှိ ခုန်ဝင်သွားကြသည်။ ကျွန်ပိုးကောင်များနှင့် နတ်ဆိုးနောက်လိုက်များကလည်း နဂါးဘုရင်တို့ကို တားမြစ်ရန် ထွက်ပေါ်လာကြသည်။ နဂါးဘုရင်၏ခန္ဓာကိုယ်က နေမင်းကဲ့သို့ ရွှေရောင်တောက်ပနေပြီး လက်ဝါးတစ်ချက်တွင် ရန်သူများစွာ အမှုန့်ဖြစ်သွားကြသည်။

"ကာကွယ်ရေးနတ်သားရဲ ထွက်လာစမ်း"

ယဲ့ချန်က ကြုံးဝါးလိုက်သောအခါ ကောင်းကင်သို့ ခရမ်းရောင်မီးလျှံများ အညွှန့်တလူလူ တောက်လောင်လာခဲ့သည်။ မီးတောက်များကြားတွင် ဧရာမခြင်္သေ့ကြီးတစ်ကောင် ထွက်ပေါ်လာကာ လေးငါးမီတာခန့်မြင့်ပြီး ကြီးကျယ်ခမ်းနားလှသည်။ အစွမ်းထက်ရှေးဟောင်းအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး နတ်အစေခံများပင် ထိုဖိအားကို ခံစားလိုက်ကြရသည်။ ယဲ့ချန်ကို များစွာအလေးမထားသော နတ်အစေခံများက ခြင်္သေ့ကြီးကို မြင်လိုက်သောအခါ အံ့သြသွားကြသည်။ သူ၏ကာကွယ်ရေးနတ်သားရဲက အဆင့်တစ်သာဖြစ်သော်လည်း အရှိန်အဝါက အဆင့်တူများထက် သာလွန်ပြီး အလွန်အစွမ်းထက်မည်ဟု သူတို့က မထင်ထားခဲ့ပေ။ ယဲ့ချန်သည်လည်း စစ်ဧကရာဇ်အဆင့်ရှစ်သာ ဖြစ်သော်လည်း ထုတ်ဖော်ပြသနေသည့် ခွန်အားက စစ်ဧကရာဇ်၏လုပ်နိုင်စွမ်းထက် များစွာကျော်လွန်နေသည်။ ထို့ကြောင့် ကောင်းကင်မူလကြယ်၏ နတ်အစေခံများသည် ယဲ့ချန်ကို လေးနက်စွာကြည့်လိုက်ပြီး တန်းတူအဖြစ် စတင်သဘောထားလာကြသည်။

"ဟား ဟား နောက်ဆုံးတော့ ငါ အပြင်ထွက်လာနိုင်ပြီ"

ခြင်္သေ့ကြီးက ပျော်ရွှင်စွာ ဟိန်းဟောက်၍ ရန်သူများကို အထင်သေးစွာ ငုံ့ကြည့်လိုက်သည်။

"ဆရာက အစွမ်းထက်လွန်းပါတယ်။ ဆရာထွက်လာရင် ကောင်းကင်နတ်ဆိုးတွေ ထွက်ပြေးရလိမ့်မယ်"

ယဲ့ချန်သည် ခြင်္သေ့ကြီးကို မြှောက်ပင့်လိုက်ရင်း ဆည်းဆာနတ်ဓားကိုဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်ပြီး ရန်သူများစွာကို တစ်ချက်တည်း သုတ်သင်လိုက်သည်။

"ယဲ့ချန် မင်း ငါ့ကို မြှောက်ပြောနေတာ သိပေမယ့် ဒီစကားတွေက နားထောင်ကောင်းတယ်ကွ။ ငါ့အစွမ်းကို ကြည့်လိုက်"

ခြင်္သေ့ကြီးက ရယ်မောလိုက်ပြီး ခရမ်းရောင်မီးများတောက်လောင်လာကာ သိုးအုပ်အတွင်းရောက်သွားသော သားရဲကြီးတစ်ကောင်ပမာ ရန်သူများကို တိုက်ခိုက်လိုက်သည်။ ကျွန်ပိုးကောင်များမှာ ခရမ်းရောင်မီးတောက်များဖြင့် အကင်ခံလိုက်ရသောကြောင့် နာကျင်စွာအော်ဟစ်၍ ကောင်းကင်ထက်မှ ပြုတ်ကျလာခဲ့သည်။ တျန်းယွမ်မြို့၏ကောင်းကင်တွင် တိုက်ပွဲက ပြင်းထန်နေပြီး နဂါးဘုရင်တို့လက်ချက်ဖြင့် ရန်သူများ အတုံးအရုံးသေဆုံးနေကာ ပတ်ဝန်းကျင်၌ သွေးနံ့များလှိုင်နေသည်။ ကွေကြွယ်နှင့် ကောင်းကင်နတ်ဆိုးများက အဆောက်အအုံများကြားတွင် ပုန်းအောင်းနေပြီး နဂါးဘုရင်ကို မုန်းတီးစွာ ကြည့်နေကြသည်။ လူသားများ၏ဉာဏ်များမှုကြောင့် သူတို့က တစ်ကြိမ်ပြီးတစ်ကြိမ် ထောင်ချောက်မိခဲ့ရသည်။

"ဒီလူသားတွေနဲ့ သေတဲ့အထိ တိုက်ခိုက်ကြ"

ကွေရင်၏မျက်လုံးများက နီရဲနေပြီး နတ်ဆိုးချီများ တစ်ကိုယ်လုံးမှ ထွက်ပေါ်လာသည်။

"သတ်ကြစမ်း"

ကွေကြွယ်က အော်ဟစ်အမိန့်ပေးလိုက်သည်။ သူတို့က ကောင်းကင်မူလကြယ်ကို အမြဲတမ်း ဖိနှိပ်ထားနိုင်ခဲ့သော်လည်း တစ်ကြိမ်ပြီးတစ်ကြိမ် အကွက်ဆင်ခံရကာ ဤအခြေအနေအထိ ဖိအားပေးခံလိုက်ရသည်။ ကောင်းကင်နတ်ဆိုးရှစ်ကောင်က ချက်ချင်းခုန်ထွက်လာပြီး ကောင်းကင်ရှိ နဂါးဘုရင်ထံ တိုးဝင်သွားကြသည်။ နဂါးဘုရင်၏ ရွှေရောင်ချပ်ဝတ်က တောက်ပနေပြီး ကောင်းကင်ချီများ ထုတ်ဖော်ကာ ရန်သူများကို ရင်ဆိုင်လိုက်သည်။

"ဘန်း ဘန်း"

တိုက်ပွဲက ပြင်းထန်သောကြောင့် ကောင်းကင်တစ်ခုလုံး တုန်ခါနေသယောင် ထင်မှတ်ရသည်။ နဂါးဘုရင်က ကွေကြွယ်ကို ရင်ဆိုင်လိုက်ပြီး ကျန်နတ်အစေခံများက ကောင်းကင်နတ်ဆိုးများကို တိုက်ခိုက်လိုက်သည်။

"ဘုန်း"

ကောင်းကင်ချီနှင့် နတ်ဆိုးချီများ အားပြိုင်မှုကြောင့် တျန်းယွမ်မြို့တစ်ခုလုံး တုန်ခါနေခဲ့သည်။ သတ္တုများဖြင့်ပြုလုပ်ထားသော မြို့ရိုးများပင် အက်ကွဲလုနီးပါးဖြစ်လာခဲ့သည်။ အဖြူရောင်ပုံရိပ်တစ်ခုလည်း တိုက်ပွဲအတွင်း ဝင်ရောက်လာပြီး နတ်မြေခွေးဘုရင်မ ဖြစ်နေခဲ့လေသည်။

All Chapters